Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Doctor not found
Doctor not found
Doctor not found
Doctor not found
Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    အူမကြီးကင်ဆာ

    5 ဖတ်ပြီး မိနစ်(များ)
    သတင်းရင်းမြစ်
    Bangkok Cancer Hospital
    အပ်ဒိတ်လုပ်သောနေ့: 26 ဇန် 2026
    အူမကြီးကင်ဆာ
    Bangkok Cancer Hospital
    အပ်ဒိတ်လုပ်သောနေ့: 26 ဇန် 2026
    Table of contents
    • ခြုံငုံသုံးသပ်ချက်
    • ရောဂါအဆင့်များ
    • ရောဂါလက္ခဏာများ
    • ရောဂါအမည်
    • ခွဲစိတ်ကုသမှု
    • စာရေးသူ

    ခြုံငုံသုံးသပ်ချက်

    အူမကြီး ဆိုသည်မှာ အစာအကြွင်းအကျန်များကို အညစ်အကြေး အဖြစ်စွန့်ထုတ်နိုင်ရန် ပြောင်းလဲပေးသော ခန္ဓာကိုယ် အစိတ်အပိုင်းဖြစ်သည်။ စားသောက်လိုက်သော အစားအစာများသည် အူမကြီးဆီ ရောက်ရှိရန် ပျမ်းမျှ ၃နာရီ မှ ၈နာရီထိ ကြာမြင့်သည်။ ထိုအချိန်အပိုင်းအခြားအတွင်း ခန္ဓာကိုယ်သည် အစာများမှ အာဟာရဓာတ်ကိုစုပ်ယူ၍ ကျန်ရှိသော အကြွင်းအကျန်များကို အညစ်အကြေးများအဖြစ် စွန့်ထုတ်သည်။

    အူမကြီးကင်ဆာသည် အမျိုးသားနှင့်အမျိုးသမီး နှစ်ဦးစလုံးတွင် တတိယမြောက်အဖြစ်အများဆုံး ကင်ဆာအမျိုးအစားဖြစ်သည်။ အနောက်တိုင်းနိုင်ငံများ အထူးသဖြင့် အမေရိကန်နိင်ငံတွင် နှစ်စဉ် ဖြစ်ပွားသောလူနာအရေအတွက် ၁၀၅၀၀၀ ခန့်ရှိသည်။ လူတစ်ယောက်တွင် အူမကြီးကင်ဆာ ဖြစ်ပေါ်နိုင်ချေနှုန်းသည် အသက်၅၀ နောက်ပိုင်းတွင် မြှင့်တက်လာသည်။အူမကြီးကင်ဆာဖြစ်ပွားမှုအများစုသည် adenomatous polyps ဟုခေါ်သော သေးငယ်ပြီး ကင်ဆာမဟုတ်သော (Benign) ဆဲလ်အစုအပုံများအဖြစ် စတင်ပြီး အချိန်ကြာလာသည်နှင့်အမျှ အဆိုပါ polyps(အသားပို) အချို့သည် အူမကြီးကင်ဆာဖြစ်လာသည်။ ထိုင်းနိုင်ငံတွင်လည်း အူမကြီးကင်ဆာဖြစ်ပေါ်မှုသည် အမျိုးသားနှင့်အမျိုးသမီးနှစ်ဉီးစလုံးတွင် မြင့်တက်လျှက်ရှိသည်။

    ဖြစ်ပွားနိုင်ခြေမြင့်မားသောအုပ်စုတွင် ပါဝင်သောသူများသည် မိသားစုအတွင်းအူမကြီးကင်ဆာဖြစ်ဖူးသူ၊ အူမကြီးဧရိယာအတွင်း အသားပိုများ၊ မွေးရာပါအခြေအနေများ၊ အူမကြီးရောင်ရမ်းခြင်းနှင့် Crohn’s ရောဂါ ရှိသူတို့ဖြစ်ကြသည်။ဤအချက်များရှိနေသူများသည် ကင်ဆာရောဂါကို စောစီးစွာသိရှိနိုင်စေရန် ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုများခံယူသင့်ပါသည်။

