Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Doctor not found
Doctor not found
Doctor not found
Doctor not found
Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    ခြေ/လက်ရှိသွေးကြောအချိုးချ စစ်ဆေးခြင်း

    3 ဖတ်ပြီး မိနစ်(များ)
    ဆရာဝန်
    Package Image
    Dr. Chattanong Yodwut

    Bangkok Heart Hospital

    Package Image
    Dr. Anusith Tunhasiriwet

    Bangkok Heart Hospital

    အားလုံးကြည့်မည်
    Dr. Chattanong Yodwut
    Dr. Chattanong Yodwut
    Bangkok Heart Hospital
    အကြံပြု ပက်ကေ့ဂျ်များ
    Package Image
    ခြေ/လက်ရှိသွေးကြောမှတစ်ဆင့်ပိုက်ထည့်ပြီးဆေးသွင်းကာ နှလုံးသွေးကြောပုံရိပ်ဖော်စစ်ဆေးခြင်း (CAG) နှင့်  နှလုံးသွေးကြောချဲ့ကုသခြင်း (PCI)
    ခြေ/လက်ရှိသွေးကြောအချိုးချ စစ်ဆေးခြင်း
    Table of contents
    • ခြေ/လက်ရှိသွေးကြောအချိုးချ စစ်ဆေးခြင်း ဆိုသည်မှာ အဘယ်နည်း။
    • သွေးလွှတ်ကြောရောဂါ ဖြစ်စေနိုင်သည့် အခြေအနေများမှာ -
    • ခြေ/လက်ရှိသွေးကြောအချိုးချ စစ်ဆေးခြင်း (ABI)၏ အကျိုးကျေးဇူးများ
    • ခြေထောက်ရှိ သွေးလွှတ်ကြောရောဂါများအား ရှာဖွေနိုင်ခြင်း၏ ထိရောက်မှု
    • စစ်ဆေးရန်ပြင်ဆင်ခြင်း
    • စစ်ဆေးမှုလုပ်နေစဉ်အတွင်း -
    • အဖြေများ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်
    • အခြားဆက်နွယ်သော စမ်းသပ်မှုများ
  • အားလုံးကြည့်မည်

  • ခြေ/လက်ရှိသွေးကြောအချိုးချ စစ်ဆေးခြင်း ဆိုသည်မှာ အဘယ်နည်း။

    ခြေ/လက်ရှိသွေးကြောအချိုးချ စစ်ဆေးခြင်း (Ankle-Brachial index) သည် ခြေထောက်ရှိ သွေးလွှတ်ကြောရောဂါကိုစစ်ဆေးရန် မြန်ဆန်၍ နာကျင်မှုကင်းမဲ့သော နည်းလမ်းတစ်ခု ဖြစ်ပါသည်။ သွေးလွှတ်ကြောရောဂါဆိုသည်မှာ သွေးတွင်းအဆီခဲပိတ်ခြင်းကြောင့်အဓိကဖြစ်တတ်သော ခြေထောက်နှင့်လက်အတွင်းရှိ သွေးလွှတ်ကြောများ ကျဉ်းခြင်း၊ ပိတ်ခြင်းဖြစ်၍ သက်ဆိုင်ရာ ခြေ/လက် အစိတ်အပိုင်းသို့ သွေးလုံလောက်စွာမရောက်ခြင်းကို ဖြစ်စေပါသည်။ ၎င်းသည် ခြေသလုံးနှင့် ပေါင်ရှိ ကြွက်သားများနာကျဉ်ခြင်းကို ဖြစ်စေတတ်ပြီး ခြေထောက်တွင်အနာပေါက်ခြင်းနှင့် ခြေထောက်ဆုံးရှုူံးခြင်းအထိ ဖြစ်စေနိုင်ပါသည်။ သွေးလွှတ်ကြောရောဂါရှိသူများသည် အလားတူ သွေးတွင်းအဆီခဲပိတ်ခြင်းအခြေအနေမျိုး သွေးလည်ပါတ်မှုစနစ်အတွင်းရှိ အခြားသွေးကြောများတွင်လည်းဖြစ်တတ်ပြီး နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့ ဖြစ်နိုင်သည့်အန္တရာယ်မြင့်မားသူများလည်း ဖြစ်ကြပါသည်။ ခြေ/လက်ရှိသွေးကြောအချိုးချ စစ်ဆေးခြင်း (ABI) သည် ခြေမျက်စိ၌စစ်ဆေးသောသွေးပေါင်ချိန်နှင့် လက်မောင်း၌စစ်ဆေးသောသွေးပေါင်ချိန်တို့အား နှိုင်းယှဉ်သည့် စစ်ဆေးမှုဖြစ်ပါသည်။

