Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးကုသမှုစင်တာ

    Google AI Translate
    Translated by AI
    ဝန်ဆောင်မှုများ
    ဆရာဝန်များ
    ရောဂါများနှင့်ကုသမှု
    ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

    အကျဉ်း

    လက်ချောင်းနှင့်လက်မောင်းကြွက်သားများ ပြန်လည်သန်စွမ်းစေရန်ကုသခြင်း

    ကိုဗစ်-၁၉ ရောဂါဖြစ်ပြီးနောက် ပြန်လည်သန်စွမ်းရေးအစီအစဉ်

    ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

    ကိုဗစ်–၁၉ ရောဂါဖြစ်ပြီးနောက် ပြန်လည်သန်စွမ်းရေးအစီအစဉ်

    การฟื้นฟูสมรรถภาพร่างกายหลังหายจาก-COVID-19

    ကိုဗစ်–၁၉ ရောဂါဖြစ်ပြီး ပြန်လည်ကောင်းမွန်လာသည့်လူနာများတွင် ကိုဗစ်နောက်ဆက်တွဲရောဂါများ သို့မဟုတ် နာတာရှည်ကိုဗစ်ရောဂါ၏ဆိုးကျိုးများ ဆက်လက်ခံစားရနိုင်ပါသည်။  ထိုအခြေအနေမျိုးတွင် အသက်ရှူလမ်းကြောင်းစနစ်၊ နှလုံးသွေးကြောစနစ်၊ ကြွက်သားများ၊ ဦးနှောက်နှင့် မှတ်ဉာဏ် အစရှိသည့် ကိုယ်တွင်းအင်္ဂါများကို ထိခိုက်စေပြီး ကိုယ်တွင်းအင်္ဂါစွမ်းဆောင်ရည်များကို ကျဆင်းလာကာ လူနာများ၏ နေ့စဉ်ဘ၀အလုပ်အကိုင်များကို ထိခိုက်လာနိုင်ပါသည်။ ထိုလူနာများတွင် မှတ်ဉာဏ်မေ့လျော့လာခြင်းနှင့် ကိုယ်ခန္ဓာအားကုန်မောပန်းခြင်း အစရှိသည်တို့ ခံစားရနိုင်ပါသည်။  ထို့ကြောင့် ထိရောက်မှန်ကန်သော ကိုဗစ်အလွန်ပြန်လည်သန်စွမ်းရေး အစီအစဉ်များ လုပ်ဆောင်ရန်အရေးကြီးပါသည်။

    ကိုဗစ်အလွန်ရောဂါလက္ခဏာများ

    ပြန်လည်သန်စွမ်းရေးအစီအစဉ် လိုအပ်သည့်  ရောဂါလက္ခဏာများမှာ –

    • နှာရည်ယိုခြင်း သို့မဟုတ် ချွဲထွက်လွန်ခြင်း၊ အသက်ရှူမဝခြင်းနှင့် အသက်ရှူရန်ခက်ခဲခြင်း အစရှိသည့် လက္ခဏာများဖြစ်ပါက pulmonary fibrosis ဟုခေါ်သော အဆုတ်ရောဂါကြောင့်ဖြစ်နိုင်သည်။  ထိုလက္ခဏာများ တိုးတက်ကောင်းမွန်လာစေရန်အတွက် Trilogy ventilator ဟုခေါ်သော အသက်ရှူစက်ဖြင့် လေ့ကျင့်ရမည့် ပြန်လည်ထူထောင်ရေးအစီအစဉ်ရှိပါသည်။
    • အိပ်ရာနိုးပြီး ကုတင်ပေါ်မှထချိန် သို့မဟုတ် လမ်းလျှောက်သည့်အခါတွင် ဟန်ချက်မညီညာမှုကြောင့် နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရန် ခက်ခဲနေသောလူနာများတွင် ကြွက်သားများ၊ အရိုးများနှင့် အဆစ်များကို ပြန်လည်သန်မာလာစေမည့် သန်စွမ်းရေးအစီအစဉ်များ ရှိပါသည်။
    • ပြင်းထန်မှုအဆင့်နည်းပါးသော သို့မဟုတ် သာမန်ကိုဗစ်ရောဂါကြောင့် အိပ်ရာပေါ်တွင် အချိန်ကြာမြင့်စွာအနားယူရသည့် လူနာများတွင် ကြွက်သားများ နာကျင်ကိုက်ခဲခြင်းဝေဒနာများကို ခံစားရနိုင်သည်။  ထိုနာကျင်မှုများကို လျော့ပါးစေပြီး ကြွက်သားများကို ပြန်လည်သန်မာစေသည့် အကျိုးကျေးဇူးများရရှိမည့် ကျန်းမာရေးလေ့ကျင့်ခန်း အစီအစဉ်များရှိပါသည်။

