အရိုးအထူးကုစင်တာ

ကလေးလူနာများအတွက် ကုသမှုနည်းလမ်းကိုနားလည်သဘောပေါက်ပြီး ကျွမ်းကျင်မှုရှိသော၊ အတွေ့အကြုံများသော ကလေးအထူးကုဆရာဝန်များများမှ ပြုစုစောင့်ရှောက်မှုပေးပါသည်။

ကျွန်ုပ်တို့၏ အရိုးအကြောအဆစ်ဆိုင်ရာကျွမ်းကျင်သူများသည် ကလေးငယ်များ၏ သဘာဝအတိုင်း ဆေးရုံသို့ လာရန်ကြောက်ရွံ့နေခြင်းကိုသက်သာစေရန် မည်ကဲ့သို့လုပ်ဆောင်ရမည်ကို သိကြပါသည်။

ကျွန်ုပ်တို့၏ လူနာစောင့်ရှောက်ခြင်းဝန်ဆောင်မှုများသည် အရေးပေါ်အခြေအနေများ (ဥပမာအရိုးနှင့်အဆစ်များထိခိုက် ဒဏ်ရာရခြင်း)၊ အရိုးအဆစ်များတွင်ရောဂါပိုး၀◌င်ခြင်းနှင့် မွေးကင်းစကလေးငယ်များတွင် တစ်ခါတစ်ရံ ဖြစ်ပွားတတ်သည့်အရိုးရောဂါများ၊ အရိုးဖွဲ့စည်းမှုမပြည့်စုံခြင်း၊ ခြေလက်အတိုအရှည်မညီခြင်းနှင့် အခြားသော အရိုးရောဂါပြဿနာများ ဖြစ်ပေါ်ခံစားနေရ‌သောကလေးများအတွက် အထူးပြုစုစောင့်ရှောက်မှုများဖြစ်ပါသည်။ အရိုးအဆစ်ကျိုးခြင်း သို့မဟုတ် နေရာလွဲခြင်းကဲ့သို့သော အရေးပေါ်အခြေအနေများတွင် အရိုးအထူးကုစင်တာသည် သေးငယ်သောဒဏ်ရာများကိုပင်ရှာဖွေဖော်ထုတ်ရန်အတွက် ခေတ်မီသော ဆေးဘက်ဆိုင်ရာကိရိယာများဖြင့် ကုသမှုများကိုစီမံဆောင်ရွက်ပေးရန်အသင့်ဖြစ်နေသော အရိုးအထူးကုများနှင့် ဆောင်ရွက်ကုသပေးပါသည်။ ကျွန်ုပ်တို့သည် လိုအပ်သလို CT စကင်န်နှင့် သံလိုက်ဓါတ်မှန် MRI များကို အသုံးပြု၍ လူနာများကိုစစ်ဆေးပါသည်။

သင့်လျော်သောကုသမှုများစွာရှိပြီး ခွဲစိတ်မှုမပြုလုပ်မီ ဆေးဘက်ဆိုင်ရာပုံရိပ်ဖော်စစ်ဆေးခြင်းနည်းပညာ Fluoroscopy ကိုအသုံးပြုပြီး မလိုလားအပ်သော အကြီးစားခွဲစိတ်မှုများဆောင်ရွက်ခြင်းကို လျှော့ချရန်အတွက်စင်တာသည် ခွဲစိတ်ရာအသေးငယ်ဆုံးဖြင့်ခွဲစိတ်ကုသမှု (MIS) ကိုအလေးပေးရည်ညွှန်းပါသည်။ သင့်လျော်သောကုသမှုများသည် နောက်ဆက်တွဲပြဿနာများဖြစ်နိုင်ခြေကို လည်းလျှော့ချပေးပါသည်။ စင်တာသည် အရေးပေါ်ကုသမှုခံယူပြီးနောက် ပြန်လည်ကျန်းမာသန်စွမ်းရေးဆိုင်ရာ အထူးပြုသမားတော်များအဖွဲ့နှင့် ထပ်မံပံ့ပိုးပေးထားပါသည်။ အရိုးအဆစ်များနာကျင်ခြင်းကို စောစီးစွာကုသမှုခံယူနိုင်ရန် ကျွန်ုပ်တို့၏အထူးကုဆရာဝန်များနှင့်ချက်ခြင်း တိုင်ပင်ဆွေးနွေးကာ ရောဂါဖြစ်ပွားရခြင်း အကြောင်းရင်းကို ဆရာဝန်များကလျင်မြန်စွာဆုံးဖြတ်ပေးပါသည်။ အရိုးနှင့် တစ်သျှူးများ ပျက်စီးခြင်းကို လျှော့ချရန်လိုအပ်လျှင် ခွဲစိတ်မှုကို လျင်မြန်စွာ ပြုလုပ်ပေးပါသည်။ အရိုးရောဂါအမျိုးအစားပေါင်းများစွာသည် ကလေးများကိုထိခိုက်စေနိုင်ပါသည်။ အကယ်၍အရိုးနှင့် ပက်သက်သောရောဂါဖြစ်ပွားနေခြင်းကို မွေးစကတည်းကသိရှိထားပြီး ချက်ခြင်းကုသမှုခံယူပါက ကလေးသည် ပြန်လည်ကောင်းမွန်ရန်အခွင့်အလမ်းပိုများစေပါသည်။ အချို့သောကိစ္စများတွင်ကလေးသည် ခွဲစိတ်မှုခံယူရန် မလိုအပ်ပါ။ ဥပမာအားဖြင့် မွေးရာပါခြေထောက်လိမ်နေသောကလေးများကို Ponseti နည်းလမ်း (ကျောက်ပတ်တီးစီးခြင်း)ဖြင့် ကုသနိုင်ပါသည်။ ဤနည်းပညာကိုအသုံးပြုခြင်းဖြင့် ပထမဆုံးရက်သတ္တပတ် အနည်းငယ်အတွင်း ခြေခ္ငင်ခြင်းအများစု (၉၀ ရာခိုင်နှုန်းအထိ) ကိုအောင်မြင်စွာကုသနိုင်ပါသည်။ အရိုးရောဂါကိုလျင်မြန်စွာသိရှိနိုင်မှုသည် သင့်လျော်သောကုသမှုများကိုစတင်စီစဉ်ရန် လုံလောက်သောအချိန်ကို ပေးစွမ်းနိုင်ပြီး ကုသမှုအဆင့်ဆင့်တိုင်းတွင် လူနာများအတွက်အဆင်ပြေထိရောက်မှုဖြစ်စေပါသည်။ အမြန်ဆုံးရောဂါရှာဖွေတွေ့ရှိခြင်းသည် ကုသမှုနည်းလမ်းများစွာ‌ရွေးချယ်နိုင်ပြီး ကုန်ကျစရိတ်များကိုလည်း လျော့နည်းစေကာ အချို့သောကုသမှုများတွင် ရံဖန်ရံခါဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲဆိုးကျိုးပြဿနာများ ဖြစ်နိုင်ချေကိုလည်းလျှော့ချပေးပါသည်။

