Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Doctor not found
Doctor not found
Doctor not found
Doctor not found
Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    ECMO (နှလုံးနှင့်အဆုတ်ကိုပံ့ပိုးပေးသောစက်)

    8 ဖတ်ပြီး မိနစ်(များ)
    ဆရာဝန်
    Package Image
    Dr. Jamorn Udomkusonsri

    Bangkok Heart Hospital

    Package Image
    Dr. Tanuntorn Songdechakraiwut

    Bangkok Heart Hospital

    Package Image
    Dr. Wirangrong Kaobhuthai

    Bangkok Heart Hospital

    အားလုံးကြည့်မည်
    Dr. Jamorn Udomkusonsri
    Dr. Jamorn Udomkusonsri
    Bangkok Heart Hospital
    အကြံပြု ပက်ကေ့ဂျ်များ
    Package Image
    နှလုံးသွေးကြောဓာတ်မှန်ရိုက်စစ်ဆေးခြင်း/ နှလုံးသွေးကြောချဲ့ကုသခြင်းနှင့် နှလုံးသွေးကြောခွဲစိတ်ကုသခြင်း
    ECMO (နှလုံးနှင့်အဆုတ်ကိုပံ့ပိုးပေးသောစက်)
    Table of contents
    • ECMO ဆိုတာဘာလဲ။
    • ECMO ၏ပန်းတိုင်ဆိုသည်မှာ
    • ECMO သည် မည်သို့အလုပ်လုပ်ပါသနည်း။
    • ECMO အမျိုးအစားများ။
    • ECMO ပံ့ပိုးမှုလိုအပ်ကြောင်းပြသနေသော ဆေးဘက်ဆိုင်ရာညွှန်ပြချက်များ
    • တားမြစ်ချက်များ
    • နောက်ဆက်တွဲဆိုးကျိုးများ
    • ကိုယ်တွင်းအင်္ဂါစနစ်များသည် သင့်လျော်သော စောင့်ကြပ်ကြည့်ရှူ့ခြင်းနှင့် စီမံခန့်ခွဲခြင်းတို့ကို လိုအပ်ပါသည်။
    • ECMO ကို မည်သည့်နေရာတွင် ပေးသင့်သနည်း။
    • ECMO နှင့်ပတ်သ‌က်သည့် ဘန်ကောက်နှလုံးဆေးရုံကြီး၏ အတွေ့အကြုံများ
    • ဘန်ကောက်နှလုံးဆေးရုံသို့ သယ်ယူပို့ဆောင်ခြင်း
  • အားလုံးကြည့်မည်

  • ECMO ဆိုတာဘာလဲ။

    ECMO သည် Extracorporeal Membrane Oxygenation ကို ကိုယ်စားပြုသည်။ ECLS သို့မဟုတ် Extracorporeal Life Support ဟူသော အသုံးအနှုန်းကိုလည်း ကြားဖူးပါလိမ့်မည်။ ECMO သည် အလွန်ဖျားနာနေချိန်တွင် ခန္ဓာကိုယ်ကို သင့်လျော်သောထောက်ပံ့မှုပေးရန် နှလုံး နှင့်/သို့မဟုတ် အဆုတ်၏လုပ်ငန်းဆောင်တာမှုကို လက်လွှဲတာဝန်ယူပေးသည့် အထူးလုပ်ထုံးလုပ်နည်းတစ်ခုဖြစ်ပါသည်။ ECMO သည် နှလုံး နှင့်/သို့မဟုတ် အဆုတ်အား အနားယူရန်နှင့် ပြန်လည်နလန်ထူရန် အချိန်ပေးခြင်းဖြစ်ပါသည်။ ECMO သည် ထိုကိုယ်တွင်းအင်္ဂါများကို ကုသပေးခြင်းမဟုတ်ဘဲ အနားယူရန် အချိန်ပေးခြင်းဖြစ်ပါသည်။

    ECMO သည် ရင်ခေါင်းဖွင့်နှလုံးခွဲစိတ်ကုသမှုများအတွက် အသုံးပြုသည့် စက်နှင့် အလွန်ဆင်တူသည်။ ထိုလူနာများသည် စက်ပေါ်တွင် နာရီအနည်းငယ်မျှသာနေရသော်လည်း ECMO လူနာများသည် ရက်အနည်းငယ်မှ ရက်သတ္တပတ်အထိ ECMO စက်ကို အသုံးပြုနေရနိုင်သည်။

