Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language & Currency

Doctor not found
Doctor not found
Doctor not found
Doctor not found
Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်ရေးကိုယ်တာမူဝါဒ

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo
    CHAT

    ရိုးတွင်းချဥ်ဆီကင်ဆာ

    4 ဖတ်ပြီး မိနစ်(များ)
    သတင်းရင်းမြစ်
    Bangkok Cancer Hospital
    အပ်ဒိတ်လုပ်သောနေ့: 26 Jan 2026
    ရိုးတွင်းချဥ်ဆီကင်ဆာ
    Bangkok Cancer Hospital
    အပ်ဒိတ်လုပ်သောနေ့: 26 ဇန် 2026
    Table of contents
    • ရောဂါဖြစ်စေနိုင်သော အန္တရာယ်အချက်များ
    • ရောဂါဖြစ်စေသော အကြောင်းရင်းများ
    • ရောဂါလက္ခဏာများ
    • ရောဂါအမည်
    • ကုသမှု
    • ကျွမ်းကျင်ဌာန
    • စာရေးသူ

    ရောဂါဖြစ်စေနိုင်သော အန္တရာယ်အချက်များ

    1. ရိုးတွင်းချဥ်ဆီကင်ဆာဆိုသည်မှာ သွေးဖြူဥဆဲလ်အမျိုးအစားတစ်ခုဖြစ်သည့် သွေးရည်ကြည်ဆဲလ်တွင် တွေ့ရသော ကင်ဆာ ဖြစ်သည်။ သွေးရည်ကြည်ဆဲလ်သည် ရောဂါဖြစ်စေသည့် ပိုးမွှားများကို သတိပြုတိုက်ခိုက်ပေးသည့် ပဋိပစ္စည်းများ ပြုလုပ်ခြင်းဖြင့် ရောဂါပိုးများကို တိုက်ဖျက်ရန် ကူညီပေးသည်။ Multiple myelomaသည် ကင်ဆာဆဲလ်များကို ကျန်းမာကောင်းမွန်သော သွေးဆဲလ်များရှိသည့် ရိုးတွင်းချဥ်ဆီထဲတွင် စုပုံစေသည်။ သွေးရည်ကြည်ဆဲလ်၏အဓိက လုပ်‌ဆောင်ချက်မှာ ခန္ဓာကိုယ်ခုခံအားကောင်းအောင် antibodies (သို့) immunoglobulinခေါ်သည့် ပရိုတင်းများ ထုတ်လုပ်ပေးခြင်းဖြစ်သည်။
    2. သွေးရည်ကြည်ဆဲလ်ပမာဏသည် ပုံမှန်အားဖြင့် ရိုးတွင်းချဥ်ဆီ၌ အများဆုံး 2-3ရာခိုင်နှုန်းမျှသာ ပါဝင်သည်။ သို့ရာတွင် multiple myelomaသည် သွေးရည်ကြည်ဆဲလ်ပမာဏအား 10%အထပ် တိုးပွားလာကာ ခန္ဓာကိုယ်ခုခံပေးသော immunoglobulin ထုတ်လုပ်ပေးသည့် လုပ်ဆောင်မှုကို ချို့ယွင်းထိခိုက်ပျက်စီးလာစေသည်။ ထို့ကြောင့် ခန္ဓာကိုယ်၏အစိတ်အပိုင်းများတွင် ကင်ဆာဖြစ်စေသော အန္တရာယ်ရှိသည့်ပရိုတင်းများ အဖြစ်သို့ ပြောင်းလဲသွားသည်။ ဥပမာဆိုရသော် အရိုးပွခြင်း၊ အရိုးကျိုးခြင်း၊ ကျောက်ကပ် ကောင်းစွာ အလုပ်မလုပ်တော့ခြင်း၊ ရှိသင့်သည့် ကယ်လ်စီယမ်ပမာဏမှ အန္တရာယ်ဖြစ်စေသော ပမာဏသို့ ပြောင်းသွားခြင်းဖြစ်သည်။
    3. အများအားဖြင့်အသက် 60နှင့် 70ကြားအရွယ်တွင် အဖြစ်များကြသည်။ အသက်40အောက် အရွယ်တွင် ဖြစ်နိုင်ချေနည်းသည်။
    4. တစ်ခါတစ်ရံ သွေးရည်ကြည်ဆဲလ်လေးများသည် ရိုးတွင်းချဥ်ဆီအပြင်ဘက်တွင် အကျိတ်ပုံစံဖြင့် ရှိနေတတ်သည်။ ထိုသို့ဖြစ်သည်ကို ပလာစမာစီတိုမာဟုခေါ်၍ ကျောရိုး၊ ရင်ညွန့်ရိုး၊ နံရိုးတို့၌ အတွေ့များပါသည်။
    5. လက်ရှိတွင် multiple myeloma အတွက် ကုသခြင်းနည်းလမ်းမရှိသေးသော်လည်း ခေတ်မှီတိုးတက်လာသော ဆေးပညာဖြင့် လူနာအား သက်တမ်းစေ့ နေနိုင်ရန် အတိုင်းအတာတစ်ခုအထိ ကုသလာနိုင်ပါသည်။

