Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးကုသမှုစင်တာ

    Google AI Translate
    Translated by AI
    ဝန်ဆောင်မှုများ
    ဆရာဝန်များ
    ရောဂါများနှင့်ကုသမှု
    ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

    အကျဉ်း

    လက်ချောင်းနှင့်လက်မောင်းကြွက်သားများ ပြန်လည်သန်စွမ်းစေရန်ကုသခြင်း

    ကိုဗစ်-၁၉ ရောဂါဖြစ်ပြီးနောက် ပြန်လည်သန်စွမ်းရေးအစီအစဉ်

    ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

    လက်ချောင်းနှင့်လက်မောင်းကြွက်သားများ ပြန်လည်သန်စွမ်းစေရန်ကုသခြင်း

    လက်နှင့်လက်မောင်းပြန်လည်သန်စွမ်းရေးအစီအစဉ်သည် လက်နှင့်လက်မောင်းတွင်ရှိသော ကြွက်သားများကိုသန်မာစေပြီး လုပ်ငန်းဆောင်တာများကို ပြန်လည်ကောင်းမွန်စေပါသည်။  ဤအစီအစဉ်တွင် လူနာ၏တုံပြန်မှုများကို မျက်မြင်တိုင်းတာခြင်းဖြင့် နေ့စဉ်လုပ်ငန်းဆောင်တာများနှင့် လုပ်ဆောင်ချက်များကို အပြည့်အဝပြန်လည်လုပ်ဆောင်နိုင်စေပါသည်။  အဆိုပါအစီအစဉ်သည် လူနာ၏ကြွက်သားလှုပ်ရှားမှုနှင့် တုံ့ပြန်မှုကိုကောင်မွန်လာစေရန်အတွက် လူနာတစ်ဦးချင်းစီအလိုက် အသင့်တော်ဆုံးသောလေ့ကျင့်ခန်းများကို ရေးဆွဲထားပါသည်။  

    ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းဆရာကြီးမှ အနီးကပ်ကြီးကြပ်၍ လူနာအတွက် အရေးပါသောကြွက်သားများအားကောင်းစေရန်နှင့် ကြွက်သားလုပ်ဆောင်ချက်များကို ပြန်လည်ရရှိစေရန်အတွက် ပြန်လည်ထူထောင်ရေးကိရိယာများနှင့် လေ့ကျင့်ရေးစက်ပစ္စည်းများ အမျိုးမျိုးတို့ကို အသုံးပြု၍လေ့ကျင့်ပေးပါသည်။ ယခုအစီအစဉ်တွင် ကြွက်သားခံနိုင်ရည်နှင့်အကွေးအဆန့်အပေါ် အခြေခံ၍ သင့်တော်သောအလေးချိန်နှင့် အကွာအဝေးကိုထိန်းညှိကာ ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းများကို တစ်ဦးချင်းစီအလိုက် ရေးဆွဲထားသည်။

     ဤအစီအစဉ်သည်

    • ကိုဗစ်–၁၉ ဖြစ်ပြီး နောက်ဆက်တွဲဆိုးကျိုးများခံစားနေရသည့်​လူနာများ
    • အာရုံကြောဆိုင်ရာရောဂါဝေဒနာရှိသောလူနာများ
    • အရိုး၊ အကြောနှင့် ကြွက်သားရောဂါဝေဒနာရှိသော လူနာများ
    • သက်ကြီးရွယ်အိုများ 

    Hand Rehabilitation Training


    အတွက် သင့်တော်ပါသည်။

    လက်နှင့် လက်မောင်းပြန်လည်ထူထောင်ရေးအတွက် လေ့ကျင့်ရေးကိရိယာများ

    1. လက်ကောက်ဝတ်အကြောများ လေ့ကျင့်ခန်း
    2. လက်ချောင်းလေးများ လေ့ကျင့်ခန်း
    3. အလျားအလေးလိုက်ဆွဲ လေ့ကျင့်ခန်း
    4. ကိုင်တွယ်ခြင်းနှင့် မတင်ခြင်းလေ့ကျင့်ခန်း
    5. လက်မ သန်မာ​စေသော လေ့ကျင့်ခန်း
    6. လက်ဖဝါး ဆုပ်ကိုင်အားကောင်းစေသော လေ့ကျင့်ခန်း
    7. လက်ကောက်ဝတ်လှည့်ခြင်းနှင့် ဆုပ်ကိုင်မှုအားကောင်းစေသော လေ့ကျင့်ခန်း
    8. လက်ချောင်းများကို ဆန့်ထုတ်နိုင်စေရန် လေ့ကျင့်ခန်း
    9. လက်ချောင်းများညီညာစေရန် လေ့ကျင့်ခန်း
    10. လက်ချောင်းများနှင့် လက်မထိပ်ဖျား သန်မာစေရန် လေ့ကျင့်ခန်း
    11. လက်ဖျံလှည့်နိုင်စေရန် လေ့ကျင့်ခန်း
    12. လက်ကောက်ဝတ် ကွေးခြင်းဆန့်ခြင်း လေ့ကျင့်ခန်း

    အကျိုးကျေးဇူးများ

    • လက်နှင့် လက်မောင်းလှုပ်ရှားမှုကို ပြန်လည်ရရှိစေခြင်း
    • လက်နှင့် လက်မောင်းရှိ ကြွက်သားများကို သန်မာစေပြီး ကြွက်သားခံနိုင်ရည်ကို တိုးတက်စေခြင်း
    • ခန္ဓာကိုယ်အထက်ပိုင်းရှိ အရိုးအကြောအဆစ်များ၏ ထိသိမှုကို တိုးတက်စေခြင်း
    • ထိခိုက်ဒဏ်ရာရပြီးနောက် အာရုံကြောစနစ်နှင့် ကြွက်သားများ၏ လုပ်ဆောင်ချက်များကို ပြန်လည်ကောင်းမွန်စေခြင်း
    • ကြွက်သားလှုပ်ရှားမှုများ ညီညွတ်စေရန် အထောက်အကူပြုခြင်း

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးကုသမှုစင်တာ

    တတိယထပ်၊ R Building

    (+66) 2310 3000

    (+66) 2755 1238

    1719 (local mobile calls only)

    [email protected]

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    ရောဂါများနှင့်ကုသမှု

    အားလုံးကြည့်မည်