Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Doctor not found
Doctor not found
Doctor not found
Doctor not found
Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    TAVI/TAVR

    6 ဖတ်ပြီး မိနစ်(များ)
    ဆရာဝန်
    Package Image
    Dr. Wichai Jiraroj-ungkun

    Bangkok Heart Hospital

    Package Image
    Dr. Vitoon Pitiguagool

    Bangkok Heart Hospital

    အားလုံးကြည့်မည်
    Dr. Wichai Jiraroj-ungkun
    Dr. Wichai Jiraroj-ungkun
    Bangkok Heart Hospital
    အကြံပြု ပက်ကေ့ဂျ်များ
    Package Image
    နှလုံးသွေးကြောဓာတ်မှန်ရိုက်စစ်ဆေးခြင်း/ နှလုံးသွေးကြောချဲ့ကုသခြင်းနှင့် နှလုံးသွေးကြောခွဲစိတ်ကုသခြင်း
    TAVI/TAVR
    Table of contents
    • ဘန်ကောက်ဆေးရုံကြီးတွင် ရင်ခေါင်းဖွင့်ခွဲစိတ်စရာမလိုအပ်ဘဲနှလုံးသွေးကြောမကြီးအဆို့ရှင်ကိုအစားထိုးကုသခြင်း
    • နှလုံးသွေးကြောမကြီးအဆို့ရှင်ကျဉ်းခြင်းဆိုတာဘာလဲ
    • ပြင်းထန်အဆင့်နှလုံးသွေးကြောမကြီးအဆို့ရှင်ကျဉ်းခြင်း၏ရောဂါလက္ခဏာများနှင့်ကြိုတင်ခန့်မှန်းခြင်းဆိုတာဘာလဲ
    • နှလုံးသွေးကြောမကြီးအဆို့ရှင်ကျဉ်းခြင်း၏အကြောင်းအရင်းများ
    • ရောဂါလက္ခဏာပြင်းထန်သော နှလုံးသွေးကြောမကြီးအဆို့ရှင်ကျဉ်းခြင်းကိုကုသမှု
    • နှလုံးသွေးကြောမကြီးအဆို့ရှင်အစားထိုးကုသခြင်း TAVI သို့မဟုတ် TAVR ဆိုတာဘာလဲ
    • မည်သူတို့ကနှလုံးသွေးကြောမကြီးအဆို့ရှင်အစားထိုးကုသမှုကိုခံယူနိုင်မလဲ
    • Catheter ပိုက်ထည့်သွင်းရာလမ်းကြောင်း
    • TAVI/TAVR (၂၀၁၄) တွင် အသုံးပြုသည့် အဆို့ရှင်အမျိုးအစား
    • လူနာပြင်ဆင်မှု
    • ကုသမှုလုပ်ငန်းစဉ်၏ဖြစ်နိုင်သောအန္တရာယ်များ
    • ဆေးရုံနှင့်အိမ်တွင် ပြန်လည်ကောင်းမွန်လာခြင်း
  • အားလုံးကြည့်မည်

  • ဘန်ကောက်ဆေးရုံကြီးတွင် ရင်ခေါင်းဖွင့်ခွဲစိတ်စရာမလိုအပ်ဘဲနှလုံးသွေးကြောမကြီးအဆို့ရှင်ကိုအစားထိုးကုသခြင်း

