တင်ပါးဆုံနှင့်ဒူးခေါင်းပိုင်းဆိုင်ရာအထူးကုစင်တာ

Google AI Translate
Translated by AI

ဒူးခေါင်းအစားထိုးခွဲစိတ်မှုခံယူတဲ့အခါ ဆေးဘက်ဆိုင်ရာအဖွဲ့၏အရည်အသွေးနှင့် ကျွမ်းကျင်မှုသည် အဓိက ဖြစ်ပါသည်။ ထို့နည်းတူအရေးကြီးသည်မှာ ခွဲစိတ်မှုမပြုလုပ်မှီ၊ ပြုလုပ်နေဆဲကာလအတွင်း နှင့် ခွဲစိတ်ပြီးနောက် ထိရောက်သောနာကျင်မှုစီမံခန့်ခွဲခြင်းဖြစ်ပါသည်။ ၎င်းတို့သည် နာကျင်မှုလျော့နည်းခြင်း၊ လျင်မြန်စွာ ပြန်လည်သက်သာကောင်းမွန်ခြင်း၊ ကြွက်သားဒဏ်ရာများလျော့နည်းခြင်း၊ ရောဂါပိုးကူးစက်နိုင်ခြေကို လျော့ကျစေခြင်း၊ သွေးခဲခြင်းဖြစ်နိုင်ချေနည်းပါးခြင်းနှင့် ၂၄နာရီအတွင်း လမ်းပြန်လျှောက်နိုင်ခြင်း အကျိုးကျေးဇူးများကိုရရှိစေမှာဖြစ်ပါသည်။*

* ရလဒ်များသည် လူတစ်ဦးနှင့်တစ်ဦး ကွဲပြားနိုင်ပါသည်။

ဒူးခေါင်းအစားထိုးခွဲစိတ်ခြင်းလိုအပ်ကြောင်း ညွှန်ပြနေသောလက္ခဏာရပ်များ

  • လမ်းလျှောက်ခြင်း၊ အထိုင်အထနှင့်လှေကားအတက်အဆင်းများ ပြုလုပ်ရာတွင်နာကျင်ခြင်း (၎င်းသည်နေ့စဉ်လုပ်ငန်းဆောင်တာများကို အဟန့်အတားဖြစ်စေပါသည်။)
  • အိပ်စက်နေစဉ်ဒူးနာခြင်း
  • နာတာရှည်ရောင်ရမ်းခြင်း၊ နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ ဒူးခေါင်းတစ်ဝိုက်ပူနွေးခြင်း
  • ဒူးခေါင်းပုံသဏ္ဍာန်မမှန်ခြင်း ပုံသဏ္ဍာန်ပြောင်းလဲနေခြင်း
  • လှုပ်ရှားခြင်း၊ ဖြောင့်တန်းခြင်း သို့မဟုတ် ဒူးခေါင်းကွေးဆန့်ရာတွင် ခက်ခဲခြင်း
  • အမူအကျင့်ပြောင်းလဲခြင်း၊ ဆေးဝါးများနှင့် ထိုးဆေးများကဲ့သို့သော ကုသမှုများသည် ထိရောက်မှုမရှိနိုင်ပါ။

       *** ရောဂါလက္ခဏာများနှင့် အဆိုပါရောဂါလက္ခဏာများ၏ပြင်းထန်မှုအခြေအနေတို့အပေါ်မူတည်၍ ခွဲစိတ်မှုပြုလုပ်ရန်သင့်လျော်ပါသည်။

ဒူးခေါင်းအစားထိုးခွဲစိတ်ခြင်းကိုမည်သည့်နေရာတွင်ရနိုင်မလဲ။

ဒူးခေါင်းအစားထိုးခွဲစိတ်ခြင်းကို မည်သည့်နေရာတွင်ဆောင်ရွက်ရမည်ကို ဆုံးဖြတ်ခြင်းမပြုမီ အဆိုပါခွဲစိတ်လုပ်ငန်းစဉ်၏အဆင့်တိုင်းတွင် အရည်အသွေးပြည့်မီစွာစောင့်ရှောက်မှုများကို ပံ့ပိုးပေးနိုင်သော အဖွဲ့အစည်းတစ်ခု၏စွမ်းဆောင်ရည်ကဲ့သို့သော အချက်များစွာကိုထည့်သွင်းစဉ်းစားရန် အရေးကြီးပါသည်။ ၎င်းတွင် အလုံးစုံပြန်လည်သက်သာကောင်းမွန်စေရန်အတွက် ခွဲစိတ်မှုမတိုင်ခင်ကြိုတင်လုပ်ဆောင်ခြင်း ဝန်ဆောင်မှုများ၊ ခွဲစိတ်ပြီးနောက်ဝန်ဆောင်မှုများနှင့် နောက်ဆက်တွဲဝန်ဆောင်မှုများစွာပါဝင်ပါသည်။

ဒူးခေါင်းအစားထိုးခွဲစိတ်ခြင်းကို လက်ခံရယူရန်နေရာကိုမဆုံးဖြတ်မီ ထည့်သွင်းစဉ်းစားရမည့်အချက် ