Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    BDMS အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုများ (BES)

    ဝန်ဆောင်မှုများ
    ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

    အကျဉ်း

    မျှော်မှန်းချက်နှင့်ဦးတည်ချက်

    ဝန်ဆောင်မှုများ

    ကျွန်ုပ်တို့၏အဖွဲ့

    ကျွန်ုပ်တို့၏အင်အားစု

    ဝန်ဆောင်မှုရယူခြင်းအတွက်စုံစမ်းရန်

    ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

    ဝန်ဆောင်မှုများအတွက် စုံစမ်းရန်

    BDMS Medevac Center and Bangkok Hospital Phuket လူနာပို့ဆောင်ရေး ထိန်းချုပ်ဌာန

    BES

    စုံစမ်းမေးမြန်းရန်

    • (၂၄) နာရီ ဝန်ဆောင်မှု
    • ဘာသာစကားမျိုးစုံအတွက် ဘာသာပြန်များရှိခြင်း

    ဆွေးနွေးတိုင်ပင်ခြင်း

    • သက်ဆိုင်ရာ အထူးကုဆရာဝန်များမှ ဆွေးနွေးပေးခြင်း
    • လူနာသယ်ယူပို့ဆောင်ရန်အတွက် လမ်းညွှန်ချက်ပေးခြင်းနှင့် အစီအစဉ်ဆွဲပေးခြင်း

    ပူးပေါင်းဆောင်ရွက်ခြင်း

    • အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှု
    • ကျန်းမာရေးဌာနတစ်ခုမှ တစ်ခုသို့ လူနာပို့ဆောင်ပေးခြင်း
    • ခန့်မှန်းကုန်ကျစရိတ် တွက်ချက်ပေးခြင်း

    တိုက်ရိုက်ချိတ်ဆက် သယ်ယူပို့ဆောင်ပေးခြင်း

    • လူနာများအား အသင့်တော်ဆုံးကျန်းမာရေးဌာနသို့ ဘေးကင်းစွာသယ်ယူပို့ဆောင်ပေးခြင်း

    ဘန်ကောက်ဆေးရုံကြီးအရေးပေါ်ကျန်းမာရေးစောင့်‌ရှောက်မှုဝန်ဆောင်မှု ရုံးလိပ်စာ

    17D, building, Bangkok hospital, 2 Soi Soonvijai, New Petchaburi Rd, Bangkapi,

    Huaykwang, Bangkok 11130

    Tel. +6627169999

    e-mail: [email protected]


    အရေးပေါ်လူနာတင်ယာဉ်ခေါ်ဆိုခြင်း

    မည်သည့်အချိန်တွင် ခေါ်ဆိုရမည်နည်း။ အရေးပေါ်အခြေအနေဟု မည်ကဲ့သို့ သိနိုင်မည်နည်း။

    သင်ကိုယ်တိုင် သို့မဟုတ် တစ်စုံတစ်ယောက်သည် အောက်ပါလက္ခဏာများ ခံစားရမည်ဆိုပါက အနီးဆုံးအရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုဌာနကို ခေါ်ဆိုသင့်ပါသည်။

    • ရင်ဘတ်အောင့်ခြင်း
    • အသက်ရှူခက်ခဲခြင်း
    • ခန္ဓာကိုယ်သွေးမတိတ်ခြင်း သို့ သွေးလန့်ခြင်းဖြစ်စေနိုင်သော အကြောင်းလက္ခဏာတခုခုရှိခြင်း
    • အပြင်းအထန် အပူလောင်ခြင်း
    • အဆိပ်သင့်ခြင်း
    • သတိလစ်ခြင်း သို့ ဝက်ရူးပြန်ခြင်း
    • ချာချာလည် ခေါင်းမူးခြင်း၊ ခန္ဓာကိုယ်ဟန်ချက်မထိန်းနိုင်ခြင်း၊ ခြေလက်မလုပ်ရှားနိုင်ခြင်း၊ စကား မပီမသဖြစ်ခြင်း၊ ကိုယ်တစ်ခြမ်းလေးခြင်း ကဲ့သို့သော လေဖြတ်ခြင်း လက္ခဏာများ  
    • အမြင့်ပေါ်မှ ပြုတ်ကျခြင်း၊ အရှိန်ဖြင့်ယာဉ်တိုက်မှုဖြစ်ပွားခြင်း ကဲ့သို့သော အသက်အန္တရာယ်ရှိသော အပြင်းအထန်ဒဏ်ရာရမှု 

    မည်ကဲ့သို့ ခေါ်ဆိုရမည်နည်း။

    ပထမဦးစွာ စိတ်အေးအေးထားပါ၊ ပြီးတော့ ဖုန်းခေါ်ဆိုပါ။

    အနီးဆုံးအရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုဖုန်းနံပါတ်ကို နှိပ်ပါ။ ဖုန်းလိုင်းကို ဖွင့်ထားပါ။