    • နှလုံးသွေးကြောမကြီးအဆို့ရှင်ကျဉ်းခြင်းဆိုတာဘာလဲ
    • ပြင်းထန်အဆင့်နှလုံးသွေးကြောမကြီးအဆို့ရှင်ကျဉ်းခြင်း၏ရောဂါလက္ခဏာများနှင့်ခန့်မှန်းချက်
    • နှလုံးသွေးကြောမကြီးအဆို့ရှင်ကျဉ်းခြင်း၏အကြောင်းအရင်းများ
    • ပြင်းထန်အဆင့်နှလုံးသွေးကြောမကြီးအဆို့ရှင်ကျဉ်းခြင်းအတွက် ကုသမှု
    • နှလုံးသွေးကြောမကြီးအဆို့ရှင်အစားထိုးကုသခြင်း TAVI သို့မဟုတ် TAVR ဆိုတာဘာလဲ
    • ဘယ်လိုလူမျိုးတွေကနှလုံးသွေးကြောမကြီးအဆို့ရှင်အစားထိုးကုသခြင်းကိုခံယူနိုင်မလဲ
    • catheter ပိုက်ထည့်ရာလမ်းကြောင်း
    • နှလုံးသွေးကြောမကြီးအဆို့ရှင်အစားထိုးကုသရာတွင် အသုံးပြုသော အဆို့ရှင်အမျိုးအစား
    • လူနာအားပြင်ဆင်ခြင်း
    • ကုသမှုလုပ်ငန်းစဉ်၏ဖြစ်နိုင်သောအန္တရာယ်များ
    • ဆေးရုံနှင့်အိမ်တွင် ပြန်လည်ကောင်းမွန်ခြင်း
    • ဘန်ကောက်နှလုံးဆေးရုံကြီးတွင်ပြုလုပ်သောနှလုံးသွေးကြောမကြီးအဆို့ရှင်အစားထိုးကုသခြင်း

    နှလုံးသွေးကြောမကြီးအဆို့ရှင်ကျဉ်းခြင်းဆိုတာဘာလဲ

    နှလုံးသွေးကြောမကြီးအဆို့ရှင် (Aortic valve)

    နှလုံးတွင် အခန်းလေးခန်းရှိသည်။ နှလုံး၏အပေါ်ပိုင်းတွင် atria ခေါ် သွေးလွှတ်ခန်းနှစ်ခန်း နှင့် အောက်ခြေတွင်ventricle ခေါ်သွေးပြန်ခန်းနှစ်ခန်းရှိသည်။ ventricle တစ်ခုစီတွင် အဆို့ရှင်နှစ်ခုရှိသည်။ အဆို့ရှင်တစ်ခုသည်ventricle သို့စီးဆင်းနေသောသွေးများကိုထိန်းချုပ်သည်။ အခြားအဆို့ရှင်သည် ventricle မှထွက်သောသွေးများကိုထိန်းချုပ်ပေးပါသည်။အဆို့ရှင်တစ်ခုစီသည် leaflets သို့မဟုတ် cusps ဟုခေါ်သော တံခါးရွက်လိုအဖတ်များဖြင့်ဖွဲ့စည်းထားသည်။ ဤအဖတ်များသည် သွေးများ စီးဆင်းရန် တစ်လမ်းသွား တံခါးများအဖြစ် လုပ်ဆောင်ကာအဖွင့်အပိတ် ပြုလုပ်သည်။

    နှလုံး၏ဘယ်ဘက်ventricle မှညှစ်ထုတ်လိုက်သောသွေးများကို ခန္တာကိုယ်၏အဓိကသွေးကြောမကြီး (aorta) သို့ရောက်ရှိရန်နှလုံးသွေးကြောမကြီးအဆို့ရှင်ကထိန်းချုပ်ပေးပါသည်။ထိုမှတဆင့်ခန္တာကိုယ်အနှံ့အပြားသို့သွေးများရှောက်ရှိစေပါသည်။

    နှလုံးသွေးကြောမကြီးအဆို့ရှင်ကျဉ်းခြင်း (AS)

