Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Doctor not found
Doctor not found
Doctor not found
Doctor not found
Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    ၂၅၆ ပုံရိပ်ထွက် ကွန်ပျူတာသုံး အဆင့်မြင့်ပုံရိပ်ဖော်စက်

    8 ဖတ်ပြီး မိနစ်(များ)
    ဆရာဝန်
    Package Image
    Dr. Lertlak Chaothawee

    Bangkok Heart Hospital

    အားလုံးကြည့်မည်
    Dr. Lertlak Chaothawee
    Dr. Lertlak Chaothawee
    Bangkok Heart Hospital
    အကြံပြု ပက်ကေ့ဂျ်များ
    Package Image
    ခြေ/လက်ရှိသွေးကြောမှတစ်ဆင့်ပိုက်ထည့်ပြီးဆေးသွင်းကာ နှလုံးသွေးကြောပုံရိပ်ဖော်စစ်ဆေးခြင်း (CAG) နှင့်  နှလုံးသွေးကြောချဲ့ကုသခြင်း (PCI)
    ၂၅၆ ပုံရိပ်ထွက် ကွန်ပျူတာသုံး အဆင့်မြင့်ပုံရိပ်ဖော်စက်
    Table of contents
    • ကွန်ပျူတာသုံး နှလုံးသွေးကြောဓါတ်မှန်စက်
    • ကွန်ပျူတာသုံးပုံရိပ်စက်ကြီးဖြင့် နှလုံးသွေးလွှတ်ကြောအတွင်းရှိ ကိုလက်စ‌ထရောအနည် (plaque) ကိုရှာဖွေရန် မည်သည့်နည်းလမ်းများကို အသုံးပြုကြသနည်း။
    • နှလုံးသွေးကြောများကိုကြည့်ရန် ပုံမှန်နည်းလမ်းက ဘာတွေလဲ။
    • ပိုက်အသေးထည့်သွင်းပြီး နှလုံးသွေးကြောများပုံရိပ်ဖော် စစ်ဆေးခြင်း (catheter-based angiography) ထက် ကွန်ပျူတာသုံး နှလုံးသွေးကြောဓါတ်မှန်ရိုက်ကူးစစ်ဆေးခြင်း (Coronary CTA) ၏အားသာချက်ကဘာလဲ။
    • 256 slice CT scanner သည် 64 slice CT scanner ထက် အဘယ်ကြောင့် ပိုမိုကောင်းမွန်သနည်း။ (ဘန်ကောက်နှလုံးဆေးရုံကြီးတွင် အရည်အသွေးကောင်းမွန်သော ၂၅၆ ပုံရိပ်ထွက် ကွန်ပျူတာသုံး အဆင့်မြင့်ပုံရိပ်ဖော်စက်ဖြင့် စစ်ဆေးပေးသည်)
    • ရေဒီယိုသတ္တူကြွဆေးထိုးပြီး နှလုံးသွေးကြောပုံရိပ်ဖော်စစ်ဆေးခြင်း (Nuclear stress test) နှင့် ပြေးစက်ပေါ်တွင် ပြေး၍ နှလုံးသွေးကြောစစ်ဆေးခြင်း (Exercise Stress Test) အကြား မည်သည့်ကွာခြားချက်ရှိ သနည်း။
    • Coronary CTA စစ်ဆေးသင့်သော ရောဂါလက္ခဏာများမှာ အဘယ်နည်း။
    • ထိုစစ်ဆေးမှုနှင့်ပတ်သက်သော အန္တရာယ်များ ရှိပါသလား။
    • မစမ်းသပ်မှီ မည်ကဲ့သို့ကျန်းမာရေးအခြေအနေများအား သင်၏ဆရာဝန်ကို အသိပေးသင့်လဲ။
    • စမ်းသပ်မှုအတွက် မည်ကဲ့သို့ကြိုတင်ပြင်ဆင်ရမည်နည်း။
    • နှလုံးသွေးကြောဓါတ်မှန်ရိုက်ကူးစစ်ဆေးခြင်းကို မည်ကဲ့သို့ စစ်ဆေးဆောင်ရွက်မည်နည်း။
    • ထိုကဲ့သို စမ်းသပ်စစ်ဆေးသည် အချိန်မည်မျှကြာမည်နည်း။
    • စစ်ဆေးပြီးနောက် သင်သည် စိတ်ငြိမ်ဆေးခံယူထား
  • အားလုံးကြည့်မည်

