Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Doctor not found
Doctor not found
Doctor not found
Doctor not found
Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    နှလုံးခွဲစိတ်ကုသခြင်း

    4 ဖတ်ပြီး မိနစ်(များ)
    ဆရာဝန်
    Package Image
    Dr. Vitoon Pitiguagool

    Bangkok Heart Hospital

    Package Image
    Dr. Piyapan Pamornsing

    Bangkok Heart Hospital

    အားလုံးကြည့်မည်
    Dr. Vitoon Pitiguagool
    Dr. Vitoon Pitiguagool
    Bangkok Heart Hospital
    နှလုံးခွဲစိတ်ကုသခြင်း
    Table of contents
    • နှလုံးခွဲစိတ်ကုသခြင်း(Open Heart Surgery) ဆိုတာ ဘာလဲ။
    • Open Heart Surgery ပြုလုပ်နိုင်သော ညွှန်ပြချက်များ
    • Open Heart Surgery ကို ဘယ်လိုလုပ်ဆောင်သလဲ။
    • Open Heart Surgery ရဲ့ အန္တရာယ်တွေက ဘာတွေလဲ။
    • Open Heart Surgery အတွက် ဘယ်လိုပြင်ဆင်ရမလဲ။
    • Open Heart Surgery လုပ်ပြီးရင် ဘာတွေဖြစ်မလဲ။
    • Open Heart Surgery မှ ဘာတွေ ရေရည်မျှော်မှန်းလို့ရနိုင်လဲ။
    • ဘန်ကောက်နှလုံးဆေးရုံကြီး၏ ခွဲစိတ်ကုသရေးအဖွဲ့နှင့် ပေါင်းစပ်ခွဲစိတ်ခန်းအသစ်
  • အားလုံးကြည့်မည်

  • နှလုံးခွဲစိတ်ကုသခြင်း(Open Heart Surgery) ဆိုတာ ဘာလဲ။

    Open Heart Surgery ဆိုသည်မှာ လူနာ၏ရင်ဘတ်ကိုဖွင့်၍ နှလုံး၏အဆို့ရှင်များ၊သွေးကြောများ သို့မဟုတ် နှလုံးကြွက်သားများကို ခွဲစိတ်ကုသသော ကုသမှုတစ်မျိုးဖြစ်ပါသည်။နှလုံးခွဲစိတ်ဆရာဝန် ခွဲစိတ်ကုသရာတွင် နှလုံးအားငြိမ်သက်မှုရှိစေရန် လူနာ၏သွေးလည်ပတ်မှုကို heart-lung machine (နှလုံး-အဆုတ် အစားသုံးစက်)အားအသုံးပြု၍လည်ပတ်ပေးရသည်။

    Open Heart Surgery ကို တစ်ခါတစ်ရံ သမားရိုးကျနှလုံးခွဲစိတ်မှုဟု ခေါ်သည်။ ယနေ့ခေတ်တွင် နှလုံးခွဲစိတ်မှုနည်းလမ်းအသစ်များစွာကို သေးငယ်သော ခွဲစိတ်ဓားရာ (ဖြတ်တောက်ခြင်း) ဖြင့် လုပ်ဆောင်လာနိုင်ပြီဖြစ်သည်။ အချို့သောခွဲစိတ်ကုသမှုများတွင် (နှလုံးခုန်နေစဉ်ခွဲစိတ်မှု) နှလုံး-အဆုတ်အစားသုံးစက်အား အသုံးပြုရန်မလိုအပ်တော့ပါ။

    Open heart surgery

    Open Heart Surgery ပြုလုပ်နိုင်သော ညွှန်ပြချက်များ

    • နှလုံးသွေးကြောကျဉ်းရောဂါအတွက် Coronary artery bypass grafting (CABG)ပြုလုပ်ခြင်း။
    • သွေးလည်ပတ်မှု ကောင်းမွန်စေရန် နှလုံးအဆို့ရှင်များကို ပြုပြင်ခြင်း သို့မဟုတ် အစားထိုးခြင်း။
    • ပျက်စီးနေသော သို့မဟုတ် ပုံမှန်မဟုတ်သော နှလုံးနေရာများကို ပြုပြင်ပေးခြင်း။
    • နှလုံးခုန်နှုန်းမှန်စေရန် ကူညီပေးသော ဆေးဘက်ဆိုင်ရာကိရိယာများ တပ်ဆင်ခြင်း။
    • ပျက်စီးသွားသောနှလုံးကို လှူဒါန်းသောနှလုံးဖြင့် အစားထိုးခြင်း (နှလုံးအစားထိုးကုသခြင်း)

