Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Doctor not found
Doctor not found
Doctor not found
Doctor not found
Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    ဗီဇတစ်ဝက်တူ ပင်မဆဲလ် အစားထိုးကုသမှု - ကလေးများတွင် ကင်ဆာရောဂါနှင့် သွေးရောဂါများကုသရန် မျှော်လင့်ချက်ရောင်ခြည်သစ်

    11 ဖတ်ပြီး မိနစ်(များ)
    သတင်းရင်းမြစ်
    Package Image
    Dr. Suradej Hongeng

    Bangkok Hospital Headquarter

    Package Image
    Dr. Pongpak Pongphitcha

    Bangkok Hospital Headquarter

    22 ဇန် 2026
    Dr. Suradej Hongeng
    Dr. Suradej Hongeng
    Bangkok Hospital Headquarter
    အကြံပြု ပက်ကေ့ဂျ်များ
    Package Image
    Explore A Full Experience
    ဗီဇတစ်ဝက်တူ ပင်မဆဲလ် အစားထိုးကုသမှု - ကလေးများတွင် ကင်ဆာရောဂါနှင့် သွေးရောဂါများကုသရန် မျှော်လင့်ချက်ရောင်ခြည်သစ်
    Bangkok Hospital Headquarter
    အပ်ဒိတ်လုပ်သောနေ့: 22 ဇန် 2026

    မိမိတို့သားသမီးများ၏ တောက်ပသော အနာဂတ်ကို ကျန်းမာသန်စွမ်းစွာ မြင်ချင်ကြသည်မှာ မိဘတိုင်း၏ ဆန္ဒဖြစ်ပါသည်။ သို့သော် သွေးရောဂါနှင့် အချို့သောကင်ဆာရောဂါအမျိုးအစားများသည် ကလေးများတွင် အဖြစ်များဆုံးရောဂါများ ဖြစ်ပါသည်။ အထူးသဖြင့် ထိုင်းနိုင်ငံတွင် သွေးကင်ဆာဖြစ်ပွားမှုနှုန်းမှာ တစ်နှစ်လျှင် (၁,၂၀၀) ဦးရေအထိ မြင့်မားလျက်ရှိပါသည်။ အသက် (၅) နှစ်အောက် သွေးကင်ဆာရောဂါရှင် ကလေးများတွင် (၅) နှစ်တာ ရှင်သန်နိုင်နှုန်းမှာ ၉၄% ရှိပြီး၊ အသက် (၅) နှစ်မှ (၁၅) နှစ်ကြား ကလေးများတွင် ၉၂% သို့ လျော့ကျသွားပါသည်။ ကလေးများတွင် နောက်ထပ်တွေ့ရလေ့ရှိသော သွေးရောဂါတစ်မျိုးမှာ သာလာဆီးမီးယား ဖြစ်ပါသည်။ ၎င်းသည် ကလေးများတွင် သွေးအားနည်းရောဂါ ခံစားရတတ်ပြီးရောဂါလက္ခဏာများ ပြင်းထန်ပါက အသည်းနှင့်သရက်ရွက်တို့ အရွယ်အစားကြီးလာတတ်သည့်အပြင် ပုံမှန်သွေးသွင်းရန်လည်း လိုအပ်လာပါသည်။ ဆန်းသစ်တီထွင်ထားသော ဗီဇတစ်ဝက်တူ ပင်မဆဲလ်အစားထိုးကုသမှုနည်းပညာဖြင့် လူနာ၏ HLA ဗီဇအမျိုးအစားထက်ဝက်သာတူညီမှုရှိသော ဆဲလ်အလှူရှင်များ သို့မဟုတ် မိဘများထံမှ ပင်မဆဲလ်များကို သွေးရောဂါများနှင့် သွေးကင်ဆာရောဂါများကို ကုသရန်အတွက် အသုံးပြုနိုင်ပါသည်။ ပင်မဆဲလ် အစားထိုးကုသမှုသည် အဆင့်မြင့်နည်းပညာဖြစ်သောကြောင့် သွေးရောဂါခံစားနေရသော ကလေးငယ်များအတွက် ဤကုသမှုနည်းလမ်းသည် ရောဂါပျောက်ကင်းစေကာ ၄င်းတို့၏လူနေမှုဘဝ အရည်အသွေးတိုးတက် ကောင်းမွန်စေပြီးကျန်းမာပျော်ရွှင်စွာကြီးထွားလာမှာဖြစ်ပါသည်။

     

    Hematopoietic Stem Cell Transplantation (HSCT) သွေးထုတ်လုပ်မှုဆိုင်ရာ ပင်မဆဲလ်အစားထိုးကုသမှု ဆိုတာဘာလဲ?

    HSCT ဆိုသည်မှာ ရိုးတွင်းခြင်ဆီတွင်းရှိ ပုံမှန်မဟုတ်သောဆဲလ်များကို အစားထိုးပေးခြင်းဖြင့် သွေးရောဂါအမျိုးမျိုးကိုကုသရန်ဖြစ်ပါသည်။ သွေးထုတ်လုပ်မှုဆိုင်ရာ ပင်မဆဲလ်များကို ချက်ကြိုးသွေးကြောမမှလည်းကောင်း၊ ခြေလက်ရှိသွေးကြောများမှလည်းကောင်း၊ ရိုးတွင်းခြင်ဆီမှလည်းကောင်း ရယူနိုင်ပါသည်။ ပင်မဆဲလ် အလှူရှင်များပေါ်မူတည်၍ အစားထိုးကုသခြင်း အမျိုးအစား နှစ်မျိုးရှိပါသည်။

