ရောဂါဖြစ်စေနိုင်သော အန္တရာယ်အချက်များ
သည်းခြေပြွန် ကင်ဆာ (Bile Duct Cancer) သည် သည်းခြေပြွန်များကို ဖွဲ့စည်းထားပေးသော ဆဲလ်များမှ စတင် ဖြစ်ပွားတတ်ပါသည်။ သည်းခြေပြွန်များသည် အသည်း၏ အတွင်းနှင့် အပြင်ဘက်တွင်ပါ တည်ရှိသည်။ ထိုရောဂါသည် အများအားဖြင့် အသက် ၄၀ ကျော်သူများတွင် သက်ရောက်မှုရှိပြီး အမျိုးသမီးများထက် အမျိုးသားများတွင် ပိုအဖြစ်များသည်။ သည်းခြေပြွန်ကင်ဆာသည် ဂလင်းတစ်ရှူးများမှ စတင် ဖြစ်ပွားပြီး ၄င်းကို adenocarcinoma ဟုခေါ်သည်။ အသည်းအတွင်းရှိ သည်းခြေပြွန်မှ ကင်ဆာကို intra-hepatic ဟု ရည်ညွှန်းပြီး အသည်းအပြင်ဘက်တွင် ဖြစ်ပွားသော ကင်ဆာများကို extra-hepatic ဟုခေါ်သည်။
သည်းခြေပြွန်ကင်ဆာဖြစ်စေသည့် အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း အောက်တွင်ဖော်ပြထားသော အကြောင်းရင်းအချို့ ဖြစ်နိုင်သည်။
- သည်းခြေပြွန်မှာ အရေအိတ်တည်ခြင်း (choledochal cysts)
- အသည်းတွင် သံကောင်များတည်ခြင်း
- သည်းခြေပြွန်များ ရောင်ရမ်းခြင်း၊ ကျဥ်းမြောင်းသွားခြင်း (Sclerosing Cholangitis)
သည်းခြေပြွန်ကင်ဆာသည် သည်းခြေပြွန်ပိတ်ဆို့ခြင်းကို ဦးတည်စေပြီး မလိုလားအပ်သောဒြပ်စင်ပစ္စည်းများ သွေးကြောသွင်း သို့မဟုတ် တစ်ရှူးများအတွင်းသို့ စီးဝင်စေကာ အသားဝါခြင်းကို ဖြစ်ပေါ်စေပါသည်။
ရောဂါလက္ခဏာများတွင် ဆီးအရောင်ပြောင်းခြင်း (ဆီးအရောင်မည်းခြင်း)၊ မစင်ဖျော့ခြင်း၊ အရေပြားယားယံခြင်း၊ ဝမ်းဗိုက်နာခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ ဖျားခြင်းနှင့် အကြောင်းရင်းသေချာမသိပဲ ကိုယ်အလေးချိန်ကျခြင်းတို့ ပါဝင်နိုင်သည်။



