နှလုံးခွဲစိတ်ကုသခြင်း(Open Heart Surgery) ဆိုတာ ဘာလဲ။
Open Heart Surgery ဆိုသည်မှာ လူနာ၏ရင်ဘတ်ကိုဖွင့်၍ နှလုံး၏အဆို့ရှင်များ၊သွေးကြောများ သို့မဟုတ် နှလုံးကြွက်သားများကို ခွဲစိတ်ကုသသော ကုသမှုတစ်မျိုးဖြစ်ပါသည်။နှလုံးခွဲစိတ်ဆရာဝန် ခွဲစိတ်ကုသရာတွင် နှလုံးအားငြိမ်သက်မှုရှိစေရန် လူနာ၏သွေးလည်ပတ်မှုကို heart-lung machine (နှလုံး-အဆုတ် အစားသုံးစက်)အားအသုံးပြု၍လည်ပတ်ပေးရသည်။
Open Heart Surgery ကို တစ်ခါတစ်ရံ သမားရိုးကျနှလုံးခွဲစိတ်မှုဟု ခေါ်သည်။ ယနေ့ခေတ်တွင် နှလုံးခွဲစိတ်မှုနည်းလမ်းအသစ်များစွာကို သေးငယ်သော ခွဲစိတ်ဓားရာ (ဖြတ်တောက်ခြင်း) ဖြင့် လုပ်ဆောင်လာနိုင်ပြီဖြစ်သည်။ အချို့သောခွဲစိတ်ကုသမှုများတွင် (နှလုံးခုန်နေစဉ်ခွဲစိတ်မှု) နှလုံး-အဆုတ်အစားသုံးစက်အား အသုံးပြုရန်မလိုအပ်တော့ပါ။

.jpeg)






