ခြေ/လက်ရှိသွေးကြောအချိုးချ စစ်ဆေးခြင်း ဆိုသည်မှာ အဘယ်နည်း။
ခြေ/လက်ရှိသွေးကြောအချိုးချ စစ်ဆေးခြင်း (Ankle-Brachial index) သည် ခြေထောက်ရှိ သွေးလွှတ်ကြောရောဂါကိုစစ်ဆေးရန် မြန်ဆန်၍ နာကျင်မှုကင်းမဲ့သော နည်းလမ်းတစ်ခု ဖြစ်ပါသည်။ သွေးလွှတ်ကြောရောဂါဆိုသည်မှာ သွေးတွင်းအဆီခဲပိတ်ခြင်းကြောင့်အဓိကဖြစ်တတ်သော ခြေထောက်နှင့်လက်အတွင်းရှိ သွေးလွှတ်ကြောများ ကျဉ်းခြင်း၊ ပိတ်ခြင်းဖြစ်၍ သက်ဆိုင်ရာ ခြေ/လက် အစိတ်အပိုင်းသို့ သွေးလုံလောက်စွာမရောက်ခြင်းကို ဖြစ်စေပါသည်။ ၎င်းသည် ခြေသလုံးနှင့် ပေါင်ရှိ ကြွက်သားများနာကျဉ်ခြင်းကို ဖြစ်စေတတ်ပြီး ခြေထောက်တွင်အနာပေါက်ခြင်းနှင့် ခြေထောက်ဆုံးရှုူံးခြင်းအထိ ဖြစ်စေနိုင်ပါသည်။ သွေးလွှတ်ကြောရောဂါရှိသူများသည် အလားတူ သွေးတွင်းအဆီခဲပိတ်ခြင်းအခြေအနေမျိုး သွေးလည်ပါတ်မှုစနစ်အတွင်းရှိ အခြားသွေးကြောများတွင်လည်းဖြစ်တတ်ပြီး နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့ ဖြစ်နိုင်သည့်အန္တရာယ်မြင့်မားသူများလည်း ဖြစ်ကြပါသည်။ ခြေ/လက်ရှိသွေးကြောအချိုးချ စစ်ဆေးခြင်း (ABI) သည် ခြေမျက်စိ၌စစ်ဆေးသောသွေးပေါင်ချိန်နှင့် လက်မောင်း၌စစ်ဆေးသောသွေးပေါင်ချိန်တို့အား နှိုင်းယှဉ်သည့် စစ်ဆေးမှုဖြစ်ပါသည်။








