Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Doctor not found
Doctor not found
Doctor not found
Doctor not found
Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    နှလုံးစည်းချက်မမှန်သော နှလုံးခါသော လက္ခဏာ(Atrial Fibrillation)

    6 ဖတ်ပြီး မိနစ်(များ)
    ဆရာဝန်
    Package Image
    Dr. Thachyossaphat Ukkayagorn

    Bangkok Hospital Headquarter

    Package Image
    Dr. Sharmila Sehli

    Bangkok Heart Hospital

    Package Image
    Dr. Panya Leechasan

    Bangkok Heart Hospital

    အားလုံးကြည့်မည်
    Dr. Thachyossaphat Ukkayagorn
    Dr. Thachyossaphat Ukkayagorn
    Bangkok Hospital Headquarter
    အကြံပြု ပက်ကေ့ဂျ်များ
    Package Image
    CT Coronary Calcium Score Package
    နှလုံးစည်းချက်မမှန်သော နှလုံးခါသော လက္ခဏာ(Atrial Fibrillation)
    Table of contents
    • AF ဖြစ်စေသော အကြောင်းရင်းများ
    • Lone Atrial Fibrillation
    • AF ရောဂါရှာဖွေစစ်ဆေးခြင်း
    • AF ကုသမှုနည်းလမ်းများ
    • Ablation
    • လေဖြတ်ခြင်းအား ကာကွယ်ခြင်း

    AF ဖြစ်စေသော အကြောင်းရင်းများ

    အဓိကအကြောင်းရင်းအား သေချာမသိရသေးသော်လည်း AFသည် အချို့သောလူအုပ်စုများ(ဥပမာ–အရက်၊ကဖင်းအလွန်အကျွံသောက်ခြင်း) တွင် ဖြစ်ပွားနိုင်သည်။

    AF သည် အသက်အရွယ်မရွေးဖြစ်နိုင်ပြီး အမျိုးသမီးများထက် အမျိုးသားများ၊ သက်ကြီးရွယ်အိုများတွင် ပိုအဖြစ်များသည်။ ၎င်းသည် အသက်၇၅နှစ်အထက်လူဦးရေ၏ ၁၀% တွင်လည်း အဖြစ်များသည်။

    AF ဖြစ်စေသော အကြောင်းအရင်းများ (သို့) တွဲဖြစ်လေ့ရှိသော အခြေအနေများ

    ၁။ နှလုံးနှင့်သက်ဆိုင်သော အခြေအနေများ 

    • သွေးတိုးရောဂါ
    • နှလုံးသွေးကြောဆိုင်ရာရောဂါ
    • နှလုံးအဆို့ရှင်ရောဂါ
    • နှလုံးခွဲစိတ်မှုအပြီး
    • နှလုံးစွမ်းဆောင်ရည်ကျဆင်းမှု‌ရောဂါ
    • နှလုံးကြွက်သားထူလာခြင်းကြောင့် နှလုံးကြီးခြင်း
    • မွေးရာပါနှလုံးရောဂါ

    ၂။ နှလုံးနှင့်မသက်ဆိုင်သော အခြေအနေများ

    • သက်ကြီးရွယ်အိုများ
    • အဝလွန်ခြင်း၊ အိပ်ပျော်စဉ် အသက်ရှုရပ်ခြင်း
    • ဆီးချိုရောဂါ
    • အဆုတ်သွေးကြောဆို့ခြင်း
    • နှာတာရှည် အဆုတ်‌ရောဂါ
    • သိုင်းရွိုက် ဟော်မုန်းများသောရောဂါ
    • နှလုံးကာအမြှေးပါး ရောင်ရမ်းခြင်း
    • ဗိုင်းရပ်စ် ပိုးဝင်ခြင်း

    Lone Atrial Fibrillation

    AF ဖြစ်ပွားသူ ၁၀%၌ နှလုံးရောဂါအခံမရှိပေ။ ၎င်းအခြေအနေအား Lone atrial fibrillation ဟုခေါ်သည်။ အကြောင်းအရင်းဖြစ်စဥ်အားသေချာမသိသော်လည်း ပြင်းထန်သောနောက်ဆက်တွဲပြဿနာဖြစ်ပွားမှု နည်းသည်။ Lone AF သည် အရက် (သို့) ကဖိန်းဓာတ်အလွန်အကျွံသုံးစွဲမှု၊ စိတ်ဖိစီးမှု၊ အချို့သောဆေးဝါးများ၊ ဓာတ်ဆားဓာတ် (သို့) ဇီဝဖြစ်စဉ် မညီမျှမှု၊ ပြင်းထန်သောပိုးကူးစက်မှုများ (သို့) မျိုးရိုးဗီဇဆိုင်ရာအချက်များစသည်တို့နှင့် ဆက်စပ်နေနိုင်သည်။

