လေဖြတ်ခြင်းသည် အသက်အရွယ်၊ ကျား၊ မ မရွေး မည်သူမဆိုဖြစ်ပွားနိုင်ပါသည်။ လေဖြတ်ခြင်းဖြစ်နိုင်ခြေရှိနေသူများတွင် အစားအစာမျှတစွာစားသုံးခြင်း၊ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်းစသော ကျန်းမာရေးနှင့်ညီညွတ်သော ဘဝနေထိုင်မှုပုံစံကိုစတင်ရန် လိုအပ်ပြီး ဂလူးကို့စ်ပမာဏ၊ သွေးပေါင်ချိန်နှင့် နှလုံးလုပ်ဆောင်မှုတို့ကို အထူးဂရုပြုကာ နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှုတို့ကိုပြုလုပ်သင့်ပါသည်။ မိသားစုရောဂါရာဇ၀◌င်တွင် သွေးကြောဖောင်းခြင်း၊ နှလုံးသွေးကြောကျဉ်းရောဂါ နှင့် လေငန်းရောဂါများ ရှိပါက လေဖြတ်ခြင်းဖြစ်နိုင်ခြေကိုလည်းတိုးစေပါသည်။ လည်ပင်းသွေးကြောမကြီးအာထရာဆောင်းရိုက်စစ်ဆေးခြင်းဖြင့် လည်ပင်းသွေးကြောများအခြေအနေကိုသိရှိနိုင်ပြီး ဆရာဝန်သည် လေဖြတ်ခြင်းရောဂါကာကွယ်ရေးအစီအမံများကို ညွှန်ကြားနိုင်မှာဖြစ်ပါသည်။