    သွေးလွှတ်ကြောရောဂါ ဖြစ်စေနိုင်သည့် အခြေအနေများမှာ –

    • အသက် ၅၀နှစ်နှင့်အထက်ရှိခြင်း
    • လက်ရှိဆေးလိပ်သောက်နေသူ/ ရေရှည်ဆေးလိပ်သောက်ဖူးသူ
    • ဆီးချိုရောဂါ
    • သွေးတိုးရောဂါ
    • သွေးတွင်းအဆီဓာတ်မြင့်တက်ခြင်း
    • အဝလွန်ခြင်း (BMI ၂၅ မှတ်နှင့်အထက်)

    ခြေ/လက်ရှိသွေးကြောအချိုးချ စစ်ဆေးခြင်း (ABI)၏ အကျိုးကျေးဇူးများ

    • ခြေထောက်သွေးလွှတ်ကြောရောဂါများကိုရှာဖွေနိုင်ခြင်း
    • ခြေထောက်သွေးလွှတ်ကြောရောဂါများ၏ ပြင်းထန်မှုကို တိုင်းတာနိုင်ခြင်း
    • အနာဂါတ်တွင်ဖြစ်လာနိုင်သည့် နှလုံးရောဂါများကို ကြိုတင်ခန့်မှန်းသိရှိနိုင်ခြင်း
    • ကုသမှုရလာဒ်ကို တိုင်းတာနိုင်ခြင်း

    ခြေထောက်ရှိ သွေးလွှတ်ကြောရောဂါများအား ရှာဖွေနိုင်ခြင်း၏ ထိရောက်မှု

    • ရောဂါအား ထိရောက်စွာရှာဖွေနိုင်မှု : ၉၀%
    • ရောဂါရှာဖွေခြင်း၏ တိကျမှု : ၉၈%

    Ankle-Brachial Index
    ၎င်းစစ်ဆေးမှုသည် သွေးပေါင်ချိန်တိုင်းသကဲ့သို့ပင် မည်သည့်ဆိုးကျိုးမျှမရှိပါ။

    စစ်ဆေးရန်ပြင်ဆင်ခြင်း

    ၎င်းစစ်ဆေးမှုအတွက် မည်သည့်ပြင်ဆင်မှုမျှမလိုအပ်ပါ။

    စစ်ဆေးမှုလုပ်နေစဉ်အတွင်း –

    လူနာအား ပက်လက်လှဲအနေအထားတွင် အိပ်စေ၍ သမားရိုးကျသွေးပေါင်ချိန်တိုင်းတာမှုအား လက်မောင်း၂ဖက်လုံးနှင့် ခြေမျက်စိအပေါ်ပိုင်း သွေးလွှတ်ကြောများမှ တိုင်းတာပါမည်။

