မူးမေ့လဲခြင်း(Syncope)ဆိုတာ ဘယ်လိုမျိုးလဲ?
မူးမေ့လဲခြင်း(Syncope)ဖြစ်စေနိုင်တဲ့ အကြောင်းရင်းများစွာရှိပါသည့်အထဲမှ တစ်ခုမှာ
အလိုအလျောက်ထိန်းချုပ်သည့် အာရုံကြောစနစ် (autonomic nervous system) မှားယွင်းလုပ်ဆောင်ခြင်း သို့မဟုတ်၊ အာရုံကြောကြောင့် မူးမေ့လဲခြင်းဖြစ်ပါသည်။
Syncope(မူးမေ့လဲခြင်း) ဆိုသည်မှာ ဦးနှောက်သို့သွေးစီးဆင်းမှု ခနတာလျော့နည်းသွားစဉ် ရုတ်တရက်သတိလစ်ကာ ယိုင်လဲကျသွားခြင်းဖြစ်သည်။
ရုတ်တရက်သွေးပေါင်ကျဆင်းခြင်း၊ နှလုံးခုန်နှုန်းကျဆင်းခြင်း၊ သို့မဟုတ် ခန္ဓာကိုယ်တွင်းရှိ သွေးပမာဏ သို့မဟုတ်၊ သွေးဖြန့်ဖြူးမှု ပြောင်းလဲခြင်းတို့နှင့် ဆက်စပ်၍လည်း မူးမေ့လဲခြင်း(Syncope)ဖြစ်တတ်ပါသည်။
Syncope(မူးမေ့လဲခြင်း)ခံစားရသူသည် ရုတ်ချည်းသတိပြန်လည်လာကာ အသိပြန်ဝင်လာလေ့ရှိသော်လည်း တစ်ခနတာအာရုံရှုပ်ထွေးနေနိုင်ပါသည်။
Syncope(မူးမေ့လဲမှု) ဖြစ်ပေါ်ခြင်းသည် ဦးနှောက်သို့သွေးစီးဆင်းမှုနှင့်သော်လည်းကောင်း၊ အာရုံကြောစနစ်နှင့်သော်လည်းကောင်း၊ နှလုံးနှင့်သော်လည်းကောင်း ပတ်သက်သည့် ရောဂါအခံအခြေအနေများကြောင့် မကြာခနဖြစ်လေ့ရှိကို တွေ့ရပါသည်။
Tilt Table Test ဆိုတာရော ဘယ်လိုမျိုးလဲ?
စားပွဲအနိမ့်အမြင့်စောင်း၍ နှလုံးကိုစစ်ဆေးခြင်း(Tilt Table Test)သည် မူးမေ့လဲခြင်း၏အကြောင်းရင်းကိုရှာရန် ဆရာဝန်များအသုံးပြုသည့်စစ်ဆေးမှုများထဲမှတစ်ခုဖြစ်ပြီး
အထူးသဖြင့်အလိုအလျောက်ထိန်းချုပ်သည့် အာရုံကြောစနစ်(autonomic nervous system) မှားယွင်းလုပ်ဆောင်ခြင်း သို့မဟုတ်၊ အာရုံကြောကြောင့်မူးမေ့လဲခြင်းတို့ကို ဖော်ထုတ်ရာတွင်အသုံးပြုကြပါသည်။
ခြေရင်းတွင်း နင်းပြားလေးတစ်ခုပါသောစားပွဲပေါ်၌ လူနာကို ရေပြင်ညီပက်လက်အနေအထားဖြင့် ကြိုးချည်ထားပါမည်။ စမ်းသပ်ခန်းသည် အလင်းရောင်မှိန်မှိန်သာရှိ၍ ဆိတ်ငြိမ်နေရမည်။
စားပွဲသည်ရေပြင်ညီအနေအထားမှ ဒေါင်လိုက်တည့်မတ်စွာ သို့မဟုတ် မတ်လုနီးနီးအနေအထားသို့ စောင်းနိုင်ပါသည်။
စမ်းသပ်မှုတလျှောက်တွင် သွေးပေါင်ချိန်နှင့် နှလုံးခုန်နှုံးကို စောင့်ကြည့်တိုင်းတာပါသည်။
အချိန်ကိုက်စောင့်ကြည့်ခြင်းနှင့် လူနာစားပွဲအား စောင်းမည့်အတိုင်းအတာတို့ကို သတ်မှတ်ထားသည့်လုပ်ထုံးအတိုင်းဆောင်ရွက်ရပါမည်။
တချို့လူနာများတွင် သွေးပေါင်ချိန်နှင့်နှလုံးခုန်နှုန်းပိုများစေရန် လှုံ့ဆော်ပေးသောဆေးလည်း သုံးဖို့လိုအပ်နိုင်ပါသည်။

စားပွဲစောင်း၍စမ်းသပ်ခြင်း ဘယ်လိုဆောင်ရွက်သနည်း?