    (၁) Autologous hematopoietic stem cell အစားထိုးကုသမှုသည် လူနာ၏ ရိုးတွင်းခြင်ဆီ သို့မဟုတ် ခြေလက်ရှိသွေးကြောများမှ ရယူထားသော ပင်မဆဲလ်များကို အသုံးပြုအစားထိုးခြင်းဖြစ်ပါသည်။ 

    (၂) Allogeneic hematopoietic stem cell အစားထိုးကုသမှုသည် အလှူရှင်များထံမှ ရယူထားသော ပင်မဆဲလ်များကို အသုံးပြုအစားထိုးခြင်းဖြစ်ပါသည်။ ပင်မဆဲလ်အလှူရှင်များသည် လူနာနှင့် ဆွေမျိုးတော်စပ်သည်ဖြစ်စေ၊ မတော်စပ်သည်ဖြစ်စေ၊ လူနှာနှင့် Human Leukocyte Antigen (HLA matching) HLA ဗီဇ ၁၀၀% တူညီရပါမည်။ မည်သို့ပင်ဆိုစေကာမူ သွေးသားတော်စပ်သည့်အလှူရှင်ဖြစ်စေ၊ မတော်စပ်သည့်အလှူရှင်ဖြစ်စေ၊ ထိုကဲ့သို့ လုံးဝကိုက်ညီသောအလှူရှင်များကို ရှာဖွေရန်မှာ အလွန်ခက်ခဲပြီး အချိန်ကြာမြင့်နိုင်ပါသည်။ ဤသို့နှောင့်နှေးမှုကြောင့် လူနာ၏ရောဂါ အခြေအနေကို ပိုမိုပြင်းထန်စေပြီး ထိရောက်သည့်အချိန်မီကုသမှုခံယူရန် လူနာအနေဖြင့် အခါနှောင်းသွားစေပါသည်။

    ဆေးဘက်ဆိုင်ရာတိုးတက်မှုများကြောင့် HLA ဗီဇ ၅၀% သာကိုက်ညီသော အလှူရှင်များထံမှ ပင်မဆဲလ်များကို အသုံးပြု၍ကုသနိုင်သည့်နည်းပညာကို “ဗီဇတစ်ဝက်တူ သွေးထုတ်လုပ်မှုဆိုင်ရာ ပင်မဆဲလ်အစားထိုးကုသမှု” ဟုခေါ်ပါသည်။ ဗီဇတစ်ဝက်တူ အလှူရှင်ကို မိဘ သို့မဟုတ် မောင်နှမများထံမှ ရရှိနိုင်ပါသည်။ ထို့ကြောင့် သင့်လျော်သောအလှူရှင်ကို ရှာဖွေရန် ပိုမိုမြန်ဆန်လွယ်ကူလာပါသည်။ လူနာသည်လည်း အချိန်မီ ထိရောက်သော ကုသမှုကို ခံယူနိုင်ပြီး ပျောက်ကင်းနိုင်ခြေ ပိုများပါသည်။


    ကလေးများ၏ သွေးရောဂါများနှင့် သွေးကင်ဆာရောဂါများအတွက် ဗီဇတစ်ဝက်တူ ပင်မဆဲလ်အစားထိုးကုသမှု

    ဗီဇတစ်ဝက်တူ ပင်မဆဲလ်အစားထိုးကုသမှုကို အောက်ပါရောဂါများ ခံစားနေရသောကလေးများအတွက် ကုသမှုနည်းလမ်းအဖြစ် အသုံးပြုနိုင်ပါသည်။

    • သာလာဆီးမီးယား (Thalassemia)
    • သွေးကင်ဆာ (Leukemia)
    • ရိုးတွင်းခြင်ဆီခမ်း ပြင်းထန်သွေးအားနည်းရောဂါ (Severe Aplastic Anemia)
    • မူလခုခံအားလျော့နည်းခြင်းရောဂါ (Primary Immunodeficiency)

    သွေးထုတ်လုပ်မှုဆိုင်ရာ ပင်မဆဲလ်အစားထိုးကုသမှုသည် လူနာများအတွက် ထိရောက်သော ကုသမှုတစ်ခုဖြစ်စေကာမူ၊ လူနာ၏ရောဂါအမျိုးအစားနှင့် ရောဂါအခြေအနေပြင်းထန်မှုပေါ်မူတည်၍ အစားထိုးကုသရမည့် ပင်မဆဲလ်အမျိုးအစား၊ ပင်မဆဲလ်ပေးလှူမည့်အလှူရှင်နှင့် လူနာတစ်ယောက်ခြင်းစီ၏ အခြားသောရောဂါအခံအခြေအနေ အရပ်ရပ်တို့ကို ဆရာဝန်ကိုယ်တိုင်သုံးသပ်၍ စီစဉ်ပေးမည်ဖြစ်ပါသည်။