    ကိုဗစ်အလွန် ပြန်လည်ထူထောင်ရေးအစီအစဉ်များ

    ကျွန်ုပ်တို့၏ ကျန်းမာရေးအစီစဉ်များသည် လူနာများအား ထိရောက်စွာနှင့် ဘေးကင်းစွာဖြင့် ပုံမှန်အလုပ်ခွင်ပြန်ဝင်နိုင်စေရန် စီစဉ်ထားပါသည်။ ကျွန်ုပ်တို့၏ ပြန်လည်သန်စွမ်းရေးအဖွဲ့ဝင်များ၊ လေ့ကျင့်ခန်းနှင့် လုပ်ငန်းခွင်ကုထုံးဆိုင်ရာဆရာများသည် လူနာတစ်ဦးစီ၏အခြေအနေကို လေ့လာဆန်းစစ်ပြီး တစ်ဦးချင်းစီအတွက် အကောင်းဆုံးဖြစ်စေမည့် လေ့ကျင့်ခန်းအစီအစဉ်များကို စီစဉ်ပေးမည်ဖြစ်ပါသည်။ ထိုအစီအစဉ်များမှာ

    • အသက်ရှူလမ်းကြောင်းနှင့် နှလုံးသွေးကြောစနစ်များကို ကောင်းမွန်ပြီးသန်မာလာစေသော လေ့ကျင့်ခန်း
    • ကြွက်သားများ၏ ကွေးနိုင်ဆန့်နိုင်မှုကို ကောင်းမွန်တိုးတက်စေသော လေ့ကျင့်ခန်း
    • နာကျင်ကိုက်ခဲမှုများကို လျှော့ချသက်သာစေသော လေ့ကျင့်ခန်းများ
    • ဦးနှောက်နှင့်မှတ်ဉာဏ်ပိုင်း ကောင်းမွန်စေသော လေ့ကျင့်ခန်းများ
    • ကိုယ်ခန္ဓာရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းမှုများအတွက် ပြန်လည်သန်စွမ်းစေသော လေ့ကျင့်ခန်းအစီအစဉ်များ

    การฟื้นฟูสมรรถภาพร่างกายหลังหายจาก COVID-19

    (၁) PMS (PERIPHERAL MAGNETIC STIMULATION) ဆိုသည်မှာ ပြင်းထန်သောသံလိုက်စက်ကွင်းဖြင့် အာရုံကြောစနစ်နှင့် ကြွက်သားများကို နာကျင်မှုသက်သာစေရန် နှိုးဆွပေးခြင်းဖြစ်သည်။

    • ကုသမှုပြီးနောက်တွင် နာကျင်ခြင်း၊ ကိုက်ခဲခြင်းနှင့် ပင်ပန်းနွမ်းနယ်မှုကို လျှော့ချပေးသဖြင့် လူနာများ စိတ်ကျေနပ်မှုရရှိကာ သက်တောင့်သက်စွာနေနိုင်သည်။
    • သွေးလည်ပတ်မှု ကောင်းစေသည်။
    • ဦးနှောက်ကို လှုံ့ဆော်၍ ကြွက်သားလုပ်ဆောင်ချက်များမြှင့်တင်ပေးပြီး လက်နှင့်ခြေထောက်လှုပ်ရှားမှုကို ပြန်လည်ရရှိစေသည်။

    PMS ကုသမှုခံယူနိုင်သည့် လူနာများမှာ –

    • အာရုံကြောနှင့်ကြွက်သားများ အားနည်းနေသောလူနာများ၊ ကိုယ်တစ်ခြမ်းသေနေသော လူနာများ၊ ဆီးချိုရောဂါကြောင့် အာရုံကြောရောဂါ ခံစားနေရသောလူနာများ
    • အိမ်မှအလုပ်ဆင်းသောသူများနှင့် အထိုင်များသောရုံးအလုပ်လုပ်ရသူများ၊ လေ့ကျင့်ခန်း ပြင်ထန်းစွာလုပ်ခြင်း သို့မဟုတ် အချိန်ကြာစွာအဝေးပြေးကားမောင်းခြင်းကြောင့် ကြွက်သားနာကျင်ကိုက်ခဲမှု ဝေဒနာခံစားရသူများ

    การฟื้นฟูสมรรถภาพร่างกายหลังหายจาก COVID-19

    (၂) RF RADIOFREQUENCY သည် လျှပ်စစ်စီးကြောင်းတုန်ခါမှုကို အသုံးပြု၍ အောက်ဖော်ပြပါ လက္ခဏာများကို ကုသနိုင်သည်။ 

