ရောဂါဖြစ်စေနိုင်သော အန္တရာယ်အချက်များ
ပြင်းထန်သောသွေးကင်ဆာသည် ရိုးတွင်းခြင်ဆီ(သွေးဆဲလ်အသစ်များ ဖြစ်ပေါ်စေသော အရိုး၏ ပျော့ပျောင်း သော အတွင်းအစိတ်အပိုင်း) ရှိ lymphocytes ဟုခေါ်သော သွေးဖြူဥများမှစတင်သည့် ကင်ဆာရောဂါ ဖြစ်ပါသည်။ သွေးကင်ဆာဆဲလ်များသည် များသောအားဖြင့် သွေးထဲသို့လျင်မြန်စွာ ပျံ့နှံ့ရောက်ရှိတတ်ပါသည်။ ထို့နောက်၎င်းတို့သည် ပြန်ရည်ကျိတ်၊ အသည်း၊ သရက်ရွက်၊ ဗဟိုအာရုံကြောစနစ် (ဦးနှောက်နှင့် ကျောရိုး) နှင့် လိင်အဂ်ါများအပါအဝင် ခန္ဓာကိုယ်၏အခြားအစိတ်အပိုင်းများဆီသို့ ပျံ့နှံ့သွားနိုင်ပါသည်။
ပြင်းထန်သောသွေးကင်ဆာရောဂါကို အမျိုးအစားနှစ်မျိုးခွဲခြားနိုင်ပါသည်။
- Acute myeloid leukemia(AML) သည် myeloid အမျိုးအစားဆဲလ်များမူမမှန်မှုများကြောင့် ဖြစ်ပွားသော ကင်ဆာရောဂါဖြစ်ပါသည်။ ၎င်းသည် lymphoblastic သွေးကင်ဆာထက်ပို၍အဖြစ်များပြီး အသက်အရွယ်မရွေး ရောဂါတွေ့ရှိနိုင်ပါသည်။ သို့သော် လူကြီးပိုင်းအရွယ်များတွင် အဖြစ်အများဆုံးဖြစ်ပါသည်။
- Acute lymphoblastic leukemia(ALL) သည် lymphoid အမျိုးအစားဆဲလ်များမူမမှန်မှုများကြောင့် ဖြစ်ပွားသော ကင်ဆာရောဂါဖြစ်ပါသည်။ ငယ်ရွယ်သူများတွင်သာမကလူကြီးပိုင်း လူနာများတွင်လည်း တွေ့ရတတ်ပါသည်။ lymphadenopathy ကြောင့်ဖြစ်နိုင်ပြီး ကုသမှုများကို ကောင်းစွာတုံ့ပြန်နိုင်ပါသည်။
ပြင်းထန်သောသွေးကင်ဆာရောဂါစတင်ဖြစ်ပွားပြီးနောက် ရက်သတ္တပတ်အတွင်း ရုတ်တရက်ပြင်းထန်လာနိုင်ပြီး ၎င်းသည် သွေးဖြူဥများတိုးပွားလာခြင်းနှင့် တိုက်ရိုက်သက်ရောက်မှုရှိပါသည်။ လူနာများသည် ချက်ခင်းအားနည်းသွားနိုင်သောကြောင့် ဆေးဝါးကုသမှုကိုအမြန်ဆုံးခံယူသင့်ပါသည်။



