ခြုံငုံသုံးသပ်ချက်

အူမကြီး ဆိုသည်မှာ အစာအကြွင်းအကျန်များကို အညစ်အကြေး အဖြစ်စွန့်ထုတ်နိုင်ရန် ပြောင်းလဲပေးသော ခန္ဓာကိုယ် အစိတ်အပိုင်းဖြစ်သည်။ စားသောက်လိုက်သော အစားအစာများသည် အူမကြီးဆီ ရောက်ရှိရန် ပျမ်းမျှ ၃နာရီ မှ ၈နာရီထိ ကြာမြင့်သည်။ ထိုအချိန်အပိုင်းအခြားအတွင်း ခန္ဓာကိုယ်သည် အစာများမှ အာဟာရဓာတ်ကိုစုပ်ယူ၍ ကျန်ရှိသော အကြွင်းအကျန်များကို အညစ်အကြေးများအဖြစ် စွန့်ထုတ်သည်။
အူမကြီးကင်ဆာသည် အမျိုးသားနှင့်အမျိုးသမီး နှစ်ဦးစလုံးတွင် တတိယမြောက်အဖြစ်အများဆုံး ကင်ဆာအမျိုးအစားဖြစ်သည်။ အနောက်တိုင်းနိုင်ငံများ အထူးသဖြင့် အမေရိကန်နိင်ငံတွင် နှစ်စဉ် ဖြစ်ပွားသောလူနာအရေအတွက် ၁၀၅၀၀၀ ခန့်ရှိသည်။ လူတစ်ယောက်တွင် အူမကြီးကင်ဆာ ဖြစ်ပေါ်နိုင်ချေနှုန်းသည် အသက်၅၀ နောက်ပိုင်းတွင် မြှင့်တက်လာသည်။အူမကြီးကင်ဆာဖြစ်ပွားမှုအများစုသည် adenomatous polyps ဟုခေါ်သော သေးငယ်ပြီး ကင်ဆာမဟုတ်သော (Benign) ဆဲလ်အစုအပုံများအဖြစ် စတင်ပြီး အချိန်ကြာလာသည်နှင့်အမျှ အဆိုပါ polyps(အသားပို) အချို့သည် အူမကြီးကင်ဆာဖြစ်လာသည်။ ထိုင်းနိုင်ငံတွင်လည်း အူမကြီးကင်ဆာဖြစ်ပေါ်မှုသည် အမျိုးသားနှင့်အမျိုးသမီးနှစ်ဉီးစလုံးတွင် မြင့်တက်လျှက်ရှိသည်။
ဖြစ်ပွားနိုင်ခြေမြင့်မားသောအုပ်စုတွင် ပါဝင်သောသူများသည် မိသားစုအတွင်းအူမကြီးကင်ဆာဖြစ်ဖူးသူ၊ အူမကြီးဧရိယာအတွင်း အသားပိုများ၊ မွေးရာပါအခြေအနေများ၊ အူမကြီးရောင်ရမ်းခြင်းနှင့် Crohn’s ရောဂါ ရှိသူတို့ဖြစ်ကြသည်။ဤအချက်များရှိနေသူများသည် ကင်ဆာရောဂါကို စောစီးစွာသိရှိနိုင်စေရန် ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုများခံယူသင့်ပါသည်။
ဖခင်၊ မိခင်နှင့် မွေးချင်းများတစ်ဦးဦးတွင် အူမကြီးကင်ဆာရောပါဖြစ်ဖူးသော မိသားစုရာဇဝင်ရှိသူများသည် သာမန်လူထက် သုံးပုံနှစ်ပုံ အူမကြီးကင်ဆာဖြစ်နိုင်ခြေ ပိုများပါသည်။ သို့ရာတွင် အူမကြီးကင်ဆာရောဂါရှာဖွေတွေ့ရှိသော လူနာများ၏ 80ရာခိုင်နှုန်းသည်လည်း အန္တရာယ်ဖြစ်စေသော လက္ခဏာများမပြသကြောင်းတွေ့ရှိရပါသည်။
လူနေမှုပုံစံအလေ့အထများသည် အူမကြီးကင်ဆာဖြစ်ရသည့် အဓိက အထောက်အကူတစ်ခုဖြစ်နိုင်တယ်လို့ သုတေသနတွေက ဖော်ပြပါတယ်။ ၎င်းတို့တွင် အသီးအနှံနှင့် ဟင်းသီးဟင်းရွက် လုံးဝ သို့မဟုတ် အနည်းငယ်မျှသာပါဝင်ပြီး အဆီများသော အသားများနှင့် အနီရောင် အသားများ များစွာစားသုံးမှု ပါဝင်ပါသည်။ အခြားအကြောင်းအရင်းများတွင် ကစီဓာတ်နှင့်အဆီဓာတ်ပါဝင်မှုများသောအစာများ စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း နှင့် အဝလွန်ခြင်းတို့ ပါဝင်သည်။ ဆေးလိပ်သောက်ခြင်းနှင့် အရက်သောက်ခြင်းသည်လည်း အူမကြီးကင်ဆာကို ဖြစ်စေနိုင်သည်။