    นวัตกรรมปลูกถ่ายเซลล์ต้นกำเนิดเม็ดเลือดด้วยวิธี HAPLOIDENTICAL TRANSPLANT

    သွေးထုတ်လုပ်မှုဆိုင်ရာ ပင်မဆဲလ်အစားထိုးကုသမှုကို ဘယ်လိုလုပ်ဆောင်ပါသလဲ။

    • လူနာနှင့် ပင်မဆဲလ်အလှူရှင်တို့အတွက် ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ရပါမည်။
      လူနာများသည် ရောဂါပိုးကူးစက်မှုများအတွက် သွေးစစ်ခြင်း၊ နှလုံးအခြေအနေများစမ်းစစ်ခြင်း၊ ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း၊ အသည်းနှင့် ကျောက်ကပ်လုပ်ငန်းဆောင်တာများ စစ်ဆေးခြင်း၊ အကြားအာရုံနှင့် အမြင်အာရုံစစ်ဆေးခြင်း၊ ရိုးတွင်းခြင်ဆီ၊ ဦးနှောက်နှင့်ကျောရိုးအာရုံကြောမအရည် စစ်ဆေးခြင်းကဲ့သို့သော အတွဲလိုက်စစ်ဆေးမှုများ လိုအပ်ပါသည်။ အချို့သောလူနာများတွင် ကြီးထွားဖွံ့ဖြိုးမှုဆိုင်ရာ စစ်ဆေးမှုများ ထပ်မံလိုအပ်နိုင်ပါသည်။ အလှူရှင်များသည် သွေးစစ်ခြင်း၊ ကူးစက်ရောဂါပိုးစစ်ဆေးခြင်း၊ ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း၊ အသည်းနှင့် ကျောက်ကပ်လုပ်ဆောင်မှုများ စစ်ဆေးခြင်းတို့ပြုလုပ်ရပါမည်။
    • အစားထိုးကုသမှုမပြုလုပ်မီကြိုတင်ပြင်ဆင်ခြင်း။ အစားထိုးမကုသမီ လူနာများကို ကြိုတင်ရှင်းလင်း ပြင်ဆင်သောကုထုံးအနေဖြင့် ရင်ဘတ်ရှိဗဟိုသွေးပြန်ကြောမှတစ်ဆင့် အာနိသင်မြင့်မားသော ဓာတုကုထုံးဖြင့် (ဓာတ်ရောင်ခြည်ဖြင့်လည်းတွဲဖက်၍ပေးနိုင်ပါသည်) လူနာ၏ရိုးတွင်းခြင်ဆီကို အရင်ဖျက်ဆီးရပါသည်။  ကုသမှုအခြေအနေပေါ်မူတည်၍ ပုံမှန်အားဖြင့် (၈)ရက်မှ  (၁၀)ရက်ထိ အချိန်ယူရပါသည်။ ဤအာနိသင်မြင့်မားသောဓာတုကုထုံးကို အသုံးပြုသည့်နည်းစနစ်သည် ခုခံအားစနစ်ကို လျှော့ချရန်နှင့် ကင်ဆာဖြစ်စေသော သို့မဟုတ် ပုံမှန်မဟုတ်သော ဆဲလ်များကို တတ်နိုင်သမျှ ဖျက်ဆီးပစ်ရန် ရည်ရွယ်ပါသည်။ ထို့အပြင် ၎င်းသည် လူနာ၏ ရိုးတွင်းခြင်ဆီတွင်း၌ သွေးပင်မဆဲလ်အသစ်များ ပွားများရန် နေရာရှင်းထားခြင်းဖြစ်ပါသည်။ အစားထိုးမကုသမီ ကြိုတင်ပြင်ဆင်သောကုထုံးသည် အစားထိုးကုသသောပင်မဆဲလ်များကို လူနာ၏ခန္ဓာကိုယ်မှ ပယ်ဖျက်တိုက်ထုတ်ခြင်းအား ကာကွယ်ပေးပါသည်။
    • ပင်မဆဲလ်အလှူရှင်များသည် ခန့်မှန်းခြေအားဖြင့် (၄)ရက်မှ (၅)ရက်ထိ ကြိုတင်၍ သွေးဖြူဥလှုံ့ဆော်ရန်ဆေးများထိုးရန်လိုအပ်ပါသည်။ ထို့နောက် ၎င်းတို့၏ ပင်မဆဲလ်များကို သွေးထုတ်လုပ်မှုဆိုင်ရာပင်မဆဲလ်စက်ကိရိယာဖြင့် ထုတ်ယူမည်ဖြစ်ပါသည်။
    • သွေးထုတ်လုပ်မှုဆိုင်ရာ ပင်မဆဲလ်အစားထိုးကုသမှုသည် လူနာ၏သွေးပြန်ကြောထဲသို့ သွေးသွင်းပိုက်မှတစ်ဆင့် အလှူရှင်၏ပင်မဆဲလ်များကို သွေးသွင်းခြင်းကဲ့သို့ စတင်ခြင်းဖြစ်ပါသည်။ သို့သော်လည်း အစားထိုးကုသမှုအတွင်း လူနာ၏ သွေးခုန်နှုန်း၊ သွေးပေါင်ချိန်၊ အသက်ရှူနှုန်းကဲ့သို့သော လက္ခဏာများနှင့် အခြေအနေအရပ်ရပ်ကို အနီးကပ် စောင့်ကြည့်တိုင်းတာနေမည်ဖြစ်ပါသည်။ ပင်မဆဲလ်အသစ်များသည် လူနာ၏ သွေးကြောနှင့် ရိုးတွင်းခြင်ဆီအတွင်းသို့ ဝင်ရောက်သွားမည်ဖြစ်ပြီး ၎င်းတို့သည် ကျန်းမာ၍လုပ်ဆောင်ချက်ပြည့်မှီသော သွေးဆဲလ်အမျိုးအစားများ စုံလင်စွာပွားများလာမည်ဖြစ်ပါသည်။ ထိုကဲ့သို့ အဆင့်ဆင့်အစားထိုးဖြစ်ပေါ်ခြင်းသည် (၂)ပတ်မှ (၃)ပတ်ထိကြာမြင့်နိုင်ပါသည်။
    • အစားထိုးကုသမှုကာလအတွင်း လူနာသည် ဆေးရုံရှိ ပိုးမွှားသန့်စင်ထားသော အစားထိုးကုသခန်းတွင် တက်ရောက်၍ပြန်လည်ကောင်းမွန်ရန် လိုအပ်ပါသည်။ လူနာအခန်းသည် ပိုးမွှားများနှင့် လေထုညစ်ညမ်းမှုကို ဖယ်ရှားရန် ထိထိရောက်ရောက်ကာကွယ်နိုင်သည့် ဇကာပါရှိသော လေဝင်လေထွက်ကောင်းမွန်သည့် လေဖိအားပြင်းသောအခန်းဖြစ်ပါသည်။ ကုသနေစဉ်အတွင်း ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲပြဿနာများအတွက် လူနာအား အနီးကပ်စောင့်ကြည့် ကုသပေးမည်ဖြစ်ပါသည်။ ပဋိဇီဝဆေးများ၊ အထူးပြုလုပ်ထားသော သွေးဆဲလ်များ၊ သွေးဖြူဥ လှုံ့ဆော်မှုဆေးများနှင့် Graft Versus Host Disease (GVHD) အလှူရှင်၏ပင်မဆဲလ်နှင့် လူနာ၏ဆဲလ်တို့ ဆန့်ကျင်ဓာတ်ပြုမှုတို့ကို ကာကွယ်ရန်ဆေးဝါးများကို ဗဟိုသွေးပြန်ကြောမှတဆင့် ဆေးသွင်းပြင်ဆင်ရမည်ဖြစ်ပါသည်။ ပျမ်းမျှအားဖြင့် လူနာတစ်ဦးစီ၏ ရလဒ်အခြေအနေပေါ်မူတည်၍ ပိုးမွှားကင်းစင်သည့် နေထိုင်မှုပတ်ဝန်းကျင်တွင် (၆) ပတ်မှ (၈) ပတ်အထိ နားနေရန် လိုအပ်ပါသည်။
    • ဆေးရုံမှဆင်းပြီးနောက်၊ အထူးသဖြင့် ပထမရက် (၁၀၀) အတွင်း၊ ကုသမှုရလဒ်များအတွက် ရက်ချိန်းပြန်ပြပြီး နောက်ဆက်တွဲပြဿနာများဖြစ်နိုင်ခြေကို၊ ဥပမာအားဖြင့် ရောဂါပိုးဝင်ခြင်း၊ သွေးဆဲလ်အရေအတွက်နည်းခြင်းနှင့် ခံတွင်းအနာများဖြစ်နိုင်ခြေကို စောင့်ကြည့်ရန်လိုအပ်ပါသည်။