    Open Heart Surgery ကို ဘယ်လိုလုပ်ဆောင်သလဲ။

    • လူနာအား မေ့ဆေးပေးမည်။ မေ့ဆေးကြောင့် လူနာသည် ခွဲစိတ်မှုတစ်လျောက် အိပ်ပျော်ပြီး နာကျင်မှုကင်းစေပါမည်။
    • ခွဲစိတ်ဆရာဝန်သည် လူနာ၏ရင်ဘတ်ကို ၈ လက်မ မှ ၁၀ လက်မအထိ ခွဲစိတ်ရာပေးမည်။
    • ခွဲစိတ်ဆရာဝန်သည် လူနာ၏ရင်ညွှန့်ရိုးတစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းကို ဖြတ်တောက်၍ နှလုံးကိုမြင်သာအောင်ပြုလုပ်မည်။
    • နှလုံးကိုမြင်နိုင်သည်နှင့်တပြိုင်နက် လူနာအား နှလုံး-အဆုတ်အစားသုံးစက်နှင့် ချိတ်ဆက်ပါမည်။ စက်သည် နှလုံးမှသွေးများကို ဝေးရာသို့ ရွှေ့ပေးသောကြောင့် ခွဲစိတ်ဆရာဝန်က ခွဲစိတ်ကုသမှုကို ပြုလုပ်နိုင်ပြီဖြစ်သည်။ အချို့သော အသစ်ခွဲစိတ်ကုသမှု လုပ်ထုံးလုပ်နည်းများတွင် ဤစက်ကို အသုံးမပြုပါ။
    • ခွဲစိတ်ဆရာဝန်သည် ရင်ညွှန့်ရိုးကို ဝိုင်ယာကြိုးဖြင့်ပိတ်ကာ ဝိုင်ယာကြိုးကို ခန္ဓာကိုယ်အတွင်း၌ ထားခဲ့ပါမည်။
    • မူလခွဲစိတ်ဓားရာကို ပြန်၍ချုပ်ပါမည်။

    Open Heart Surgery ရဲ့ အန္တရာယ်တွေက ဘာတွေလဲ။

    • ရင်ဘတ်အနာပိုးဝင်ခြင်း (အဝလွန်သောသူ သို့မဟုတ် ဆီးချိုဝေဒနာရှင်များ သို့မဟုတ် ယခင်ကခွဲစိတ်မှုခံယူဖူးသူတို့တွင် အဖြစ်များသည်)။
    • နှလုံးဖောက်ခြင်း သို့မဟုတ် လေဖြတ်ခြင်း။
    • နှလုံးခုန်မမှန်ခြင်း။
    • အဆုတ် သို့မဟုတ် ကျောက်ကပ် အားနည်းခြင်း။
    • ရင်ဘတ်အောင့်ခြင်းနှင့် ငွေ့ငွေ့ဖျားခြင်း။
    • မှတ်ဉာဏ်ပျောက်ဆုံးခြင်း သို့မဟုတ် “မအီမသာဖြစ်ခြင်း”
    • သွေးခဲခြင်း။
    • သွေးထွက်များခြင်း။
    • အသက်ရှူရခက်ခြင်း။
    • နှလုံး-အဆုတ် အစားသုံးစက်နှင့် ဆက်စပ်သောအန္တရာယ်များ။

    ဤအန္တရာယ်များသည် လူနာတစ်ဦးချင်းစီအတွက် ကွဲပြားပါသည်။ သင့်ခွဲစိတ်ကုသမှုကိစ္စအတွက် သင်၏ခွဲစိတ်ဆရာဝန်နှင့် အသေးစိတ်ဆွေးနွေးသင့်သည်။