    AS သည်နှလုံးသွေးကြောမကြီးအဆို့ရှင်အပြည့်အဝမဖွင့်နိုင်ခြင်းကြောင့်ဖြစ်သောရောဂါဖြစ်ပြီးဘယ်ဘက်ventricle ခန်းမှ သွေးကြောမကြီးသို့သွေးစီးဆင်းရာတွင်အကန့်အသတ်ဖြစ်စေသည်။ အခြေခံအားဖြင့်အဆို့ရှင်ပိုကျဉ်းလေလေ၊ သွေးစီးဆင်းနိုင်မှုနည်းလေလေ၊ ပြဿနာက ပိုပြင်းထန်လေလေဖြစ်သည်။ သင့်နှလုံး(ဘယ်ဘက် ventricle) သည် သင့်ခန္ဓာကိုယ်ဆီသို့ သွေးများကို ညှစ်ထုတ်ရန် ပိုမိုလုပ်ဆောင်ရန် လိုအပ်သည်။နောက်ဆုံးတွင် ရောဂါလက္ခဏာများဖြစ်ပေါ်လာပြီး ဘယ်ဘက် သွေးပြန်ခန်းအားနည်းလာနိုင်ပါသည်။

    ပြင်းထန်အဆင့်နှလုံးသွေးကြောမကြီးအဆို့ရှင်ကျဉ်းခြင်း၏ရောဂါလက္ခဏာများနှင့်ကြိုတင်ခန့်မှန်းခြင်းဆိုတာဘာလဲ

    • အသက်ရှူကြပ်ခြင်း
    • ရင်ဘတ်နာကျင်ခြင်း
    • လှုပ်ရှားမှုပြုလုပ်ချိန်တွင်မောပန်းခြင်း
    • ခဏတာသတိလစ်ခြင်း
    • မောပန်းလွယ်ခြင်း
    • နှလုံးလုပ်ဆောင်ချက်အားနည်းခြင်း
    • လေ့ကျင့်ခန်းပြုလုပ်ချိန်ခံနိုင်ရည်လျော့နည်းခြင်း

    နှလုံးသွေးကြောမကြီးအဆို့ရှင်ကျဉ်းခြင်း၏အကြောင်းအရင်းများ

    • မွေးရာပါ အဆို့ရှင်ယိုယွင်းပျက်စီးမှုဆိုးရွားခြင်း
    • အသက်အရွယ်ကြီးလာခြင်းကြောင့်နှလုံးသွေးကြောမကြီးအဆို့ရှင်ယိုယွင်းပျက်စီးခြင်း
    • ကလေး သို့မဟုတ် ငယ်ရွယ်စဉ်တွင်လေးဘက်နာပိုးကြောင့်ဖျားနာပြီး အဆို့ရှင်တွင်အမာရွတ်ဖြစ်ခြင်း

    နှစ်များကြာလာသည်နှင့်အမျှ ယင်းအဆို့ရှင်များတွင် အမာရွတ်များထူလာခြင်း၊ ပေါင်းသွားခြင်းနှင့် ကယ်လ်စီများအနည်ထိုင်လာပြီး အဆို့ရှင်လှုပ်ရှားမှုကိုအကန့်အသတ် ဖြစ်စေပါသည်။

    ရောဂါလက္ခဏာပြင်းထန်သော နှလုံးသွေးကြောမကြီးအဆို့ရှင်ကျဉ်းခြင်းကိုကုသမှု

    သင့်တွင် ရောဂါလက္ခဏာပြင်းထန်သော aortic stenosisရှိပါက အဆို့ရှင်ကို အစားထိုးရန်အတွက် မကြာသေးမီအချိန်ထိ ရင်ခေါင်းဖွင့်ခွဲစိတ်မှု လိုအပ်မည်ဖြစ်သည်။ သို့သော်လည်း လက်ရှိတွင် ရင်ခေါင်းဖွင့်ခွဲစိတ်မှုမလိုအပ်ဘဲနှလုံးအဆို့ရှင်အစားထိုးခြင်းကို လုပ်ဆောင်နိုင်ပါပြီ။ TAVI/TAVR ကုသမှုအတွက် သင့်လျော်သော လူနာအခြေအနေရွေးချယ်ရာ စံနှုန်းများသည် အချိန်တိုအတွင်း လျင်မြန်စွာလုပ်ဆောင်နိုင်ပါသည်။