    ဗီဇတစ်ဝက်တူ ပင်မဆဲလ်အစားထိုးကုသမှုပြီးနောက် ကလေးများကို ပြုစုစောင့်ရှောက်ခြင်း

    အစားထိုးကုသမှုပြီးနောက်၊ ကလေးငယ်များသည် ဘက်ပေါင်းစုံစွာဖွဲ့စည်းထားသောဆရာဝန်အဖွဲ့ (ကလေးအထူးကုဆရာဝန်၊ ကလေးသွေးရောဂါအထူးကုဆရာဝန်၊ ကလေးသွေးကင်ဆာအထူးကုဆရာဝန် အထူးကြပ်မတ်စောင့်ရှောက်မှုကလေးအထူးကုဆရာဝန်နှင့် ဗီဇတဝက်တူ ပင်မဆဲလ်အစားထိုးကုသမှုအတွက် အထူးပြုသူနာပြုနှင့် ဆေးဝါးဗေဒပညာရှင်)၏ အထူးစောင့်ရှောက်မှုများကို လိုအပ်ပါသည်။

    ထို့အပြင် အစားထိုးကုသမှုအတွက် ရောဂါပိုးကူးစက်နိုင်ခြေကိုလျှော့ချရန် အထူးလူနာဆောင်ရှိ လေဖိအားပြင်း HEPA အခန်းတွင် ပင်မဆဲလ်များ အစားထိုးကုသမှုကို လုပ်ဆောင်ရပါမည်။ အရေးကြီးဆုံးမှာ အလှူရှင်၏ ပင်မဆဲလ်များ (Graft) သည် လက်ခံသူလူနာ၏ဆဲလ်များ (Host) ကို အန္တရာယ်ရှိသော ပစ္စည်းအဖြစ် ထင်မြင်သည့် နောက်ဆက်တွဲပြဿနာဖြစ်သော အလှူရှင်၏ပင်မဆဲလ်နှင့် လူနာ၏ဆဲလ်တို့ ဆန့်ကျင်ဓာတ်ပြုမှု Graft Versus Host Disease (GVHD) ကို ကုသရန်အဆင်သင့်ပြင်ဆင်ထားပြီးဖြစ်ရပါမည်။ ရလဒ်အနေဖြင့် အလှူရှင်၏ဆဲလ်များသည် လူနာ၏ဆဲလ်များကို တိုက်ခိုက်ပြီး အရေပြား၊ အစာအိမ်နှင့်အူလမ်းကြောင်း (GI) သို့မဟုတ် အသည်းကို အခြေအနေအမျိုးမျိုးဖြင့်ထိခိုက်စေသော လက္ခဏာများစွာကို ဖြစ်ပေါ်စေနိုင်ပါသည်။ အလင်းစွမ်းအင်သုံး သွေးဓာတ်ခွဲဖယ်ရှားခြင်း (photopheresis) ကိုအသုံးပြုခြင်းဖြင့် GVHD ကိုကုသရန်၊ ခရမ်းလွန်ရောင်ခြည် (UVS) ဖြင့် lymphocytes ဟုခေါ်သော သွေးဖြူဥများကို ဓာတ်ရောင်ခြည်ပေး၍ ဖယ်ရှားပြီး အစားထိုးဆဲလ်များနှင့် လူနာဆဲလ်များကြားတွင် တုံ့ပြန်မှုကိုလျော့နည်းစေကာ၊ အစားထိုးထားသောဆဲလ်များကို ဆန့်ကျင်ပယ်ဖျက်မှုမပြုရန်ကာကွယ်ပေးပါသည်။ ထို့အပြင် အာဟာရဆိုင်ရာပညာရှင်၊ အာဟာရအထူးကုဆရာဝန်၊ စိတ်ပညာရှင်၊ စိတ်ရောဂါအထူးကုဆရာဝန်နှင့် အခြားအထူးကုဆရာဝန်ကြီးများ အပါအဝင် ဘက်ပေါင်းစုံမှ ဆရာဝန်များ၏ စုပေါင်းစောင့်ရှောက်မှုဖြင့် လူနာ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထည့်သွင်းစဉ်းစားစီစဉ်ရပါသည်။