    1. လက်မောင်း၂ဖက်မှ အမြင့်ဆုံးအပေါ်သွေးအမှတ်အား တိုင်းတာပါ။
      • သွေးပေါင်ချိန်စက်မှ လေအိတ်ကို လေစလျှော့သည့်အချိန်မှစ၍ ပထမဆုံးသွေးခုန်သံကြားသည့် အမှတ်အား မှတ်သားပါ။
      • လက်ကောက်ဝတ်သွေးခုန်နှုန်း စတင်စမ်းမိသည့်အမှတ်အား မှတ်သားပါ။
      • ထို ၂ခုမှ အမြင့်ဆုံး အမှတ်အား အသုံးပြုပါမည်။
    2. ခြေထောက်၂ဖက်မှ အပေါ်သွေးတိုင်းတာမှု အမှတ်များအား မှတ်သားပါ။
      • သွေးပေါင်ချိန်စက်၏ လက်ပါတ်ကြိုးအား ခြေသလုံးအောက်ပိုင်း ခြေမျက်စိ၏အပေါ်ပိုင်းတွင်ပါတ်ပါ။
      • သွေးကြော အစားထိုး၊ ဖြတ်ဆက်ထားသောနေရာ ရှိပါက ထိုနေရာအား ရှောင်ကြဉ်ပါ။ (သွေးကြောဖြတ်ဆက်ထားရာသွေးကြောထဲ၌ သွေးခဲပိတ်ဆို့မှုအန္တရာယ် ရှိနိုင်သဖြင့်)
      • သွေးကြောပုံရိပ်ဖော် အာထရာစောင်းစက်အား အသုံးပြုပါ။
      • သွေးပေါင်ချိန်စက်မှ လေစလျှော့သည့် အချိန်မှစ၍ ပထမဆုံးသွေးခုန်သံ စကြားရသည့်အမှတ်အား မှတ်သားပါ။
      • Dorsalis pedis သွေးလွှတ်ကြောဖိအားကို တိုင်းတာပါ။
      • Posterior tibial သွေးလွှတ်ကြောဖိအားကို တိုင်းတာပါ။
      • ၎င်း ၂ ခုမှ အမြင့်ဆုံး သွေးလွှတ်ကြောဖိအားကို မှတ်သားပါ။
    3. ခြေကျင်းဝတ် ၂ ဖက်မှ သွေးဖိအားနှင့် လက်မောင်းမှ သွေးဖိအားတို့၏ အချိုးကို တွက်ချက်ပါ။
      ခြေကျင်းဝတ်တစ်ဖက်စီ၏ သွေးဖိအားကို လက်မောင်းမှ အမြင့်ဆုံး သွေးဖိအားအမှတ်နှင့် စားပါ။

    အဖြေများ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်

    1. ခြေကျင်းဝတ်-လက်မောင်း သွေးပေါင်အချိုး >1.4 : သွေးကြောအားဖိအားမပေးနိုင်ခြင်း (အဖြေမှားယွင်းခြင်းများအား အောက်တွင်ဆက်လက် ကြည့်ရှုပါ)
    2. ခြေကျင်းဝတ်-လက်မောင်း သွေးပေါင်အချိုး >0.90 : ပုံမှန်
    3. ခြေကျင်းဝတ်-လက်မောင်း သွေးပေါင်အချိုး <0.90 : ခြေထောက်သွေးလွှတ်ကြောရောဂါ
    4. ခြေကျင်းဝတ်-လက်မောင်း သွေးပေါင်အချိုး<0.6 : ခြေသလုံးကြွက်သားအသုံးပြုချိန်တွင် မကြာခဏနာကျင်သည့် ရောဂါ
    5. ခြေကျင်းဝတ်-လက်မောင်း သွေးပေါင်အချိုး <0.5 : သွေးကြောနေရာအဆင့်များစွာတွင် သွေးကြောပိတ်သော ရောဂါ
    6. ခြေကျင်းဝတ်-လက်မောင်း သွေးပေါင်အချိုး <0.3 : ခြေထောက်ဆုံးရှုံးသည်အထိဖြစ်နိုင်သော သွေးမလုံလောက်ခြင်းရောဂါ၊ အရေးပေါ်ကုသမှုခံယူရန်လိုအပ်သည်။
    7. ခြေကျင်းဝတ်-လက်မောင်း သွေးပေါင်အချိုး <0.26 : ပုံမှန်နားနေသည့် အခြေအနေတွင်ပင် နာကျဉ်မှုရှိခြင်း
    8. ခြေကျင်းဝတ်-လက်မောင်း သွေးပေါင်အချိုး <0.2 : ခြေတစ်ချောင်းလုံးပုပ်ခြင်း