  • ကွန်ပျူတာသုံး နှလုံးသွေးကြောဓါတ်မှန်စက်

    ကွန်ပျူတာသုံး နှလုံးသွေးကြောဓါတ်မှန်စက် ဆိုသည်မှာ နှလုံးသွေးကြောစနစ် (ခန္ဓာကိုယ် နေရာအနှံ့ရှိ သွေးကြောများနှင့် နှလုံး)ကို စစ်ဆေးရန် ကွန်ပျူတာသုံးပုံရိပ်ဖော်စမ်းသပ်စစ်ဆေးခြင်းဖြစ်သည်။ လက်သွေးပြန်ကြောထဲသို့ ဆိုးဆေးထိုးသွင်းပြီးနောက် ထိုအထူးပြုလုပ်ထားသောနည်းပညာသည် ခေတ်မီကွန်ပြူတာဆော့ဖ်ဝဲလ်ကို အသုံးပြု၍ ခန္ဓာကိုယ်သွေးကြောများကို သုံးဖက်မြင်မြင်ကွင်းများအဖြစ် စုစည်းထားသည့် ပုံများရရှိရန် x-rays ကိုအသုံးပြုထားသည်။
    နှလုံးသွေးကြောများကိုကြည့်ရှုရန်အသုံးပြုသောအခါ၊ ထိုစမ်းသပ်စစ်ဆေးခြင်းကို ကွန်ပျူတာသုံး နှလုံးသွေးကြောဓါတ်မှန်ရိုက်ကူးစစ်ဆေးခြင်း (coronary CTA) ဟုခေါ်သည်။ ထိုစမ်းသပ်စစ်ဆေးသည့် ကွန်ပျူတာသုံးပုံရိပ်စက်ကြီးသည် ကြီးမားသော ဒိုးနတ်မုန့်ပုံသဏ္ဍန်နှင့် တူသည်။ လူနာ ဝင်ရောက်စစ်ဆေးသည့် ဝင်ပေါက်သည် အချင်း ၆၀ စင်တီမီတာမှ ၇၀ စင်တီမီတာရှိသည်။

    ကွန်ပျူတာသုံးပုံရိပ်စက်ကြီးအတွင်းတစ်ဖက်တွင် တပ်ဆင်ထားသော ဓာတ်မှန်ပြွန်တစ်ခုနှင့် ဆန့်ကျင်ဘက်တွင် ရောဂါထောက်လှမ်းသောကိရိယာ တပ်ဆင်ထားသည့် လှည့်ပတ်သည့်ဘောင်တစ်ခုရှိသည်။ လှည့်ပတ်ဘောင်သည် လူနာပတ်ပတ်လည်ကို ဓာတ်မှန်ပြွန်နှင့် ရောဂါထောက်လှမ်းသောကိရိယာအနေဖြင့် လှည့်ပတ်သွားခြင်းဖြင့် ဓာတ်မှန်ရောင်ခြည်အလင်းတန်း(အထက်ပုံတွင်ကြည့်ပါ) ကို ဖန်တီးထားသည်။ ဓာတ်မှန်ပြွန်နှင့် ရောဂါထောက်လှမ်းသောကိရိယာသည် လူနာကို 360° လှည့်ပြီးတိုင်း၊ ပုံရိပ်အဖြစ် ဖမ်းယူထားပါသည်။
    ထို “ပုံရိပ်အချပ်” ကို အထူ ၁ မီလီမီတာအဖြစ် ပါးလွှာအောင် ပြုလုပ်ထားသည်။

    ကွန်ပျူတာသုံးပုံရိပ်စက်ကြီးဖြင့် နှလုံးသွေးလွှတ်ကြောအတွင်းရှိ ကိုလက်စ‌ထရောအနည် (plaque) ကိုရှာဖွေရန် မည်သည့်နည်းလမ်းများကို အသုံးပြုကြသနည်း။

    ကွန်ပျူတာသုံးပုံရိပ်စက်ကြီးဖြင့် နှလုံးသွေးကြောရှိ ကိုလက်စ‌ထရောအနည် (plaque) သိရှိနိုင်သည့်နည်း (၂) မျိုးရှိပါသည်။