    นวัตกรรมปลูกถ่ายเซลล์ต้นกำเนิดเม็ดเลือดด้วยวิธี HAPLOIDENTICAL TRANSPLANT

    ဗီဇတစ်ဝက်တူ ပင်မဆဲလ် အစားထိုးကုသခြင်း၏ ဖြစ်နိုင်ခြေရှိသောနောက်ဆက်တွဲပြဿနာများ

    ဗီဇတစ်ဝက်တူ ပင်မဆဲလ်အစားထိုးကုသခြင်းသည် အခြေအနေအမျိုးမျိုးကို ပျောက်ကင်းအောင်ကုသပေးနိုင်သော်လည်း၊ အောက်ပါနောက်ဆက်တွဲပြဿနာများလည်းဖြစ်ပေါ်နိုင်ပါသည်။

    ဓာတုကုထုံးနှင့် ဓာတ်ရောင်ခြည်ကုထုံးများလုပ်ဆောင်နေစဉ်အတွင်း နောက်ဆက်တွဲပြဿနာများ။ လူနာများသည် ပျို့ခြင်း၊ အော့အန်ခြင်း၊ အဖျားတက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ ဝမ်းပျော့ခြင်း၊ သွေးအရောင်ဆီးသွားခြင်းစသည်တို့ကို ခံစားရနိုင်ပါသည်။ မည်သို့ပင်ဆိုစေကာမူ ဤလက္ခဏာများကို ကုသနိုင်သလို ကြိုတင်၍လည်း ကာကွယ်နိုင်ပါသည်။


    အစားထိုးကုသပြီး ကနဦးကာလ၌ ကြိုတင်ပြင်ဆင်ထားရမည့် နောက်ဆက်တွဲပြဿနာများ

    ၁။ ရောဂါပိုးများကူးစက်ခြင်း။ ပထမ ၂-၃ ပတ်အတွင်း အထူးသဖြင့် သွေးဖြူဥအရေအတွက် နည်းနေချိန်တွင် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်ပိုးများနှင့် မှိုများမှ ကူးစက်ရောဂါများ ဖြစ်နိုင်ခြေမြင့်မားပါသည်။ သွေးဖြူဥအရေအတွက်သည် ပုံမှန်ပမာဏသို့ ပြန်လည်ပွားများလာပြီး လူနာသည် ဆေးရုံမှဆင်းနိုင်သော်လည်း၊ အထူးသဖြင့် ပထမနှစ်အတွင်းတွင် ပုံမှန်ထက် ကူးစက်ရောဂါပိုးများ ပိုမိုဖြစ်ပွားနိုင်ခြေရှိပါသည်။ အဘယ်ကြောင့်ဆိုသော် လူနာသည် ခုခံအားစနစ်ကိုလျှော့ချသည့်ဆေးများ သောက်သုံးရခြင်းကြောင့် အစားထိုးကုသထားသော ဆဲလ်များကို မိမိ၏ကိုယ်ခံအားမှ ခုခံပယ်ဖျက်သော တုံ့ပြန်မှုအားနည်းသောကြောင့် ဖြစ်သည်။ ၄င်းတို့၏ခုခံအားစနစ်သည် ၁ နှစ်ကနေ ၂ နှစ်အတွင်းမှာ ပုံမှန်အတိုင်းပြန်လည်ကောင်းမွန်လာပါမည်။ ပင်မဆဲလ်အစားထိုးကုသမှုခံယူပြီးနောက် လူနာများသည် အဖျားတက်လေ့ရှိပါသည်။ အဖျားရှိလာပါက ဆရာဝန်မှ အဖျားတက်ရခြင်း၏ အကြောင်းရင်းပြဿနာရောဂါများကို ရှာဖွေ၍ ပဋိဇီဝဆေးများနှင့် အခြားသော ဆေးဝါးများဖြင့် ရောဂါပိုးများပျောက်ကင်းသည်အထိ လိုအပ်သလိုချိန်ညှိကုသပေးမည်ဖြစ်ပါသည်။

