Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Doctor not found
Doctor not found
Doctor not found
Doctor not found
Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    သည်းခြေပြွန် ကင်ဆာ

    3 ဖတ်ပြီး မိနစ်(များ)
    သတင်းရင်းမြစ်
    Bangkok Cancer Hospital
    အပ်ဒိတ်လုပ်သောနေ့: 26 ဇန် 2026
    သည်းခြေပြွန် ကင်ဆာ
    Bangkok Cancer Hospital
    အပ်ဒိတ်လုပ်သောနေ့: 26 ဇန် 2026
    Table of contents
    • ရောဂါဖြစ်စေနိုင်သော အန္တရာယ်အချက်များ
    • ရောဂါအမည်
    • ရောဂါအဆင့်များ
    • ကုသမှု
    • စာရေးသူ

    ရောဂါဖြစ်စေနိုင်သော အန္တရာယ်အချက်များ

    သည်းခြေပြွန် ကင်ဆာ (Bile Duct Cancer) သည် သည်းခြေပြွန်များကို ဖွဲ့စည်းထားပေးသော ဆဲလ်များမှ စတင် ဖြစ်ပွားတတ်ပါသည်။ သည်းခြေပြွန်များသည် အသည်း၏ အတွင်းနှင့် အပြင်ဘက်တွင်ပါ တည်ရှိသည်။ ထိုရောဂါသည် အများအားဖြင့် အသက် ၄၀ ကျော်သူများတွင် သက်ရောက်မှုရှိပြီး အမျိုးသမီးများထက် အမျိုးသားများတွင် ပိုအဖြစ်များသည်။ သည်းခြေပြွန်ကင်ဆာသည် ဂလင်းတစ်ရှူးများမှ စတင် ဖြစ်ပွားပြီး ၄င်းကို adenocarcinoma ဟုခေါ်သည်။ အသည်းအတွင်းရှိ သည်းခြေပြွန်မှ ကင်ဆာကို intra-hepatic ဟု ရည်ညွှန်းပြီး အသည်းအပြင်ဘက်တွင် ဖြစ်ပွားသော ကင်ဆာများကို extra-hepatic ဟုခေါ်သည်။

    သည်းခြေပြွန်ကင်ဆာဖြစ်စေသည့် အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း အောက်တွင်ဖော်ပြထားသော အကြောင်းရင်းအချို့ ဖြစ်နိုင်သည်။

    • သည်းခြေပြွန်မှာ အရေအိတ်တည်ခြင်း (choledochal cysts)
    • အသည်းတွင် သံကောင်များတည်ခြင်း
    • သည်းခြေပြွန်များ ရောင်ရမ်းခြင်း၊ ကျဥ်းမြောင်းသွားခြင်း (Sclerosing Cholangitis)

    သည်းခြေပြွန်ကင်ဆာသည် သည်းခြေပြွန်ပိတ်ဆို့ခြင်းကို ဦးတည်စေပြီး မလိုလားအပ်သောဒြပ်စင်ပစ္စည်းများ သွေးကြောသွင်း သို့မဟုတ် တစ်ရှူးများအတွင်းသို့ စီးဝင်စေကာ အသားဝါခြင်းကို ဖြစ်ပေါ်စေပါသည်။

    ရောဂါလက္ခဏာများတွင် ဆီးအရောင်ပြောင်းခြင်း (ဆီးအရောင်မည်းခြင်း)၊ မစင်ဖျော့ခြင်း၊ အရေပြားယားယံခြင်း၊ ဝမ်းဗိုက်နာခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ ဖျားခြင်းနှင့် အကြောင်းရင်းသေချာမသိပဲ ကိုယ်အလေးချိန်ကျခြင်းတို့ ပါဝင်နိုင်သည်။

    ရောဂါအမည်

    • အာထရာဆောင်းရိုက်ခြင်း (Ultrasound)
    • ကွန်ပြူတာဓာတ်မှန် ရိုက်ခြင်း (CT scan)
    • သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI)
    • အသည်း၊ သည်းခြေအိတ်၊ သည်းခြေပြွန်လမ်းကြောင်း နှင့် ပန်ကရိယ တို့အားမှန်ပြောင်းဖြင့်ရောဂါရှာဖွေစစ်ဆေးကုသခြင်း (ERCP)
    • သည်းခြေပြွန်လမ်းကြောင်း ဓာတ်မှန်ရိုက်စစ်ဆေးခြင်း (PTC)
    • အသားစ စစ်ဆေးခြင်း