    1. Coronary Calcium Scoring- Coronary Calcium Scoring သည် နှလုံးသွေးကြောအတွင်းရှိ ကယ်လ်ဆီယမ်ဓာတ်ပါဝင်သော ကိုလက်စ‌ထရောအနည်ရှိနေခြင်းနှင့် ပြင်းထန်မှုတို့ကို သိရှိနိုင်သော စမ်းသပ်မှုတစ်ခုဖြစ်သည်။ ၎င်းသည် နှလုံးရောဂါဖြစ်နိုင်ခြေကို ကြိုတင်ခန့်မှန်းပေးနိုင်သော ထိရောက်သည့်စစ်ဆေးမှုတမျိုး ဖြစ်သည်။
    2. ကွန်ပျူတာသုံး နှလုံးသွေးကြောဓါတ်မှန်ရိုက်ကူးစစ်ဆေးခြင်း (Coronary CTA)သည် နှလုံးသွေးလွှတ်ကြောအတွင်းရှိ ကိုလက်စ‌ထရောအနည် (plaque) (ကယ်လ်ဆီယမ်ဓာတ်ပါဝင်သော လက်စ‌ထရောအနည် (calcified plaque) နှင့် ကယ်လ်ဆီယမ်ဓာတ်မပါဝင်သော ကိုလက်စထရောအနည် (non-calcified plaque) အားလုံးကို သိရှိရန် တိကျသေချာသော နည်းလမ်းဖြစ်ပြီး နှလုံးသွေးကြောများ ကျဉ်းခြင်း သို့မဟုတ် ပိတ်ဆို့ခြင်းရှိမရှိ ဆုံးဖြတ်ရန်လည်း အသုံးပြုပါသည်။ ထို့အပြင် နှလုံးလုပ်ဆောင်ချက် သို့မဟုတ် နှလုံးခုန်နှုန်း မည်မျှ ကောင်းမွန်သည်ကို တွက်ချက်နိုင်သည်။

    နှလုံးသွေးကြောများကိုကြည့်ရန် ပုံမှန်နည်းလမ်းက ဘာတွေလဲ။

    ပုံမှန်အားဖြင့် နှလုံးသွေးလွှတ်ကြောအခြေအနေများကို စစ်ဆေးရန် ပိုက်အသေးထည့်သွင်းပြီး နှလုံးသွေးကြောများပုံရိပ်ဖော် စစ်ဆေးခြင်းcatheter-based angiography (coronary angiogram) ကို အသုံးပြုခဲ့သည်။ ထိုပိုက်ထည့်သွင်း နှလုံးရောဂါရှာဖွေနည်းတွင်၊ ဝိုင်ယာကြိုးပေါ်မှတဆင့် ၊ပါးလွှာသော ပိုက်အရှည်တစ်ခုကို ပေါင်ခြံ သို့မဟုတ် လက်ကောက်ဝတ်သွေးကြောများမှတဆင့် နှလုံးဆီသို့ ထိုးသွင်းပြီး ဆေး ကို ထိုပိုက်မှတဆင့် သွေးကြောထဲသို့ တိုက်ရိုက်ထိုးသွင်းပြီး ဓာတ်မှန်ရိုက်သည့်ဗီဒီယိုမျက်နှာပြင်တွင် ကြည့်ရှုသည့်။ ထိုစမ်းသပ်စစ်ဆေးနည်းသည် အန္တရာယ်များသော်လည်း၊ ပြင်းထန်သောရင်ဘတ်အောင့်ခြင်း သို့မဟုတ် နှလုံးဖောက်ခြင်း သို့မဟုတ် နှလုံးသွေးကြောချဲ့ကုသမှု သို့မဟုတ် ခွဲစိတ်မှုလိုအပ်သူများအတွက် အလွန်တန်ဖိုးရှိသော စမ်းသပ်မှုတစ်ခုဟု ယူဆဆဲဖြစ်သည်။

    ပိုက်အသေးထည့်သွင်းပြီး နှလုံးသွေးကြောများပုံရိပ်ဖော် စစ်ဆေးခြင်း (catheter-based angiography) ထက် ကွန်ပျူတာသုံး နှလုံးသွေးကြောဓါတ်မှန်ရိုက်ကူးစစ်ဆေးခြင်း (Coronary CTA) ၏အားသာချက်ကဘာလဲ။