    ECMO ၏ပန်းတိုင်ဆိုသည်မှာ

    ECMO သည် နာမကျန်းဖြစ်နေသော ကိုယ်တွင်းအင်္ဂါများဖြစ်သည့် နှလုံး သို့မဟုတ် အဆုတ်၏လုပ်ငန်းဆောင်တာများကို ကိုယ်စားတာဝန်ယူခြင်းဖြင့် အဆိုပါကိုယ်တွင်းအင်္ဂါများကို အနားယူရန်နှင့် ပြန်လည်နလန်ထူရန်အတွက် အချိန်ပေးပါသည်။ ECMO သည် ကိုယ်တွင်းအင်္ဂါများကို ကုသပေးခြင်းမဟုတ်ပါ။ ၎င်းတို့အတွက်သာ အနားယူရန်အချိန်ကိုဖန်တီးပေးခြင်းဖြစ်ပါသည်။ အခြားဆေးဘက်ဆိုင်ရာကုသမှုအားလုံးကို ကြိုးပမ်းပြီးနောက်မှသာ ECMO ကိုအသုံးပြုပါမည်။ နှလုံးနှင့်/သို့မဟုတ် အဆုတ်များ သက်သာလာသောအခါ ECMO စက်အား လူနာအားဆီမှ ဖယ်ထုတ်ပစ်မည်ဖြစ်သည်။ အရွယ်ရောက်လူနာတွင် ရက်သတ္တပတ်များအထိ ကြာမြင့်နိုင်သည်။

    ECMO သည် မည်သို့အလုပ်လုပ်ပါသနည်း။

    เครื่องหัวใจ-ปอดเทียมแบบเคลื่อนย้าย (ECMO)

    Cannulas အပ်ပြွန်ပိုက်များကို လူနာ၏လည်ပင်း၊ (သို့မဟုတ်) လည်ပင်းနှင့်ပေါင်ခြံ၊ (သို့မဟုတ်) ပေါင်ခြံတို့တွင် ထည့်သွင်းရပါသည်။ ၎င်းတို့ကို ခွဲစိတ်ခြင်းမှတစ်ဆင့် သို့မဟုတ် အရေပြားမှတစ်ဆင့် ထည့်သွင်းပြီး ထားရှိနိုင်သည်။ ဆိုလိုသည်မှာ ၎င်းတို့ကို IV သွေးကြောထဲသို့ အပ်ထိုးသွင်းပြီး ပိုက်လိုင်းထားသကဲ့သို့ ထားရှိခြင်းဖြစ်သည်။ ECMO သမားတော်သည် မည်သည့်နည်းလမ်းကိုအသုံးပြုရန် လိုအပ်သည်ကို ဆုံးဖြတ်ပေးလိမ့်မည်။ ဤ cannulas များသည် လူနာထံမှ သွေးများကို ECMO စက်ပတ်လမ်းထဲသို့ ဖြတ်သန်းစီးဆင်းစေပြီး သွေးတွင်းသို့အောက်ဆီဂျင်ပေါင်းထည့်ခြင်းနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဖယ်ရှားခြင်းကို ဆောင်ရွက်ပေးပါသည်။ သွေးများကို ပူနွေးစေပြီးနောက် ဒုတိယမြောက် cannulas မှတစ်ဆင့် လူနာထံသို့ တစ်ဖန်ပြန်လည်ထည့်သွင်းပေးပါသည်။ ECMO စက်အသုံးပြုနေသောာ အရွယ်ရောက်လူနာများအားလုံးသည် ECMO cannulas 2 ခုထားရှိရန် လိုအပ်ပါသည်။