    ၂။ သွေးဆဲလ်အရေအတွက်နည်းခြင်း။ လူနာများသည် သွေးအားနည်းခြင်းနှင့် ခန္ဓာကိုယ်ပေါ်တွင် အနီကွက်များ ရှိနေနိုင်ပါသည်။ သွေးနီဥဆဲလ်များနှင့် သွေးဥမွှားများ နည်းပါးခြင်းကြောင့် သွားဖုံး သို့မဟုတ် အခြားတစ်သျှူးများတွင် သွေးထွက်ခြင်း ဖြစ်နိုင်ပါသည်။ အစားထိုးကုသထားသော ပင်မဆဲလ်များ အပြည့်အဝ လုပ်ဆောင်နိုင်ရန် စောင့်ဆိုင်းနေစဉ်အတွင်း၊ လူနာများသည် ပုံမှန်အားဖြင့် သွေးနီဥဆဲလ်များနှင့် သွေးဥဆဲလ်များကို အချိန်အားလျော်စွာ သွေးသွင်းရနိုင်ပါသည်။

    ၃။ ခံတွင်းနှင့် အစာခြေလမ်းကြောင်းရှိ အနာများ။ ဓာတုကုထုံးနှင့် ဓာတ်ရောင်ခြည်ကုထုံးများ၏ နောက်ဆက်တွဲအနေဖြင့် အဆိုပါအနာများဖြစ်ပေါ်နိုင်သောကြောင့် လူနာများသည် ခံတွင်းနာခြင်း၊ မျိုချရခက်ခဲခြင်းနှင့် အစာမစားနိုင်ခြင်းတို့ ဖြစ်လာနိုင်ပါသည်။ ယင်းကဲ့သို့အခြေအနေများသည် ပင်မဆဲလ် အစားထိုးကုသပြီး ပထမနှစ်ပတ်အကြာတွင် အဖြစ်များလေ့ရှိပါသည်။ လက္ခဏာများ အလွန်ပြင်းထန်ပါက လိုအပ်သော နေ့စဉ်အာဟာရများကို သွေးကြောမှတဆင့်သွင်းရန် လိုအပ်ပါသည်။ အထူးသတိပြုရမည်က အစာခြေလမ်းကြောင်းအနာများသည် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်ပိုးများနှင့် မှိုများအပါအဝင် ရောဂါပိုးကူးစက်ပျံ့နှံ့မှုကိုဖြစ်ပေါ်စေနိုင်ပါသည်။

    ၄။ GVHD။ အလှူရှင်၏ပင်မဆဲလ်နှင့် လူနာ၏ဆဲလ်တို့ ဆန့်ကျင်ဓာတ်ပြုမှုရောဂါ (GVHD) ကို ခေတ္တနှင့် နာတာရှည်ဟူ၍ (၂)မျိုးခွဲခြားနိုင်ပါသည်။ ခေတ္တ GVHD သည် ပင်မဆဲလ်အစားထိုးပြီးနောက် ပထမရက် (၁၀၀) အတွင်း ဖြစ်ပွားနိုင်ပါသည်။ လူနာများသည် ၎င်းတို့၏ အရေပြားနီမြန်းခြင်း၊ ဝမ်းလျှောခြင်း သို့မဟုတ် အသည်းလုပ်ဆောင်ချက်ချွတ်ယွင်းခြင်းများ ဖြစ်ပေါ်လာနိုင်သည်။ ခေတ္တ GVHD ပြီးနောက်၊ နာတာရှည် GVHD ဖြစ်ပေါ်လာနိုင်ပြီး အရေပြားနီမြန်းခြင်း သို့မဟုတ် အရေပြားအောက်ပိုင်းပြောင်းလဲမှုများ၊ အသည်းလုပ်ဆောင်ချက်ချွတ်ယွင်းမှုများ၊ မျက်လုံးခြောက်ခြင်း၊ ပါးစပ်ခြောက်ခြင်းနှင့် အနာများ၊ ဗိုက်နာခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ အဆစ်အမြစ်ကိုက်ခဲခြင်းနှင့် အဆုတ်လုပ်ဆောင်ချက် ပုံမှန်မဟုတ်ခြင်းတို့ကို ခံစားရနိုင်ပါသည်။

    ၅။ သွေးကြောပိတ်ခြင်းရောဂါ။ ပင်မဆဲလ်အစားထိုးမကုသမီ ကြိုတင်ပြင်ဆင်မှုအဖြစ် ဓာတုကုထုံးနှင့် ဓာတ်ရောင်ခြည်ကုထုံးများကြောင့် အသည်းအတွင်းရှိ သွေးကြောငယ်များ ပိတ်ဆို့သွားသောအခါတွင် သွေးကြောပိတ်ခြင်းရောဂါ ဖြစ်လာပါသည်။ ကိုယ်အလေးချိန်တက်ခြင်း၊ အသားဝါခြင်း၊ အသည်းကြီးခြင်း၊ ဗိုက်အောင့်ခြင်း သို့မဟုတ် ဝမ်းဗိုက်တွင်းအရည်များစုခြင်းတို့  ဖြစ်ပေါ်လာတတ်သည်။ များသောအားဖြင့် ပင်မဆဲလ်အစားထိုးပြီး (၂) ပတ်မှ (၁) လခန့်အကြာတွင် ဖြစ်ပေါ်တတ်ပါသည်။


    ဗီဇတစ်ဝက်တူ ပင်မဆဲလ် အစားထိုးကုသမှု၏ ရလဒ်များ – သွေးရောဂါရှိသော ကလေးများအတွက် မျှော်လင့်ချက်ရောင်ခြည်သစ်