    ကွန်ပျူတာသုံး နှလုံးသွေးကြောဓါတ်မှန်ရိုက်ကူးစစ်ဆေးခြင်း CTA သည် ခန္ဓာကိုယ်အတွင်းသို့ ပိုက်ထည့်သွင်းစစ်ဆေးခြင်းမျိုးမဟုတ်သော စစ်ဆေးနည်းတစ်ခုဖြစ်သည်။ ၎င်းသည် နှလုံးသွေးကြောများ ကျဉ်းခြင်း သို့မဟုတ် နှလုံးသွေးကြောများ ပိတ်ခြင်းများကို ခွဲခြားသိမြင်စေရုံသာမက ပိုက်အသေးထည့်သွင်းပြီး နှလုံးသွေးကြောများပုံရိပ်ဖော် စစ်ဆေးခြင်း (catheter-based angiography) အရ သိရှိနိုင်ခြင်းမရှိသော နှလုံးသွေးလွှတ်ကြောနံရံရှိ ကိုလက်စထရောအနည် (plaque) များကိုလည်း ပြသပေးပါသည်။ ကယ်လ်ဆီယမ်ဓာတ်ပါဝင်သော လက်စ‌ထရောအနည် (calcified plaque) ကိုလည်း တိုင်းတာပေးပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို ကြိုတင်ခန့်မှန်းရန် အသုံးပြုနိုင်သည်။

    • CT angiography သည် ရင်ဘတ်အောင့်ခြင်း၏ အသက်အန္တရာယ်ရှိသော အခြားအကြောင်းရင်းများကိုပါ အလွယ်တကူ သိရှိနိုင်သည်-
    • Pulmonary embolism (အဆုတ် သွေးခဲခြင်း)
    • Dissection of the aorta (နှလုံးသွေးလွတ်ကြောမကြီး ပေါက်ပြဲခြင်း)

    256 slice CT scanner သည် 64 slice CT scanner ထက် အဘယ်ကြောင့် ပိုမိုကောင်းမွန်သနည်း။ (ဘန်ကောက်နှလုံးဆေးရုံကြီးတွင် အရည်အသွေးကောင်းမွန်သော ၂၅၆ ပုံရိပ်ထွက် ကွန်ပျူတာသုံး အဆင့်မြင့်ပုံရိပ်ဖော်စက်ဖြင့် စစ်ဆေးပေးသည်)

    • 256-slice scanner ပုံရိပ်စက်သည် အရည်အသွေးမြင့်ပုံရိပ်များကို မြန်ဆန်စွာဖြင့် ထုတ်ပေးနိုင်ပြီး ပုံရိပ် ၆၄ အချပ်ထုတ်ပေးနိုင်သောစက်ထက် ဧရိယာ (၂)ဆကို ပိုမိုဖော်ပြနိုင်သည်။
    • နှလုံးတခုလုံး၏ သုံးဘက်မြင်ပုံရိပ်အား ပုံရိပ် ၆၄ အချပ်ထုတ်ပေးနိုင်သော ပုံမှန် ကွန်ပျူတာသုံးပုံရိပ်ဖော်စက်က နှလုံးစည်းချက် ၁၀ ချက်တွင် ပုံရိပ်ဖော်ပြမှုနှင့် နှိုင်းယှဉ်လျှင် ၎င်းသည် အလွန်လျှင်မြန်ပြီး နှလုံးစည်းချက်နှစ်ချက်တွင် ဖမ်းယူပုံရိပ်ဖော်ပြနိုင်သည်။
    • 256 slice CT scanner သည် ပိုမိုတိကျပြီး ယုံကြည်စိတ်ချရသော စမ်းသပ်စစ်ဆေးမှုကို ပေးသည့် နည်းပညာကို ပေါင်းစပ်ထားသည်။
    • လူနာနှင့် ဓာတ်ရောင်ခြည်ထိတွေ့မှုကို သိသိသာသာ လျှော့ချပေးပြီး နှလုံးခုန်မြန်ခြင်း သို့မဟုတ် ပုံမှန်မဟုတ်သောနှလုံးခုန်ခြင်း ပြဿနာနည်းပါးစေ၍ စက်ဖြင့် စမ်းသပ်စစ်ဆေးနေစဉ်တွင်လည်း အသက်ရှုအောင့်ထားရန် မလိုအပ်ပါ။
    • ကွန်ပျူတာသုံး နှလုံးသွေးကြောဓါတ်မှန်ရိုက်ကူးစစ်ဆေးခြင်း (Coronary CTA)၊

