ကင်ဆာရှိမရှိ စမ်းသပ်စစ်ဆေးခြင်း
အဆုတ်ကင်ဆာရောဂါသည် ကမ္ဘာပေါ်တွင် ဒုတိယမြောက် အသေများဆုံးရောဂါတခုဖြစ်သလို ထိုင်းနိုင်ငံ၏ အသေများဆုံးရောဂါတခုလည်းဖြစ်သည်။ အဆုတ်ကင်ဆာအများစုသည် ရောဂါနောက်ဆုံးအဆင့်တွင် ရောဂါရှာတွေ့ပါက ကုသမှုပိုမိုရှုပ်ထွေးပြီး အသက်ရှင်မှုနှုန်းမှာ သိသိသာသာလျော့ကျသွားသည်။ အရင်ကာလတုန်းက အဆုတ်ကင်ဆာရှိ မရှိ စမ်းသပ်စစ်ဆေးခြင်းကို အဆုတ်ဓါတ်မှန် (Xray) နှင့် သလိပ်စစ်ဆေးခြင်း (sputum cytology) ဖြင့် ရှာဖွေသည်။ သို့သော် ထိုကဲ့သို့ ရောဂါရှာဖွေခြင်းနည်းလမ်းများသည် သေးငယ်သော ကင်ဆာအကျိတ်များကို ရှာမတွေ့နိုင်သောကြောင့် အဆုတ်ကင်ဆာလူနာများကို စောစီးစွာ ရောဂါသိရှိနိုင်ခြင်းမရှိပါ။
၂၀၁၁ ခုနှစ် အမေရိကန်တွင် ပြုလုပ်သော National Lung Screening Trial (NLST) တနိုင်ငံလုံး အဆုတ်ရောဂါရှိ မရှိလက်တွေ့စမ်းသပ်မှုတွင် အဆုတ်ကင်ဆာဖြစ်ပွားနိုင်ချေရှိသူများတွင် ဆေးသွင်း၍ အဆုတ်ကွန်ပျူတာဓါတ်မှန်ရိုက်ခြင်းသည် အဆုတ်ဓါတ်မှန် ( X-ray) ရိုက်ခြင်းနှင့် ယှဉ်လျှင် ထိရောက်သော ရောဂါရှာဖွေခြင်းနည်းလမ်းတခုဖြစ်သည်ဟု ဖော်ပြခဲ့သည်။ ထိုကဲ့သို့ တနှစ်တခါရောဂါစစ်ဆေးခြင်းဖြင့် ကင်ဆာရောဂါသေဆုံးမှုနှုန်း ၂၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်သည်။ ထိုကြောင့် လက်ရှိတွင် အမျိုးသားအဆင့် ကင်ဆာကွန်ရက် National Comprehensive Cancer Network (NCCN), အမေရိကန် ဆေးဝါးကုသမှုကင်ဆာအသင်း American Society of Clinical Oncology (ASCO) and အမေရိကန်ရင်ခေါင်းသမားတော်ကောလိပ် American College of Chest Physicians (ACCP) ကဲ့သိုသော အသင်းများသည် ကင်ဆာဖြစ်နိုင်ချေများသောသူများကို ဆေးသွင်း၍ အဆုတ်ကွန်ပျူတာဓါတ်မှန်ရိုက်ခြင်းဖြင့် အဆုတ်ကင်ဆာ ရောဂါရှိ မရှိ စမ်းသပ်စစ်ဆေး

ရှာဖွေရန် အကြံပြုထားသည်။
ရောဂါဖြစ်ပွားနိုင်ချေများသော အုပ်စုတွင် ပါဝင်သူများမှာ
1. အသက် ၅၅ နှစ်နှင့် အထက်
2. လက်ရှိဆေးလိပ်သောက်သုံးနေသောသူ (သို့ )ဆေးလိပ်ဖြတ်ထားသူ
ဆေးလိပ်ကို 30 pack years နှင့် အထက်သောက်သုံးသူဖြစ်လျှင် အဆုတ်ကင်ဆာစစ်ဆေးမှု ပြုလုပ်ရန် လိုအပ်သည်
Pack years တွက်ချက်ရန် တနေ့တွင် မိမိသောက်သော ဆေးလိပ်အရေအတွက်ကို ၂၀ နှင့် စား၊ ရသောအဖြေကို မိမိသောက်ခဲ့သော နှစ်အရေအတွက်နှင့်မြှောက်ရန်ဖြစ်သည်
-
- တနေ့ကို ဆေးလိပ် (၂)ဗူးသောက်သုံးသူသည် (၁၅) နှစ် ကြာလျှင်
- တနေ့ကို ဆေးလိပ် (၁)ဗူးသောက်သုံးသူသည် (၃၀) နှစ် ကြာလျှင်
- တနေ့ကို ဆေးလိပ် (၁)ဗူးခွဲသောက်သုံးသူသည် (၂၀) နှစ် ကြာလျှင်
3. အရင်က ဆေးလိပ်သောက်သုံးသူသည် ဆေးလိပ်ဖြတ်ထားပြီး (၁၅) နှစ်အတွင်းဖြစ်လျှင်
တခြားအဆုတ်ကင်ဆာဖြစ်နိုင်များသောသူများမှာ
- အသက်၊
- လိင်၊
- လူမျိုးစု၊ အရပ်အမြင့်၊
- ကိုယ်အလေ
- အချိန်၊ ပညာအရည်အချင်း၊
- မိသားစုဝင်တွင် အဆုတ
- ကင်ဆာရောဂါဖြစ်ဖူးသူ၊
- မိသားစုဝင်တွင် နာတာရှည် အဆုတ်လေပြွန်ရောင်ရောဂါဖြစ်ဖူးသူ နှင့် အခြာ ကင်ဆာရောဂါတမျိုးမျိုးရှိသူတို့ ဖြစ်သည်။