    ဘန်ကောက်ဆေးရုံ ဖူးခက်နှင့် ဘန်ကောက်ဆေးရုံ Siriroj ၏အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုရယူရန် 1-7-2-4 and 1-7-1-9 နံပါတ်ကို နှိပ်ပါ သို့မဟုတ်

    BES-I lert you application ရှိ Emergency Lert ကို နှိပ်ပါ။

    ပြန်လည်ဖြေဆိုခြင်း

    Call Center ရှိ ပို့ဆောင်ရေးလမ်းညွှန်ပေးသူသည် အရေးပေါ်အခြေအနေဟုတ်/ မဟုတ် မေးခွန်းများ မေးပါလိမ့်မည်။ စိတ်အေးအေးထားပြီး မေးသော မေးခွန်းများကို ဖြေဆိုပေးပါ။ မေးခွန်းများသည် အချိန်အနည်းငယ်ယူသော်လည်း ထိုမေးခွန်းများသည် သင့်အားအကူအညီဖြစ်နိုင်သမျှ မြန်မြန်ရဖို့အတွက် အထောက်အကူဖြစ်ပါလိမ့်မည်။ မေးခွန်းများများမေးခြင်းအားဖြင့် သင့်၏ လက်ရှိအခြေအနေကိုပိုမိုသိနိုင်ပြီး ကနဦးကူညီစောင့်ရှောက်သူများအား လမ်းညွှန်မှုအချက်အလက်များ ပိုမိုပေးနိုင်ပါသည်။

    အရေးပေါ်ကျန်းမာရေးအစောင့်အရှောက်အကူအညီပေးရန်အတွက် လိုအပ်သော အချက်အလက်များမှာ

    • အရေးပေါ်အခြေအနေဖြစ်နေသော နေရာ
    • သင်၏ အမည်၊ ဖုန်းနံပါတ်၊ အကယ်၍ သင်သည် အခင်းဖြစ်ပွားရာနေရာတွင်မရှိပါက အခင်းဖြစ်ပွားရာနေရာတွင်ရှိသော သူ၏ ဆက်သွယ်ရမည့် ဖုန်းနံပါတ်
    • လက်ရှိကြုံတွေ့နေရသော ရောဂါလက္ခဏာများ (ဥပမာ ထိခိုက်ဒဏ်ရာရထားသူသည် သတိလစ်နေမှု၊ အသက်ရှူမှုအနေအထား၊ သွေးထွက်မှု အခြေအနေ)
    • အခင်းဖြစ်ပွားရာနေရာတွင်ရှိနေသော အန္တရာယ်များ၊ မီးလောင်နေမှု၊ လျှပ်စစ်ပါဝါမရရှိနိုင်မှု၊ အသက်အန္တရာယ်ရှိသော လက်နက်ရှိမှု၊  အဓိကရုံး ဆူပူမှု၊ ယာဉ်တိုက်မှုဖြစ်ပွားသည့်နေရာတွင်ရှိသော ထိခိုက်မှုအနေအထား၊ တီဘီ သို့မဟုတ် ကိုဗစ် ၁၉ သို့မဟုတ် အရေးပေါ်အသက်အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော ရောဂါများကဲ့သို့သော ကူးစက်ရောဂါများ၊ အထောက်အကူပိုမိုလိုအပ်နိုင်သော အဝလွန်လူနာများ

    ပို့ဆောင်ရေးလမ်းညွှန်ပေးသူ၏ ညွှန်ကြားချက်များအား လိုက်နာပါ။

    သင့်အနေဖြင့် ပို့ဆောင်ရေးလမ်းညွှန်ပေးသူ မှ ဖုန်းချလို့ အဆင်ပြေပါပြီဟု ပြောသည်အထိ ဖုန်းကို လိုင်းဖွင့်ထားပြီး ညွှန်ကြားချက်များ အတိအကျလိုက်နာရန်လိုအပ်ပါသည်။ ပို့ဆောင်ရေးလမ်းညွှန်ပေးသူ မှ သင့်ကို မည်ကဲ့သိုလုပ်ရမည်ကို ညွှန်ကြားချက်ပေးပါမည်။ ထိုညွှန်ကြားချက်များကို တိတိကျကျလိုက်နာရန်လိုအပ်ပါသည်။ ထိုသို့ လိုက်နာခြင်းဖြင့် ရောဂါပိုမိုမဆိုးရွားလာစေရန် ကာကွယ်နိုင်ပြီး သင်၏ အသက်ကိုပါ ကယ်တင်ပေးနိုင်ပါလိမ့်မည်။ ပို့ဆောင်ရေးလမ်းညွှန်ပေးသူသည် အောက်ပါကဲ့သို့သော ညွှန်ကြားချက်များကို ညွှန်ကြားနိုင်ပါသည်။

    • ကနဦးအခြေခံကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း
    • နှလုံးနှိုးခြင်း
    • လူနာအား လုံခြုံသောနေရာကို ရွှေ့ပြောင်းခြင်း

    အကယ်၍ သင်သည် အရေးပေါ်အခြေအနေဖြစ်နေပြီး အခင်းဖြစ်ရာနေရာသည်လည်း ကျွန်ပ်တို့ အချိန်မှီသွားရောက်ကယ်ဆယ်ပေးနိုင်သည့် ဝန်ဆောင်မှုပေးနေသောနေရာတွင် ရှိနေလျှင် ပို့ဆောင်ရေးလမ်းညွှန်ပေးသူသည် အရေးပေါ်လူနာတင်ယာဉ်ကို စေလွှတ်ပါမည်။ အကယ်၍ လူနာ၏ အခင်းဖြစ်ရာနေရာသည် ကျွန်ုပ်တို့ဝန်ဆောင်မှုပေးနေသော နေရာနှင့် အလှမ်းကွာဝေးနေလျှင် ကျွန်ုပ်တို့အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှု တုံ့ပြန်မှုအချိန်သည် လူနာအား ပိုမိုဆိုးရွားနိုင်သော‌ကြောင့် ပို့ဆောင်ရေးစင်တာသည် သင်အား အခြား အနီးဆုံးအရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုကို ခေါ်ဆိုရန် အကြံပေးပါလိမ့်မည်။


    ကျန်းမာရေးဌာနတစ်ခုမှ တခြားတစ်ခုသို့ လူနာရွှေ့ပြောင်းရန်  အကူအညီတောင်းခံခြင်း

    လူနာရွှေ့ပြောင်းမှုလုပ်ငန်းစဉ်

    (၁) ဦးစွာဆေးရုံရှိ သက်ဆိုင်ရာဝန်ထမ်းအား အကြောင်းကြားပါ။

         အကယ်၍ သင်သည် လက်ရှိကုသမှုခံယူနေသော နေရာမှ BDMS အုပ်စု၏ ဆေးရုံတစ်ခုခုသို့ ရွှေ့ပြောင်းပြီး ကုသမှုခံယူလိုလျှင် ထိုဆေးရုံ၏ သက်ဆိုင်ရာဝန်ထမ်းအား အကြောင်းကြားပါ။ ထို့နောက် လက်ခံကုသပေးမည့် အထူးကုဆရာဝန်နှင့် မိမိသိလိုသည်များကို ဆွေးနွေးတိုင်ပင်အကူအညီတောင်းခံနိုင်ပါသည်။

    (၂) လူနာရွှေ့ပြောင်းရန်အတွက် လိုအပ်သော သတင်းအချက်အလက်များ

         လူနာရွှေ့ပြောင်းရန် စီစဉ်ဆောင်ရွက်ပေးသူသည် လူနာ‌ရွှေ့ပြောင်းသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ လိုအပ်သည်များကို မေးမြန်းပါလိမ့်မည်။ ထိုအချက်အလက်များပေါ်မူတည်၍ မိမိတို့အနေဖြင့် လူနာနှင့် သင့်တော်သောကျန်းမာရေးဝန်ဆောင်မှုအား ပေးနိုင်မည်ဖြစ်သည်။  လူနာ၏ ကျန်းမာရေးအချက်အလက်များ၊ ကုသမှု ခံယူထားမှုများ၊ ရောဂါ‌ရှာဖွေထားသည့် မှတ်တမ်းများကဲ့သို့သော လူနာဆေးမှတ်တမ်းသည် လူနာအား ဘေးကင်းစွာ ရွှေ့ပြောင်းခြင်း အစီအစဉ်ဆွဲခြင်းနှင့်  ရောက်ရှိသည့်ဆေးရုံတွင် ကုသမှု ဆက်လက်ခံယူရန်အတွက် အရေးကြီးပါသည်။  

    (၃) ကုန်ကျစရိတ်နှင့် ငွေပေးချေရမည့် နည်းလမ်း

          လူနာ၏ ‌ဘေးကင်းလုံခြုံမှုအပေါ်မူတည်၍ လူနာရွှေ့ပြောင်းရန် ဆုံးဖြတ်ချက်ချပြီးသည်နှင့် လူနာလက်ခံမည့် ဆေးရုံသည် လူနာလက်ခံရန် အတည်ပြုပေးမည်ဖြစ်သည်။ မိမိတို့၏ လူနာရွှေ့ပြောင်းခြင်းစီစဉ်ကြီးကြပ်သူမှ လူနာရွှေ့ပြောင်း ခန့်မှန်းကုန်ကျစရိတ်အား လူနာရှင်ဘက်သို့ အသိပေးမည်ဖြစ်သည်။ ငွေပေးချေရမည်နည်းလမ်းအနေဖြင့် ဆေးရုံ၏ ဘဏ်အကောင့်သို့ လွှဲပြောင်းပေးနိုင်သလို မိမိတို့နှင့် ပူးပေါင်းဆောင်ရွက်နေသောကုမ္ပဏီ သို့မဟုတ် အာမခံကုမ္ပဏီမှလည်း ငွေပေးချေမှု အာမခံစာရွက်ဖြင့် ငွေပေးချေဆောင်ရွက်နိုင်သည်။

