မူးမေ့လဲခြင်း(Syncope)ဆိုတာ ဘယ်လိုမျိုးလဲ?
မူးမေ့လဲခြင်း(Syncope)ဖြစ်စေနိုင်တဲ့ အကြောင်းရင်းများစွာရှိပါသည့်အထဲမှ တစ်ခုမှာ
အလိုအလျောက်ထိန်းချုပ်သည့် အာရုံကြောစနစ် (autonomic nervous system) မှားယွင်းလုပ်ဆောင်ခြင်း သို့မဟုတ်၊ အာရုံကြောကြောင့် မူးမေ့လဲခြင်းဖြစ်ပါသည်။
Syncope(မူးမေ့လဲခြင်း) ဆိုသည်မှာ ဦးနှောက်သို့သွေးစီးဆင်းမှု ခနတာလျော့နည်းသွားစဉ် ရုတ်တရက်သတိလစ်ကာ ယိုင်လဲကျသွားခြင်းဖြစ်သည်။
ရုတ်တရက်သွေးပေါင်ကျဆင်းခြင်း၊ နှလုံးခုန်နှုန်းကျဆင်းခြင်း၊ သို့မဟုတ် ခန္ဓာကိုယ်တွင်းရှိ သွေးပမာဏ သို့မဟုတ်၊ သွေးဖြန့်ဖြူးမှု ပြောင်းလဲခြင်းတို့နှင့် ဆက်စပ်၍လည်း မူးမေ့လဲခြင်း(Syncope)ဖြစ်တတ်ပါသည်။
Syncope(မူးမေ့လဲခြင်း)ခံစားရသူသည် ရုတ်ချည်းသတိပြန်လည်လာကာ အသိပြန်ဝင်လာလေ့ရှိသော်လည်း တစ်ခနတာအာရုံရှုပ်ထွေးနေနိုင်ပါသည်။
Syncope(မူးမေ့လဲမှု) ဖြစ်ပေါ်ခြင်းသည် ဦးနှောက်သို့သွေးစီးဆင်းမှုနှင့်သော်လည်းကောင်း၊ အာရုံကြောစနစ်နှင့်သော်လည်းကောင်း၊ နှလုံးနှင့်သော်လည်းကောင်း ပတ်သက်သည့် ရောဂါအခံအခြေအနေများကြောင့် မကြာခနဖြစ်လေ့ရှိကို တွေ့ရပါသည်။