    AF နောက်ဆက်တွဲပြဿနာမျာ:

    AF၏ အဓိကနောက်ဆက်တွဲပြဿနာနှစ်ခုမှာ လေဖြတ်ခြင်း နှင့် နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်း တို့ ဖြစ်သည်။

    • လေဖြတ်ခြင်း
      AF ဖြစ်ပေါ်နေချိန်၌ နှလုံးအပေါ်ပိုင်းအခန်းများ အထူးသဖြင့် ဘယ်ဘက်သွေးပြန်ခန်း တွင် သွေးလှုပ်ရှားမှုသောကြောင့် သွေးခဲများဖြစ်နိုင်သည်။ ၎င်းသွေးခဲများပြတ်ကာ ဦးနှောက်ဆီသို့ရောက်ပြီးလေဖြတ်နိုင်သည်။
    • နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်း
      နှလုံးခုန်နှုန်းအမြဲမြန်ခြင်းအား ထိန်းထားရသောကြောင့် နှလုံးကြွက်သားများသည် အားနည်းသွားနိုင်သည်။ ခန္ဓာကိုယ်နှင့် အဆုတ်အတွင်း အရည်များ စုပုံလာနိုင်ပြီး နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်း၏လက္ခဏာများဖြစ်သော အသက်ရှူမဝခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခြေထောက်များရောင်ရမ်းခြင်းနှင့် ကိုယ်အလေးချိန်တက်ခြင်းစသည့် လက္ခဏာများကို ဖြစ်နိုင်သည်။

    AF ရောဂါရှာဖွေစစ်ဆေးခြင်း

    လူနာ၏ ရောဂါရာဇဝင်၊ မိသားစုရာဇဝင်၊ ရုပ်ပိုင်းဆိုင်ရာစမ်းသပ်စစ်ဆေးမှုနှင့် သွေးစစ်ဆေးရလဒ်များအပေါ် အခြေခံ၍ AF အားရှာဖွေနိုင်သည်။ 