    • ပြင်ပအာရုံကြောစနစ်မှ နာကျင်မှုများကို ဦးနှောက်သို့ အချက်ပြမှုများမပေးပို့မီ လျှော့ချနိုင်သည်။
    • အနာကျက်မြန်စေရန် နှင့် နာလန်ထူမြန်စေရန် သွေးလည်ပတ်မှုစနစ်ကို လှုံ့ဆော်ပေးသည်။
    • လက်တစ်အက်ဆစ်ကဲ့သို့သော ကိုယ်ခန္ဓာ၏အညစ်အကြေးများကို လျှော့ချပေးသည်။
    • ရောင်ရမ်းမှုကို လျော့ပါးစေပြီး နာကျင်မှုကို သက်သာစေသည်။

     RFကုသမှု ခံယူနိုင်သည့် လူနာများမှာ –

    • ကြွက်သားနှင့် အရိုးအဆစ်များ နာကျင်နေသောလူနာ သို့မဟုတ် ကျောရိုးဆစ်များ ယိုယွင်းပျက်စီးနေသော လူနာများ
    • ခါးကြွက်သားဒဏ်ရာရပြီးမှ ပြန်လည်ကောင်းမွန်လာသော လူနာ 

    การฟื้นฟูสมรรถภาพร่างกายหลังหายจาก COVID-19

    (၃) TRILOGY Ventilator သည် အောင်ဆီဂျင်ကို အဆုတ်အတွင်းအသက်ရှူပိုက်ဖြင့် ဖိအားအမျိုးမျိုး ချိန်ညှိပေးနိုင်သည့် အသက်ရှူစက်ဖြစ်သည်။

    • အဆုတ်အတွင်းလေများများရရှိစေကာ အဆုတ်စွမ်းရည်ကို တိုးမြှင့်ပေးသည်။
    • အသက်ရှူလမ်းကြောင်းရှိချွဲများကို ရှင်းလင်းပေးကာ အဆုတ်ခဲ၍ကပ်ခြင်းကို လေဖိအားဖြင့် တားဆီးပေးသည်။

    Trilogy အသက်ရှူစက် အသုံးပြုသင့်သည့် လူနာများမှာ –

    • အချိန်ကြာအိပ်ယာထဲလဲနေရသည့်လူနာများတွင် အဆုတ်များခဲ၍ကပ်လာနိုင်သောကြောင့်  ယခုအသက်ရှူစက်သည် အဆုတ်စွမ်းဆောင်ရည်ကို တိုးမြင့်ခြင်း၊ အသက်ရှူကြပ် သက်သာစေခြင်း နှင့် သွေးတွင်းအောက်ဆီဂျင်ပမာဏကို တိုးမြင့်စေပြီး ခေါင်းမူးခြင်းကိုဖြစ်စေနိုင်သည့် ကာဗွန်ဒိုင်အောက်ဆိုဒ် စုဆောင်းမှုနှင့် ချွဲထွက်များခြင်းကို လျှော့ချပေးနိုင်သည်။

    การฟื้นฟูสมรรถภาพร่างกายหลังหายจาก COVID-19

    (၄) TREADMILL သည် အဆုတ်၊ နှလုံးနှင့် သွေးလည်ပတ်မှု ကောင်းမွန်လာအောင် လေ့ကျင့်နိုင်သောပြေးစက်ဖြစ်သည်။

    • ကြွက်သား၊ အရိုးနှင့်အဆစ်များကို သန်မာစေပြီး ခံနိုင်ရည်ကို တိုးမြှင့်ပေးသည်။
    • တစ်နေ့လျှင် မိနစ် ၃၀ မှ ၆၀ အထိ လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ဦးနှောက်လုပ်ဆောင်ချက်နှင့် မှတ်ဉာဏ်ကို တိုးတက်စေပါသည်။

    การฟื้นฟูสมรรถภาพร่างกายหลังหายจาก COVID-19

    (၅) လက်မောင်းနှင့် ခြေထောက်ကြွက်သားများလေ့ကျင့်စက်သည် လူနာများ၏ လက်နှင့်ခြေထောက်ရှိ ကြွက်သားများ ဖွံ့ဖြိုးလာစေရန် လေ့ကျင့်နိုင်သောစက်ဖြစ်သည်။

    • ကြွက်သားဒဏ်ရာဖြစ်နိုင်ချေကို လျှော့ချပေးသဖြင့် လူနာများအတွက်ဘေးကင်းစေသည်။

    လက်မောင်းနှင့်ခြေထောက်ကြွက်သား လေ့ကျင့်စက် အသုံးပြုသည့်သူများ –

    • သက်ကြီးလူနာများ
    • ကိုဗစ်အလွန် ပြန်ကောင်းမွန်လာသော လူနာများ သို့မဟုတ် ဖျားနာပြီးနေကောင်းစ လူနာများ
    • ကိုယ်ခန္ဓာကို အချိုးကျဖွံ့ဖြိုးလှပလိုသူများ