    နှလုံးသွေးကြောမကြီးအဆို့ရှင်အစားထိုးကုသခြင်း TAVI သို့မဟုတ် TAVR ဆိုတာဘာလဲ

    TAVI သို့မဟုတ် TAVR သည် အဆင့်မြင့်ကုသမှုနည်းလမ်းအသစ်တစ်ခုဖြစ်သည်။ ၎င်းကိုပြင်သစ်နိုင်ငံတွင် ၂၀၀၂ခုနှစ်တွင် တီထွင်ခဲ့ပြီး UK တွင်၂၀၀၇ခုနှစ်၌ပထမဆုံးအသုံးပြုခဲ့သည်။ ၂၀၁၂ခုနှစ်၌ US တွင်အန္တရာယ်များသောလူနာများတွင်အသုံးပြုရန် FDA မှအတည်ပြုခဲ့သည်။အဆိုပါကုသမှုသည် သမားရိုးကျသွေးလွှတ်ကြောမကြီးအဆို့ရှင်အစားထိုးခွဲစိတ်ကုသမှုစံနှုန်းအတွက်အစားထိုးကုသမှုတစ်ခုဖြစ်သည်။

    သမရိုးကျခွဲစိတ်မှုသည် ကြီးမားသောနှလုံးဖွင့်ခွဲစိတ်မှုတစ်ခုဖြစ်သောကြောင့် ရင်ဘတ်ဖွင့်ခြင်း(sternotomy)ပြုလုပ်ရပြီး cardiopulmonary bypass ကိရိယာများ လိုအပ်ပါသည်။ ဤနှလုံးဖွင့်ခွဲစိတ်မှုအတွင်းဟောင်းနွမ်းပြီးကျဉ်းနေသော အဆို့ရှင်ကို ဖယ်ရှားပြီး သတ္တုနှလုံးအဆို့ရှင်သို့မဟုတ် တစ်ရှူးအဆို့ရှင် ဖြင့်အစားထိုးမည်ဖြစ်သည်။ အဆိုပါ သမရိုးကျနှလုံးသွေးကြောမကြီးအဆို့ရှင်အစားထိုးခွဲစိတ်မှုသည်ရောဂါလက္ခဏာပြင်းထန်သောaortic valve stenosis အတွက် အအောင်မြင်ဆုံးနှလုံးဖွင့်ခွဲစိတ်မှုထဲမှ တစ်ခုအဖြစ်ယူဆနိုင်ပြီး ကောင်းမွန်သောရေရှည်ရလဒ်လည်းရရှိပါသည်။သို့သော်လည်း အချို့သောလူနာများသည် အန္တရာယ်များလွန်းပြီး ဤကြီးမားသော နှလုံးခွဲစိတ်မှုအတွက် မသင့်တော်ပေ။
    TAVI/TAVR သည်အသေးစားခွဲစိတ်ကုသမှုဖြစ်သောကြောင့် ကုသမှုပြုလုပ်ရာတွင် အန္တရာယ် နည်းပါးပါသည်။စောစီးစွာနှင့် ပြီးပြည့်စုံသော ပြန်လည်ထူထောင်ရေးအစီစဉ်သည် လူနာအားအချိန်တိုအတွင်းနေကောင်းကျန်းမာစေပါသည်။ TAVI/TAVR သည် ယုံကြည်စိတ်ချရပြီး ရေရှည်ရလဒ်ကောင်းများရရှိကြောင်း သက်သေပြပြီးသည်နှင့်၊ ဤနည်းပညာသည် လူနာများစွာအတွက် သမားရိုးကျနှလုံးဖွင့်ခွဲစိတ်ပြီးအဆို့ရှင်အစားထိုးခြင်းကို အစားထိုးနိုင်ပါသည်။