အပိုင်း(၁) : စမ်းသပ်မှုတွင် ပထမအပိုင်း၌ အနေအထားပြောင်းလဲမှုအပေါ်မူတည်ပြီး မိမိ၏ခန္ဓာကိုယ် မည်သို့တုံ့ပြန်သည်ကို ဖော်ပြနိုင်မှာဖြစ်ပါသည်။
- လူနာသည် စားပွဲပေါ်တွင် ကျောချပက်လက်လှဲနေရပါမည်၊ ခါးနှင့် ဒူးနေရာတွင် ကြိုးချည်ခြင်းဖြင့် ပက်လက်အနေအထားကိုထိန်းထားမှာဖြစ်ပါသည်။ လက်တစ်ဖက်ရှိ သွေးပြန်ကြောထဲသို့ ဆေးထိုးပိုက်တစ်ခု ခေတ္တထည့်သွင်းထားပါမည်။ ကျန်တစ်ဖက်တွင် သွေးပေါင်ချိန်တိုင်းရန် လက်ပတ်တစ်ခု တပ်ဆင်ထားရပါမည်။ နှလုံးခုန်ချက်များကို လေ့လာသိရှိနိုင်ရန် အီးစီဂျီမှကြိုးများကို ရင်ဘတ်၌ အပြားလေးများဖြင့်တပ်ဆင်ထားမှာဖြစ်ပါသည်။
- သူနာပြုမှ စားပွဲကို စောင်းလိုက်သောအခါ လူနာ၏ခေါင်းသည် ခန္ဓာကိုယ်ထက် ၃၀ဒီဂရီပိုမြင့်သည်အထိ စောင်းပေးရပါမည်။ ထိုစဉ်သူနာပြုမှ လူနာ၏ သွေးပေါင်ချိန်နှင့် နှလုံးခုန်နှုန်းကို တိုင်းတာပါမည်။
- အချိန်၅မိနစ်ကြာပြီးနောက်၊ သူနာပြုမှ စားပွဲကိုနောက်ထပ်တစ်ဖန် စောင်းစေမှာဖြစ်ပြီး၊ ၆၀ဒီဂရီ သို့မဟုတ်၊ ပိုမြင့်သည့်အနေအထား၌ထားမည်ဖြစ်သည်။ ထို့နောက် ၁၅မိနစ်မှ ၄၅မိနစ်ကြာမြင့်သည်အထိ လူနာ၏သွေးပေါင်ချိန်နှင့် နှလုံးခုန်နှုံးတို့ကို တိုင်းတာသွားမှာဖြစ်ပြီး၊ ထိုအတောအတွင်း လူနာသည် ငြိမ်သက်တိတ်ဆိတ်စွာနေရမှာဖြစ်ပြီး အဆင်မပြေမှုတစုံတရာရှိခဲ့ပါက သူနာပြုအားပြောပြနိုင်ပါသည်။
- ထိုအချိန်ကာလအတွင်း လူနာ၏သွေးပေါင်ချိန်ကျဆင်းလာပါက သူနာပြုမှ စားပွဲအား ပြန်လည်နှိမ့်ချပေးမည်ဖြစ်ပြီး စမ်းသပ်မှုသည်လည်း ရပ်တန့်ပြီးဆုံးသွားမည်ဖြစ်သောကြောင့် စမ်းသပ်မှု၏ဒုတိယပိုင်းကို ဆက်လက်လုပ်ဆောင်ရန်မလိုအပ်တော့ပါ။