    ရေဒီယိုသတ္တူကြွဆေးထိုးပြီး နှလုံးသွေးကြောပုံရိပ်ဖော်စစ်ဆေးခြင်း (Nuclear stress test) နှင့် ပြေးစက်ပေါ်တွင် ပြေး၍ နှလုံးသွေးကြောစစ်ဆေးခြင်း (Exercise Stress Test) အကြား မည်သည့်ကွာခြားချက်ရှိ သနည်း။

    ရေဒီယိုသတ္တူကြွဆေးထိုးပြီး နှလုံးသွေးကြောပုံရိပ်ဖော်စစ်ဆေးခြင်း (Nuclear stress test) တွင် နှလုံးကြွက်သားများ၏ အစိတ်အပိုင်းအသီးသီးတွင် ရေဒီယိုအိုင်ဆိုတုပ်ပျံ့နှံ့မှု ကွာခြားချက်ကိုပြသခြင်းဖြင့် နှလုံးသွေးကြောဆိုင်ရာရောဂါကို သွယ်ဝိုက်ပြီးရှာဖွေနေချိန်တွင် ကွန်ပျူတာသုံး နှလုံးသွေးကြောဓါတ်မှန်ရိုက်ကူးစစ်ဆေးခြင်း (Coronary CTA) သည် နှလုံးနှင့်နှလုံးသွေးကြောများ၏ ခန္ဓာဗေဒကို တိုက်ရိုက်ဖော်ပြသည်။

    ထို့အပြင် ကွန်ပျူတာသုံး နှလုံးသွေးကြောဓါတ်မှန်ရိုက်ကူးစစ်ဆေးခြင်း (Coronary CTA) သည် ရေဒီယိုသတ္တူကြွဆေးထိုးပြီး နှလုံးသွေးကြောပုံရိပ်ဖော်စစ်ဆေးခြင်း (Nuclear stress test)ထက် ဓါတ်ရောင်ခြည်ထိတွေ့မှုနည်းပါးသည်။ နှလုံးသွေးကြောဓါတ်မှန်ရိုက်ကူးစစ်ဆေးခြင်း (Coronary CTA) သည် ပြေးစက်ပေါ်တွင် ပြေး၍ နှလုံးသွေးကြောစစ်ဆေးခြင်း (Exercise Stress Test) ထက် ပိုမိုတိကျသည်။

    Coronary CTA စစ်ဆေးသင့်သော ရောဂါလက္ခဏာများမှာ အဘယ်နည်း။

    • နှလုံး သွေးကြောများ၏ အခြေအနေကို သိရှိရန်
    • နှလုံးသွေးကြောဖြတ်ဆက်ကုသခြင်းတွင် သွေးကြောပွင့်မှုကို စစ်ဆေးရန်
    • နှလုံးဖွဲ့စည်းပုံနှင့် ပုံသဏ္ဍာန်ကို သိရှိရန်။

    ထိုစစ်ဆေးမှုနှင့်ပတ်သက်သော အန္တရာယ်များ ရှိပါသလား။

    Coronary CTA သည် အလွန်ဘေးကင်းသော စမ်းသပ်စစ်ဆေးမှုတစ်ခုဖြစ်သည်။ သို့သော်၊ အောက်တွင်ဖော်ပြထားသော အန္တရာယ်အနည်းငယ်သာရှိသည်။ သင့်တွင် သီးခြားမေးခွန်းများရှိပါက ကျွန်ုပ်တို့၏ အရည်အချင်းပြည့်မီသော ကျွမ်းကျင်ဝန်ထမ်းများက သင့်အား ကူညီပေးနိုင်ပါသည်။