    ရောဂါရှာဖွေစစ်ဆေးမှုများနှင့် လုပ်ထုံးလုပ်နည်းများ

    • အီးစီဂျီ ECG ၊ EKG သည် နာကျင်မှုမရှိပဲ နှလုံး၏ လျှပ်စစ်လှုပ်ရှားမှုအား မှတ်တမ်းတင်သော စမ်းသပ်မှုဖြစ်၍ AFရှာဖွေရာတွင် အလွန်အသုံးဝင်သည်။ ECGမှ သင့်နှလုံးခုန်နှုန်း မည်မျှမြန်ကြောင်းနှင့် သင့်၏စည်းချက်များ တည်ငြိမ်မှုရှိမရှိ၊ ပုံမှန်ဟုတ်မဟုတ် သိနိုင်သည်။
    • ဆေးခန်း (သို့ )ဆေးရုံများတွင် Standard 12 leads EKGဖြင့်  ပုံမှန်စမ်းသပ်လေ့ရှိသည်။
    • ဟိုလ်တာနှလုံးစောင့်ကြည့်မော်နီတာ (Holter Monitor) နှင့် event မော်နီတာများသည် ခရီးဆောင် အီးစီဂျီ မော်နီတာဖြစ်ပြီး နှလုံးလျှပ်စစ်လှုပ်ရှားမှုအား အချိန်ပိုကြာအောင် စောင့်ကြည့်နိုင်သည်။ ပုံမှန်အသုံးပြုနေကျအီးစီဂျီများသည် နှလုံးခုန်နှုန်းကို စက္ကန့်အနည်းငယ်မျှသာ မှတ်တမ်းတင်နိုင်ပြီး AFအား လွတ်သွားနိုင်သောကြောင့် ၎င်းတို့သည် paroxysmal AF (ပေါ်လိုက်ပျောက်လိုက် AF) ရှာဖွေရှာတွင် အသုံးဝင်သည်။
    • ရင်ဘတ်မှတဆင့်နှလုံးပုံရိပ်ဖော်စက် (Transthoracic Echocardiography) သည် ကြိမ်နှုန်းမြင့်အသံလှိုင်းများအား အသုံးပြု၍ နှလုံး၏ရွေ့လျားနေသောရုပ်ပုံကို ဖန်တီးပေးသည်။ အသံလှိုင်းထုတ်ပေးသောကိရိယာ(Transducer)အား အသုံးပြု၍ သင့်ရင်ဘတ်နံရံမှတဆင့် သင့်နှလုံးဆီသို့ ကြိမ်နှုန်းမြင့်သောအသံလှိုင်းများကို ပို့ပေးသည်။ ကွန်ပျူတာသည် အသံလှိုင်းများမှတဆင့် ရရှိလာသောနှလုံးအနေအထားအား ဖန်သားပြင်ပေါ်၌ပုံရိပ်များအဖြစ်သို့ ပြောင်းလဲပေးသောကြောင့် နှလုံးအရွယ်အစား၊ ပုံသဏ္ဍာန်နှင့် နှလုံးကြွက်သားများ၊ အဆို့ရှင်များ အလုပ်လုပ်မှုစွမ်းရည်ကို သိရှိနိုင်သည်။ မည်သည့်ကိရိယာကိုမျှ ခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်းခြင်းမရှိသော နာကျင်မှုမရှိသည့်စမ်းသပ်မှုဖြစ်သည်။ နှလုံးပုံရိပ်ဖော်စက်သည် AF ဖြစ်စေနိုင်သော နှလုံးရောဂါများ သို့မဟုတ် AF ကြောင့် ဖြစ်ပေါ်လာသည့် ခန္ဓာကိုယ်ပြောင်းလဲမှုကို ဖော်ပြနိုင်သည်။
    • အစာမျိုပြွန်နံရံမှတဆင့် နှလုံးပုံရိပ်ဖော်စက် (Transesophageal echocardiography (TEE))
      အသံလှိုင်းများသည် ရင်ဘတ်နံရံမှမသွားပဲ အစာမျိုပြွန်နံရံမှတဆင့် နှလုံးဆီသို့ သွားသော စမ်းသပ်မှုဖြစ်သည်။ အစာပြွန်သည် ပါးစပ်နှင့် အစာအိမ်အား ဆက်ထားသောလမ်းကြောင်းဖြစ်ပြီး နှလုံးအနီးတွင် ရှိသောကြောင့် echoပုံရိပ်အား ပိုမိုရှင်းလင်းစွာမြင်ရသည်။ ဤစမ်းသပ်မှု၌ စမ်းသပ်ပြွန်၏အဆုံးတွင် အသံလှိုင်းထုတ်ပေးသောကိရိယာအား ချိတ်ထားပြီး ပြွန်အား အစာပြွန်ထဲသို့ ထည့်၍စမ်းသပ်သည်။ ဤစမ်းသပ်မှု အတွင်း လူနာစိတ်တည်ငြိမ်စေရန် ဆေးပေးနိုင်သည်။
      TEEသည် AFကြောင့် ဖြစ်ပေါ်သောသွေးလက်ခံခန်းထဲရှိသွေးခဲများအား ရှာဖွေရာတွင် အသုံးပြုသည်။
    • ရင်ဘတ်ဓာတ်မှန် (Chest X Ray)မှ နှလုံးနှင့် အဆုတ်ဖွဲ့စည်းပုံကို နာကျင်မှုမရှိပဲ သိရှိနိုင်သည်။ ဤစစ်ဆေးမှုမှတဆင့် အဆုတ်အတွင်းအရည်များစုပုံလာခြင်းနှင့် AF၏နောက်ဆက်တွဲပြဿနာများကို သိရှိနိုင်သည်။
    • သွေးစစ်ဆေးမှုများမှာ ခန္ဓာကိုယ်ရှိ သိုင်းရွိုက်ဟော်မုန်းနှင့် ဓာတ်ဆားဓာတ်မျှတမှုကို စစ်ဆေးခြင်းဖြစ်သည်။ ဓာတ်ဆားဓာတ်သည် ခန္ဓာကိုယ်အတွင်းရှိ အရည်ပမာဏနှင့် အက်ဆစ်အခြေခံမျှတမှုကို ထိန်းသိမ်းပေးပြီး ဆဲလ်များနှင့် ကိုယ်တွင်းအင်္ဂါများ ပုံမှန်ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သည်။ 