    ရောဂါအဆင့်များ

    • အဆင့် 1A  သည်းခြေပြွန်ဧရိယာတွင်သာ ကင်ဆာဆဲလ်ရှိနေသော အခြေအနေဖြစ်သည်။
    • အဆင့် 1B ကင်ဆာဆဲလ်များ သည်းခြေပြွန်ပြင်ပအထိ ပျံ့နှံ့သွားတတ်သော်လဲ lymph nodeဟုခေါ်သော ပြန်ရည်ကြောများနှင့် အနီးနားရှိ အင်္ဂါများထံသို့ မရောက်ရှိသေးပါ။
    • အဆင့် 2A ကင်ဆာဆဲလ်သည် အသည်း၊ ပန်ကရိယ သို့မဟုတ် သွေးကြောများနီးပါးအထိ ပျံ့နှံ့သွားပါသည်။ သို့သော်၎င်းသည် ပြန်ရည်ကြောများသို့မပျံ့နှံ့သေးပါ။
    • အဆင့် 2B ကင်ဆာတွင်‌တော့ အနီးနားရှိ ပြန်ရည်ကြော များသို့ ပျံ့နှံ့သွားပါသည်။
    • အဆင့် 3 ကင်ဆာသည် အသည်းအတွင်းနှင့် အပြင်သို့ သွေးလည်ပတ်မှုလုပ်ဆောင်ပေးသည့် ပင်မသွေးကြောများ သို့မဟုတ် အူသိမ်/ အူမကြီး၊ အစာအိမ်၊ အစာအိမ်အတွင်းပိုင်းအလွှာများ နှင့် အစာအိမ်ဧရိယာရှိ ပြန်ရည်ကြော များအထိ ပျံ့နှံ့သွားနိုင်သည်။
    • အဆင့် 4 ကင်ဆာသည် တခြား နေရာများသို့  သိသိသာသာပျံ့နှံ့သွားပါသည်။ ဥပမာ အဆုတ်

    ကုသမှု

    ခွဲစိတ်ကုသခြင်း

    ကင်ဆာသည် သည်းခြေပြွန်မှ ပြန်ရည်ကြော ဆီသို့ မပြန့်ပွားသောအခါတွင် ခွဲစိတ်ကုသမှုကို ထည့်သွင်းစဉ်းစားသည်။

    ခွဲစိတ်မှုတွင် ကင်ဆာဖြစ်နေသော သည်းခြေပြွန်အပိုင်းများကို ဖယ်ရှားမည်ဖြစ်ပြီး အကောင်းပကတိ ကျန်ရှိသော သည်းခြေပြွန်အစိတ်အပိုင်းများကိုတော့ အသည်းနှင့် အူသိမ်ကို ချိတ်ဆက်ရန်အတွက် အသုံးပြုမည်ဖြစ်သည်။ ထိုမှတစ်ဆင့် အစာခြေလမ်းစဥ် ပုံမှန်လုပ်ဆောင်မှုကို မြှင့်တင်နိုင်ပါလိမ့်မည်။

    ကင်ဆာပျံ့နှံ့သွားပါက အသည်း၊ အစာအိမ်၊ အူသိမ်အပေါ်ပိုင်း၊ ပန်ကရိယနှင့် ပြန်ရည်ကြိတ် အချို့ကို ဖယ်ရှားရန် လိုအပ်နိုင်သည်။ 

