Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Doctor not found
Doctor not found
Doctor not found
Doctor not found
Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    အဆုတ်ကင်ဆာ

    4 ဖတ်ပြီး မိနစ်(များ)
    သတင်းရင်းမြစ်
    Bangkok Cancer Hospital
    အပ်ဒိတ်လုပ်သောနေ့: 26 ဇန် 2026
    အကြံပြု ပက်ကေ့ဂျ်များ
    Package Image
    Tripled benefits offered for “Breast Cancer Screening”
    အဆုတ်ကင်ဆာ
    Bangkok Cancer Hospital
    အပ်ဒိတ်လုပ်သောနေ့: 26 ဇန် 2026
    Table of contents
    • ကင်ဆာရှိမရှိ စမ်းသပ်စစ်ဆေးခြင်း
    • အန္တရာယ်ရှိသည့်အုပ်စု
    • ရောဂါဖြစ်စေနိုင်သော အန္တရာယ်အချက်များ
    • စောစီးစွာ ရောဂါသိရှိခြင်း

    ကင်ဆာရှိမရှိ စမ်းသပ်စစ်ဆေးခြင်း

    အဆုတ်ကင်ဆာရောဂါသည် ကမ္ဘာပေါ်တွင် ဒုတိယမြောက် အသေများဆုံးရောဂါတခုဖြစ်သလို ထိုင်းနိုင်ငံ၏ အသေများဆုံးရောဂါတခုလည်းဖြစ်သည်။ အဆုတ်ကင်ဆာအများစုသည် ရောဂါနောက်ဆုံးအဆင့်တွင် ရောဂါရှာတွေ့ပါက ကုသမှုပိုမိုရှုပ်ထွေးပြီး အသက်ရှင်မှုနှုန်းမှာ သိသိသာသာလျော့ကျသွားသည်။ အရင်ကာလတုန်းက အဆုတ်ကင်ဆာရှိ မရှိ စမ်းသပ်စစ်ဆေးခြင်းကို အဆုတ်ဓါတ်မှန် (Xray) နှင့် သလိပ်စစ်ဆေးခြင်း (sputum cytology) ဖြင့် ရှာဖွေသည်။ သို့သော် ထိုကဲ့သို့ ရောဂါရှာဖွေခြင်းနည်းလမ်းများသည် သေးငယ်သော ကင်ဆာအကျိတ်များကို ရှာမတွေ့နိုင်သောကြောင့် အဆုတ်ကင်ဆာလူနာများကို စောစီးစွာ ရောဂါသိရှိနိုင်ခြင်းမရှိပါ။

    ၂၀၁၁ ခုနှစ် အမေရိကန်တွင် ပြုလုပ်သော National Lung Screening Trial (NLST) တနိုင်ငံလုံး အဆုတ်ရောဂါရှိ မရှိလက်တွေ့စမ်းသပ်မှုတွင် အဆုတ်ကင်ဆာဖြစ်ပွားနိုင်ချေရှိသူများတွင် ဆေးသွင်း၍ အဆုတ်ကွန်ပျူတာဓါတ်မှန်ရိုက်ခြင်းသည် အဆုတ်ဓါတ်မှန် ( X-ray) ရိုက်ခြင်းနှင့် ယှဉ်လျှင် ထိရောက်သော ရောဂါရှာဖွေခြင်းနည်းလမ်းတခုဖြစ်သည်ဟု ဖော်ပြခဲ့သည်။ ထိုကဲ့သို့ တနှစ်တခါရောဂါစစ်ဆေးခြင်းဖြင့် ကင်ဆာရောဂါသေဆုံးမှုနှုန်း ၂၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်သည်။ ထိုကြောင့် လက်ရှိတွင် အမျိုးသားအဆင့် ကင်ဆာကွန်ရက် National Comprehensive Cancer Network (NCCN), အမေရိကန် ဆေးဝါးကုသမှုကင်ဆာအသင်း American Society of Clinical Oncology (ASCO) and အမေရိကန်ရင်ခေါင်းသမားတော်ကောလိပ် American College of Chest Physicians (ACCP) ကဲ့သိုသော အသင်းများသည် ကင်ဆာဖြစ်နိုင်ချေများသောသူများကို ဆေးသွင်း၍ အဆုတ်ကွန်ပျူတာဓါတ်မှန်ရိုက်ခြင်းဖြင့် အဆုတ်ကင်ဆာ ရောဂါရှိ မရှိ စမ်းသပ်စစ်ဆေး

