အရိုးအထူးကုစင်တာ

အရိုးပွရောဂါကုသရေးစင်တာ၏ဆေးဘက်ဆိုင်ရာအဖွဲ့သည် မတော်တဆဖြစ်ခြင်း၊ အားကစားလုပ်ခြင်းမှ ရလာသောဒဏ်ရာများ၊ ကိုယ်လက်လှုပ်ရှားမှု သို့မဟုတ် အရိုးပုံသဏ္ဍာန်ပျက်ခြင်းနှင့် အရိုးအဆစ်ရောင်ရမ်းခြင်း တို့ကြောင့်ဖြစ်စေသည့် ခြေဖဝါးနှင့်ခြေချင်းဝတ်ရောဂါများကိုကုသခြင်းနှင့် ရောဂါရှာဖွေကုသရာတို့တွင် ကျွမ်းကျင်မှုရှိပါသည်။ ကျွမ်းကျင်မှုဆိုသည်မှာ အရိုးခွဲစိတ်ဆရာဝန်များ (ခြေဖဝါးနှင့် ခြေချင်းဝတ် အထူးကုဆရာဝန်ကြီးများ)၊ ပြန်လည်သန်စွမ်းရေးသမားတော်များနှင့် အခြားသမားတော်များ၊ ကာယကုထုံးပညာရှင်များ၊ ခြေတုလက်တုဆိုင်ရာကျွမ်းကျင်ပညာရှင်များ နှင့် သူနာပြုများ၏ ခွဲစိတ်ကုသခြင်း သို့မဟုတ် ပိုမိုကောင်းမွန်သောကုသမှုများနှင့်သင့်လျော်သလိုပေါင်းစပ်ပြီး ထိရောက်သောလူနာစောင့်ရှောက်မှုများ ပံ့ပိုးပေးခြင်းဖြစ်ပါသည်။ ပြန်လည်သန်စွမ်းရေးကို ကိုယ်ကာယကုထုံးဖြင့် ဆောင်ရွက်ပေးပါသည်။ 


ခြေဖဝါးနှင့်ခြေချင်းဝတ်စစ်ဆေးခြင်းဝန်ဆောင်မှု 

  • ကျွန်ုပ်တို့သည် တိုက်တေနီယမ်ပြားများနှင့်စကူများ၊ ချိန်ညှိထားသောစကူများကဲ့သို့သော ခေတ်မီနည်းပညာပစ္စည်းများကိုအသုံးပြု၍ ခြေဖဝါးနှင့်ခြေချင်းဝတ်အရိုးကျိုးခြင်းနှင့် နေရာလွဲနေခြင်းများကို စစ်ဆေးကြည့်ရှုပြီး calcaneal အရိုးကျိုးခြင်းတွက် ခွဲစိတ်ရာသေးငယ်သောခွဲစိတ်ကုသမှုနည်းပညာဖြင့် လက်တွေ့လုပ်ဆောင်ပါသည်။
  • ကျွန်ုပ်တို့သည်ပြင်းထန်သောခြေချင်းဝတ်လိမ်ခြင်း သို့မဟုတ် ခြေကျင်းဝတ်နာကျင်ခြင်း ကဲ့သို့သော ခြေဖဝါးနှင့်ခြေချင်းဝတ်ဒဏ်ရာများအတွက် ထိခိုက်ဒဏ်ရာရရှိမှုများကို စစ်ဆေးပါသည်။ စုတ်ပြဲနေသော Achilles အရွတ်များကို semi-rigid ankle braces များသို့မဟုတ် CAM ဘွတ်ဖိနပ်များအသုံးပြုခြင်းနှင့် ခွဲစိတ်ကုသခြင်း (အသေးစားခွဲစိတ်မှု၊ လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာမှု၊ ရောဂါပိုး၀◌င်ရောက်ကူးစက်နိုင်ခြေကို လျှော့ချပေးနိုင်မှု) နှင့် ပွင့်ဟနေသောဒဏ်ရာပုံစံဖြင့် စုတ်ပြဲနေသောအရွတ်များကို ကုသနိုင်ပါသည်။
  • လမ်းလျှောက်စဉ် နာကျင်စေသည့် ခြေဖဝါးပုံသဏ္ဍာန်များမမှန်ခြင်း၊ ခြေချောင်းပုံသဏ္ဍာန်မမှန်ခြင်း တို့ကိုလည်းစစ်ဆေးပါသည်။
  • ကျွန်ုပ်တို့သည် ခြေဖဝါးနှင့် ခြေချင်းဝတ်အရိုးအဆစ်ရောင်ခြင်းကို စစ်ဆေးပြီး ခြေချင်းဝတ်အစားထိုးခြင်း၊ မှန်ပြောင်းအသုံးပြု၍ ခြေချင်း၀◌တ်အရိုးအဆစ်ရောင်ခြင်း ကို ကုသခြင်း (arthroscopic-assisted arthrodesis) သို့မဟုတ် လူနာတစ်ဦးချင်းစီအတွက် အသင့်လျော်ဆုံးဖြစ်သည့် ကုသမှုများကိုစစ်ဆေးဆောင်ရွက်ပေးပါသည်။
  • ခြေဖဝါးနှင့် ခြေချင်းဝတ်စစ်ဆေးခြင်းဝန်ဆောင်မှု
  • သွေးချို၊ဆီးချိုဝေဒနာရှင်များအတွက် ခြေထောက်ကျန်းမာရေးကုသမှု
  • ခြေဖဝါးပြဿနာရှိသော လူနာများအတွက် သမားတော်၏ ကြီးကြပ်မှုဖြင့် အထူးသီးသန့်ပြုလုပ်ထားသောဖိနပ်များ၊ ဖိနပ်ခုံများ နှင့် အရိုးအထောက်အကူပြုအသုံးအဆောင်ပစ္စည်းများ 

ကုသမှုလုပ်ထုံးလုပ်နည်းအစီအစဉ် 

  • calcaneal အရိုးကျိုးခြင်းအတွက်အသေးစားထိုးဖောက်ခွဲစိတ်မှု
  • ခြေချင်းဝတ်ထိန်း ကိရိယာကြိုး (semi-rigid ankle braces) သို့မဟုတ် CAM boots များကိုအသုံးပြု၍ ပေါက်ပြဲနေသောအရွတ်များ ကို ခွဲစိတ်ခြင်းမပြုဘဲကုသခြင်း
  • ပေါက်ပြဲနေသောအရွတ်များကိုမှန်ပြောင်းအသုံးပြု၍ခွဲစိတ်ကုသခြင်း
  • ခြေကျင်းဝတ်အစားထိုးကုသခြင်း
  • မှန်ပြောင်းအသုံးပြု၍ ခြေချင်း၀◌တ်အရိုးအဆစ်ရောင်ခြင်း ကို ကုသခြင်း

သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

အရိုးအထူးကုစင်တာ

ပထမထပ်၊ Bangkok International Hospital (တောင်ဘက်အဆောင်)

တနလာ်‌နေ့ မှ သောကြာနေ့ထိ မနက် ၇ နာရီ မှ ညနေ ၅ နာရီ

သက်ဆိုင်သော ဆရာဝန်များ

ဆရာဝန်အားလုံးကို ကြည့်မည်

ရောဂါများနှင့်ကုသမှု

အားလုံးကြည့်မည်

လူနာမှတ်တမ်း

အားလုံးကြည့်မည်