    ECMO အမျိုးအစားများ။

    ECMO သွေးစီးဆင်းပတ်လမ်းကို အောက်ပါနည်းလမ်းသုံးမျိုးဖြင့် စီစဉ်နိုင်ပါသည်။

    • Veno-arterial ECMO (VA-ECMO) : သွေးများကို သွေးပြန်ကြောမှ သွေးလွှတ်ကြောဆီသို့ ညှစ်ပို့နေစဉ်အတွင်း ဓာတ်ငွေ့လဲလှယ်ခြင်းနှင့် သွေးလှည့်ပတ်မှုဆိုင်ရာပံ့ပိုးမှုကို ပြုလုပ်ပေးပါသည်။ ဤစနစ်သည် နှလုံးခွဲစိတ်မှုများအတွက် ခွဲစိတ်ခန်းတွင်အသုံးပြုသောနည်းပညာများကဲ့သို့ နှလုံးနှင့် အဆုတ် လည်ပတ်မှုကို ထောက်ပံ့ပေးသည်။
    • Veno-venous (VV-ECMO) : ဓာတ်ငွေ့လဲလှယ်မှုကို ဆောင်ရွက်ပေးပါသည်။ သွေးပြန်ကြောဘက်ခြမ်းမှ သွေးတွေကို စက်ထဲသို့ ဖယ်ထုတ်စီးဆင်းစေပြီး သွေးပြန်ကြောထဲကို ပြန်ထည့်သွင်းပေးပါတယ်။ ဤစနစ်သည် အဆုတ်ကိုသာ ထောက်ပံ့ပေးသည်။
    • Arterio-venous ECMO (AV-ECMO) : လူနာ၏ကိုယ်ပိုင်သွေးလွှတ်ကြောဖိအားကိုအသုံးပြု၍ သွေးလွှတ်ကြောမှ သွေးပြန်ကြောဆီသို့ သွေးများကို ညှစ်ပို့ပေးပြီး  ဓာတ်ငွေ့လဲလှယ်မှုကို လွယ်ကူချောမွေ့စေပါသည်။

    VA သို့မဟုတ် VV အတွက် လမ်းကြောင်းတပ်ဆင်မှုသည် တူညီလုနီးပါးဖြစ်သည်။ လူနာ၏ သွေးလည်ပတ်လမ်းထဲသို့ ပူနွေးစေသောစက်မှ တစ်ဆင့် သွေးများကိုပြန်မထည့်သွင်းမီ ပြင်ပတွန်းပို့စက်ပန့်ဖြင့် သွေးများကို  ဓာတ်ငွေ့ဖလှယ်ခြင်း (အောက်ဆီဂျင်ထည့်သွင်းခြင်း နှင့် ကာဗွန်ဒိုင်အောက်ဆိုက်ဖယ်ရှားခြင်း) ကို ခွင့်ပြုသောအမြှေးပါးအလွှာသို့ တွန်းပို့စီးဆင်းစေပါသည်။ 

    လမ်းကြောင်းဖွဲ့စည်းပုံများအရ VA-ECMO သည် လူနာ၏နှလုံးနှင့် အဆုတ်ကို သွေးဖြတ်သန်းစီးဆင်းရမည့်အစား သွေးစီးဆင်းမှုတစ်ချို့ (သို့မဟုတ်) အားလုံးကို ECMO စက်လမ်းကြောင်းသို့ ပြောင်းလဲထည့်သွင်းပေးလိုက်ပါသည်။ ဆန့်ကျင်ဘက်အားဖြင့် VV-ECMO သည် အဆုတ်သွေးလမ်းကြောင်းထဲသို့ မဝင်မီ သွေးကို ပြန်လည်ထည့်သွင်းပေးပါသည်။

    Pumpless circuit (AV-ECMO) ကို အသုံးပြုသောအခါတွင် femoral သွေးလွှတ်ကြောမှလာသော သွေးသည် အမြှေးပါးအလွှာကိုဖြတ်သန်းပြီး femoral သွေးပြန်ကြောသို့ ပြန်လည်စီးဆင်းရောက်ရှိသွားပါသည်။ ထိုလုပ်ငန်းစဉ်တစ်ခုလုံးသည် လူနာ၏နှလုံးညစ်အားထွက်အားအပေါ် မူတည်နေပါသည်။

    ECMO သမားတော်သည် မည်သည့်နည်းလမ်းကအကောင်းဆုံးဖြစ်မည်ကို Cannulas အပ်ပြွန်ပိုက်များထည့်သွင်းသည့်အချိန်တွင် ဆုံးဖြတ်မည်ဖြစ်သည်။

