နှလုံးသွေးကြောမကြီးအဆို့ရှင်ကျဉ်းခြင်းဆိုတာဘာလဲ
နှလုံးသွေးကြောမကြီးအဆို့ရှင် (Aortic valve)
နှလုံးတွင် အခန်းလေးခန်းရှိသည်။ နှလုံး၏အပေါ်ပိုင်းတွင် atria ခေါ် သွေးလွှတ်ခန်းနှစ်ခန်း နှင့် အောက်ခြေတွင်ventricle ခေါ်သွေးပြန်ခန်းနှစ်ခန်းရှိသည်။ ventricle တစ်ခုစီတွင် အဆို့ရှင်နှစ်ခုရှိသည်။ အဆို့ရှင်တစ်ခုသည်ventricle သို့စီးဆင်းနေသောသွေးများကိုထိန်းချုပ်သည်။ အခြားအဆို့ရှင်သည် ventricle မှထွက်သောသွေးများကိုထိန်းချုပ်ပေးပါသည်။အဆို့ရှင်တစ်ခုစီသည် leaflets သို့မဟုတ် cusps ဟုခေါ်သော တံခါးရွက်လိုအဖတ်များဖြင့်ဖွဲ့စည်းထားသည်။ ဤအဖတ်များသည် သွေးများ စီးဆင်းရန် တစ်လမ်းသွား တံခါးများအဖြစ် လုပ်ဆောင်ကာအဖွင့်အပိတ် ပြုလုပ်သည်။
နှလုံး၏ဘယ်ဘက်ventricle မှညှစ်ထုတ်လိုက်သောသွေးများကို ခန္တာကိုယ်၏အဓိကသွေးကြောမကြီး (aorta) သို့ရောက်ရှိရန်နှလုံးသွေးကြောမကြီးအဆို့ရှင်ကထိန်းချုပ်ပေးပါသည်။ထိုမှတဆင့်ခန္တာကိုယ်အနှံ့အပြားသို့သွေးများရှောက်ရှိစေပါသည်။
နှလုံးသွေးကြောမကြီးအဆို့ရှင်ကျဉ်းခြင်း (AS)
AS သည်နှလုံးသွေးကြောမကြီးအဆို့ရှင်အပြည့်အဝမဖွင့်နိုင်ခြင်းကြောင့်ဖြစ်သောရောဂါဖြစ်ပြီးဘယ်ဘက်ventricle ခန်းမှ သွေးကြောမကြီးသို့သွေးစီးဆင်းရာတွင်အကန့်အသတ်ဖြစ်စေသည်။ အခြေခံအားဖြင့်အဆို့ရှင်ပိုကျဉ်းလေလေ၊ သွေးစီးဆင်းနိုင်မှုနည်းလေလေ၊ ပြဿနာက ပိုပြင်းထန်လေလေဖြစ်သည်။ သင့်နှလုံး(ဘယ်ဘက် ventricle) သည် သင့်ခန္ဓာကိုယ်ဆီသို့ သွေးများကို ညှစ်ထုတ်ရန် ပိုမိုလုပ်ဆောင်ရန် လိုအပ်သည်။နောက်ဆုံးတွင် ရောဂါလက္ခဏာများဖြစ်ပေါ်လာပြီး ဘယ်ဘက် သွေးပြန်ခန်းအားနည်းလာနိုင်ပါသည်။