    ဖခင်၊ မိခင်နှင့် မွေးချင်းများတစ်ဦးဦးတွင် အူမကြီးကင်ဆာရောပါဖြစ်ဖူးသော မိသားစုရာဇဝင်ရှိသူများသည် သာမန်လူထက် သုံးပုံနှစ်ပုံ အူမကြီးကင်ဆာဖြစ်နိုင်ခြေ ပိုများပါသည်။ သို့ရာတွင် အူမကြီးကင်ဆာရောဂါရှာဖွေတွေ့ရှိသော လူနာများ၏ 80ရာခိုင်နှုန်းသည်လည်း အန္တရာယ်ဖြစ်စေသော လက္ခဏာများမပြသကြောင်းတွေ့ရှိရပါသည်။

    လူနေမှုပုံစံအလေ့အထများသည် အူမကြီးကင်ဆာဖြစ်ရသည့် အဓိက အထောက်အကူတစ်ခုဖြစ်နိုင်တယ်လို့ သုတေသနတွေက ဖော်ပြပါတယ်။ ၎င်းတို့တွင် အသီးအနှံနှင့် ဟင်းသီးဟင်းရွက် လုံးဝ သို့မဟုတ် အနည်းငယ်မျှသာပါဝင်ပြီး အဆီများသော အသားများနှင့် အနီရောင် အသားများ များစွာစားသုံးမှု ပါဝင်ပါသည်။ အခြားအကြောင်းအရင်းများတွင် ကစီဓာတ်နှင့်အဆီဓာတ်ပါဝင်မှုများသောအစာများ စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း နှင့် အဝလွန်ခြင်းတို့ ပါဝင်သည်။ ဆေးလိပ်သောက်ခြင်းနှင့် အရက်သောက်ခြင်းသည်လည်း အူမကြီးကင်ဆာကို ဖြစ်စေနိုင်သည်။

    ရောဂါအဆင့်များ

    • အဆင့် (၀) (pre-cancer) – အူမကြီး၏ အပြင်ဘက်နံရံတွင် ကင်ဆာကို တွေ့ရှိရသည်။
    • အဆင့် (၁) – အူမကြီးနံရံ၏ ဒုတိယနှင့် တတိယအလွှာတွင် ကင်ဆာကို တွေ့ရှိရသည်။ သို့သော်လည်း အပြင်ဘက်နံရံတွင် မတွေ့ရပါ။ ဤအဆင့်အား Duke’s A ဟုလည်းရည်ညွှန်းပါသည်။
    • အဆင့် (၂) – ကင်ဆာသည် အူမကြီးနံရံတစ်ခုလုံးသို့ ပျံ့နှံ့သွားသော်လည်း ပြန်ရည်အကျိတ်(lymph node)များဆီသို့ မပျံ့သေးပါ။ ဤအဆင့်အား Duke’s B ဟုလည်းရည်ညွှန်းပါသည်။
    • အဆင့် (၃) – ကင်ဆာသည် အူမကြီးနံရံနှင့် ပြန်ရည်အကျိတ်(lymph node) များဆီသို့ ပျံ့နှံ့သွားသော်လည်း အခြားအင်္ဂါများသို့ မပျံ့နှံ့သေးပါ။ ဤအဆင့်အား Duke’s C ဟုလည်းရည်ညွှန်းပါသည်။
    • အဆင့် (၄) – ကင်ဆာသည် အသည်းနှင့် အဆုတ်ကဲ့သို့သော အခြားအင်္ဂါများသို့ ပျံ့နှံ့သွားသည်။ ဤအဆင့်အား Duke’s D ဟုလည်းရည်ညွှန်းပါသည်။

    ရောဂါလက္ခဏာများ

    စအိုမှတဆင့် သွေးဆင်းခြင်း၊ ဝမ်းအတွင်း သွေးပါခြင်း၊ မစင်များ (ပုံသဏ္ဍာန်နှင့် အရွယ်အစား) ပြောင်းလဲခြင်းနှင့်  ဗိုက်နာခြင်း(အစာအိမ်နာခြင်း)တို့ ပါဝင်နိုင်သည်။ သို့သော်လည်း ဤလက္ခဏာများသည် အစောပိုင်းအဆင့်တွင် သိသာထင်ရှားခြင်းမရှိပေ။