    ECMO ပံ့ပိုးမှုလိုအပ်ကြောင်းပြသနေသော ဆေးဘက်ဆိုင်ရာညွှန်ပြချက်များ

    VA-ECMO ကို ventricular assist device (VAD) သို့မဟုတ် နှလုံးအစားထိုးကုသခြင်းသို့ ပေါင်းကူးတံတားတစ်ခုအဖြစ် အသုံးပြုနိုင်‌သော်လည်း အခြေခံနှလုံးရောဂါရှိသောလူနာများတွင် ပြန်လည်ကောင်းမွန်လာနိုင်ခြင်းမရှိသော နှလုံးရှော့ခ်ဖြစ်ပွားပါက အသုံးပြုပါသည်။ VA-ECMO ကို နှလုံးရပ်နေစဉ်အတွင်း ကယ်တင်ရေးနည်းလမ်းအဖြစ်လည်း အသုံးပြုနိုင်ပြီး လက်ရှိစစ်တမ်းများအရ အဆင့်မြင့်အသက်ကယ်အထောက်အကူပြုနည်း (Advanced Life Support, ALS) ကို 10 မိနစ်အကြာ လုံလောက်အောင်ကြိုးစားထားပြီး မအောင်မြင်ပါကလည်း အထောက်အပံ့ပေးနိုင်ပါသည်။

     

    VA-ECMO အသုံးပြုရသော လူနာများ၏ ဆေးရုံတက်နေချိန်အတွင်း အသက်ရှင်သန်မှုနှုန်းသည် နှလုံးချို့ယွင်းမှုကိုဖြစ်စေသောအကြောင်းအရင်းပေါ်မူတည်၍ ၃၀% မှ ၅၀% အထိကွာခြားနိုင်ပါသည်။ လုံ‌လောက်သောအဝင်ထည့်သွင်းမှုကြိုတင်ရှိနေသော်လည်း ၈၅ mmHg ‌အောက်နိမ့်သော သွေးလွှတ်ကြောဖိအား (အပေါ်သွေးပေါင်ချိန်) ၊ ၁.၂ Liter min/m2 ‌အောက်နိမ့်သော နှလုံးအညွှန်းကိန်း (cardiac index) ရှိသောလူနာများ၊ inotropes နှစ်ခုထက်ပိုပြီး အသုံးပြုနေရခြင်း၊ သွေးလွှတ်ကြောမအတွင်းဘောလုံးထည့်သွင်းကာ နှလုံးစည်းချက်နဲ့အညီ ဘောလုံးထဲသို့လေသွင်းလေထုတ်ပြုလုပ်ကာ နှလုံးသွေးညစ်အားကိုကောင်းမွန်စေခြင်းနည်းပညာ (intra-aortic balloon counterpulsation, IABP) ကိုအသုံးပြုနေခြင်းနှင့် နှလုံးမှအထွက်သွေးစီးဆင်းရန်အတွက် ညစ်အားနည်းသောလက္ခဏာများကို တစ်ကိုယ်လုံးအနှံ့တွင်တွေ့ရှိနေပါက VA-ECMO ကိုထည့်သွင်းစဉ်းစားနိုင်သည်။

     

    စာတမ်းများတွင် အချက်အလက်ကောက်ယူမှတ်သားမှုများ နည်းပါးခြင်းကြောင့် မည်သည့်လူနာများသည် မည်သို့သောအကျိုးကျေးဇူးရရှိမည်ကို ဆုံးဖြတ်ရန်ခက်ခဲလှပါသည်။

    ဖြစ်နိုင်ခြေရှိသောကိစ္စရပ်အားလုံးကို အတွေ့အကြုံရှိ ECMO စင်တာနှင့်ဆွေးနွေးရန် အခိုင်အမာအကြံပြုပါသည်။

    VA-ECMO VV-ECMO

    ဆေးဘက်ဆိုင်ရာ

    နှလုံးခွဲစိတ်ပြီးနောက် နှလုံးနှင့်အဆုတ်အားအနားပေးခြင်း

    ပြန်လည်ကောင်းမွန်ရန်အလားလာရှိသော ရုတ်တရပ်အသက်ရှုလမ်းကြောင်းလုပ်ဆောင်မှုကျဆင်းသွားခြင်း