    ရှာဖွေရန် အကြံပြုထားသည်။
    ရောဂါဖြစ်ပွားနိုင်ချေများသော အုပ်စုတွင် ပါဝင်သူများမှာ

    1. အသက် ၅၅ နှစ်နှင့် အထက်
    2. လက်ရှိဆေးလိပ်သောက်သုံးနေသောသူ (သို့ )ဆေးလိပ်ဖြတ်ထားသူ
    ဆေးလိပ်ကို 30 pack years နှင့် အထက်သောက်သုံးသူဖြစ်လျှင် အဆုတ်ကင်ဆာစစ်ဆေးမှု ပြုလုပ်ရန် လိုအပ်သည်
    Pack years တွက်ချက်ရန် တနေ့တွင် မိမိသောက်သော ဆေးလိပ်အရေအတွက်ကို ၂၀ နှင့် စား၊ ရသောအဖြေကို မိမိသောက်ခဲ့သော နှစ်အရေအတွက်နှင့်မြှောက်ရန်ဖြစ်သည်

      • တနေ့ကို ဆေးလိပ် (၂)ဗူးသောက်သုံးသူသည် (၁၅) နှစ် ကြာလျှင်
      • တနေ့ကို ဆေးလိပ် (၁)ဗူးသောက်သုံးသူသည် (၃၀) နှစ် ကြာလျှင်
      • တနေ့ကို ဆေးလိပ် (၁)ဗူးခွဲသောက်သုံးသူသည် (၂၀) နှစ် ကြာလျှင်

    3. အရင်က ဆေးလိပ်သောက်သုံးသူသည် ဆေးလိပ်ဖြတ်ထားပြီး (၁၅) နှစ်အတွင်းဖြစ်လျှင်

    တခြားအဆုတ်ကင်ဆာဖြစ်နိုင်များသောသူများမှာ

    • အသက်၊
    • လိင်၊
    • လူမျိုးစု၊ အရပ်အမြင့်၊
    • ကိုယ်အလေ
    • အချိန်၊ ပညာအရည်အချင်း၊
    • မိသားစုဝင်တွင် အဆုတ
    • ကင်ဆာရောဂါဖြစ်ဖူးသူ၊
    • မိသားစုဝင်တွင် နာတာရှည် အဆုတ်လေပြွန်ရောင်ရောဂါဖြစ်ဖူးသူ နှင့် အခြာ ကင်ဆာရောဂါတမျိုးမျိုးရှိသူတို့ ဖြစ်သည်။

    ရောဂါဖြစ်စေနိုင်သော အန္တရာယ်ရှိသည့်အုပ်စု

    အလယ်အလတ် အန္တရာယ်ရှိသောသူများမှာ လက်ရှိ‌ဆေးလိပ်သောက်သုံးနေသူများ (သို့) 20 pack years – တနေ့ကို ဆေးလိပ် (၁) ဗူး အနှစ် (၂၀) ဆေးလိပ်သောက်သုံးမှု ရှိခဲ့ဖူးသူများ၊ ဆေးလိပ်အငွေ့ ရှုရှိုက်နေရသူများနှင့် လေထုညစ်ညမ်းသော ပတ်ဝန်းကျင်တွင်နေရသော သူများတို့ ဖြစ်သည်။

    ရောဂါဖြစ်စေနိုင်သော အန္တရာယ်အချက်များ

    အမွှေးတိုင်

    တရုတ်ပြည်တွင် ပြုလုပ်ထားသော သုတသေနတွေ့ရှိချက်အရ အမွှေးတိုင်အငွေ့များ အချိန်ကြာမြင့်စွာ ရှုရှိုက်ရသူများသည် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများနှင့် အဆုတ်ကင်ဆာရောဂါဖြစ်နိုင်ကြောင်း တွေ့ရှိရသည်။ ထိုကြောင့် အဆုတ်ကင်ဆာရောဂါရှိနိုင်သူများ (မိသားစုမျိုးရိုးတွင် အဆုတ်ကင်ဆာဖြစ်ဖူးသူ၊ နာတာရှည်အဆုတ်လေပြွန်‌ရောင်ရောဂါရှိသူနှင့် ရင်ကြပ်ရောဂါရှိသူ)သည် အမွှေးတိုင်အငွေ့အား ရှောင်ရှားသင့်သည်။

