Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးကုသမှုစင်တာ

    Google AI Translate
    Translated by AI
    ဝန်ဆောင်မှုများ
    ဆရာဝန်များ
    ရောဂါများနှင့်ကုသမှု
    ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

    အကျဉ်း

    လက်ချောင်းနှင့်လက်မောင်းကြွက်သားများ ပြန်လည်သန်စွမ်းစေရန်ကုသခြင်း

    ကိုဗစ်-၁၉ ရောဂါဖြစ်ပြီးနောက် ပြန်လည်သန်စွမ်းရေးအစီအစဉ်

    ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

    Content Image

    အချို့သောရောဂါများ၏လက္ခဏာများ ချို့ယွင်းချက်ဖြစ်စေတယ်။ ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းမှု ထို့အပြင် အခြားသူများနှင့် ဆက်သွယ်ရာတွင်လည်း ပြဿနာများ ဖြစ်စေသည်။ နေ့စဉ်ဘဝကို အနှောက်အယှက်ဖြစ်စေတယ်။ ထို့အပြင် လူတစ်ဦးစီတွင် ပြင်းထန်သော နာကျင်မှုသည် ပုံမှန်နေ့စဉ်လှုပ်ရှားမှုများကို လုပ်ဆောင်ရန် မဖြစ်နိုင်ပေ။

    ပြန်လည်သန်စွမ်းရေးဆိုသည်မှာ အသက်ရွယ်အိုမင်းလာခြင်း၊ ထိခိုက်ဒဏ်ရခြင်း၊ ရောဂါအခံရှိခြင်း နှင့် ပတ်ဝန်းကျင်ဆိုင်ရာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာချို့တဲ့မှုကြောင့် မသန်စွမ်းအားနည်း ချို့ယွင်းနေသူများကို ပြန်လည်သန်စွမ်းလာစေခြင်းဖြစ်ပါသည်။ ဘန်ကောက်ဆေးရုံကြီး၏ ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးကုသမှုစင်တာတွင် ရုပ်ပိုင်းဆိုင်ရာအားနည်း၊ မသန်စွမ်းလူနာများကို အကဲဖြတ်စစ်ဆေးခြင်း၊ ကြိုတင်ကာကွယ်ခြင်းနှင့် ပြန်လည်သန်စွမ်ရေးအတွက် ပြည့်စုံစွာဝန်ဆောင်ပေးနေပါသည်။

    ကျွန်ုပ်တို့စင်တာ တွင် ခေတ်မှီအထောက်အကူပြု စက်ပစ္စည်းများ နှင့် လိုင်စင်ရှိကုထုံးပညာရှင်များစွာရှိပြီး အရည်အချင်းပြည့်ဝသည့်ဆရာဝန်များ၏ လမ်းညွှန်မှုဖြင့် ကုသပေးနေပါသည်။ စင်တာတွင် ရောဂါရှိသူ သို့မဟုတ် ထိခိုက်ဒဏ်ရာရလူနာတစ်ဦချင်းစီ၏ လိုအပ်ချက်အလိုက် ဘက်စုံပြည့်စုံအောင် စီမံထားသော ကုသမှုအစီအစဉ်များ ရှိပါသည်။

    ရရှိနိုင်သော ကာယကုထုံးဝန်ဆောင်မှုများနှင့် အစီအစဉ်များမှာ 

    • ရုပ်ပိုင်းဆိုင်ရာကုထုံးနှင့် ပြန်လည်သန်စွမ်းရေးအစီအစဉ်များ
    • အာရုံကြောဆိုင်ရာပြဿနာများအတွက် ကာယကုထုံး
    • အဆုတ်ပြန်လည်သန်စွမ်းကျန်းမာရေးကုထုံး
    • လုပ်ငန်းခွင်ဆိုင်ရာကုထုံး
    • အပ်စိုက်ကုသခြင်းနှင့် နာကျင်မှုသက်သာစေမည့်ကုထုံး
    • အားကစားဆိုင်ရာဆေးပညာကုထုံး
    • အရိုးပြဿနာများအတွက် ကာယကုထုံး
    • ရေကုထုံးအစီအစဉ်
    • လှုံဆော်မှုပေးသောကုထုံးဖြင့် ပြန်လည်သန်စွမ်းရေဝန်ဆောင်မှုများ
    • အသက်ရှူလမ်းကြောင်းဆိုင်ရာကြွက်သားအားကောင်းစေသောအစီအစဉ်
    • ရွေ့လျား ဘက်စုံပြန်လည်ထူထောင်ရေးအစီစဉ်
    • လည်ပင်းနှင့် ခါးကို စက်ကိရိယာ/ အလေးဖြင့်ဆွဲခြင်း
    • ကိုယ်ခန္ဓာအထဲထိရောက်သော အပူကုထုံး
    • အပေါ်ယံအပူကုထုံး
    • ရေခဲကပ်ခြင်းကုထုံး
    • လေ့ကျင့်ခန်းကုထုံး
    • ရေကုထုံး
    • လျှပ်စစ်ဖြင့်နှိုးဆွခြင်း
    • နှိပ်နယ်ပေးခြင်း
    • ကိုယ်ခန္ဓာအနေထားကို အသုံးပြု၍ ချွဲသလိပ်ထွက်လာစေခြင်း
    • နှလုံးပြန်လည်အားကောင်းကျန်းမာစေခြင်း
    • လေဖြတ်လူနာများအတွက် နေ့စဉ်လုပ်ငန်းဆောင်တာဆိုင်ရာကုထုံး
    • ကလေးများအတွက် နေ့စဉ်လုပ်ငန်းဆောင်တာဆိုင်ရာကုထုံး
    • နေ့စဉ်လှုပ်ရှားသွားလာမှုအတွက်သင်တန်း
    • စကားပြောလေ့ကျင့်ခြင်း
    • ကျောရိုးစစ်နှင့် ခြေလက်ပုံမှန်အနေထားဖြစ်အောင် ပြုပြင်ခြင်း

    အောက်တွင်ဖော်ပြထားသော နာတာရှည်နာကျင်မှု သို့မဟုတ် ဒဏ်ရာများကို ခံစားနေရပါက ကျွန်ုပ်တို့၏ ကာယကုထုံးပညာရှင်များနှင့် လျင်မြန်စွာ ကုသနိုင်ရန်အတွက် ဆရာဝန် ရက်ချိန်းရယူရန် တိုက်တွန်းအပ်ပါသည်။ ရောဂါလက္ခဏာများနှင့် ကျန်းမာရေးအခြေအနေများမှာ အောက်ပါအတိုင်းဖြစ်သည်။

    • လေဖြတ်ခြင်းကြောင့်ဖြစ်သော ဦးနှောက်ပိုင်းဆိုင်ရာထိခိုက်မှု
    • ကျောရိုးအတွင်းရှိ ပင်မအာရုံကြောထိခိုက်မှု
    • အဆစ်အမြစ် လေးဖက်နာရောဂါ
    • ခါးနာရောဂါ
    • အာရုံကြောထိခိုက်မှု
    • အဆုတ်နှင့် နှလုံးရောဂါများ
    • ခြေ လက်ဖြတ်ထားရခြင်း သို့မဟုတ် ပိုလီယိုရောဂါ

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးကုသမှုစင်တာ

    တတိယထပ်၊ R Building

    (+66) 2310 3000

    (+66) 2755 1238

    1719 (local mobile calls only)

    [email protected]

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    ရောဂါများနှင့်ကုသမှု

    အားလုံးကြည့်မည်