    ဗီဇတစ်ဝက်တူ အစားထိုးကုသမှုသည် ရိုးတွင်းခြင်ဆီရှိ ကင်ဆာ သို့မဟုတ် ပုံမှန်မဟုတ်သောဆဲလ်များကို အစားထိုးပေးသောကြောင့် ဤကုသမှုသည် ကလေးငယ်များတွင် သာလာဆီးမီးယား၊ သွေးကင်ဆာနှင့် အခြားရောဂါများကို ပျောက်ကင်းစေနိုင်ပါသည်။ ရာနှုန်းပြည့်ကိုက်ညီသောအလှူရှင်ကိုအသုံးပြုခြင်းထက် ဗီဇတစ်ဝက်တူ ပင်မဆဲလ် အစားထိုးကုသမှုသည် မိဘများကဲ့သို့သော HLA သွေးထုတ်လုပ်မှုဆိုင်ရာ ပင်မဆဲလ်များ၏ ၅၀% ကိုက်ညီမှုရှိသော အလှူရှင်သာ လိုအပ်ပါသည်။ ထို့ကြောင့် အချိန်မီထိရောက်စွာ ကုသမှုခံယူနိုင်ရန် သင့်လျော်သောအလှူရှင်များကို ရှာဖွေဖို့အတွက် ပိုမိုလွယ်ကူပါသည်။ သို့သော်လည်း ဗီဇတစ်ဝက်တူ အစားထိုးကုသမှုသည် ကလေးများအတွက် သင့်လျော်သောရွေးချယ်မှုဖြစ်ခြင်းဟုတ်၊ မဟုတ်မှာ လူနာတစ်ဦးစီ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအပါအဝင် ရောဂါအမျိုးအစားနှင့် ပြင်းထန်မှုအပေါ် မူတည်ပါသည်။ ဗီဇတစ်ဝက်တူ အစားထိုးကုသမှုသည် အခြားကုသမှုနည်းလမ်းများနှင့် နှိုင်းယှဉ်ပါက အစားထိုးကုသမှုခံယူပြီး တစ်နှစ်အကြာတွင် ကလေးများ၏ ဆက်လက်ရှင်သန်နိုင်နှုန်းကို တိုးမြင့်စေပါသည်။ ထို့အပြင် ရက်ပေါင်း (၁၀၀) နောက်ပိုင်းတွင်လည်း သေဆုံးမှုနှုန်းသည် အလွန်နည်းပါးပါသည်။ ပို၍ကောင်းမွန်သည်မှာ ယင်းအစားထိုးကုသမှုသည် ကလေးများအတွက် အလုံးစုံပျောက်ကင်းအောင်ကုသနိုင်စွမ်း တိုးမြင့်စေပါသည်။ ရောဂါပြန်လည်ဖြစ်ပွားနှုန်းလည်း အလွန်နည်းပါသည်။ ထို့ကြောင့် ကလေးငယ်များအတွက် ကောင်းမွန်သော ဘဝအရည်အသွေးကို ပိုင်ဆိုင်စေပြီး ပျော်ရွှင်စွာကြီးပြင်းလာစေမည်ဖြစ်ပါသည်။


    ဘန်ကောက်ဆေးရုံကြီးတွင် ဗီဇတစ်ဝက်တူ အစားထိုးကုသခြင်း

    ဘန်ကောက်ဆေးရုံကြီးရှိ ကလေးကျန်းမာရေးဌာနနှင့် Wattanosoth ဘန်ကောက်ကင်ဆာဆေးရုံကြီးရှိ သွေးရောဂါဗေဒဌာနတို့သည် အောက်ပါဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနေပါသည်။

    • ကလေးကင်ဆာအထူးကုဆရာဝန်များ၊ ကလေးအထူးကုဆရာဝန်များနှင့် သာလာဆီးမီးယား နှင့် သွေးကင်ဆာ (Leukemia) ကဲ့သို့သော အခြားသွေးကင်ဆာရောဂါများ ခံစားနေရသည့် အသက် (၁)နှစ်မှ (၁၅)နှစ် ကလေးများအတွက် ဘက်စုံဆေးပညာရှင်အဖွဲ့များအပါအဝင် သွေးကင်ဆာနှင့် ကင်ဆာရောဂါဆိုင်ရာ ကလေးအထူးကုဆရာဝန်အဖွဲ့မှ တိုင်ပင်ဆွေးနွေးခြင်းနှင့် ကုသခြင်း။
    • ဗီဇတစ်ဝက်တူ အစားထိုးကုသမှုတွင် အသုံးပြုရန်အတွက် HLA မျိုးရိုးဗီဇအမျိုးအစားစစ်ဆေးခြင်းနှင့် တိုင်ပင်ဆွေးနွေးခြင်း။
    • သွေးကင်ဆာရောဂါများအတွက် ဓာတုကုထုံးဖြင့် ဆေးသွင်းကုသနေစဉ်အတွင်း လူနာများအတွက် ထိရောက်မှုနှင့် ဘေးကင်းမှုကို အနီးကပ်စောင့်ကြပ်ပေးနေသော ဆရာဝန်များနှင့် သူနာပြုများ၏ အနီးကပ်ကြီးကြပ်မှုအောက်တွင် အရည်အချင်းပြည့်မီသော အထူးပြုဆေးဝါးပညာရှင်များမှ ပြင်ဆင်ထားသည့် ကင်ဆာရောဂါများအတွက် ဓာတုကုထုံးကို စီမံကွပ်ကဲခြင်း။
    • ခုခံအားစနစ်ကိုလျှော့ချထားသည့် လူနာများ ရောဂါပိုးကူးစက်မှုမှ ကာကွယ်ရန် HEPA အဆင့်မြင့်ဇကာ တပ်ဆင်ထားသော လေဖိအားပြင်းအခန်း အပါအဝင် နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီသော ပင်မဆဲလ် အစားထိုးကုသခြင်း လုပ်ထုံးလုပ်နည်းကိုကျင့်သုံးခြင်း။ အထက်ပါနည်းစနစ်များကြောင့် အစားထိုးကုသမှုခံယူသည့်လူနာများနှင့်ပမာဏမြင့်ဓာတုဆေးသွင်းကုသမှုခံယူသော လူနာနှစ်ဦးစလုံးအတွက် ရောဂါပိုးဝင်ရောက်နိုင်ခြေကို လျော့ကျစေပါသည်။