    Open Heart Surgery အတွက် ဘယ်လိုပြင်ဆင်ရမလဲ။

    သင်သောက်နေသည့် ဆေးဝါးများ၊ အရောင်းဆိုင်မှ ဆေးဝါးများ၊ ဗီတာမင်များနှင့် ဟင်းသီးဟင်းရွက်များပင်လျှင် သင့်ကျန်းမာရေးစောင့်ရှောက်မှုပေးသူကို ပြောပြပါ။ အအေးမိ၊ တုပ်ကွေး သို့မဟုတ် ဖျားနာခြင်းအပါအဝင် တခြားရောဂါများအကြောင်းကိုလည်း အသိပေးပါ။

    ခွဲစိတ်မှုမပြုလုပ်မီ နှစ်ပတ်အလိုတွင် သင့်ကျန်းမာရေးစောင့်ရှောက်မှုပေးသူက သင့်အား ဆေးလိပ်ဖြတ်ရန်နှင့် သွေးကျဲဆေးများသောက်ခြင်းကို ရပ်တန့်ရန် (သွေးခဲဖြစ်ပေါ်ခြင်းကို တားဆီးသည့်ဆေး) တောင်းဆိုနိုင်ပါသည်။

    ခွဲစိတ်မှုမပြုလုပ်မီ တစ်ရက်အလိုတွင် သင့်အား အထူးပြုလုပ်ထားသောဆပ်ပြာဖြင့် သင့်ကိုယ်သင် ဆေးကြောရန် တောင်းဆိုခံရနိုင်ပါသည်။ ဤဆပ်ပြာသည် သင့်အရေပြားပေါ်ရှိ ဘက်တီးရီးယားများကို သတ်ရန်အသုံးပြုပြီး ခွဲစိတ်ပြီးနောက် ပိုးဝင်နိုင်ခြေကို လျှော့ချပေးသည်။ ညသန်းခေါင်ကျော်ရင် ဘာမှမစားမသောက်ဖို့လည်း မှာကြားနိုင်ပါတယ်။

    ခွဲစိတ်ကုသရန်အတွက် ဆေးရုံသို့ရောက်ရှိသောအခါတွင် သင့်ကျန်းမာရေးစောင့်ရှောက်မှုပေးသူမှ သင့်အား အခြားသောအသေးစိတ်ညွှန်ကြားချက်များ ပေးပါလိမ့်မည်။

    Open Heart Surgery လုပ်ပြီးရင် ဘာတွေဖြစ်မလဲ။

    ခွဲစိတ်ပြီးနောက် အိပ်ရာက နိုးလာတဲ့အခါ သင့်ရင်ဘတ်မှာ ပြွန်နှစ်ချောင်းကနေ သုံးချောင်းအထိ ရှိပါလိမ့်မယ်။ ထိုပြွန်များသည် သင့်နှလုံးတစ်ဝိုက်က အရည်များကို စွန့်ထုတ်ဖို့ ကူညီပေးပါသည်။

    သင့်ကို သွေးကြောသွင်းပြွန် (IV) ပြွန်များဖြင့် အရည်ဓာတ်ထောက်ပံ့မှု ပေးနေနိုင်ပါသည်။

    ဆီးစွန့်ရန် သင့်ဆီးအိမ်တွင် ဆီးပိုက်(ပါးလွှာသောပြွန်) ထည့်ထားခြင်း ရှိကောင်းရှိနိုင်ပါသည်။

    သင့်နှလုံးအား လေ့လာစောင့်ကြည့်သည့် စက်များနှင့် တွဲထားကာစောင့်ကြည့်နေမည် ဖြစ်သည်။ လိုအပ်ပါက ကူညီပေးနိုင်ရန် အနီးနားတွင် သူနာပြုများလည်းရှိနေပါမည်။