    TAVI သို့မဟုတ် TAVR သည် နှလုံးသွေးကြောဆိုင်ရာရောဂါနှင့် အခြားရောဂါများအတွက် ပူဖောင်းနှင့် stent ကုသမှုကဲ့သို့ catheter-based နည်းပညာကို အသုံးပြုသည်။ ၎င်းသည် ပိုက်ပြွန် catheter ထည့်သွင်းသည့်နေရာတွင်သေးငယ်သောခွဲစိတ်ရာတစ်ခုသာလိုအပ်ပြီးကျဉ်းနေသောအဆို့ရှင်နေရာတွင်အသုံးပြုနိုင်ရန်အဆို့ရှင်အသစ်ကိုခေါက်ပြီး catheter ၏ အစွန်ဆုံးတွင် ထည့်သွင်းတပ်ဆင်ထားသည်။ ထို့နောက် အဆို့ရှင်အသစ်အား အဆို့ရှင်အမျိုးအစားပေါ် မူတည်၍ လိုသလိုချဲ့ထွင်ပြီးနေရာချတပ်ဆင်မည်ဖြစ်သည်။

    မည်သူတို့ကနှလုံးသွေးကြောမကြီးအဆို့ရှင်အစားထိုးကုသမှုကိုခံယူနိုင်မလဲ

    TAVI/TAVR ကုသမှု၏ကောင်းမွန်သော အစောပိုင်းရလဒ်ကြောင့် လျင်မြန်စွာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာကြပါသည်။ ပြင်းထန်ရောဂါလက္ခဏာရှိသော aortic stenosis အတွက် ခွဲစိတ်ကုသမရသော သို့မဟုတ် နှလုံးဖွင့်ခွဲစိတ်မှုဖြင့်မသင့်လျော်သောအန္တရာယ်များသည့်အခြေအနေမျိုးတွင်၎င်း TAVI/ TAVR ကုသမှုကိုအကြံပြုထားသည်။ အတွေ့အကြုံနှင့် နည်းပညာတိုးတက်လာမှုကြောင့်ယခုအခါ အလယ်အလတ်အန္တရာယ်ရှိသည့် လူနာအပါအဝင် အဆို့ရှင်လက္ခဏာတောင့်တင်းမှုအားနည်းသူများတွင်လဲ ဤကုသမှုကိုလုပ်ဆောင်နိုင်ပါသည်။ နှလုံးအထူးကုဆရာဝန်၊ နှလုံးခွဲစိတ်ဆရာဝန်၊ မေ့ဆေးဆရာဝန်၊ ပုံရိပ်ဖော်ခြင်းနှင့် အခြားအရာများတွင်ကျွမ်းကျင်သောပညာရှင်များပါဝင်သည့် “heart team” ဟုခေါ်သောအဖွဲ့တစ်ခုရှိပါသည်။ အဆိုပါ နှလုံးအဖွဲ့သည် ကုသမှုတစ်ခုစီ၏ အားသာချက်၊ အားနည်းချက်များကို လူနာတစ်ဦးချင်းစီအလိုက်ဆွေးနွေးမှုပြုလုပ်ပေးပြီးအသင့်လျော်ဆုံးအကြံပြုချက်ကို ပေးမည်ဖြစ်ပါသည်။

    Catheter ပိုက်ထည့်သွင်းရာလမ်းကြောင်း

    • Transfemoral : ပေါင်ခြံရှိသွေးကြောမှ ချဉ်းကပ်ဝင်ရောက်ခြင်း~ ခြေထောက်ရှိသွေးကြော femoral artery မှဝင်ရောက်သောနည်းသည် အများဆုံးအသုံးပြုသောနည်းဖြစ်ပါသည်။
    • Transapical : ရင်ဘတ်၏အောက်ပိုင်းဘယ်ဘက်ခြမ်းတွင် သေးငယ်သောခွဲစိတ်ရာမှတဆင့်ဝင်ရောက်ခြင်း
    • Transaortic – ရင်ဘတ်၏အပေါ်ပိုင်းညာဘက်ခြမ်းတွင်သေးငယ်သောခွဲစိတ်ရာမှတဆင့်ဝင်ရောက်ခြင်း
    • Transaxillary : ချိုင်းနားရှိသွေးကြော axilla/ brachial artery မှတဆင့်ဝင်ရောက်ခြင်း

