အချက်များ
ပန်ကရိယ (သရက်ရွက် သို့မဟုတ် မုန့်ချိုအိတ်) သည် သစ်တော်သီးပုံသဏ္ဍာန်ရှိပြီး ခန့်မှန်းခြေအားဖြင့် အရှည် ၆ လက်မခန့်ရှိပြီး အစာအိမ်နှင့် ကျောရိုးကြား ဝမ်းဗိုက်အတွင်း နက်ရှိုင်းသည့် နေရာတွင် ရှိပါသည်။ ပန်ကရိယကို ဦးခေါင်းပိုင်း၊ ခန္ဓာကိုယ်ပိုင်း နှင့် အမြီးပိုင်း ဟူ၍ အစိတ်အပိုင်း ၃ ခုဖြင့် ဖွဲ့စည်းထားသည်။ ၎င်းသည် ခန္ဓာကိုယ်တွင်းရှိ သွေးသကြား(အချို)ဓာတ်ပမာဏကို ထိန်းညှိပေးသည့် အင်ဆူလင်အပါအဝင် ဟော်မုန်းထုတ်လုပ်မှုအတွက် လုပ်ဆောင်ပေးပြီး အစာချေဖျက်ရာမှာ ကူညီပေးတဲ့ အင်ဇိုင်းတွေကိုလည်း ကူညီထောက်ပံ့ပေးပါတယ်။ ပန်ကရိယ(သရက်ရွက် သို့မဟုတ် မုန့်ချိုအိတ်) ကင်ဆာသည် အသက် 60 မှ 80 အတွင်း လူတစ်ဦးချင်းစီတွင် အဖြစ်အများဆုံးဖြစ်ပြီး ၎င်းအဖြစ်များမှုသည် အမျိုးသားနှင့် အမျိုးသမီးများတွင် အနည်းနှင့်အများ တူညီပါသည်။ ပန်ကရိယ(သရက်ရွက် သို့မဟုတ် မုန့်ချိုအိတ်) ကင်ဆာ၏ အကြောင်းရင်းအတိအကျကို မသိရသေးပါ။ သို့သော် ဆေးလိပ်သောက်သူများတွင် ရောဂါဖြစ်နိုင်ချေ ၂–၃ ဆ ပိုများသည်။ အချို့သော အလုပ်အကိုင်များတွင် လူများသည် ကျောက်မီးသွေး၊ ဓာတ်ငွေ့၊ ပိုးသတ်ဆေးများ၊ စက်မှုပတ်ဝန်းကျင် နှင့် ထိတွေ့မှု လိုအပ်သော အလုပ်အကိုင်များတွင် အန္တရာယ်ပိုများပါသည်။ ပန်ကရိယကင်ဆာ၏ မိသားစုရာဇဝင်ရှိသူများတွင် ရောဂါဖြစ်နိုင်ချေ ၃ ဆ ပိုများပါသည်။



