အိပ်စက်ခြင်းစင်တာသည် အိပ်စက်ခြင်းဆိုင်ရာရောဂါများနှင့် အခြားသောဆက်စပ်ရောဂါများအတွက် ပြည့်စုံသောစောင့်ရှောက်မှုပေးသည့် အထူးပြုစင်တာတစ်ခုဖြစ်ပါသည်။ အိပ်စက်ခြင်းဆိုင်ရာလက်တွေ့ဓာတ်ခွဲခန်းတွင် ကောင်းစွာလေ့ကျင့်ထားသော အိပ်စက်ခြင်းဆိုင်ရာအထူးပြုကျွမ်းကျင်သူများနှင့် နည်းပညာရှင်များမှ ၂၄ နာရီ လုံခြုံစွာစောင့်ကြည့်ထိန်းချုပ်စစ်ဆေးသည့် စစ်ဆေးခန်း ၄ ခန်းပါရှိပါသည်။
ကျွန်ုပ်တို့၏ အိပ်စက်ခြင်းဆိုင်ရာစမ်ခန်း (Polysomnography) ကို အိပ်စက်ခြင်းဆိုင်ရာပြဿနာများကို စစ်ဆေးရန် အသုံးပြုပါသည်။ လူနာများအား ဦးနှောက်၏လျှပ်စစ်လှုပ်ရှားမှုကို စောင့်ကြည့်ရန် ဦးနှောက်၏ မတူညီသောအစိတ်အပိုင်းများ၏လျှပ်စစ်လှုပ်ရှားမှုကိုတိုင်းတာခြင်း (electroencephalography) ကိုအသုံးပြု၍ လည်းကောင်း၊ မေးစေ့နှင့်ခြေထောက်အောက်ရှိကြွက်သားများ၏ လျှပ်စစ်လှုပ်ရှားမှုကို ဆုံးဖြတ်ရန် လျှပ်စစ်ဓာတ်မှန်ရိုက်ခြင်း(electromyography) ကိုအသုံးပြု၍လည်းကောင်း၊ နှလုံး၏လျှပ်စီးကြောင်းလုပ်ဆောင်မှုကို စောင့်ကြည့်ရန် နှလုံးECG ဆွဲခြင်း(electrocardiograms) တို့ဖြင့်လည်းကောင်း စမ်းသပ်စစ်ဆေး မည်ဖြစ်ပါသည်။ အခြားဆက်စပ်စစ်ဆေးမှုများတွင် မျက်လုံးလှုပ်ရှားမှုများကိုစောင့်ကြည့်စစ်ဆေးခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပမာဏနှင့် အသက်ရှူနေစဉ် ရင်ဘတ်ကြွက်သားလုပ်ဆောင်ချက်စွမ်းရည်တို့ကို စစ်ဆေးခြင်းများ ပါဝင်သည်။