    ဘယ်ဘက်သွေးလွှတ်ခန်းကို‌ထောက်ပံ့ပေးနေသောစက်ကိရိယာ – ventricular assist device (LVAD) သို့ပေါင်းကူးတစ်ဖွယ်ဆက်သွယ်ပေးနိုင်ခြင်း, နှလုံးအစားထိုးခြင်း။

    ရုတ်တရပ်အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာကြောင့်သွေးတွင်းအောက်ဆီဂျင်လျော့နည်းသွားခြင်း Acute respiratory distress syndrome (ARDS) – ဗိုင်းရပ်စ် သို့မဟုတ် ဘက်တီးရီးယားအကြောင့်ဖြစ်သောနမိုးနီးယား နှင့် ဆက်စပ်နေခြင်း

    ယာယီနှလုံးကြွက်သားများရောင်ရမ်းခြင်း

    အဆုတ်အစားထိုးခွဲစိတ်မှု မအောင်မြင်ခြင်း

    ထိန်းချုပ်ရခက်သော နှလုံးခုန်နှုန်းစည်းချက်မမှန်ခြင်း

    ဒဏ်ရာရခြင်း (အဆုတ်ရောင်ရမ်းခြင်း)

    နှလုံးခုန်ရပ်ပြီးနောက်ပိုင်းတွင် အဆင့်မြင့်အသက်ကယ်အထောက်အကူပြုနည်း  Advanced Life Support (ALS ၏တစ်စိတ်တစ်ပိုင်းအနေဖြင့် လုပ်ဆောင်ခြင်း)

    အဆုတ်သွေးကြောတွင်သွေးခဲပိတ်ခြင်း – Pulmonary embolism (အကယ်၍ နှလုံးလုပ်ဆောင်ချက်သည် လက်ခံနိုင်သောအနေအထားတွင်ရှိနေပါက)

    ထုံဆေးအဆိပ်သင့်ခြင်း

    အဆုတ်တွင်းသွေးဖိအားများနေခြင်း (အဆုတ်သွေးကြောခွဲစိတ်မှုပြီးနောက်ပိုင်း)

     

    နောက်ဆုံးပေါ်နည်းပညာဖြင့် သက်သေပြနိုင်သော, သက်သေမပြနိုင်သော အကျိုးကျေးဇူးများရရှိနိုင်သည့်အတွက် အခြားအ‌ခြေခံကုထုံးများမအောင်မြင်သည့်အခါ ECMO ကို ထည့်သွင်းစဉ်းစားသင့်သည်။

    တားမြစ်ချက်များ

    ပြန်လည်ကောင်းမွန်လာနိုင်ခြေမရှိသည့် ကိုယ်တွင်းအင်္ဂါများပျက်စီးသွားသော လူနာများ၊ ကိုယ်တွင်းအင်္ဂါများစွာ ပျက်စီးချို့ယွင်းနေမှုများသည် များသောအားဖြင့် ECMO ပံ့ပိုးမှုမှ အကျိုးအမြတ်မရနိုင်ပါ။ ပုံမှန်အားဖြင့် ECMO ကို သွေးမခဲခြင်း (anticoagulated) မလုပ်နိုင်သောလူနာများအတွက် အကြံပြုထားခြင်း မရှိသော်လည်း လုံးဝကန့်ကွက်ခြင်းလည်းမဟုတ်ပါ။ ပြင်းထန်သော သွေးလွှတ်ကြောမကြီးမလုံခြင်း (aortic regurgitation) သို့မဟုတ် ပင်မသွေးလွှတ်ကြောမကြီးနံရံကွဲခြင်း (aortic dissections) များတွင် VA-ECMO အသုံးပြုရန်အတွက် တားမြစ်ထားပါသည်။