    အူမကြီးကင်ဆာ၏ လက္ခဏာများမှာ– ဝမ်းသွားသည့်အခါ သွေးပါခြင်း၊ အကြောင်းရင်းမရှိဘဲ ဝမ်းချုပ်ခြင်း၊ မစင်အရွယ်အစားနှင့် ပုံသဏ္ဍာန်ပြောင်းလဲလာခြင်း၊ ဝမ်းသွားသည့်အခါ နာကျင်ခြင်း၊ ဆက်တိုက်ဝမ်းဗိုက်မအီမသာဖြစ်ခြင်း၊ အားနည်းခြင်း သို့မဟုတ် ပင်ပန်းနွမ်းနယ်ခြင်းနှင့် မရှင်းပြနိုင်သော ကိုယ်အလေးချိန်ကျခြင်းတို့ ဖြစ်သည်။

    ရောဂါအမည်

    လူနာများသည် ကင်ဆာအဆင့်နှင့် ပြန့်ပွားမှုကို ဆုံးဖြတ်ရန် စမ်းသပ်စစ်ဆေးမှုများကို ပြုလုပ်ရမည်ဖြစ်သည်။ ၎င်းတို့တွင် အူမကြီးမှန်ပြောင်းကြည့်ရှုခြင်း၊ စအိုမှ ဘေရီယမ် ထည့်၍ ဓာတ်မှန်ရိုက်ခြင်း(double contrast barium enema)၊ သွေးဖောက်၍ အူမကြီးကင်ဆာဇီဝအမှတ်အသားတိုင်းတာခြင်း၊ ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း၊ ဝမ်းဗိုက်အား ကွန်ပြူတာဓာတ်မှန် (CT scan)ရိုက်ခြင်းတို့အားပြုလုပ်နိုင်သည်။ ကင်ဆာပြန့်ပွားမှုကို ဆုံးဖြတ်ရန် ကွန်ပြူတာဓာတ်မှန်များ(CT scan)၊ သံလိုက်ပုံရိပ်ဖော်ဓာတ်မှန်(MRI) နှင့် မှန်ပြောင်းဖြင့် အာထရာစရောင်းရိုက်ခြင်း(EUS) တို့ကို သုံးနိုင်သည်။

    ခွဲစိတ်ကုသမှု

    ခွဲစိတ်ကုသမှုသည် ကင်ဆာ၏တည်နေရာအပေါ် မူတည်ပါသည်။

    • ညာဘက်အူမကြီးတစ်ခြမ်းဖြတ်ထုတ်ခြင်း(Rt. Extended Hemicolectomy)
    • ကန့်လန့်ဖြတ်အူမကြီးဖြတ်ထုတ်ခြင်း(Transverse Colectomy)
    • ဘယ်ဘက်အူမကြီးတစ်ခြမ်းဖြတ်ထုတ်ခြင်း(Lt. Hemicolectomy)
    • အူသိမ်နှောင်းပိုင်းဖြတ်ထုတ်ခြင်း(Sigmoidectomy)
    • Hartmann နည်းလမ်းဖြင့် အူအိမ်နှောင်းပိုင်းနှင့်မစင်အိမ်တချို့ ဖြတ်ထုတ်ခြင်း(Sigmoidectomy with Hartmann’s pouch)

    ကင်ဆာသည် ကြီးမားသောအရိုးများရှိသည့် ဧရိယာတွင် တည်ရှိနေသော ကိစ္စများတွင် ခွဲစိတ်ဆရာဝန်မှ ဝင်ရောက်ခွဲစိတ်ရန် အခက်အခဲများ ရှိနိုင်သည်၊ ဤကိစ္စတွင် APခွဲစိတ်မှု(ဝမ်းဗိုက်ဘက် နှင့် စအိုနားဘက် ၂ဖက်မှခွဲစိတ်ခြင်း)လိုအပ်နိုင်သည်။

    ခွဲစိတ်ဖယ်ရှားရန် ကြီးမားလွန်းသောအကျိတ်ရှိသည့်လူနာများတွင် ဓာတ်ရောင်ခြည်ကုထုံးနှင့် ဓာတုကုထုံးများ ကနဦး အသုံးပြုကုသခြင်း (down staging) ဟုရည်ညွှန်းသည့် လုပ်ငန်းစဉ်ဖြင့် ခွဲစိတ်ကုသမှု ပြုလုပ်နိုင်ရန် အကျိတ်၏အရွယ်အစားသေးငယ်လာအောင် ဆောင်ရွက်ရသည်။