    แพ็กเกจฟื้นฟูสมรรถภาพร่างกายหลังติดเชื้อ COVID-19

    (၆) WalkBOT- စက်ရုပ်အကူဖြင့်လမ်းလျှောက်လေ့ကျင့်ခြင်း (Robot Assistance Gait Training: RAGT)

    • ကြွက်သားများကို လေ့ကျင့်ထိန်းသိမ်းနိုင်ခြင်း

    WalkBOT ကိုအသုံးပြုသင့်သော လူနာများ –

    • သွက်ချာပါဒလေငန်းလေဖြတ်ရောဂါ သို့မဟုတ် အာရုံကြောရောဂါ ခံစားနေရသော လူနာများ

    แพ็กเกจฟื้นฟูสมรรถภาพร่างกายหลังติดเชื้อ COVID-19

    (၇) AQUATIC TREADMILL ရေအောက်ပြေးစက်

    • ခြေလက်များရောင်ရမ်းခြင်းကို သက်သာစေသည်။
    • ကြွက်သားများကို သန်မာစေသည်။

    ရေအောက်ပြေးစက် အသုံးပြုသင့်သော လူနာများ –

    • ဟန်ချက်မညီသော သက်ကြီးရွယ်အိုလူနာများ
    • ကျောရိုးနှင့် အဆစ်များ မခွဲစိတ်မီနှင့် ခွဲစိတ်ထားသောလူနာများ
    • နာတာရှည် ကြွက်သား၊ ဒူးဆစ် နာကျင်ခြင်းဝေဒနာ ခံစားနေရသူများ (တင်ပါးဆုံယိုယွင်းပျက်စီးလာခြင်းနှင့် အရိုးကျိုးခြင်း)
    • ပါကင်ဆန်ရောဂါကြောင့် ကြွက်သားအချို့အားနည်းလာခြင်းနှင့် နှလုံးရောဂါလူနာများ
    • အဆစ်နှင့် ကြွက်သားများ ထိခိုက်ဒဏ်ရာရခြင်းမရှိသော ပြေးနိုင်သော အဝလွန်သူများ 


    การฟื้นฟูสมรรถภาพร่างกายหลังหายจาก COVID-19

    (၈) မျက်နှာကျက်အထိန်းကြိုးဖြင့် လမ်းလျှောက်သည့်စက် (Ceiling Hoist)

    • မတ်တပ်ရပ်ခြင်း၊ လမ်းလျှောက်ခြင်းနှင့် ဟန်ချက်ညီအောင် လေ့ကျင့်နိုင်ခြင်း
    • ခန္ဓာကိုယ်အပေါ်ပိုင်းကို တည့်မှတ်အောင်း ထိန်းညှိနိုင်ခြင်း
    • ခန္ဓာကိုယ်အတွင်း သဟဇာတဖြစ်စေခြင်း နှင့် လမ်းလျှောက်မှုကို ထိန်းပေးခြင်း
    • လေ့ကျင့်နေစဉ် ပြုတ်ကျခြင်းကို ကာကွယ်ပေးနိုင်သည်။

    CEILING HOIST စက်ဖြင့်အသုံးပြု လေ့ကျင့်နိုင်သည့် လူနာများ –

    • သက်ကြီးရွယ်အို လူနာများ
    • ကြွက်သားအားနည်းသော လူနာများ
    • လေငန်းလေဖြတ်ရောဂါရှိသူများ
    • အာရုံကြောရောဂါလူနာများ
    • ကိုယ်အလေးချိန်ကို မထိန်းနိုင်သည့်အရိုးကြွက်သား အားနည်းနေသော လူနာများ

    Hand Rehabilitation Training

    (၉) လက်ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်း

    • လက်နှင့် လက်ကောက်ဝတ် ကြွက်သားများ သန်မာလာစေရန် လေ့ကျင့်ခြင်း
    • နေ့စဉ်ပုံမှန်စွမ်းဆောင်ရည်ကို မြှင့်တင်ခြင်း
    • သင်တန်းဆရာ၏မှတ်တမ်းကိုကြည့်ရှု၍ ကြွက်သားတုံ့ပြန်မှုများကို လိုအပ်သလို လှုံ့ဆော်ပေးနိုင်ခြင်း
    • သင်တန်းဆရာသည် တစ်ဦးချင်းစီလိုအပ်ချက်နှင့်ကိုက်ညီစေရန် အလေးချိန်နှင့် ခက်ခဲမှုအဆင့်ပမာဏကို လိုအပ်သလိုချိန်ညှိပေးခြင်း

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးကုသမှုစင်တာ

    တတိယထပ်၊ R Building

    (+66) 2310 3000

    (+66) 2755 1238

    1719 (local mobile calls only)

    [email protected]

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    ရောဂါများနှင့်ကုသမှု

    အားလုံးကြည့်မည်