    ECMO ကုထုံးသည် စဉ်ဆက်မပြတ် တိုးတက်ပြောင်းလဲနေပြီး ကုသမှုတစ်ခုစီအတွက် ညွှန်ကြားချက်များနှင့် တားမြစ်ချက်များကို ဆွေးနွေးရာတွင် ECMO အထူးပြုဆရာဝန်တစ်ဦးပါ ပါဝင်ဆွေးနွေးခြင်းက ပိုကောင်းပါတယ်။

    နောက်ဆက်တွဲဆိုးကျိုးများ

    • သွေးယိုခြင်း– လူနာအများစုသည် တောက်လျှောက်သွေးမခဲရန် လိုအပ်ပြီး ၎င်းတို့ထဲမှ ၅၀ ရာခိုင်နှုန်းကျော်သည် အနည်းဆုံး သွေးယိုခြင်းဆိုင်ရာ နောက်ဆက်တွဲပြဿနာတစ်မျိုးမျိုး ခံစားရလေ့ရှိပါသည်။ ယင်းတို့အနက် တစ်ဝက်သည် cannula ထည့်ထားသောနေရာ (အထူးသဖြင့် သွေးလွှတ်ကြော cannula ထည့်ထားသောနေရာ) နှင့်သက်ဆိုင်လေ့ရှိသည်။ အခြားအရေးကြီးသော သွေးထွက်ခြင်းမှာ ဦးနှောက်တွင်း သွေးယိုခြင်း ဖြစ်ပါသည်။
    • ECMO သုံးနေချိန်အတွင်း သွေးကြောတွင်းရှိပိတ်နေသော သွေးခဲပြုတ်ထွက်သွားပြီး အခြားသွေးကြောမျှင်များတွင် သွားရောက်ပိတ်ဆို့ခြင်း (Thromboembolism) သည် အကြောင်းအရင်းမျိုးစုံကြောင့်ဖြစ်နိုင်ပါသည်။ သွေးလည်ပတ်မှုအတွင်းရှိ သွေးခဲ (Thrombus) သည် pump သို့မဟုတ် အောက်ဆီဂျင်ထုတ်ပေးသောစက်၏လုပ်ဆောင်မှုကို ထိခိုက်စေနိုင်သည်။ VA-ECMO တွင် လေဖြတ်ခြင်း သို့မဟုတ် ခြေထောက်ပုပ်ခြင်း – ischemia ကို ဖြစ်စေနိုင်သည်။ ECMO စီမံခန့်ခွဲမှုတွင် သွေးခဲသွေးကျဲခြင်းဟန်ချက်ညီမှု အကောင်းဆုံးရရှိစေရန်အတွက် သွေးခဲခြင်းကို သေချာအနီးကပ်စောင့်ကြည့်ရပါမည်။
    • ကူးစက်ပိုး၏နောက်ဆက်တွဲဆိုးကျိုးများသည် အတွင်းပိုင်းပိုက်လိုင်းများ၊ ပိုက်ဝင်ရောက်သည့်နေရာများ သို့မဟုတ် ကနဉီးရောဂါနှင့် ဆက်စပ်နိုင်ပါသည်။ ပိုက်လိုင်းများကို ပိုးမဝင်အောင်တိကျသေချာစွာကိုင်တွယ်ရန် လိုအပ်ပါသည်။
    • ECMO ပတ်လမ်းချို့ယွင်းမှု သို့မဟုတ် ပြတ်တောက်ခြင်းသည် ကြီးမားသောထိခိုက်ဆုံးရှူံးခြင်းသို့ ဦးတည်သွားနိုင်သည်။ သို့သော် အစိတ်အပိုင်းအားလုံး လုံခြုံနေသရွေ့ ၎င်းသို့သောထိခိုက်မှုသည် ဖြစ်လေ့ဖြစ်ထမရှိပါ။
    • Cannula နေရာရွေ့ခြင်း (displacement) သို့မဟုတ် နေရာလွဲချော်ခြင်း (malposition) သည် သွေးစီးဆင်းမှုနှင့် ECMOအကျိုးသက်ရောက်မှုကို ထိခိုက်စေသော အဓိကပြဿနာဖြစ်ပါသည်။ ပြဿနာများကိုကာကွယ်ရန် နှင့် ပြင်းထန်သောချို့ယွင်းမှုများကို ချက်ချင်းပြုပြင်ရန်အတွက် စက်လမ်းကြောင်းကြံ့ခိုင်မှုကို ပုံမှန်စစ်ဆေးရန် လေ့ကျင့်ထားသောသီးသန့်ဝန်ထမ်းများရှိသင့်သည်။