    “ဗီဇတစ်ဝက်တူ ပင်မဆဲလ်အစားထိုးကုသခြင်းသည် သွေးရောဂါရှိသော ကလေးများအား ပျောက်ကင်းကုသရန် အခွင့်အလမ်း ပိုမိုမြင့်မားပြီး ဘဝအရည်အသွေးကောင်းများ ထပ်မံရရှိစေမည့် ဆေးဘက်ဆိုင်ရာ တိုးတက်မှုတစ်ခုဖြစ်ပါသည်။ ဤကုသမှုနည်းလမ်းသည်ပြီးပြည့်စုံသောအသိပညာ၊ ဆေးဘက်ဆိုင်ရာကျွမ်းကျင်မှု၊ အထူးပိုးမွှားသန့်စင်ထားသော ဆေးရုံအခန်းအပြင်၊ လူနာများအတွက် အကောင်းဆုံးကုသမှုကိုခံယူစေပြီး ပိုမိုကောင်းမွန်သောဘဝအရည်အသွေးကိုရရှိပိုင်ဆိုင်ရန်သေချာစေမည့် လိုအပ်သောဆေးရုံပြင်ဆင်မှုများစွာဖြင့် ကျွန်ုပ်တို့ ဘန်ကောက်ဆေးရုံကြီးမှ အသင့်ရှိနေပါသည်။”

    သတင်းရင်းမြစ်

    Doctor Image

    Dr. Suradej Hongeng

    Pediatric Hematology and Oncology, Pediatric Hematology, Pediatrics

    Dr. Suradej Hongeng

    Pediatric Hematology and Oncology, Pediatric Hematology, Pediatrics

    Doctor profileDoctor profile
    Doctor Image

    Dr. Pongpak Pongphitcha

    Pediatric Hematology and Oncology, Pediatrics

    Dr. Pongpak Pongphitcha

    Pediatric Hematology and Oncology, Pediatrics

    Doctor profileDoctor profile

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    ကလေးကျန်းမာရေးစင်တာ

    စတုတ္ထထပ်၊ ဘန်ကောက်ဆေးရုံကြီး

    နေ့စဥ် မနက် ၈ နာရီ မှ ည‌‌ ၈ နာရီ

    (+66) 2310 3006

    (+66) 2755 1006

    (+66) 2310 3000

    1719 (local mobile calls only)

    [email protected]

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    ပက်ကေ့ဂျ်များနှင့် ပရိုမိုးရှင်းများ

    Explore A Full ExperienceExplore A Full Experience
    Explore A Full Experience

    40,000 - 43,000 ဘတ်

    အသေးစိတ်
    အစာအိမ်အူလမ်း‌ကြောင်းနှင့်အသည်းဆိုင်ရာ ပက်ကေ့ချ်အစာအိမ်အူလမ်း‌ကြောင်းနှင့်အသည်းဆိုင်ရာ ပက်ကေ့ချ်
    အစာအိမ်အူလမ်း‌ကြောင်းနှင့်အသည်းဆိုင်ရာ ပက်ကေ့ချ်

    19,500 - 39,000 ဘတ်

    အသေးစိတ်
    အမျိုးသမီးမီးယပ်ဆိုင်ရာခွဲစိတ်မှုအမျိုးမျိုးအမျိုးသမီးမီးယပ်ဆိုင်ရာခွဲစိတ်မှုအမျိုးမျိုး
    အမျိုးသမီးမီးယပ်ဆိုင်ရာခွဲစိတ်မှုအမျိုးမျိုး

    အသေးစိတ်
    ပက်ကေ့ဂျ်များ ပိုမိုကြည့်ရှုမည်

    ကျန်းမာ

    ကျန်းမာ

    ကျန်းမာ

    ကလေးတွေ ဟောက်တာက သင်ထင်ထားတာထက် ပိုအန္တရာယ်များပါတယ်။ အဲဒါကို လျစ်လျူမရှုပါနဲ့။ Image
    AI
    ကလေးတွေ ဟောက်တာက သင်ထင်ထားတာထက် ပိုအန္တရာယ်များပါတယ်။ အဲဒါကို လျစ်လျူမရှုပါနဲ့။
    ကလေးများတွင် အိပ်နေစဉ် အသက်ရှူကျပ်ခြင်းကို သတိပြုပါ။ Image
    AI
    ကလေးများတွင် အိပ်နေစဉ် အသက်ရှူကျပ်ခြင်းကို သတိပြုပါ။
    အိပ်ရေးမဝခြင်းနှင့် အဝလွန်ခြင်းသည် ကလေးများအတွက် သင်ထင်ထားသည်ထက် ကြီးမားသော သက်ရောက်မှုရှိသည်။ Image
    AI
    အိပ်ရေးမဝခြင်းနှင့် အဝလွန်ခြင်းသည် ကလေးများအတွက် သင်ထင်ထားသည်ထက် ကြီးမားသော သက်ရောက်မှုရှိသည်။
    ကျန်းမာ