Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language & Currency

Doctor not found
Doctor not found
Doctor not found
Doctor not found
Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်ရေးကိုယ်တာမူဝါဒ

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo
    CHAT

    အရေပြားကင်ဆာ

    2 ဖတ်ပြီး မိနစ်(များ)
    သတင်းရင်းမြစ်
    Bangkok Cancer Hospital
    အပ်ဒိတ်လုပ်သောနေ့: 26 ม.ค. 2026
    အရေပြားကင်ဆာ
    Bangkok Cancer Hospital
    အပ်ဒိတ်လုပ်သောနေ့: 26 ဇန် 2026
    Table of contents
    • အချက်များ
    • ရောဂါဖြစ်စေနိုင်သော အန္တရာယ်အချက်များ
    • ရောဂါလက္ခဏာများ
    • ကာကွယ်မှု
    • ကုသမှု
    • စာရေးသူ

    အချက်များ

    အရေပြားကင်ဆာ (Skin Cancer) ဆိုသည်မှာ အရေပြားဆဲလ်များ ပုံမမှန်ကြီးထွားလာခြင်းကြောင့် ဖြစ်ပေါ်လာသော ကင်ဆာြဖစ်ပါသည်။ အရေပြားကင်ဆာအမျိုးအစား များစွာရှိပါသည်။

    • Basal cell carcinoma သည် သိပ်မပြင်းထန်သော အရေပြားကင်ဆာအမျိုးအစားဖြစ်ပြီး အရေပြားမျက်နှာပြင်နှင့် အနီးဆုံးတွင် ဖြစ်ပေါ်သည်။
    • Squamous cell carcinoma တွင် Basal cell carcinoma နှင့် ဆင်တူသော လက္ခဏာများ ပါဝင်ပါသည်။ သို့သော် ကြီးထွားမှုနှင့် ပျံ့နှံ့မှုမှာ ပိုမြန်သည်။ များသောအားဖြင့် ဤကင်ဆာအမျိုးအစားသည် အရေပြား၏ နက်ရှိုင်းသောအလွှာသို့ ပျံ့နှံ့သွားတတ်သည်။ မကြာခဏ အကျိတ်များဖြစ်ပေါ်တတ်သည်။
    • Malignant Melanoma ဤကင်ဆာသည် Melanocytes များ၏ ပုံမမှန်ဆဲလ်အသစ်များ ကြီးထွားလာခြင်း သို့မဟုတ် Melanocytes မှ ဖွံ့ဖြိုးလာသောဆဲလ်များ၏ ပုံမမှန်ဆဲလ်အသစ်များ ကြီးထွားလာခြင်းဖြစ်သည်။ ရှားပါးပြီး ထူးခြားသောအမျိုးအစားဖြစ်သည်။ သို့သော် သွေးကြောထဲသို့ ပျံ့နှံ့နိုင်ခြေ မြင့်မားသောကြောင့် ပြင်းထန်နိုင်သည်။

    အရေပြားကင်ဆာသည် အရွယ်အစားဆက်လက်ကြီးထွားနိုင်ပြီး Lymphatic Glands ကဲ့သို့သော အခြားအရေးကြီးသောအင်္ဂါများသို့ ပျံ့နှံ့သွားနိုင်သည်။ အသက် ၄၀ ကျော်သူတွေမှာ အဖြစ်များပြီး အမျိုးသားများတွင် အမျိုးသမီးများထက် ပိုအဖြစ်များသည်။

    ရောဂါဖြစ်စေနိုင်သော အန္တရာယ်အချက်များ

    1. ခရမ်းလွန်ရောင်ခြည် (UVA, UVB) နှင့် ထိတွေ့ခြင်းနေရောင်အောက်တွင် အလုပ်လုပ်နေရသူများ၊ အားကစားလုပ်သူများ၊ နေပူစာလှုံသူများသည် အရေပြားကင်ဆာ ဖြစ်နိုင်ခြေပိုများပါသည်။
    2. လူသားမျိုးနွယ် Blonde Caucasians ရွှေရောင်ဆံပင်ရှိသောလူမျိုးများသည် (အရေပြား အရောင်ခြယ်ဓါတ် ပါဝင်မှုနည်းသောကြောင့်) ညိုမည်းသောအသားအ‌ရောင်ပိုင်ရှင်များထက် အရေပြားကင်ဆာ ဖြစ်ပွားနိုင်ခြေ ပိုများကြောင်း တွေ့ရှိရပါသည်။
    3. အရေပြားကင်ဆာနှင့် ပတ်သက်သော မိသားစုရာဇဝင်
    4. HIV ကဲ့သို့သော ကိုယ်ခံအားချို့တဲ့ခြင်း (သို့မဟုတ်) ခုခံအားကျဆင်းစေသော ဆေးများ သောက်သုံးခြင်း
    5. ယခင်က ဓာတ်ရောင်ခြည်ကုထုံး ခံယူခဲ့ဖူးသော အရေပြားဧရိယာ

    ရောဂါလက္ခဏာများ

    1. မှဲ့တစ်ခုတွင် ပုံမှန်ထက် မြန်ဆန်စွာ ကြီးထွားလာသော အဖုအပိမ့် (သို့မဟုတ်) အဖုများပေါက်ခြင်း ရှိမရှိ သတိပြုပါ။ အရောင်ပြောင်းခြင်း၊ မညီမညာသော အစွန်းများနှင့် သွေးထွက်ခြင်းတို့ကိုလည်း အာရုံစိုက်ပါ။
    2. နာတာရှည် အနာမကျက်ခြင်း
    3. နာတာရှည် အဖုအပိမ့်ထွက်ခြင်း

    ကာကွယ်မှု

    1. နေရောင်ခြည်ကို ရှောင်ကြဉ်ပါ။ နေရောင်ကာခရင်မ်ကို သုံးပါ။
    2. အရေပြား ယားယံစေသည့်အရာများကို ရှောင်ကြဉ်ပါ၊

    ကုသမှု

    ခွဲစိတ်ကုသမှုသည် အရေပြားကင်ဆာကို ကုသရာတွင် ထိရောက်မှုရှိသော ကုသမှုဖြစ်ပါသည်။ သို့သော် ကင်ဆာပြန့်ပွားခြင်း (သို့မဟုတ်) Malignant Melanoma ဖြစ်နေသည့် ကိစ္စများတွင် ခွဲစိတ်မှုခံယူပြီးနောက် ဆေးသွင်းကုသခြင်းများကို ဆက်လက်ဆောင်ရွက်ရန် လိုအပ်ပါသည်။

    စာရေးသူ

    Dr. POTJANA JITAWATANARAT
    ဆေးဘက်ဆိုင်ရာ ကင်ဆာရောဂါဗေဒ

    Save time finding a doctor

    Let AI check your symptoms and find a proper doctor for you

    AI ဆရာဝန်ရှာဖွေရေး

    အထူးကုဆရာဝန်နှင့် တိုင်ပင်ပါ

    ဆရာဝန်အားလုံးကို ကြည့်မည်

    Cancer Type

    အားလုံးကြည့်မည်

    Cancer Type

    သားဥအိမ်ကင်ဆာသည် Image
    သားဥအိမ်ကင်ဆာသည်
    အူမကြီးကင်ဆာ Image
    အူမကြီးကင်ဆာ
    ရိုးတွင်းချဥ်ဆီကင်ဆာ Image
    ရိုးတွင်းချဥ်ဆီကင်ဆာ
    အားလုံးကြည့်မည်