    ပုံမှန်အားဖြင့် သင်သည် ခွဲစိတ်ပြီးပထမညကို အထူးကြပ်မတ်ကုသဆောင် (ICU) တွင် နေရမည်ဖြစ်သည်။ ထို့နောက် နောက်သုံးရက်မှ ခုနစ်ရက်အတွင်း သင့်အား ပုံမှန်ပြုစုစောင့်ရှောက်ရေးအခန်းသို့ ပြောင်းရွှေ့သွားပါမည်။ ဤဖော်ပြချက်များသည် လူနာတစ်ဦးစီအတွက် မတူညီနိုင်ပါ။

    Open Heart Surgery မှ ဘာတွေ ရေရည်မျှော်မှန်းလို့ရနိုင်လဲ။

    တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာဖို့ မျှော်လင့်နိုင်ပါသည်။ သင်သည် ခွဲစိတ်ကုသမှုခံယူပြီး 4ပတ် မှ 6 ပတ်အတွင်း သက်သာလာသည်ဟုခံစားရနိုင်သည်။ ခွဲစိတ်မှု၏ အကျိုးကျေးဇူးအပြည့်အဝကိုမူ ခံစားနိုင်ရန် 2လ မှ 3 လအထိ ကြာမြင့်နိုင်သော်လည်း လူနာများစွာသည် ဤထက်ပိုမိုမြန်ဆန်စွာကောင်းမွန်လာနိုင်ပါသည်။ မည်သို့ပင်ဆိုစေကာမူ လူအများစုအတွက် အလားအလာကောင်းပါသည်။

    နေထိုင်မှုပုံစံကောင်းများဖြင့် နေထိုင်ခြင်းသည် အချိန်တိုအတွင်း အလားတူရောဂါ သို့မဟုတ် အခြားရောဂါများ ထပ်မံဖြစ်ပွားနိုင်ခြေကို လျှော့ချပေးသည့်အတွက် အလွန်အရေးကြီးပါသည်။ ၎င်းတွင်-

    • ကျန်းမာရေးနဲ့ ညီညွတ်သော အစားအသောက်များစားသုံးခြင်း။
    • ဆား၊ အဆီနှင့် သကြားပါသော အစာများကို လျှော့စားခြင်း။
    • ပိုမိုတက်ကြွသောလူနေမှုပုံစံဖြင့် နေထိုင်ပြီး ပုံမှန်လေ့ကျင့်ခန်းများလုပ်ဆောင်ခြင်း။
    • ဆေးလိပ်မသောက်ခြင်း။
    • သွေးတိုး၊ ကိုလက်စထရောမြင့်မားခြင်း သို့မဟုတ် ဆီးချိုရောဂါကို ထိန်းချုပ်ခြင်း။
      စသည်တို့ပါဝင်ပါသည်။

    ဘန်ကောက်နှလုံးဆေးရုံကြီး၏ ခွဲစိတ်ကုသရေးအဖွဲ့နှင့် ပေါင်းစပ်ခွဲစိတ်ခန်းအသစ်

    Open heart surgery, Hybrid operation room

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    နှလုံးနှင့်ရင်ခေါင်းခွဲစိတ်အထူးကုဌာန

    (+66) 2310 3000

    (+66) 2310 3370

    (+66) 2755 1371

    (+66) 2755 1375

    1719 (local mobile calls only)

    [email protected]

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    ကျန်းမာရေး ဝန်ဆောင်မှုများ

    ဝန်ဆောင်မှုများ ပိုမိုကြည့်ရှုမည်

    ကျန်းမာရေး ဝန်ဆောင်မှုများ

    ECMO (နှလုံးနှင့်အဆုတ်ကိုပံ့ပိုးပေးသောစက်) Image
    ECMO (နှလုံးနှင့်အဆုတ်ကိုပံ့ပိုးပေးသောစက်)
    လည်ပင်းရှိသွေးကြောထဲတွင် ပိတ်ဆို့နေသော သွေးခဲကိုဖယ်ရှားခြင်း Image
    လည်ပင်းရှိသွေးကြောထဲတွင် ပိတ်ဆို့နေသော သွေးခဲကိုဖယ်ရှားခြင်း
    TAVI/TAVR Image
    TAVI/TAVR
    ဝန်ဆောင်မှုများ ပိုမိုကြည့်ရှုမည်