    AF ကုသမှုနည်းလမ်းများ

    AF ကုသရခြင်းရည်ရွယ်ချက်များမှာ 

    1. AF ဖြစ်စေနိုင်သောအကြောင်းအရင်းများကို ရှာဖွေကုသခြင်း
    2. နှလုံးခုန်နှုန်းကို ထိန်းချုပ်ခြင်း
    3. ပုံမှန်နှလုံးစည်းချက်ကို ပြန်လည်ရရှိစေခြင်း
    4. သွေးခဲခြင်းကို ကာကွယ်ပေးပြီး လေဖြတ်နိုင်ခြေအား လျှော့ချပေးခြင်း 

    ကုသမှုအောင်မြင်စေရန် လူနေမှုပုံစံပြောင်းလဲခြင်း၊ ဆေးဝါးများ၊ မူမမှန်သောစီးချက်အား ပုံမှန်ပြန်ဖြစ်စေသော ရှော့ရိုက်cardioversion၊  catheter-based လုပ်ထုံးလုပ်နည်းများနှင့် ခွဲစိတ်ခြင်းတို့ ပြုလုပ်နိုင်သည်။ လူနာ၏နှလုံးစည်းချက်၊ ရောဂါလက္ခဏာများ၊ AF အမျိုးအစားနှင့် ကြာချိန်၊ နှင့် အခြားအခြေအနေများအပေါ်မူတည်၍ ကုသမှုအမျိုးအစားအား ရွေးချယ်နိုင်သည်။

    နှလုံးခုန်နှုန်း ထိန်းပေးသောကုသမှုများ

    နှလုံးခုန်နှုန်းအား နှေးရန် ကူညီပေးသော ဆေးဝါးများမှာ 

    1. Beta-blockers အထူးသဖြင့် နှလုံးသီးသန့် ဖြစ်သော (ဥပမာ – Metoprolol၊ Atenolol၊ Bisoprolol)
    2. Calcium Channel Blockers (ဥပမာ – Verapamil၊ Diltiazem)
    3. Lanoxin (Exertion တွင် အသုံးမဝင်သောကြောင့် အဓိကဆေး အဖြစ် အသုံးပြုလေ့မရှိပေ။)

    ပြင်းထန်သောရောဂါအခြေအနေဖြစ်ပြီး အခြားဆေးများနှင့် မသင့်လျော်သောအခါတွင် Amiodarone ထိုးဆေးအားလည်း အသုံးပြုနိုင်သည်။

    အထက်ပါဆေးများတွင် (Amiodaronမှအပ) နှလုံးခုန်စည်းချက်အား မထိန်းချုပ်နိုင်သော်လည်း သွေးညှစ်ခန်းများ အရမ်းညစ်ခြင်းမဖြစ်ရန် ကာကွယ်ပေးသည်။      

    နှလုံးစည်းချက် ထိန်းပေးသောကုသမှုများ

    နှလုံးစည်းချက်များအားထိန်းချုပ်မှုသည် နည်းလမ်းများစွာရှိသောကြောင့် လူနာသည် အသေးစိတ်အချက်အလက်များအား ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်သည်။

    Cardioversion သည် ဓာတုဗေဒနည်းဖြင့် သို့မဟုတ် လျှပ်စစ်သုံး၍ ပုံမှန်နှလုံးခုန်ခြင်းကဲ့သို့သော ပုံမှန်မဟုတ်သော နှလုံးခုန်နှုန်းများ (ဥပမာ-AF)အား ပုံမှန်ဖြစ်ရန်လုပ်ပေးသော စမ်းသပ်မှုဖြစ်သည်။

    1. Pharmacological Cardioversion- Propafenone၊ Flecainide၊ Amiodarone၊ Dronedarone၊ Dofetilide၊ Ibutilide စသောဆေးများဖြင့် cardioversion ပြုလုပ်ခြင်း
    2. Electrical Cardioversion – တိုက်ရိုက်လျှပ်စီးကြောင်းဖြင့် shock ရိုက်ကာ Cardioversion ပြုလုပ်ခြင်း 

    Ablation

    စမ်းသပ်မှု၌ ရေဒီယိုကြိမ်နှုန်း စွမ်းအင်/အပူ (သို့မဟုတ် အခြားသော စွမ်းအင်)အားပြွန်မှတဆင့်ပို့၍ AF ဖြစ်စေသော နှလုံး၏ ပုံမှန်မဟုတ်သောဧရိယာများအား ဖယ်ရှားပေးသည်။