    ရောဂါဖြစ်စေသော အကြောင်းရင်းများ

    1. ကင်ဆာဖြစ်ရခြင်း အကြောင်းအရင်းအတိအကျကို ရှာဖွေ မတွေ့ရှိသေးပါ။
    2. ပုံမမှန်သည့် ပရိုတင်းဓာတ်ရှိနေသော လူနာအဖို့ ကင်ဆာဖြစ်စေနိုင်သော ရာခိုင်နှုန်းအန္တရာယ်မှာ နှစ်စဥ် 1%နှုန်းဖြင့် မြင့်တတ်နိုင်ပါသည်။

    ရောဂါလက္ခဏာများ

    1. ပုံမမှန်သည့် ပရိုတင်းဓာတ်ရှိနေသော လူနာအဖို့ ကင်ဆာဖြစ်စေနိုင်သော ရာခိုင်နှုန်းအန္တရာယ်မှာ နှစ်စဥ် 1%နှုန်းဖြင့် မြင့်တတ်နိုင်ပါသည်။
    2. ပုံမမှန်သည့် ပရိုတင်းဓာတ်ရှိနေသော လူနာအဖို့ ကင်ဆာဖြစ်စေနိုင်သော ရာခိုင်နှုန်းအန္တရာယ်မှာ နှစ်စဥ် 1%နှုန်းဖြင့် မြင့်တတ်နိုင်ပါသည်။
    3. စိတ်ရှုပ်ထွေးခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးမထိမ်းနိုင်ခြင်းများ ဖြစ်လာစေရန်ဦးတည်သည့် သွေးတွင်း ကယ်လ်စီယမ်ဓာတ်မြင့်မားလာခြင်း။
    4. ရုတ်တရက် ကိုယ်အလေးချိန်လျော့ကျသွားခြင်း။

    ရောဂါအမည်

    1. သွေးကင်ဆာဖြစ်စေသော သွေးရည်ကြည်ပါဝင်မှုနှင့် သွေးဥအရေအတွက်များကို ခန့်မှန်းနိုင်ရန်အတွက် သွေးစစ်ဆေးခြင်း။
    2. ကင်ဆာဖြစ်စေသည့် ပုံမမှန်ဆဲလ်များထုတ်ပေးသော ပရိုတင်းဓာတ်၊ ရောဂါပိုးများကိုကာကွယ်ပေးသော ကိုယ်ခံအား နှင့်
    3. သွေးရည်ကြည် မမာဏာများအား တိုင်းတာနိုင်ရန် သွေးစစ်ဆေးခြင်း။
    4. ကျောက်ကပ်လုပ်ဆောင်ချက်, ကယ်လ်စီယမ် နှင့် တခြားသောသတ္တုဓာတ်များအား တိုင်းတာ စစ်ဆေးခြင်း။
    5. သွေးရည်ကြည်ဆဲလ်များ နှင့် ခရိုမိုဆုန်းများ၏ ပမာဏကိုတိုင်းတာ၍ ကုသမှုနည်းလမ်းကို ခန့်မှန်းနိုင်ရန် ရိုးတွင်းချဥ်ဆီ စစ်ဆေးခြင်း။
    6. ဓာတ်မှန်ရိုက်ခြင်း (အရိုးဖွဲ့စည်းပုံ စစ်ဆေးခြင်း) ကင်ဆာဖြစ်စေသည့် ပုံမမှန်ဆဲလ်များထုတ်ပေးသော ပရိုတင်းမမာဏာကို ခန့်မှန်းတိုင်းတာရန် ဆီးစစ်ဆေးခြင်း။