    သေးငယ်သော အမှုန်အမွှားများ (PM2.5)

    သေးငယ်သော အမှုန်အမွှားများဆိုသည်မှာ လေထုထဲတွင် ၂.၅ မိုက်ခရွမ်နှင့် အောက် သေးငယ်သော အမှုန်အမွှားများကို ဆိုလိုသည်။ ထိုသေးငယ်သော အမှုန်အမွှားများသည် အထူးသဖြင့် ကားအိမ့်ဇောမှ ထွက်ရှိသည်။ ထို့အပြင် ထင်း၊ မီးဖိုလောင်စာဆီ၊ ကျောက်မီးသွေးနှင့် ဆောက်လုပ်ရေး ကဲ့သို့သော လောင်စာများမှ မီးခိုးငွေ့များ ထုတ်လုပ်သည့် လုပ်ငန်းများ ပါဝင်သည်။ Air Quality Index (AQI) သည် လေထုအရည်အသွေးကို အစီရင်ခံရန် အညွှန်းကိန်းတစ်ခုဖြစ်သည်။

    AQI သည် PM2.5 ကဲ့သို့သော သေးငယ်သော အမှုန်အမွှားများအပါအဝင် လေထုညစ်ညမ်းမှုကို တိုင်းတာသည်။ PM2.5 အရွယ်အစားရှိ အမှုန်အမွှားများသည် အသက်ရှူလမ်းကြောင်းမှတဆင့် အဆုတ်သို့ ရောက်ရှိနိုင်သည်။ ထိုအမှုန်အမွှားများကို ထိတွေ့မိပါက ရေတိုကျန်းမာရေးအကျိုးသက်ရောက်မှုအဖြစ် မျက်လုံး၊ နှာခေါင်း၊ လည်ချောင်းနဲ့ အဆုတ်ယားယံခြင်းများ ဖြစ်ပေါ်စေနိုင်ပါတယ်။ အခြားဆိုးကျိုးများမှာ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ နှာရည်ယိုခြင်းနှင့် အသက်ရှုမဝခြင်းတို့ဖြစ်သည်။

    အမှုန်အမွှားများနှင့် ထိတွေ့ခြင်းသည် အဆုတ်၏လုပ်ဆောင်ချက်ကို ထိခိုက်စေပြီး ပန်းနာရင်ကျပ်နှင့် နှလုံးရောဂါများကဲ့သို့သော ကျန်းမာရေးအခြေအနေများကို ဆိုးရွားစေသည်။ ထို့အပြင် လေထုထဲတွင် PM2.5 အဆင့်တိုးလာသည်နှင့်အမျှ အဆုတ်ကင်ဆာဖြစ်ပွားနိုင်ခြေ တိုးလာပါသည်။ ပြင်ပတွင် PM2.5 အဆင့် မြင့်လာသောအခါ အပြင်ထွက်ခြင်းကို ရှောင်ရှားခြင်း၊ လေသန့်စင်စက်ကို အသုံးပြုပြီး မျက်နှာဖုံးကို ဝတ်ဆင်ခြင်းသည် အကောင်းဆုံးဖြစ်သည်။

    အီလက်ထရွန်နစ်စီးကရက်

    အီလက်ထရွန်နစ်စီးကရက်သည် အသုံးပြုသူရှူရှိုက်ရန်အတွက် နီကိုတင်း သို့မဟုတ် နီကိုတင်းမဟုတ်သော ပစ္စည်းများကို အငွေ့အဖြစ်ထုတ်လွှတ်၍ ဘက်ထရီဖြင့် လည်ပတ်သည့် ကိရိယာတစ်ခုဖြစ်သည်။ မီးခိုးမပါသည့် ရိုးရိုးဆေးလိပ်နဲ့ ဆင်တူပါတယ်။ အီလက်ထရွန်နစ်စီးကရက်
    သည် ရိုးရိုးစီးကရက်များတွင်ပါဝင်သော စိန်ဓါတ်၊ ခဲနှင့် အခြားအန္တရာယ်ရှိသော အရာများနှင့် ထိတွေ့မှုကို လျော့နည်းစေသော်လည်း လုံးဝဘေးကင်းသည်ဟု မဆိုနိုင်ပေ။