    လေဖြတ်ခြင်းအား ကာကွယ်ခြင်း

    လေဖြတ်စေသည့်အဓိကအကြောင်းရင်းများ၌ AFလည်း ပါဝင်သည်။ AF ဖြစ်နေစဥ်တွင် နှလုံးအပေါ်ပိုင်းအခန်းဖြစ်သောသွေးပြန်ခန်းသည် ညှစ်အားမရှိသောကြောင့် သွေးလှုပ်ရှားမှုမရှိပေ။ ထိုအခြေအနေတွင် သွေးခဲများဖြစ်နိုင်သည်။ သွေးခဲများပြတ်ကာ ဦးနှောက်ဆီသို့ရောက်ပြီးလေဖြတ်နိုင်သည်။ သွေးခဲဖြစ်ပေါ်ခြင်းအား ကာကွယ်ရန် သွေးမခဲဆေး (anticoagulant) သောက်နိုင်သည်။

    လေဖြတ်နိုင်ချေသည် လူနာတစ်ဦးနှင့်တစ်ဦး မတူပေ။ မည့်သည့်လူနာအား သွေးမခဲဆေးသောက်သင့်ကြောင်းကို CHADS2 နှင့် CHA2DS2-Vas ဟုခေါ်သော လမ်းညွှန်ချက်ဖြင့် ‌ရွေးချယ်နိုင်သည်။ 

    AFလူနာများ၌ သွေးမခဲသောက်ဆေးများအား ရေရှည်အသုံးပြုလိုပါက အောက်ပါဆေးများကို အသုံးပြုနိုင်သည်။ 

    Warfarinသည် ဆယ်စုနှစ်များစွာ အသုံးပြုခဲ့သည့် သွေးမခဲသောက်ဆေးဖြစ်သည်။ ၎င်းသည် AFလူနာများ၌ လေဖြတ်နိုင်ခြေအား လျှော့ချပေးနိုင်သော်လည်း အသုံးပြုရခက်သောကြောင့် ပုံမှန်INRစစ်ပြီး စောင့်ကြည့်ရန် လိုအပ်သည်။

    အသစ်သွေးမခဲသောက်ဆေးအမျိုးအစားများ(NOAG)သည် လွန်ခဲ့သည့်နှစ်အနည်းငယ်မှစပေါ်ပြီး လေဖြတ်ခြင်းအား ကာကွယ်ရာတွင် warfarinနည်းတူ (သို့) warfarinထက် စျေးကြီး၍ ပိုထိရောက်မှုရှိသည်။၎င်းတို့သည် သွေးစစ်ဆေးမှုဖြင့် စောင့်ကြည့်ရန် မလိုအပ်ပေ။ ၎င်းတို့မှာ

    • Dabigatran (Pradaxa)
    • Rivaroxaban (Xarelto)
    • Apixaban (Elequis)

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    နှလုံးဆိုင်ရာစစ်ဆေးခြင်း

    ဒုတိယထပ်၊ R Building၊ ဘန်ကောက်ဆေးရုံကြီး

    နေ့စဉ် မနက် ၇ နာရီ မှ ညနေ ၄ နာရီ

    (+66) 2310 3000

    (+66) 2310 3370

    (+66) 2755 1371

    (+66) 2755 1375

    1719 (local mobile calls only)

    [email protected]

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    ပက်ကေ့ဂျ်များနှင့် ပရိုမိုးရှင်းများ

    CT Coronary Calcium Score PackageCT Coronary Calcium Score Package
    CT Coronary Calcium Score Package

    5,200 ဘတ်

    7,400 ဘတ်

    အသေးစိတ်
    ပက်ကေ့ဂျ်များ ပိုမိုကြည့်ရှုမည်

    ကျန်းမာရေး ဝန်ဆောင်မှုများ

    ဝန်ဆောင်မှုများ ပိုမိုကြည့်ရှုမည်

    ကျန်းမာရေး ဝန်ဆောင်မှုများ

    ECMO (နှလုံးနှင့်အဆုတ်ကိုပံ့ပိုးပေးသောစက်) Image
    ECMO (နှလုံးနှင့်အဆုတ်ကိုပံ့ပိုးပေးသောစက်)
    လည်ပင်းရှိသွေးကြောထဲတွင် ပိတ်ဆို့နေသော သွေးခဲကိုဖယ်ရှားခြင်း Image
    လည်ပင်းရှိသွေးကြောထဲတွင် ပိတ်ဆို့နေသော သွေးခဲကိုဖယ်ရှားခြင်း
    နှလုံးခွဲစိတ်ကုသခြင်း Image
    နှလုံးခွဲစိတ်ကုသခြင်း
    ဝန်ဆောင်မှုများ ပိုမိုကြည့်ရှုမည်