    TAVI/TAVR (၂၀၁၄) တွင် အသုံးပြုသည့် အဆို့ရှင်အမျိုးအစား

    • Sapien valve မှ Edward (A)။ ခေါက်၍ထည့်ထားသောအဆို့ရှင်အားနေရာချရန်အတွက် ပူဖောင်းဖြင့် ချဲ့ကားအောင်ပြုလုပ်ရန်လိုအပ်သည်။
    • Medtronic (B) မှ Core valve ။ အလိုအလျောက်ချဲ့ထွင်နိုင်သောအဆို့ရှင်

    လူနာပြင်ဆင်မှု

    ဤနည်းလမ်းဖြင့် ကုသရန် သင့်လျော်သောလူနာရွေးချယ်မှုနှင့်ပြင်ဆင်မှုတွင် စမ်းသပ်စစ်ဆေးမှုများလိုအပ်ပါလိမ့်မယ်။

    • aortic stenosis ပြင်းထန်မှု နှင့် အခြားသော နှလုံးလုပ်ငန်းဆောင်တာများအတွက် transthoracic echocardiogram ဖြင့်အသေးစိတ်စစ်ဆေးခြင်း
    • catheter ဝင်ရောက်ရာနေရာသင့်လျော်ခြင်းရှိမရှိအတွက် ကွန်ပြူတာဓာတ်မှန်ရိုက်စစ်ဆေးခြင်း။
    • အစားထိုးထားသည့်အဆို့ရှင်ကိုအကဲဖြတ်ရန်အတွက် CT နှင့် esophageal echocardiogram ဖြင့်စစ်ဆေးခြင်း။
    • နှလုံးသွေးကြောများ၏ အခြေအနေအတွက်ခွဲစိတ်ပြီးစမ်းသပ်စစ်ဆေးမှုမပြုလုပ်ရသော CT စကင်န် သို့မဟုတ်သွေးကြောဆိုင်ရာ ဓါတ်မှန်ရိုက်ခြင်း တို့ ပါဝင်နိုင်သည့် စစ်ဆေးမှု။
    • လူနာ၏နောက်ဆက်တွဲအခြေအနေများကို ပြီးပြည့်စုံစွာအကဲဖြတ်ခြင်း။

    ယခုနည်းလမ်းသည် သေချာစီစစ်ရွေးချယ်ထားသောကုသနည်းဖြစ်သောကြောင့် လိုအပ်သော စမ်းသပ်စစ်ဆေးမှုနှင့် လူနာအား သင့်လျော်သောပြင်ဆင်ခြင်းများကို ပြီးပြည့်စုံစွာပြုလုပ်ရန်အချိန်အလုံအလောက်ရှိသင့်ပါသည်။

    ကုသမှုလုပ်ငန်းစဉ်၏ဖြစ်နိုင်သောအန္တရာယ်များ

    • အောင်မြင်စွာအစားထိုးခြင်း- 92%။
    • နှလုံးတိုက်ခိုက်ခံရနိုင်ခြေ 1%။
    • လေဖြတ်နိုင်ခြေ 2-3%။
    • ဆေးရုံတွင်သေဆုံးမှု 2% ။
    • တသက်တာ pacemaker လိုအပ်ခြင်း၏အန္တရာယ်- 4-20% (Sapien valve), 10-40% (Core valve)။
    • ကျောက်ကပ်ဆေးရနိုင်ခြေ 2.5% ။
    • catheter ဝင်ရောက်ရာနေရာတွင် ကြီးမားသော သွေးကြောထိခိုက်မှုဖြစ်နိုင်ခြေ- 6.5%။
    • အရေးပေါ်နှလုံးဖွင့်ခွဲစိတ်မှု လိုအပ်နိုင်ခြေ 0.5%

