ECMO ပံ့ပိုးမှုလိုအပ်ကြောင်းပြသနေသော ဆေးဘက်ဆိုင်ရာညွှန်ပြချက်များ
VA-ECMO ကို ventricular assist device (VAD) သို့မဟုတ် နှလုံးအစားထိုးကုသခြင်းသို့ ပေါင်းကူးတံတားတစ်ခုအဖြစ် အသုံးပြုနိုင်သော်လည်း အခြေခံနှလုံးရောဂါရှိသောလူနာများတွင် ပြန်လည်ကောင်းမွန်လာနိုင်ခြင်းမရှိသော နှလုံးရှော့ခ်ဖြစ်ပွားပါက အသုံးပြုပါသည်။ VA-ECMO ကို နှလုံးရပ်နေစဉ်အတွင်း ကယ်တင်ရေးနည်းလမ်းအဖြစ်လည်း အသုံးပြုနိုင်ပြီး လက်ရှိစစ်တမ်းများအရ အဆင့်မြင့်အသက်ကယ်အထောက်အကူပြုနည်း (Advanced Life Support, ALS) ကို 10 မိနစ်အကြာ လုံလောက်အောင်ကြိုးစားထားပြီး မအောင်မြင်ပါကလည်း အထောက်အပံ့ပေးနိုင်ပါသည်။
VA-ECMO အသုံးပြုရသော လူနာများ၏ ဆေးရုံတက်နေချိန်အတွင်း အသက်ရှင်သန်မှုနှုန်းသည် နှလုံးချို့ယွင်းမှုကိုဖြစ်စေသောအကြောင်းအရင်းပေါ်မူတည်၍ ၃၀% မှ ၅၀% အထိကွာခြားနိုင်ပါသည်။ လုံလောက်သောအဝင်ထည့်သွင်းမှုကြိုတင်ရှိနေသော်လည်း ၈၅ mmHg အောက်နိမ့်သော သွေးလွှတ်ကြောဖိအား (အပေါ်သွေးပေါင်ချိန်) ၊ ၁.၂ Liter min/m2 အောက်နိမ့်သော နှလုံးအညွှန်းကိန်း (cardiac index) ရှိသောလူနာများ၊ inotropes နှစ်ခုထက်ပိုပြီး အသုံးပြုနေရခြင်း၊ သွေးလွှတ်ကြောမအတွင်းဘောလုံးထည့်သွင်းကာ နှလုံးစည်းချက်နဲ့အညီ ဘောလုံးထဲသို့လေသွင်းလေထုတ်ပြုလုပ်ကာ နှလုံးသွေးညစ်အားကိုကောင်းမွန်စေခြင်းနည်းပညာ (intra-aortic balloon counterpulsation, IABP) ကိုအသုံးပြုနေခြင်းနှင့် နှလုံးမှအထွက်သွေးစီးဆင်းရန်အတွက် ညစ်အားနည်းသောလက္ခဏာများကို တစ်ကိုယ်လုံးအနှံ့တွင်တွေ့ရှိနေပါက VA-ECMO ကိုထည့်သွင်းစဉ်းစားနိုင်သည်။
စာတမ်းများတွင် အချက်အလက်ကောက်ယူမှတ်သားမှုများ နည်းပါးခြင်းကြောင့် မည်သည့်လူနာများသည် မည်သို့သောအကျိုးကျေးဇူးရရှိမည်ကို ဆုံးဖြတ်ရန်ခက်ခဲလှပါသည်။
ဖြစ်နိုင်ခြေရှိသောကိစ္စရပ်အားလုံးကို အတွေ့အကြုံရှိ ECMO စင်တာနှင့်ဆွေးနွေးရန် အခိုင်အမာအကြံပြုပါသည်။
| VA-ECMO |
VV-ECMO |
|
ဆေးဘက်ဆိုင်ရာ
|
|
နှလုံးခွဲစိတ်ပြီးနောက် နှလုံးနှင့်အဆုတ်အားအနားပေးခြင်း
|
ပြန်လည်ကောင်းမွန်ရန်အလားလာရှိသော ရုတ်တရပ်အသက်ရှုလမ်းကြောင်းလုပ်ဆောင်မှုကျဆင်းသွားခြင်း
|
|
ဘယ်ဘက်သွေးလွှတ်ခန်းကိုထောက်ပံ့ပေးနေသောစက်ကိရိယာ – ventricular assist device (LVAD) သို့ပေါင်းကူးတစ်ဖွယ်ဆက်သွယ်ပေးနိုင်ခြင်း, နှလုံးအစားထိုးခြင်း။
|
ရုတ်တရပ်အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာကြောင့်သွေးတွင်းအောက်ဆီဂျင်လျော့နည်းသွားခြင်း Acute respiratory distress syndrome (ARDS) – ဗိုင်းရပ်စ် သို့မဟုတ် ဘက်တီးရီးယားအကြောင့်ဖြစ်သောနမိုးနီးယား နှင့် ဆက်စပ်နေခြင်း
|
|
ယာယီနှလုံးကြွက်သားများရောင်ရမ်းခြင်း
|
အဆုတ်အစားထိုးခွဲစိတ်မှု မအောင်မြင်ခြင်း
|
|
ထိန်းချုပ်ရခက်သော နှလုံးခုန်နှုန်းစည်းချက်မမှန်ခြင်း
|
ဒဏ်ရာရခြင်း (အဆုတ်ရောင်ရမ်းခြင်း)
|
|
နှလုံးခုန်ရပ်ပြီးနောက်ပိုင်းတွင် အဆင့်မြင့်အသက်ကယ်အထောက်အကူပြုနည်း Advanced Life Support (ALS ၏တစ်စိတ်တစ်ပိုင်းအနေဖြင့် လုပ်ဆောင်ခြင်း)
|
အဆုတ်သွေးကြောတွင်သွေးခဲပိတ်ခြင်း – Pulmonary embolism (အကယ်၍ နှလုံးလုပ်ဆောင်ချက်သည် လက်ခံနိုင်သောအနေအထားတွင်ရှိနေပါက)
|
|
ထုံဆေးအဆိပ်သင့်ခြင်း
|
အဆုတ်တွင်းသွေးဖိအားများနေခြင်း (အဆုတ်သွေးကြောခွဲစိတ်မှုပြီးနောက်ပိုင်း)
|
နောက်ဆုံးပေါ်နည်းပညာဖြင့် သက်သေပြနိုင်သော, သက်သေမပြနိုင်သော အကျိုးကျေးဇူးများရရှိနိုင်သည့်အတွက် အခြားအခြေခံကုထုံးများမအောင်မြင်သည့်အခါ ECMO ကို ထည့်သွင်းစဉ်းစားသင့်သည်။