    • သွေးကြောထိုးသွင်းသော ဆိုးဆေး၏ (Intravenous contrast) တုံ့ပြန်မှု- လူနာများသည် ထိုစစ်ဆေးမှုအတွက် အသုံးပြုထားသော သွေးကြောထိုးသွင်းသော ဆိုးဆေး၏ ဓါတ်မတည့်မှု ကြုံရခဲပါသည်။ စစ်ဆေးမှုမတိုင်ခင် ဆေးသောက်ခြင်းဖြင့် ထိုဓာတ်မတည့်မှုကို ကာကွယ်နိုင်သည်။ လူနာများသည် မတည့်သော အစားအသောက် သို့မဟုတ် ဆေးဝါးများနှင့် ဓာတ်မတည့်မှုမှတ်တမ်းကို ၎င်းတို့၏ဆရာဝန်ထံ ကြိုတင်အကြောင်းကြားသင့်သည်။
    • ကျောက်ကပ်ရောဂါရှိသောလူနာများ- ကျောက်ကပ်လုပ်ဆောင်ချက်မ‌ကောင်းသော လူနာများတွင် ထိုစစ်ဆေးမှုအတွက်အသုံးပြုသော သွေးကြောထိုးသွင်းသော ဆိုးဆေးနှင့်ဆက်စပ်သောအန္တရာယ်ရှိနိုင်သည် ။ သင့်ဆရာဝန်သည် ထိုစစ်ဆေးမှုအတွက် လိုအပ်သော သင်၏ပုံမှန်ကျောက်ကပ်ဆိုင်ရာလုပ်ဆောင်ချက်ကို ဖော်ထုတ်ရန် BUN နှင့် Creatinine ဟုခေါ်သော ရိုးရှင်းသောသွေးစစ်ဆေးမှုကို စစ်ဆေးထားရန်ညွှန်ကြားလိမ့်မည်။
    • ဓာတ်ရောင်ခြည်ထိတွေ့မှု- ဓာတ်မှန်ရိုက်ခြင်းတွင် ဓာတ်ရောင်ခြည်ထိတွေ့မှုသည် အန္တရာယ်အနည်းဆုံးရှိပြီး ဘေးထွက်ဆိုးကျိုးများဖြစ်စေနိုင်သော ပမာဏအောက်၌ ရှိပါသည်။
      ထို့အပြင်၊ နှလုံးပြင်ပနေရာများကို ဓာတ်ရောင်ခြည်ပမာဏ ထိတွေ့မှု လျှော့ချရန် အကာအရံများ ပေးထားသည်။ ဓာတ်ရောင်ခြည်ထိတွေ့မှုအန္တရာယ်ထက် စမ်းသပ်စစ်ဆေးမှု၏အကျိုးကျေးဇူးမှာ ပိုမိုသာလွန်သည်။ ဓါတ်ရောင်ခြည်ပမာဏသည် ရေဒီယိုသတ္တူကြွဆေးထိုးပြီး နှလုံးသွေးကြောပုံရိပ်ဖော်စစ်ဆေးခြင်း (Nuclear stress test)စမ်းသပ်မှုထက် နည်းပါးသည်။
    • ကိုယ်ဝန်သည်- X-ray ဓါတ်ရောင်ခြည်သည် သန္ဓေသား၏ မွေးရာပါချို့ယွင်းချက်ကို ဖြစ်စေနိုင်သည်။

    မစမ်းသပ်မှီ မည်ကဲ့သို့ကျန်းမာရေးအခြေအနေများအား သင်၏ဆရာဝန်ကို အသိပေးသင့်လဲ။

    • ကိုယ်ဝန်ရနိုင်ခြေ
    • ယခင်က အိုင်အိုဒင်းကို ဓါတ်မတည့်တုံ့ပြန်မှု
    • ဆီးချိုရောဂါ
    • ကျောက်ကပ်ရောဂါ
    • ဆေးဝါးများ
    • နေရာကျဉ်းကျဉ်းတွေကို ကြောက်တတ်တာ (Claustrophobia)