ခြေလက်များပုံမမှန်ဖြစ်ခြင်းသည်အဖြစ်များသောရောဂါတစ်ခုဖြစ်ပြီး အဆိုပါရောဂါသည် မွေးရာပါ သို့မဟုတ် ဒဏ်ရာအနာတရများ သို့မဟုတ် ရောဂါဝေဒနာ၏နောက်ဆက်တွဲအကျိုးဆက်ဖြစ်နိုင်ပါသည်။ စင်တာသည် ဤသို့ပုံသဏ္ဍာန်မမှန်မှုများကို ကုသရန်နည်းလမ်းမျိုးစုံကို အသုံးပြုပါသည်။ ကျွန်ုပ်တို့သည်ခက်ခဲရှုပ်ထွေးသော ပုံသဏ္ဍန်မမှန်မှုများကိုကုသရန် ငွေကြေးအရင်းအနှီးများကိုသက်သာစေပြီး ကုသမှုကိုတတ်နိုင်သမျှ ထိရောက်မှုရှိစေရန်အတွက် ရုရှားသမားတော်တစ်ဦးမှတီထွင်ထားသည့် Ilizarov External Fixator ဟုခေါ်သော ဆေးဘက်ဆိုင်ရာကိရိယာကို အသုံးပြုပါသည်။ ၎င်းသည် ခြေလက်များအရှည်မညီမျှခြင်းကြောင့် ဖြစ်ပေါ်လာသော အရိုးပုံသဏ္ဍာန်မမှန်ခြင်းများ၊ အရိုးကျိုးမှုများနှင့် နောက်ဆက်တွဲပြဿနာများကိုစီမံခန့်ခွဲရန် အတွက် ပြုပြင်ခြင်းစနစ်ကို ထောက်ပံ့ပေးထားပါသည်။ ခြေထောက်လိမ်ခြင်းအတွက် ပိုမိုခေတ်မီသော စက်ကိရိယာများကိုအသုံးပြု၍ ခွဲစိတ်ပြုပြင်မှုများကိုလုပ်ဆောင်ပါသည်။

ခွဲစိတ်ရာသေးငယ်သောခွဲစိတ်မှုနည်းပညာဖြင့် ခြေထောက်အရှည်မညီမျှမှုကို ပြုပြင်ပေးပါသည်။ ကလေးများသည် ခွဲစိတ်ပြီးနောက် တစ်ရက်မှနှစ်ရက်အတွင်း လမ်းလျှောက်နိုင်ပြီး ၎င်းတို့၏ခြေထောက်များသည် တဖြည်းဖြည်း အရှည်တူညီလာမှာဖြစ်ပါသည်။ ခြေထောက်အရှည်မညီမျှမှုနှင့်အတူ အခြားပြဿနာတစ်ခုခုကိုတွေ့ရှိပါက ၎င်းတို့ကို သက်သာပျောက်ကင်းစေရန် ထပ်ဆောင်းကုသမှုများကို ဆက်လက်ဆောင်ရွက်ပေးမှာဖြစ်ပါသည်။

သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

အရိုးအထူးကုစင်တာ

ပထမထပ်၊ Bangkok International Hospital (တောင်ဘက်အဆောင်)

တနလာ်‌နေ့ မှ သောကြာနေ့ထိ မနက် ၇ နာရီ မှ ညနေ ၅ နာရီ

သက်ဆိုင်သော ဆရာဝန်များ

ဆရာဝန်အားလုံးကို ကြည့်မည်

ရောဂါများနှင့်ကုသမှု

အားလုံးကြည့်မည်

လူနာမှတ်တမ်း

အားလုံးကြည့်မည်