AF ကုသမှုနည်းလမ်းများ
AF ကုသရခြင်းရည်ရွယ်ချက်များမှာ
- AF ဖြစ်စေနိုင်သောအကြောင်းအရင်းများကို ရှာဖွေကုသခြင်း
- နှလုံးခုန်နှုန်းကို ထိန်းချုပ်ခြင်း
- ပုံမှန်နှလုံးစည်းချက်ကို ပြန်လည်ရရှိစေခြင်း
- သွေးခဲခြင်းကို ကာကွယ်ပေးပြီး လေဖြတ်နိုင်ခြေအား လျှော့ချပေးခြင်း
ကုသမှုအောင်မြင်စေရန် လူနေမှုပုံစံပြောင်းလဲခြင်း၊ ဆေးဝါးများ၊ မူမမှန်သောစီးချက်အား ပုံမှန်ပြန်ဖြစ်စေသော ရှော့ရိုက်cardioversion၊ catheter-based လုပ်ထုံးလုပ်နည်းများနှင့် ခွဲစိတ်ခြင်းတို့ ပြုလုပ်နိုင်သည်။ လူနာ၏နှလုံးစည်းချက်၊ ရောဂါလက္ခဏာများ၊ AF အမျိုးအစားနှင့် ကြာချိန်၊ နှင့် အခြားအခြေအနေများအပေါ်မူတည်၍ ကုသမှုအမျိုးအစားအား ရွေးချယ်နိုင်သည်။
နှလုံးခုန်နှုန်း ထိန်းပေးသောကုသမှုများ
နှလုံးခုန်နှုန်းအား နှေးရန် ကူညီပေးသော ဆေးဝါးများမှာ
- Beta-blockers အထူးသဖြင့် နှလုံးသီးသန့် ဖြစ်သော (ဥပမာ – Metoprolol၊ Atenolol၊ Bisoprolol)
- Calcium Channel Blockers (ဥပမာ – Verapamil၊ Diltiazem)
- Lanoxin (Exertion တွင် အသုံးမဝင်သောကြောင့် အဓိကဆေး အဖြစ် အသုံးပြုလေ့မရှိပေ။)
ပြင်းထန်သောရောဂါအခြေအနေဖြစ်ပြီး အခြားဆေးများနှင့် မသင့်လျော်သောအခါတွင် Amiodarone ထိုးဆေးအားလည်း အသုံးပြုနိုင်သည်။
အထက်ပါဆေးများတွင် (Amiodaronမှအပ) နှလုံးခုန်စည်းချက်အား မထိန်းချုပ်နိုင်သော်လည်း သွေးညှစ်ခန်းများ အရမ်းညစ်ခြင်းမဖြစ်ရန် ကာကွယ်ပေးသည်။
နှလုံးစည်းချက် ထိန်းပေးသောကုသမှုများ
နှလုံးစည်းချက်များအားထိန်းချုပ်မှုသည် နည်းလမ်းများစွာရှိသောကြောင့် လူနာသည် အသေးစိတ်အချက်အလက်များအား ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်သည်။
Cardioversion သည် ဓာတုဗေဒနည်းဖြင့် သို့မဟုတ် လျှပ်စစ်သုံး၍ ပုံမှန်နှလုံးခုန်ခြင်းကဲ့သို့သော ပုံမှန်မဟုတ်သော နှလုံးခုန်နှုန်းများ (ဥပမာ-AF)အား ပုံမှန်ဖြစ်ရန်လုပ်ပေးသော စမ်းသပ်မှုဖြစ်သည်။
- Pharmacological Cardioversion- Propafenone၊ Flecainide၊ Amiodarone၊ Dronedarone၊ Dofetilide၊ Ibutilide စသောဆေးများဖြင့် cardioversion ပြုလုပ်ခြင်း
- Electrical Cardioversion – တိုက်ရိုက်လျှပ်စီးကြောင်းဖြင့် shock ရိုက်ကာ Cardioversion ပြုလုပ်ခြင်း