    အခြားဆက်နွယ်သော စမ်းသပ်မှုများ

    1. ခြေချောင်း-လက်မောင်း သွေးပေါင်အချိုး (ပုံမှန်အားဖြင့် 0.7 မှ 0.8 ကြား)
    2. ခြေထောက်၏အစိတ်အပိုင်းအမျိုးမျိုးတွင် သွေးပေါင်ချိန်တိုင်း စစ်ဆေးခြင်း
    3. သမားရိုးကျ သွေးကြောဓာတ်မှန်ရိုက်ခြင်း
    4. ကွန်ပြူတာသွေးကြောဓာတ်မှန်ရိုက်ခြင်း
    5. သံလိုက်ဓာတ်မှန်ဖြင့် သွေးကြောဓာတ်မှန်ရိုက်ခြင်း

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    နှလုံးဆိုင်ရာစစ်ဆေးခြင်း

    ဒုတိယထပ်၊ R Building၊ ဘန်ကောက်ဆေးရုံကြီး

    နေ့စဉ် မနက် ၇ နာရီ မှ ညနေ ၄ နာရီ

    (+66) 2310 3000

    (+66) 2310 3370

    (+66) 2755 1371

    (+66) 2755 1375

    1719 (local mobile calls only)

    [email protected]

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    ပက်ကေ့ဂျ်များနှင့် ပရိုမိုးရှင်းများ

    ခြေ/လက်ရှိသွေးကြောမှတစ်ဆင့်ပိုက်ထည့်ပြီးဆေးသွင်းကာ နှလုံးသွေးကြောပုံရိပ်ဖော်စစ်ဆေးခြင်း (CAG) နှင့်  နှလုံးသွေးကြောချဲ့ကုသခြင်း (PCI)ခြေ/လက်ရှိသွေးကြောမှတစ်ဆင့်ပိုက်ထည့်ပြီးဆေးသွင်းကာ နှလုံးသွေးကြောပုံရိပ်ဖော်စစ်ဆေးခြင်း (CAG) နှင့်  နှလုံးသွေးကြောချဲ့ကုသခြင်း (PCI)
    ခြေ/လက်ရှိသွေးကြောမှတစ်ဆင့်ပိုက်ထည့်ပြီးဆေးသွင်းကာ နှလုံးသွေးကြောပုံရိပ်ဖော်စစ်ဆေးခြင်း (CAG) နှင့်  နှလုံးသွေးကြောချဲ့ကုသခြင်း (PCI)

    54,000 - 250,000 ဘတ်

    အသေးစိတ်
    ပက်ကေ့ဂျ်များ ပိုမိုကြည့်ရှုမည်

    ကျန်းမာရေး ဝန်ဆောင်မှုများ

    ဝန်ဆောင်မှုများ ပိုမိုကြည့်ရှုမည်

    ကျန်းမာရေး ဝန်ဆောင်မှုများ

    နှလုံးသွေးကြော သံလိုက်ဓာတ်မှန်ရိုက်ခြင်း (Cardiovascular MRI) Image
    နှလုံးသွေးကြော သံလိုက်ဓာတ်မှန်ရိုက်ခြင်း (Cardiovascular MRI)
    နှလုံးသွေးကြောတွင်း ပိုက်ထည့်၍ ရောဂါရှာဖွေရေးလုပ်ငန်းစဉ် Image
    နှလုံးသွေးကြောတွင်း ပိုက်ထည့်၍ ရောဂါရှာဖွေရေးလုပ်ငန်းစဉ်
    နှလုံး လျှပ်စီးကြောင်းဇီဝကမ္မဖြစ်စဉ် (CEP) Image
    နှလုံး လျှပ်စီးကြောင်းဇီဝကမ္မဖြစ်စဉ် (CEP)
    ဝန်ဆောင်မှုများ ပိုမိုကြည့်ရှုမည်