- သတ်မှတ်ချိန်ပြည့်သည်အထိ လူနာသည်သွေးပေါင်ကျဆင်းခြင်းမရှိပါက သူနာပြုမှ စားပွဲကိုပြန်လည်နှိမ့်ချပေးပြီး စမ်းသပ်မှု၏ ဒုတိယပိုင်းကိုစတင်မှာဖြစ်ပါသည်။
အပိုင်း(၂) : စမ်းသပ်မှုတွင် ဒုတိယအပိုင်း၌ လူနာ၏နှလုံးခုန်မှု ပိုမိုအားကောင်း၍မြန်ဆန်လာစေရန် Nitroglycerineဆေးသွင်းခြင်း အပေါ်မူတည်ပြီး မိမိ၏ခန္ဓာကိုယ် မည်သို့တုံ့ပြန်သည်ကို ဖော်ပြနိုင်မှာဖြစ်ပါသည်။ ဤဆေးကြောင့် လူနာသည် ကိုယ်ကာယလေ့ကျင့်ခန်းလှုပ်ရှားနေသကဲ့သို့ ခံစားနေရမှာဖြစ်ပါသည်။ စမ်းသပ်မှုပထမပိုင်းတွင် သွေးပေါင်ချိန်ပြောင်းလဲမှုမရှိခဲ့ပါက၊
- ထိုသို့ဆေးသွင်းလုပ်ဆောင်ခြင်းအားဖြင့် လူနာသည် စားပွဲစောင်း၍စမ်းသပ်ခြင်း(Tilt Table Test)ကို ပို၍ပေါ်လွင်စွာတုံ့ပြန်နိုင်မှာဖြစ်ပါသည်။
- သူနာပြုသည် ဆေးသွင်းပြီးသည်နှင့် စားပွဲအား ၇၀ဒီဂရီထိ မတ်အောင်ထောင်ထားမည်ဖြစ်သည်။
- ဆေးအရှိန်ကြောင့် လူနာသည် နှလုံးခုန်နှုန်း မြန်ဆန်လာမည်ကို ခံစားမိနိုင်ပါမည်။
- လူနာ၏သွေးပေါင်ချိန်ကျဆင်းလာပါက သူနာပြုမှ စားပွဲအားပက်လက်အနေအထားသို့ ပြန်လည်နှိမ့်ချပေးမည်ဖြစ်ပြီး ဆေးသွင်းခြင်းမှလဲ ရပ်တန့်ကာ၊ စမ်းသပ်မှုသည်လည်း ပြီးဆုံးသွားမည်ဖြစ်သည်။
- စမ်းသပ်ချိန် ၁၅-၂၀မိနစ် ကြာသည့်တိုင် သွေးပေါင်ချိန်ကျဆင်းမှုမရှိပါက၊ သူနာပြုမှ စားပွဲအားပက်လက်အနေအထားသို့ ပြန်လည်နှိမ့်ချပေးမည်ဖြစ်ပြီး စမ်းသပ်မှုသည်လည်း ပြီးဆုံးသွားမည်ဖြစ်သည်။
စမ်းသပ်မှုက စုစုပေါင်းအချိန်ဘယ်လောက်ကြာနိုင်သလဲ?
အပိုင်း ၂ခုလုံး လုပ်ဆောင်ရပါက စမ်းသပ်ချိန်စုစုပေါင်း မိနစ်၉၀ကြာမြင့်နိုင်ပါသည်။ ပထမပိုင်းသာ လုပ်ဆောင်ရပါက ၃၀-၄၅မိနစ်သာကြာနိုင်ပါသည်။
ဘယ်လောက်ထိ အန္တရာယ်ကင်းလဲ?
