Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    BDMS အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုများ (BES)

    ဝန်ဆောင်မှုများ
    ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

    အကျဉ်း

    မျှော်မှန်းချက်နှင့်ဦးတည်ချက်

    ဝန်ဆောင်မှုများ

    ကျွန်ုပ်တို့၏အဖွဲ့

    ကျွန်ုပ်တို့၏အင်အားစု

    ဝန်ဆောင်မှုရယူခြင်းအတွက်စုံစမ်းရန်

    ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

    ကျွန်ုပ်တို့၏ အဖွဲ့

    BES our team

    အခြေခံအသက်ကယ်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ 

    • ဝန်ထမ်းများ
      အရေးပေါ်ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူများနှင့် သူနာပြုများ
    • ဝန်ဆောင်မှု
      အရေးပေါ်လူနာတင်ယာဉ်ဖြင့်ဖြစ်စေ၊ သက်ဆိုင်ရာလေကြောင်းလိုင်းဖြင့် ပျံသန်းသောခရီးစဉ်တွင် ကျန်းမာရေးအစောင့်အရှောက်ဖြင့်ဖြစ်စေ အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုနှင့် ကျန်းမာရေးဌာနတစ်ခုမှ အခြားတစ်ခုသို့  ဘေးကင်းလုံခြုံစွာ လူနာရွှေ့ပြောင်းပေးခြင်း
    • ဆေးပစ္စည်းကိရိယာများ
      ခန္ဓာကိုယ်အရေးကြီးလက္ခဏာများ စောင့်ကြည့်သည့်စက်များ၊ အလိုအလျောက်နှလုံးနှိုးစက်များ၊ ရွှေ့ပြောင်းသယ်ယူနိုင်သော ချွဲစုက်စက်များ၊ ဆေးသွင်းသည့် စက်များ   
    • ပြုစုကုသမှုပေးနိုင်သော ဝန်ဆောင်မှုများ
      ခန္ဓာကိုယ်အရေးကြီးလက္ခဏာများစောင့်ကြည့်ပေးခြင်း၊ လူနာ၏ ရောဂါအခြေအနေအား ဆန်းစစ်ပေးခြင်း၊ လူနာ၏ အသက်ရှူလမ်းကြောင်းကုသမှုပေးခြင်း၊ အောက်စီဂျင်နှင့် အသက်ကယ်ဆေးဝါးများပေးခြင်း၊
      အနာသန့်စင်ပေးခြင်းနှင့် ပတ်တီးစည်းပေးခြင်း၊ ခြေလက်များအား ကျပ်စည်းပေးခြင်း၊ ခါးဘုတ်ပြားထည့်၍ လူနာသယ်ပို့ခြင်း၊ အလိုအလျောက်နှလုံးနှိုးစက်အသုံးပြု၍ ကျန်းမာရေးဝန်ထမ်းများမှ အသက်ကယ်နှလုံးနှိုးပေးခြင်း

    အဆင့်မြင့်အသက်ကယ်စောင့်ရှောက်မှုအဖွဲ့ 

    • ဝန်ထမ်းများ
      အရေးပေါ်ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူများ၊ အရေးပေါ်သူနာပြုများနှင့် ဆရာဝန်များ
    • ဝန်ဆောင်မှုများ
      မြေပြင်အရေးပေါ်လူနာတင်ယာဉ်ဖြင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကျန်းမာရေးဌာနတစ်ခုမှ အခြားတစ်ခုသို့ လေယာဉ်ဖြင့် ဖြစ်စေ၊ ရေကြောင်းခရီးလူနာတင်ရေယာဉ်ဖြင့် ဖြစ်စေ၊ မြေပြင်လူနာတင်ယာဉ်ဖြင့် ဖြစ်စေ လူနာအား သယ်ယူပို့ဆောင်ပေးခြင်း
    • ဆေးပစ္စည်းကိရိယာများ
      ခန္ဓာကိုယ်အရေးကြီးလက္ခဏာများစောင့်ကြည့်သည့်အဆင့်မြင့်စက်များ၊ အသက်ကယ်နှလုံးနှိုးစက်များ၊ ရွှေ့ပြောင်းသယ်ယူနိုင်သော အသက်ရှူစက်များ၊ ချွဲစုပ်စက်များ၊ ဆေးသွင်းသည့်စက်များ      
    • ပြုစုကုသမှုပေးနိုင်သော ဝန်ဆောင်မှုများ
      ခန္ဓာကိုယ်အရေးကြီးလက္ခဏာများစောင့်ကြည့်ပေးခြင်း၊ လူနာ၏ အသက်ရှူလမ်းကြောင်းအား အသက်ရှူပိုက်ထည့်ခြင်းကဲ့သို့သော အဆင့်မြင့်ကုသမှုပေးခြင်း၊ အသက်ရှူစက်များဖြင့် ကုသမှုပေးခြင်း၊ နှလုံးစောင့်ကြည်ခြင်းနှင့် အသက်ကယ်နှလုံးနှိုးစက်ဖြင့် ကုသမှုပေးခြင်း၊ အသက်ကယ်ဆေးဝါးများပေးခြင်း။