    ကိုယ်တွင်းအင်္ဂါစနစ်များသည် သင့်လျော်သော စောင့်ကြပ်ကြည့်ရှူ့ခြင်းနှင့် စီမံခန့်ခွဲခြင်းတို့ကို လိုအပ်ပါသည်။

    • အဆုတ်စနစ်
    • နှလုံးနှင့်သွေးကြောစနစ်
    • ပင်မအာရုံကြောစနစ်
    • ကျောက်ကပ်စနစ်
    • သွေးနဲ့ပတ်သတ်သော
    • ရောဂါပိုးကိုထိန်းချုပ်ခြင်း
    • အရည်များ၊ Electrolytes နှင့် အာဟာရ

    ECMO ကို မည်သည့်နေရာတွင် ပေးသင့်သနည်း။

    • နှလုံးရင်ခေါင်းပိုင်းဆိုင်ရာနှင့် သွေးကြောဆိုင်ရာခွဲစိတ်ကုသမှုများကို အဓိကထားဝန်ဆောင်ပေးနိုင်သည့် အထူးကုဆရာဝန်ကြီးများ ဦးဆောင်သော ဘက်ပေါင်းစုံဆေးကုသ‌ရေးအဖွဲ့။ ကျွမ်းကျင်သောဝန်ထမ်းများ လည်း လိုအပ်ပါသည်။
    • ညွှန်ပြမှုများနှင့် တားမြစ်ချက်များအပါအဝင် ECMO စီမံခန့်ခွဲမှုတွင် စံသတ်မှတ်ချက်များ ရှိပါသည်။
    • သင့်လျော်သောသယ်ယူပို့ဆောင်ရေးစနစ်။

    ECMO နှင့်ပတ်သ‌က်သည့် ဘန်ကောက်နှလုံးဆေးရုံကြီး၏ အတွေ့အကြုံများ

    • လွန်ခဲ့သည့် 2 နှစ်အတွင်း ကျွန်ုပ်တို့သည် ECMO ကို ဖြစ်ရပ် ၅ ခုတွင် အသုံးပြုခဲ့ပြီး ၄င်းတွင် ကလေး ၁ ဦးနှင့် လူကြီး ၄ ဦး ပါဝင်ပါသည်။ နှလုံးလုပ်ဆောင်ချက်ကျဆင်းမှု ၂ ခု နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ချို့ယွင်းမှု ၃ ခု ဖြစ်ပါသည်။
    • ECMO အချိန်၏ကြာချိန်သည် ၆ ရက်မှ ၂၀ ရက် (ပျမ်းမျှ 11.8 ရက်) ဖြစ်ပါသည်။
    • ပျမ်းမျှအသက်ရှင်နှုန်းမှာ ၄၀% (၂/၅) ဖြစ်ပါသည်။ နှလုံးလုပ်ဆောင်ချက်ချို့ယွင်းမှုဖြစ်ပွားသူ နှစ်ဦးသည် အသက်ရှင်လွတ်မြောက်ခဲ့ပါသည်။
    လိင် (ကျား/မ) အသက် ရောဂါအမည်တပ်ခြင်း။ အမျိုးအစား ကြာချိန် (ရက်)
    အမျိုးသား ၆၄ ပြင်းထန်သော နာတာရှည်လေပြွန်ကျဉ်းရောဂါ (COPD)၊ အဆုတ်၏တစ်သျှူးများ ရောင်ရမ်းပြီးနောက်အမာရွတ်များလာကာ မာတောင့်လာခြင်း (lung fibrosis) VV ၁၃
    အမျိုးသား ၄ ရုတ်တရပ်ယာယီနှလုံးကြွက်သားရောင်ခြင်း (acute myocarditis) VA ၆
    အမျိုးသမီး ၂၆ ရုတ်တရပ်ယာယီနှလုံးကြွက်သားရောင်ခြင်း (acute myocarditis) VA ၁၁
    အမျိုးသား ၅၇ အဆုတ်ကင်ဆာကြောင့်ဖြစ်ပေါ်လာသော နောက်ဆက်တွဲဆိုးကျိုးများ VV ၂၀
    အမျိုးသား ၃၈ H1N1 အဆုတ်ရောင်ရောဂါ VV ၉