အန္တရာယ်ဖြစ်နိူင်ခြေအနည်းငယ်ရှိပါသည်။ စမ်းသပ်မှုဆောင်ရွက်နေစဉ်အတွင်း လူနာသည်ရုတ်တရက် မူးဝေ သတိလစ်သလိုဖြစ်နိုင်ခြေရှိပါသည်။ ယင်းကဲ့သို့ဖြစ်ခဲ့လျှင်တောင်မှ၊ မိမိဖာသာ အထိန်းအကွပ်မဲ့မူးမေ့လဲခြင်းထက် စာလျှင်ပို၍အန္တရာယ်ကင်းပါသည်။ ဖော်ပြပါအတိုင်း မူးဝေ သတိလစ်သလို ဖြစ်ခဲ့ပါက၊ မိနစ်အနည်းငယ်အတွင်း သော်လည်းကောင်း၊ စားပွဲအား ပက်လက်အနေအထားသို့ပြန်ထားလိုက်လျှင်သော်လည်းကောင်း၊ ပြန်လည်ကောင်းမွန်လာမည်ဖြစ်သည်။
စားပွဲအနိမ့်အမြင့်စောင်း၍ နှလုံးကိုစစ်ဆေးခြင်း လုပ်ဆောင်ပြီးလျှင် ဘာတွေဆက်ဖြစ်တတ်လဲ?
စမ်းသပ်မှုပြီးပြီးချင်းတွင် လူနာသည် ဝမ်းဗိုက်ထဲ နေထိုင်မကောင်းသလို နှင့် ပင်ပန်းသကဲ့သို့ ခံစားရနိုင်ပါသည်။ လူနာကို စောင့်ကြည့်ခန်းတွင် နာရီဝက်မှ တစ်နာရီထိ သူနာပြုမှ သွေးပေါင်ချိန်နှင့် နှလုံးခုန်နှုန်းတို့ကို ဆက်လက်တိုင်းတာ၍ နားနေစေမှာဖြစ်ပါသည်။ ပြန်လည်ကောင်းမွန်လာပါက လူနာအများစုသည် မိမိအိမ်သို့ ကောင်းကောင်းမွန်မွန်ပြန်နိုင်ကြပြီး လုပ်ငန်းဆောင်တာများကို ပုံမှန်ဆောင်ရွက်နိုင်ကြပါသည်။ သို့သော်၊ စမ်းသပ်စဉ်ကာလအတွင်း၊ လူနာသည် လုံးဝ သတိလစ်မေ့မြောခဲ့ပါက၊ နောက်ထပ် စောင့်ကြည့်စမ်းသပ်မှုများ ဆက်လက်လုပ်ဆောင်ရနိုင်ပြီး၊ မိမိကိုယ်တိုင် ကားမောင်း၍ အိမ်ပြန်ဖို့ မသင့်တော်တော့ပါ။
စားပွဲအနိမ့်အမြင့်စောင်း၍ နှလုံးကိုစစ်ဆေးခြင်း လုပ်ဆောင်ခြင်းဖြင့် ဘယ်အချက်အလက်တွေသိရနိုင်လဲ? စမ်းသပ်မှု အဖြေကို ဘယ်အချိန်အတောအတွင်း အမြန်ဆုံးသိရနိုင်လဲ?
စမ်းသပ်မှု ပြီးပြီးချင်း အဖြေသိရနိုင်ပါသည်။ ရံဖန်ရံခါ ရက်အနည်းငယ်အကြာတွင် စမ်းသပ်မှုအဖြေနှင့်ပတ်သက်၍ ချွတ်ယွင်းချက်ရှိ မရှိ ဆရာဝန်ထံမှ သိရနိုင်ပါသည်။
- လူနာသည် စမ်းသပ်စဉ်အတွင်း သွေးပေါင်ကျဆင်းမှုမရှိသည့်အပြင် အခြားလက္ခဏာများလည်း မရှိပါက၊ စမ်းသပ်မှုအဖြေကောင်းသည် (test negative သို့မဟုတ် normal)ဟု တွေ့ရပါမည်။
- အကယ်၍ စမ်းသပ်စဉ်အတွင်း သွေးပေါင်ချိန်ကျဆင်း၍ မူးဝေခြင်း (သို့မဟုတ်) သတိလစ်သကဲ့သို့ ဖြစ်ပွားခဲ့သော် စမ်းသပ်မှုအဖြေတွင် ချွတ်ယွင်းမှုဖြစ် (test positive) သည်ဟု တွေ့ရပါမည်။ ထိုသို့ဆိုလျှင် မိမိဆရာဝန်မှ လိုအပ်သည့်စမ်းသပ်မှုများ ထပ်မံလုပ်ဆောင်စေခြင်းသော်လည်းကောင်း၊ ကုသမှုဆေ