    BES our team

    အထူးကြပ်မတ်ကုသမှုများ

    • ဝန်ထမ်းများ
      အရေးပေါ်ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူများ၊ အရေးပေါ်သူနာပြုများနှင့် အထူးကြပ်မတ်ကုသမှုအတွေ့အကြုံရှိသော သူနာပြုနှင့် အရေးပေါ်အထူးကုဆရာဝန်များ
    • ဝန်ဆောင်မှုများ
      ကျန်းမာရေးဌာနတစ်ခုမှ အခြားတစ်ခုသို့ လေယာဉ်ဖြင့် ဖြစ်စေ၊ ရေကြောင်းခရီးလူနာတင်ရေယာဉ်ဖြင့် ဖြစ်စေ၊ မြေပြင်လူနာတင်ယာဉ်ဖြင့် ဖြစ်စေ လူနာအား သယ်ယူပို့ဆောင်ပေးခြင်း
    • ဆေးပစ္စည်းကိရိယာများ
      ခန္ဓာကိုယ်အရေးကြီးလက္ခဏာများစောင့်ကြည့်သည့်အဆင့်မြင့်စက်များ၊ အသက်ကယ်နှလုံးနှိုးစက်များ၊ နှလုံးထိန်းစက်၊ ရွှေ့ပြောင်းသယ်ယူနိုင်သော အသက်ရှူစက်များ၊ ချွဲစုပ်စက်များ၊ ဆေးသွင်းသည့် စက်များ      
    • ပြုစုကုသမှုပေးနိုင်သော ဝန်ဆောင်မှုများ
      ခန္ဓာကိုယ်အရေးကြီးလက္ခဏာများစောင့်ကြည့်ပေးခြင်း၊ လူနာ၏ အသက်ရှူလမ်းကြောင်းအား အဆင့်မြင့်ကုသမှုပေးခြင်း၊ အဆင့်မြင့်အသက်ရှူစက်များဖြင့် ကုသမှုပေးခြင်း၊ နှလုံးစောင့်ကြည့်ခြင်းနှင့် အသက်ကယ်နှလုံးနှိုးစက်ဖြင့် ကုသမှုပေးခြင်း၊ အသက်ကယ်ဆေးဝါးများပေးခြင်း။

    BES our team

    ရောဂါအထူးပြု ကျန်းမာရေးဝန်ဆောင်မှု

    • ဝန်ထမ်းများ
      အရေးပေါ်ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူများ၊ အရေးပေါ်သူနာပြုတစ်ဦး၊ ရောဂါအထူးပြု သူနာပြု တစ်ဦးနှင့် အထူးကုဆရာဝန်များ –
      • နှလုံးရောဂါသည်များကို သယ်ပို့ရန်အတွက် နှလုံးဆရာဝန်များ
      • မွေးကင်းစကလေးများ သယ်ပို့ရန်အတွက် မွေးကင်းစအထူးကုဆရာဝန်များ
      • ကလေးလူနာများ သယ်ပို့ရန်အတွက် ကလေးအထူးကြပ်မတ်ကုသအထူးကုဆရာဝန်များ
      • ECMO လိုအပ်သော လူနာများအတွက် အဆုတ်နှင့်နှလုံးခွဲစိတ်ဆရာဝန်နှင့် အဆုတ်သွေးလည်ပတ်မှုဆိုင်ရာအထူးကုဆရာဝန်
    • ဝန်ဆောင်မှုများ
      ကျန်းမာရေးဌာနတစ်ခုမှ အခြားတစ်ခုသို့ လေယာဉ်ဖြင့် ဖြစ်စေ၊ ရေကြောင်းခရီးလူနာတင်ရေယာဉ်ဖြင့် ဖြစ်စေ၊ မြေပြင်လူနာတင်ယာဉ်ဖြင့် ဖြစ်စေ လူနာအား သယ်ယူပို့ဆောင်ပေးခြင်း
    • ဆေးပစ္စည်းကိရိယာများ
      အထူးကြပ်မတ်ကုသမှုများဖြင့် သယ်ယူပို့ဆောင်အပြင် အဆင့်မြင့်စက်များဖြစ်သော Transport incubator စက်များ၊  IABP and ECMO စက်များပါဝင်သည်။     
    • ပြုစုကုသမှုပေးနိုင်သော ဝန်ဆောင်မှုများ
      အဆင့်မြင့်အသက်ကယ်စက်များဖြင့် အဆင့်မြင့်အသက်ကယ်ခြင်းများလုပ်ဆောင်နိုင်သည့်အပြင် အဖွဲ့အနေဖြင့် လူနာရောဂါအပေါ်လိုက်၍ ကုသမှုပေးနိုင်သော အတွေ့အကြုံရှိသော သက်ဆိုင်ရာအထူးကုဆရာဝန်များမှ ကုသမှုပေးခြင်း

    လူနာများ သယ်ယူပို့ဆောင်ရာတွင် ပါရှိသည့် စက်ပစ္စည်းများ

    • လူနာ၏ အောက်စီဂျင်၊ သွေးခုန်နှုန်း၊ အသက်ရှူနှုန်း၊ သွေးပေါင်ချိန်တိုင်းသည့် အခြေခံစောင့်ကြည့်သည့် စက်များဖြစ်သည့်
      • Propag LT
      • Philip MP2
      • Mindray Bene Vision N1

    အဆင့်မြင့်စက်များနှင့် နှလုံးနှိုးသည့်စက်များမှာ

    • Advance Monitor and Defibrillator
      • Hearstart MRX
      • Zoll X series

    အလွယ်တကူသယ်ယူနိုင်သော အသက်ရှူစက်များ

    • Transport Volume Ventilator
      • Hamilton T1
      • Monnal T60 

    အလွယ်တကူသယ်ယူနိုင်သော ချွဲစုတ်စက်

    • ဆေးသွင်းသည့် စက်များ
    • အလိုအလျောက်နှလုံးနှိုးစက်
    • သယ်ယူနိုင်ပြီး ရောဂါကူးစက်မှုကာကွယ်ပေးနိုင်သော ချိန်ဘာအကန့်
    • သယ်ယူနိုင်သော Intra aortic Balloon Pump (Cardiosave IABP Hybrid စက်)
    • သယ်ယူနိုင်သော ECMO (Cardiohelp System)

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    BDMS အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုများ (BES)

    1724

    (+66) 2226 4565