    စမ်းသပ်မှုအတွက် မည်ကဲ့သို့ကြိုတင်ပြင်ဆင်ရမည်နည်း။

    • ဝတ်ဆင်ခြင်း- သတ္တုကြိုးများမပါသော ချောင်ချောင်ချိချိအဝတ်အစားများ သို့မဟုတ် ဆေးရုံဂါဝန် ဝတ်ဆင်ပါ။
    • စစ်ဆေးရန်ချိန်းထားချက်မတိုင်မီ ၃ နာရီအလိုမှစ၍ အစားအသောက် မစားပါနှင့်။
    • စမ်းသပ်မှုမပြုလုပ်မီ ရေဓာတ်ပြည့်ဝနေစေရန် ရေများများသောက်ပါ။
    • စမ်းသပ်မှုပြုလုပ်သည့်နေ့တွင် ကော်ဖီ၊ လက်ဖက်ရည်၊ ဆိုဒါနှင့် ချော့ကလက်ကဲ့သို့သော ကဖင်းဓာတ်ပါသော အဖျော်ယမကာများကို ရှောင်ပါ။
    • သင့်ဆရာဝန် သို့မဟုတ် သူနာပြုက သင့်အား အထူးညွှန်ကြားချက်မပေးထားပါက သင့်ပုံမှန်သောက်နေကျဆေးများအားလုံးကို သောက်ပါ။
    • စမ်းသပ်မှုမပြုမီ (၁၂) နာရီအလိုကစပြီး သောက်ဆေး Viagra၊ Cialis သို့မဟုတ် Levitra ကဲ့သို့သော ဆေးဝါးများကို မသောက်ပါနှင့်။
    • သင်သည် ကိုယ်ဝန်ရှိခြင်း သို့မဟုတ် ကိုယ်ဝန်ရှိသည်ဟုသံသယရှိပါက သင့်ဆရာဝန်အား ကြိုတင်အသိပေးပါ။ နှလုံးသွေးကြောဓါတ်မှန်ရိုက်ကူးစစ်ဆေးခြင်း (Coronary CTA) ဓါတ်ရောင်ခြည်သည် အထူးသဖြင့် ကိုယ်ဝန်ပထမသုံးလပတ်အတွင်း သန္ဓေသားအပေါ် သက်ရောက်မှုရှိနိုင်သည်။

    နေရာကျဉ်းကျဉ်းတွေကို ကြောက်တတ်လျှင် (Claustrophobia)- ထိုစမ်းသပ်စစ်ဆေးမှုအတွင်း အိပ

    နှလုံးသွေးကြောဓါတ်မှန်ရိုက်ကူးစစ်ဆေးခြင်းကို မည်ကဲ့သို့ စစ်ဆေးဆောင်ရွက်မည်နည်း။

    ပြင်ပလူနာဖြစ်စေ သို့မဟုတ် အတွင်းလူနာ ဖြစ်စေ နှလုံးသွေးကြောဓါတ်မှန်ရိုက်ကူးစစ်ဆေးမှုများကို ပြုလုပ်နိုင်သည်။

    • ရွှေ့ပြောင်းနိုင်သောစမ်းသပ်စားပွဲပေါ်တွင် သင့်အား နေရာချထားမည်ဖြစ်သည်။ ဓာတ်မှန်ရိုက်နေစဉ်အတွင်း သင့်အား ငြိမ်ငြိမ်နေရန်နှင့် မှန်ကန်သောအနေအထားကို ထိန်းသိမ်းရန် ကြိုးများနှင့် ခေါင်းအုံးရှည်များကို အသုံးပြုနိုင်သည်။
      သင့်ခန္ဓာကိုယ်တွင် ECG စစ်ဆေးရန် ကိရိယာများတပ်ထားပြီး၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ စစ်ဆေးရန် ခါးပတ်တစ်ခု၊ သွေးခုန်နှုန်းမော်နီတာအသေးတစ်ခုကို သင့်လက်ချောင်းပေါ်တွင် ထားရှိပါသည်။
    • သင့်အား အသက်ရှုရန်၊အောင့်ထားရန် ညွှန်ကြားချက်များ ပေးမည်ဖြစ်ပြီး စစ်ဆေးနေစဥ်အတွင်း အကြိမ်များစွာ အသက်ရှုအောင့်ထားရန် ညွှန်ကြားမည်ဖြစ်သည်။
    • နှလုံးသွေးကြောဓါတ်မှန်ရိုက်ကူးစစ်ဆေးခြင်းနေစဥ် ဆိုးဆေးကို အသုံးပြုမည်ဆိုပါက၊ ဆေးထိုးသွင်းရန် အကြောသွင်းပိုက် ရှိပါမည်။
    • ဆိုးဆေးကို ထိုသွေးကြောထဲသို့ ထိုးသွင်းမည်ဖြစ်ပြီး ထိုးသွင်းလိုက်သောအခါ ပူနွေးတဲ့ ခံစားမှုမျိုး ရရှိနိုင်ပါတယ်။
    • စမ်းသပ်စစ်ဆေးသည့်ကုတင် အဝင်အထွက်လုပ်နေချိန်တွင် ပုံရိပ်တစ်ခုကို ဖမ်းယူစစ်ဆေးသည့်အချိန် အလွန်တိုပါသည်။

