ကွန်ပျူတာသုံး နှလုံးသွေးကြောဓါတ်မှန်စက်
ကွန်ပျူတာသုံး နှလုံးသွေးကြောဓါတ်မှန်စက် ဆိုသည်မှာ နှလုံးသွေးကြောစနစ် (ခန္ဓာကိုယ် နေရာအနှံ့ရှိ သွေးကြောများနှင့် နှလုံး)ကို စစ်ဆေးရန် ကွန်ပျူတာသုံးပုံရိပ်ဖော်စမ်းသပ်စစ်ဆေးခြင်းဖြစ်သည်။ လက်သွေးပြန်ကြောထဲသို့ ဆိုးဆေးထိုးသွင်းပြီးနောက် ထိုအထူးပြုလုပ်ထားသောနည်းပညာသည် ခေတ်မီကွန်ပြူတာဆော့ဖ်ဝဲလ်ကို အသုံးပြု၍ ခန္ဓာကိုယ်သွေးကြောများကို သုံးဖက်မြင်မြင်ကွင်းများအဖြစ် စုစည်းထားသည့် ပုံများရရှိရန် x-rays ကိုအသုံးပြုထားသည်။
နှလုံးသွေးကြောများကိုကြည့်ရှုရန်အသုံးပြုသောအခါ၊ ထိုစမ်းသပ်စစ်ဆေးခြင်းကို ကွန်ပျူတာသုံး နှလုံးသွေးကြောဓါတ်မှန်ရိုက်ကူးစစ်ဆေးခြင်း (coronary CTA) ဟုခေါ်သည်။ ထိုစမ်းသပ်စစ်ဆေးသည့် ကွန်ပျူတာသုံးပုံရိပ်စက်ကြီးသည် ကြီးမားသော ဒိုးနတ်မုန့်ပုံသဏ္ဍန်နှင့် တူသည်။ လူနာ ဝင်ရောက်စစ်ဆေးသည့် ဝင်ပေါက်သည် အချင်း ၆၀ စင်တီမီတာမှ ၇၀ စင်တီမီတာရှိသည်။
ကွန်ပျူတာသုံးပုံရိပ်စက်ကြီးအတွင်းတစ်ဖက်တွင် တပ်ဆင်ထားသော ဓာတ်မှန်ပြွန်တစ်ခုနှင့် ဆန့်ကျင်ဘက်တွင် ရောဂါထောက်လှမ်းသောကိရိယာ တပ်ဆင်ထားသည့် လှည့်ပတ်သည့်ဘောင်တစ်ခုရှိသည်။ လှည့်ပတ်ဘောင်သည် လူနာပတ်ပတ်လည်ကို ဓာတ်မှန်ပြွန်နှင့် ရောဂါထောက်လှမ်းသောကိရိယာအနေဖြင့် လှည့်ပတ်သွားခြင်းဖြင့် ဓာတ်မှန်ရောင်ခြည်အလင်းတန်း(အထက်ပုံတွင်ကြည့်ပါ) ကို ဖန်တီးထားသည်။ ဓာတ်မှန်ပြွန်နှင့် ရောဂါထောက်လှမ်းသောကိရိယာသည် လူနာကို 360° လှည့်ပြီးတိုင်း၊ ပုံရိပ်အဖြစ် ဖမ်းယူထားပါသည်။
ထို “ပုံရိပ်အချပ်” ကို အထူ ၁ မီလီမီတာအဖြစ် ပါးလွှာအောင် ပြုလုပ်ထားသည်။