    အီလက်ထရွန်းနစ်စီးကရက်များကို အန္တရာယ်ဖြစ်စေနိုင်သည် သို့မဟုတ် ဘေးကင်းသည်ဟု မသတ်မှတ်မှီ နောက်ထပ်သုတေသနများစွာပြုလုပ်ရန် လိုအပ်ပါသည်။ အီလက်ထရွန်းနစ်စီးကရက်နှင့်ပတ်သက်သော အချက်အလက်များသည် ပြီးပြည့်စုံခြင်းမရှိသေးကြောင်း သုံးစွဲသူများ သတိပြုသင့်သည်။ နောက်ထပ် သုတေသနပြုချက်များသည် အီလက်ထရွန်နစ်စီးကရက်သောက်ခြင်း၏ ရေရှည်ကျန်းမာရေးဆိုင်ရာ အကျိုးသက်ရောက်မှုများကို နားလည်ရန် ကူညီပေးပါလိမ့်မည်။
    စောစီးစွာ ရောဂါသိရှိခြင်း

    စောစီးစွာ ရောဂါသိရှိခြင်း

    အမေရိကန်ကင်ဆာအသင်းသည် လက်ရှိဆေးလိပ်သောက်သုံးနေသူများ (သို့) တနေ့ကို ဆေးလိပ် (၁)ဗူး အနှစ် (၃၀)အထက် သောက်သုံးခဲ့သူများ (သို့) အရင်က ဆေးလိပ်သောက်သုံးသူသည် ဆေးလိပ်ဖြတ်ထားပြီး (၁၅) နှစ်အတွင်းဖြစ်လျှင်၊ အသက် ၅၅ နှစ်နှင့် အထက်ဖြစ်လျှင် တနှစ်တခါ ဆေးသွင်းပြီး အဆုတ်ကွန်ပျူတာဓါတ်မှန်ရိုက်ခြင်းဖြင့် အဆုတ်ကင်ဆာရောဂါရှိ မရှိကို စမ်းသပ်စစ်ဆေးရန် အကြုံပြုထားသည်။ ရောဂါအား စောစီးစွာသိရှိခြင်းဖြင့် အဆုတ်ကင်ဆာလူနာများတွင် သင့်တော်သောကုထုံးများစွာကို ရွေးချယ်ကုသနိုင်သလို အသက်ရှည်စွာနေထိုင်နိုင်ရန်နှင့် ပုံမှန်လူနေမှုဘဝအရည်အသွေးများစွာ ရရှိပေမည်။

    ကင်ဆာရောဂါရှိ မရှိစမ်းသပ်စစ်ဆေးခြင်းနှင့် ရောဂါကြိုတင်ရှာဖွေခြင်း အစီအစဉ် လင့်တွင်ကြည့်ရှုရန်

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    ပက်ကေ့ဂျ်များနှင့် ပရိုမိုးရှင်းများ

    Tripled benefits offered for “Breast Cancer Screening”Tripled benefits offered for “Breast Cancer Screening”
    Tripled benefits offered for “Breast Cancer Screening”

    4,000 - 56,000 ဘတ်

    အသေးစိတ်
    ပက်ကေ့ဂျ်များ ပိုမိုကြည့်ရှုမည်

    Cancer Type

    အားလုံးကြည့်မည်

    Cancer Type

    အမျိုးသမီး မျိုးဆက်ပွားအင်္ဂါစနစ် Image
    အမျိုးသမီး မျိုးဆက်ပွားအင်္ဂါစနစ်
    သွေးကင်ဆာ Image
    သွေးကင်ဆာ
    သည်းခြေပြွန် ကင်ဆာ  Image
    သည်းခြေပြွန် ကင်ဆာ
    အားလုံးကြည့်မည်