    • အဆင့် 0 နှင့် 1 ရှိလူနာများသည် ခွဲစိတ်မှုသာလိုအပ်ပါမည်။
    • အဆင့် 2 နှင့် 3 ရှိသောလူနာများသည် ကင်ဆာပြန်ဖြစ်နိုင်ခြေရှိသောကြောင့်ဓာတ်ရောင်ခြည်ကုထုံးနှင့် ဓာတုကုထုံးများကို ခွဲစိတ်မှုမပြုလုပ်မီ နှင့် ခွဲစိတ်မှုအပြီးတွင် အသုံးပြုကုသရမည်။

    လူနာအများစုသည် အကျိတ်တစ်ခုလုံးကို အောင်မြင်စွာ ဖယ်ရှားနိုင်သော်လည်း ပြန်ဖြစ်နှုန်းမှာ 50-60% ရှိသည်။

    ပြန်ဖြစ်နိုင်ချေကို လျှော့ချရန် ဓာတုကုထုံး

    အူလမ်းကြောင်းပိတ်ဆို့ခြင်း သို့မဟုတ် ဆိုးဝါး၍ပုံမှန်မဟုတ်သောကင်ဆာဆဲလ်များရှိခြင်း (အသားစစစ်ဆေးခြင်း) ခံစားရသောဒုတိယအဆင့်ရှိလူနာများသည် ပြန်ဖြစ်နိုင်ခြေရှိပြီး fluorouracil (5-FU) နှင့် leucovorin (LV) တို့ဖြင့် ကုသမှုခံယူရမည်ဖြစ်ပါသည်။ဆေးနှစ်မျိုးလုံးသည် 6 လတာကာလအတွင်း ပေးသော ဆေးများဖြစ်သည်။ ကျန်ဒုတိယအဆင့်ရှိလူနာများအား အနီးကပ်စောင့်ကြည့်မည်ဖြစ်ပြီး ဓာတုကုထုံးများမလိုအပ်ပါ။ တတိယအဆင့်ရှိလူနာများသည် fluorouracil နှင့် leucovorin တို့အား ၆ လကြာ ဆေးသွင်းခြင်းခံယူရပါမည်။ ၎င်းနည်းလမ်းသည် ခွဲစိတ်မှုတစ်ခုတည်းသာ အသုံးပြုသောနည်းလမ်းနှင့် နှိုင်းယှဉ်ပါက ရှင်သန်မှုနှုန်း ပိုမိုမြင့်မားစေသည်။

    စတုတ္ထအဆင့်ရှိ လူနာများတွင် အကျိတ်အား ခွဲစိတ်ဖယ်ရှားခြင်း အပြင် ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း နှင့်/သို့မဟုတ် ဓာတုကုထုံးများဖြင့် ကုသမည်ဖြစ်ပါသည်။

    ခွဲစိတ်နေစဉ်အတွင်း အချို့သောလူနာများသည် အသည်း သို့မဟုတ် သားဥအိမ်ကဲ့သို့သော အနီးနားရှိ အင်္ဂါများသို့ ကင်ဆာပြန့်ပွားမှုကို တားဆီးရန် စီမံမှု လိုအပ်ပါသည်။ ကင်ဆာပြန့်ပွားမှုကို ကာကွယ်ရန် အောက်ပါဆေးများသည် ထိရောက်မှုရှိပါသည်– fluorouracil၊ leucovorin၊ irinotecan (CPT-11 သို့မဟုတ် Camptosar) သို့မဟုတ် oxaliplatin (Eloxitin)။ fluorouracil နှင့် leucovorin တို့တွင် irinotecan နှင့် oxaliplatin တို့ကို ပေါင်းထည့်ခြင်းသည် ကုသမှု၏ ထိရောက်မှုကို တိုးတက်စေရန် အထောက်အကူ ဖြစ်စေပါသည်။

    စာရေးသူ

    Dr. Wutthi Sumetchotimaytha
    ကင်ဆာခွဲစိတ်အထူးကု ဆရာဝန်

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    Cancer Type

    အားလုံးကြည့်မည်

    Cancer Type

    အဆုတ်ကင်ဆာ Image
    အဆုတ်ကင်ဆာ
    ပြင်းထန်သောသွေးကင်ဆာ Image
    ပြင်းထန်သောသွေးကင်ဆာ
    ပြန်ရည်ကြောအကျိတ်ကင်ဆာ Image
    ပြန်ရည်ကြောအကျိတ်ကင်ဆာ
    အားလုံးကြည့်မည်