    သည်းခြေပြွန်ကင်ဆာအတွက် ခွဲစိတ်ကုသခြင်းတွင် အောက်ပါ လုပ်ထုံးများ ပါဝင်ပါသည်။

    • cholecysto-jejunostomy သို့မဟုတ် cholecystoduodenostomy  ဟုခေါ် သော သည်းခြေအိတ်နှင့် အူသိမ်ခွဲထုတ်ဖြတ်ဆက်ခြင်း
    • hepatico-jejunostomy ဟုခေါ် သော ခွဲစိတ်မှု (ထိုခွဲစိတ်မှုသည် သည်းခြေအိတ်နှင့် jejunum ဟုခေါ် သော အူသိမ်တို့အား လမ်းကြောင်းဖောက်ပေးသော ခွဲစိတ်မှုမျိုးဖြစ်သည်။)
    • Gastrojejunostomy ဟုခေါ် သော ခွဲစိတ်မှု (ထိုခွဲစိတ်မှုတွင် အစာအိမ်နှင့် jejunum အူသိမ်တို့ကြား လမ်းကြောင်းလေးကိုဖန်တီးပေးသည့် ခွဲစိတ်မှုတစ်ခုဖြစ်သည်။ ၎င်းလမ်းကြောင်းများကို အစာအိမ်အတွင်းရှိ အစာများကို အူသိမ်သို့ ညှစ်ထုတ်ပို့ဆောင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်သည်။)

     ခွဲစိတ်မှုမဟုတ်သော ကုသမှုများ

    ထိုကုသမှုများတွင် ကင်ဆာကျိတ်ကို ခွဲစိတ်ကုသဖယ်ရှားခြင်းထက် သည်းခြေပြွန်ပိတ်ဆို့ခြင်းကို လမ်းဖွင့်ကုသပေးခြင်းမျိုးတို့ ပါဝင်ပါသည်။ ကုသမှု နှစ်မျိုးရှိပါသည်။ 

    • ERCP (endoscopic retrograde cholangiopancreatography) သည် ကင်ဆာရောဂါရှာဖွေခြင်းနှင့် ကုသခြင်း အတွက် ကြီးမားသော ခွဲစိတ်မှုမျိုးမလိုပဲ ကုသနည်းဖြစ်သည်။ လူနာတွင် အကျိတ်ကိုဖယ်ရှားရန် ၂–၄ လက်မခန့်ရှိသော ခွဲရာသေးသေးလေးဖြင့်သာ endoscope မှန်ပြောင်းထည့်သွင်း ကုသမှုဖြစ်ပါသည်။
    • PTBD သည် ခွဲစိတ်စရာမလိုဘဲ သည်းခြေပြွန်အတွင်း ပိတ်ဆို့ခြင်းကို သက်သာစေရန် လုပ်ဆောင်သော အထူးပြုလုပ်ထုံးလုပ်နည်းတစ်ခုဖြစ်သည်။ ဤလုပ်ထုံးလုပ်နည်းသည် သင့်သည်းခြေပြွန်အတွင်း ပိတ်ဆို့ခြင်းကို ဖြစ်စေသော အဓိကအကြောင်းရင်းရောဂါကို တော့ပျောက်ကင်းစေမည်မဟုတ်ပါ။

    ဓာတ်ရောင်ခြည်ကုထုံး 

    ထိုကုထုံးတွင် ပြင်ပဓာတ်ရောင်ခြည် သို့မဟုတ် အတွင်းပိုင်းအလင်းတန်းကုထုံး (brachytherapy) တို့ပါ၀င်ပါသည်။

     ကင်ဆာဆေးသွင်းကုသခြင်း (Chemotherapy)

    ကင်ဆာကို ခွဲစိတ်ခြင်းဖြင့် လုံးဝ ဖယ်ရှား၍ မရနိုင်ပါက ကင်ဆာဆေးသွင်းကုသပါသည်။ ဒါမှမဟုတ် ခွဲစိတ်ပြီးပြီးချင်း ပျောက်ကင်းမှု ပိုမိုကောင်းမွန်ရန်အတွက် ကင်ဆာဆေးသွင်း/ ဓာတုကုထုံးကို အသုံးပြုပါသည်။

    စာရေးသူ

    Dr. Wutthi Sumetchotimaytha
    ကင်ဆာခွဲစိတ်အထူးကု ဆရာဝန်

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    Cancer Type

    အားလုံးကြည့်မည်

    Cancer Type

    အစာအိမ်ကင်ဆာ Image
    အစာအိမ်ကင်ဆာ
    သိုင်းရွိုက်ကင်ဆာ Image
    သိုင်းရွိုက်ကင်ဆာ
    သားဥအိမ်ကင်ဆာသည် Image
    သားဥအိမ်ကင်ဆာသည်
    အားလုံးကြည့်မည်