    ဆေးရုံနှင့်အိမ်တွင် ပြန်လည်ကောင်းမွန်လာခြင်း

    ၎င်းသည် တစ်ဦးချင်းစီ၏ ကုသမှုမတိုင်ခင်ကြိုတင်ပြင်ဆင်ဆောင်ရွက်မှု၊ ယေဘူယျကျန်းမာရေးအခြေအနေ၊စိတ်ခွန်အားရှိမှုနှင့် နောက်ဆက်တွဲပြဿနာများအပေါ်မူတည်ပါသည်။ ယေဘူယျအားဖြင့် ဤကုသမှုနည်းလမ်းဖြင့်ပြန်လည်ကောင်းမွန်လာခြင်းသည် သမားရိုးကျစံနှုန်းဖြစ်သော နှလုံးဖွင့်ခွဲစိတ်မှုထက် ပိုမိုမြန်ဆန်ပါသည်။ခွဲစိတ်မှုပြီးနောက်ဆေးရုံတွင် ၅ ရက်နေပါတယ်။ နေအိမ်တွင် ပြန်လည်ကောင်းမွန်လာခြင်းသည် ပုံမှန်အားဖြင့်သင့်လျော်သော နှလုံးကျန်းမာရေးပြန်လည်ထူထောင်ခြင်း၊ ဆေးဘက်ဆိုင်ရာ လိုက်နာမှုစနစ်ကြောင့် အထူးသဖြင့်သမရိုးကျခွဲစိတ်မှုထက် ပိုမိုမြန်ဆန်စေပါသည်။

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    နှလုံးနှင့်ရင်ခေါင်းခွဲစိတ်အထူးကုဌာန

    (+66) 2310 3000

    (+66) 2310 3370

    (+66) 2755 1371

    (+66) 2755 1375

    1719 (local mobile calls only)

    [email protected]

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    ပက်ကေ့ဂျ်များနှင့် ပရိုမိုးရှင်းများ

    နှလုံးသွေးကြောဓာတ်မှန်ရိုက်စစ်ဆေးခြင်း/ နှလုံးသွေးကြောချဲ့ကုသခြင်းနှင့် နှလုံးသွေးကြောခွဲစိတ်ကုသခြင်းနှလုံးသွေးကြောဓာတ်မှန်ရိုက်စစ်ဆေးခြင်း/ နှလုံးသွေးကြောချဲ့ကုသခြင်းနှင့် နှလုံးသွေးကြောခွဲစိတ်ကုသခြင်း
    နှလုံးသွေးကြောဓာတ်မှန်ရိုက်စစ်ဆေးခြင်း/ နှလုံးသွေးကြောချဲ့ကုသခြင်းနှင့် နှလုံးသွေးကြောခွဲစိတ်ကုသခြင်း

    62,000 - 1,138,500 ဘတ်

    အသေးစိတ်
    ပက်ကေ့ဂျ်များ ပိုမိုကြည့်ရှုမည်

    ကျန်းမာရေး ဝန်ဆောင်မှုများ

    ဝန်ဆောင်မှုများ ပိုမိုကြည့်ရှုမည်

    ကျန်းမာရေး ဝန်ဆောင်မှုများ

    နှလုံးခွဲစိတ်ကုသခြင်း Image
    နှလုံးခွဲစိတ်ကုသခြင်း
    လည်ပင်းရှိသွေးကြောထဲတွင် ပိတ်ဆို့နေသော သွေးခဲကိုဖယ်ရှားခြင်း Image
    လည်ပင်းရှိသွေးကြောထဲတွင် ပိတ်ဆို့နေသော သွေးခဲကိုဖယ်ရှားခြင်း
    နှလုံးစည်းချက်မမှန်သော နှလုံးခါသော လက္ခဏာ(Atrial Fibrillation) Image
    နှလုံးစည်းချက်မမှန်သော နှလုံးခါသော လက္ခဏာ(Atrial Fibrillation)
    ဝန်ဆောင်မှုများ ပိုမိုကြည့်ရှုမည်