    (၄) လူနာသယ်ပို့ခြင်း

          လိုအပ်သော အချက်အလက်များကို လက်ခံရရှိပြီးသည်နှင့် တပြိုင်နက် လူနာ၏ ရောဂါအနေအထား၊ လမ်းကြောင်းအခြေအနေ၊ ရာသီဥတုအခြေအနေ၊ ဝန်ထမ်းများ၏ ကြံ့ခိုင်မှုအနေအထားအပေါ်မူတည်၍ လူနာသယ်ပို့ခြင်းအန္တရာယ်ဘေးကင်းနိုင်မှုကို ဆန်းစစ်လိမ့်မည် ဖြစ်သည်။ ထို့နောက် လူနာနှင့် ဆေးအဖွဲ့၏ ဘေးကင်းလုံခြုံမှုအပေါ်မူတည်၍ သယ်ပို့ရမည့် လမ်းကြောင်း၊ လမ်းခရီးတလျှောက်ပေးရမည့် ကျန်းမာရေးစောင့်ရှောက်မှု၊ လုပ်ငန်းစဉ်ကြာချိန်ကို ဆုံးဖြတ်လိမ့်မည် ဖြစ်သည်။

    (၅) ကိုယ်ပိုင်ပစ္စည်းများနှင့် လိုက်ပါမည့် အဖော်

          ဘေးကင်းလုံခြုံမှုရှိနိုင်လျှင် လူနာစောင့်အား တစ်ပါတည်းခေါ်ဆောင်ပေးမည်ဖြစ်သည်။ ထိုကဲ့သို လူနာနှင့်အတူလိုက်ပါရန် ခွင့်တောင်းထားသည့် လူနာစောင့်အား ပို့ဆောင်ရေးစင်တာနှင့် လေဆိပ်အာဏာပိုင်များမှ စစ်ဆေးပြီးမှ ခွင့်ပြုမည်ဖြစ်သည်။ နိုင်ငံကူးလက်မှတ်ကို ပို့ဆောင်ရေးစင်တာသို့ အီးမေးလ်ဖြင့် ပို့ထားရပါမည်။

    ဆေးဘက်ဆိုင်ရာသယ်ယူပို့ဆောင်‌ရေးနှင့် ပတ်သက်သော ဘေးကင်းလုံခြုံရေး စည်းမျဉ်းများအား ကြိုတင်အသိပေးထားမည်ဖြစ်ပြီး သယ်ပို့နေစဉ်တလျောက်တွင်လည်း သေချာစွာ လိုက်နာရန်လိုအပ်ပါသည်။

    Cabin အရွယ်အစားခရီးဆောင်အိတ် (၁) လုံးကို လူနာတင်ယာဉ်ပေါ်တွင် ခွင့်ပြုမည်ဖြစ်ပြီး အကယ်၍ လူနာ၏ မိသားစုဝင် သို့မဟုတ် မိတ်ဆွေများအား ပို့ဆောင်ရန်ဖြစ်စေ၊  နောက်ထပ်ခရီးဆောင်အိတ်များ သယ်ယူပို့ဆောင်ရန်အတွက်ဖြစ်စေ အကူအညီလိုအပ်ပါက ပို့ဆောင်ရေးစင်တာအား ကြိုတင်အကြောင်းကြားထားရန် လိုအပ်ပါသည်။

    ခရီးဆောင်အိတ်နှင့် ကိုယ်ပိုင်ပစ္စည်းများကို လူနာတင်ယာဉ်ရှိ ဝန်ထမ်းမှဖြစ်စေ လေဆိပ်အာဏာပိုင်ဖြစ်စေ စစ်ဆေးကြည့်ရှုမည်ဖြစ်ပါသည်။၊


    အ‌ရေးပေါ်လူနာတင်ယာဉ် ဘေးကင်းရေး သယ်ယူပို့ဆောင်ရေးညွှန်ကြားချက်နှင့် ပတ်သက်၍ သိရန်အတွက် အောက်ပါ QR code ကို စကင်ဖတ်ပါ။

    BES

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    BDMS အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုများ (BES)

    1724

    (+66) 2226 4565