    ထိုကဲ့သို စမ်းသပ်စစ်ဆေးသည် အချိန်မည်မျှကြာမည်နည်း။

    ထိုနောက် စစ်ဆေးသည့်ရလဒ်ကို ဘယ်လောက်မြန်မြန် ရနိုင်မည်နည်း။

    • ပုံမှန်အားဖြင့် မိနစ် (၃၀) အောက် ကြာသည်။
    • ပုံရိပ်များကိုစုစည်းသော လုပ်ငန်းစဉ်တစ်ခု ရှိသည်။ စမ်းသပ်စစ်ဆေးမှုအား အထူးကျွမ်းကျင်သော နှလုံးအထူးကု သို့မဟုတ် ဓာတ်မှန်ပါရဂူက စစ်ဆေးပေးရှိသည်။
    • စမ်းသပ်မှုကို ညွှန်ကြားသော သင်၏ မူလဆရာဝန်သည် စစ်ဆေးသည့်ရလဒ်ကို သင့်အား ရှင်းပြပါမည်။

    စစ်ဆေးပြီးနောက် သင်သည် စိတ်ငြိမ်ဆေးခံယူထား

    ခြင်းမရှိပါက စမ်းသပ်မှုအပြီးတွင် ပြန်လည်နာလန်ထူ အချိန်ယူရန် မလိုအပ်ပါ။
    စမ်းသပ်စစ်ဆေးမှုပြီးပြီးချင်း သင်၏ ပုံမှန်အစားအသောက်များ နှင့် ပုံမှန်လှုပ်ရှားမှုများကို ပြန်လည်စတင်နိုင်ပါသည်။

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    နှလုံးအထူးကုဆေးခန်း

    ပထမထပ်၊ H Building၊ ဘန်ကောက်နှလုံးဆေးရုံကြီး

    နေ့စဉ် မနက် ၇ နာရီ မှ ညနေ ၄ နာရီ

    (+66) 2310 3000

    (+66) 2310 3370

    (+66) 2755 1371

    (+66) 2755 1375

    1719 (local mobile calls only)

    [email protected]

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    ပက်ကေ့ဂျ်များနှင့် ပရိုမိုးရှင်းများ

    ခြေ/လက်ရှိသွေးကြောမှတစ်ဆင့်ပိုက်ထည့်ပြီးဆေးသွင်းကာ နှလုံးသွေးကြောပုံရိပ်ဖော်စစ်ဆေးခြင်း (CAG) နှင့်  နှလုံးသွေးကြောချဲ့ကုသခြင်း (PCI)ခြေ/လက်ရှိသွေးကြောမှတစ်ဆင့်ပိုက်ထည့်ပြီးဆေးသွင်းကာ နှလုံးသွေးကြောပုံရိပ်ဖော်စစ်ဆေးခြင်း (CAG) နှင့်  နှလုံးသွေးကြောချဲ့ကုသခြင်း (PCI)
    ခြေ/လက်ရှိသွေးကြောမှတစ်ဆင့်ပိုက်ထည့်ပြီးဆေးသွင်းကာ နှလုံးသွေးကြောပုံရိပ်ဖော်စစ်ဆေးခြင်း (CAG) နှင့်  နှလုံးသွေးကြောချဲ့ကုသခြင်း (PCI)

    54,000 - 250,000 ဘတ်

    အသေးစိတ်
    CT Coronary Calcium Score PackageCT Coronary Calcium Score Package
    CT Coronary Calcium Score Package

    5,200 ဘတ်

    7,400 ဘတ်

    အသေးစိတ်
    ပက်ကေ့ဂျ်များ ပိုမိုကြည့်ရှုမည်

    ကျန်းမာရေး ဝန်ဆောင်မှုများ

    ဝန်ဆောင်မှုများ ပိုမိုကြည့်ရှုမည်

    ကျန်းမာရေး ဝန်ဆောင်မှုများ

    စားပွဲအနိမ့်အမြင့်စောင်း၍ နှလုံးကိုစစ်ဆေးခြင်း Image
    စားပွဲအနိမ့်အမြင့်စောင်း၍ နှလုံးကိုစစ်ဆေးခြင်း
    ECG သို့မဟုတ် EKG Image
    ECG သို့မဟုတ် EKG
    24 နာရီကြာ ECG စစ်ဆေးခြင်း Image
    24 နာရီကြာ ECG စစ်ဆေးခြင်း
    ဝန်ဆောင်မှုများ ပိုမိုကြည့်ရှုမည်