    VA = Veno-arterial ECMO : သွေးပြန်ကြော-သွေးလွှတ်ကြောသုံး ECMO
    VV = Veno-venous ECMO : သွေးပြန်ကြော-သွေးပြန်ကြောသုံး ECMO

    ဘန်ကောက်နှလုံးဆေးရုံသို့ သယ်ယူပို့ဆောင်ခြင်း

    1. Bangkok Heart Hospital ECMO အဖွဲ့နှင့် လွှဲပြောင်းပေးသောဆေးရုံအဖွဲ့ (လူနာနှင့် မိသားစု အပါအဝင်) အကြား ကောင်းမွန်သော ဆက်သွယ်မှုနှင့် ဆွေးနွေးမှု ရှိသင့်ပါသည်။
    2. လူနာ၏အခြေအနေတည်ငြိမ်မှုအပေါ် မူတည်ပြီး လူနာကို ECMO ဖြင့် (သို့မဟုတ်) EMCO မပါဘဲ ပို့ဆောင်နိုင်ပါသည်။ အကယ်၍ လူနာသည် အသက်ရှုထောက်ပံ့ပေးသောစက်ရှိရုံမျှဖြင့် ပို့ဆောင်ရန် အခြေအနေမတည်မငြိမ်ဖြစ်နေပါက၊ ကျွန်ုပ်တို့သည် ‌ရှေ့လျား ECMO တစ်ခုကို ပြင်ဆင်ပြီး Bangkok Heart Hospital သို့ ပို့ဆောင်ပေးပါမည်။
    3. သယ်ယူပို့ဆောင်ရေး အဖွဲ့

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    နှလုံးနှင့်ရင်ခေါင်းခွဲစိတ်အထူးကုဌာန

    (+66) 2310 3000

    (+66) 2310 3370

    (+66) 2755 1371

    (+66) 2755 1375

    1719 (local mobile calls only)

    [email protected]

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    ပက်ကေ့ဂျ်များနှင့် ပရိုမိုးရှင်းများ

    နှလုံးသွေးကြောဓာတ်မှန်ရိုက်စစ်ဆေးခြင်း/ နှလုံးသွေးကြောချဲ့ကုသခြင်းနှင့် နှလုံးသွေးကြောခွဲစိတ်ကုသခြင်းနှလုံးသွေးကြောဓာတ်မှန်ရိုက်စစ်ဆေးခြင်း/ နှလုံးသွေးကြောချဲ့ကုသခြင်းနှင့် နှလုံးသွေးကြောခွဲစိတ်ကုသခြင်း
    နှလုံးသွေးကြောဓာတ်မှန်ရိုက်စစ်ဆေးခြင်း/ နှလုံးသွေးကြောချဲ့ကုသခြင်းနှင့် နှလုံးသွေးကြောခွဲစိတ်ကုသခြင်း

    62,000 - 1,138,500 ဘတ်

    အသေးစိတ်
    ပက်ကေ့ဂျ်များ ပိုမိုကြည့်ရှုမည်

    ကျန်းမာရေး ဝန်ဆောင်မှုများ

    ဝန်ဆောင်မှုများ ပိုမိုကြည့်ရှုမည်

    ကျန်းမာရေး ဝန်ဆောင်မှုများ

    TAVI/TAVR Image
    TAVI/TAVR
    လည်ပင်းရှိသွေးကြောထဲတွင် ပိတ်ဆို့နေသော သွေးခဲကိုဖယ်ရှားခြင်း Image
    လည်ပင်းရှိသွေးကြောထဲတွင် ပိတ်ဆို့နေသော သွေးခဲကိုဖယ်ရှားခြင်း
    နှလုံးခွဲစိတ်ကုသခြင်း Image
    နှလုံးခွဲစိတ်ကုသခြင်း
    ဝန်ဆောင်မှုများ ပိုမိုကြည့်ရှုမည်