    ကုသမှု

    1. ကင်ဆာဆေးသွင်းခြင်းသည် အဓိကကုသခြင်းနည်းလမ်းဖြစ်သည်။ လူနာ၏ အသက်အပိုင်းအခြားနှင့် ရုပ်ပိုင်းဆိုင်ရာ ခံနေရည်ရှိမှု အခြေအနေအပေါ်ဆုံးဖြတ်၍ အသင့်တော်ဆုံးသော ဆေးအမျိုးအစာကို ရွေးချယ်အသုံးပြုလေ့ရှိသည်။ Multiple myeloma ကုသခြင်းအတွက် Novel therapyသည် ပုံမှန် chemotherapyဖြင့် နှိုင်းယှဥ်လျှင် ပို၍ထိရောက်မှုရှိကြောင်း တွေ့ရှိခဲ့သည်။ အခြားသော အသစ်ထွက်ရှိသည့် Proteasome inhibitor နှင့် immunomodulators ဆေးများသည်လည်း ရောဂါထပ်မဖြစ်စေရန် ကာကွယ်ပေးသည်။
    2. ကိုယ်ပိုင်stem cellဖြင့် အစားထိုးကုသခြင်း – ရုပ်ပိုင်းဆိုင်ရာအားဖြင့်ကျန်းမာသော အသက်65နှစ်အောက်လူနာများတွင် chemotherapy ပြီးနောက် ပေးလေ့ရှိသည်။ အသက် 65 အထက်လူနာများအတွက်ကိုမူ ရုပ်ပိုင်းဆိုင်ရာ လိုအပ်သောစမ်းသပ်စစ်ဆေးမှုနဲ့ ဆရာဝန်၏ဆုံးဖြတ်ချက် လိုအပ်ပါသည်။
    3. အခြားသော ကိုယ်အင်္ဂါအစိတ်အပိုင်းများသို့ ပျံ့နှံ့တတ်သော ပလာစမာစီတိုမာ (သို့) အရိုးကျိုးခြင်းကြောင့် ပြင်းထန်သော နာကျင်မှု အခြေအနေတို့အား သက်သာစေရန် အပူပေးဖျက်ဆီးဖယ်ရှားခြင်း။
    4. အရိုးပွခြင်း၊ ထိခိုက်ပျက်စီးခြင်း ထပ်မံမဖြစ်စေရန် Biphosphanate ကဲ့သို့သော အရိုးသန်မာစေသည့် ဆေးများကိုသောက်သုံးခြင်း။
    5. နာကျင်မှုသက်သာစေရန် ကျိုးနေသော ကျောရိုးဆစ်များ အတွင်း Balloon stentဖြင့် ဘိလပ်မြေအရည်ထိုးကာ ပုံပြန်သွင်းခြင်း။

    ကျွမ်းကျင်ဌာန

    1. သွေးနှင့်ပတ်သက်သော ကင်ဆာအထူးပြုသည့် ဆေးဘက်ဆိုင်ရာ အဖွဲ့ သည်လည်း လူနာအား ဆက်လက်ကုသနိုင်ရန် နှင့် ဆွေးနွေးမှု ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နိုင်ရန် ရှိနေပါသည်။ Chemotherapy or stem cell transplant ကုသမှုလည်း ပါဝင်ပါသည်။
    2. သွေးနှင့်ပတ်သက်သော ကင်ဆာအထူးပြုသည့် ဆေးဘက်ဆိုင်ရာ အဖွဲ့ သည်လည်း လူနာအား ဆက်လက်ကုသနိုင်ရန် နှင့် ဆွေးနွေးမှု ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နိုင်ရန် ရှိနေပါသည်။ Chemotherapy or stem cell transplant ကုသမှုလည်း ပါဝင်ပါသည်။
    3. ကူးစက်ရောဂါ၊ အဆုတ်ရောဂါ (သို့) နှလုံးရောဂါကဲ့သို့သော ဆေးဌာန နယ်ပယ်ပေါင်းစုံမှ တတ်ကျွမ်းသူ ပညာရှင်များသည် Chemotherapy ပြုလုပ်နေစဥ်နှင့် ပြုလုပ်ပြီးချိန် နောက်ဆက်တွဲဖြစ်လာသော မည့်သည့်ပြသာနာကိုမဆို တစ်ချိန်တည်း ကုသဖြေရှင်းနိုင်ရန် ရှိပါသည်။
    4. Chemotherapy ဌာနဆောင်မှ အထူးကျွမ်းကျင် သူနာပြုအဖွဲ့သည် အတွေ့အကြုံကောင်းများရှိနှင့်ပြီးဖြစ်သောကြောင့် Chemotherapy ပြုလုပ်နေစဥ်အတွင်း ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲမည့်သည့်ပြသာနာကိုမဆို ဖြေရှင်းရန် အသင့်ရှိနေပါသည်။

    စာရေးသူ

    Dr. Nuchanan Areethamsirikul
    သွေးရောဂါအထူးကု ဆရာဝန်

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    Cancer Type

    အားလုံးကြည့်မည်

    Cancer Type

    ပြင်းထန်သောသွေးကင်ဆာ Image
    ပြင်းထန်သောသွေးကင်ဆာ
    အရေပြားကင်ဆာ Image
    အရေပြားကင်ဆာ
    အမျိုးသမီး မျိုးဆက်ပွားအင်္ဂါစနစ် Image
    အမျိုးသမီး မျိုးဆက်ပွားအင်္ဂါစနစ်
    အားလုံးကြည့်မည်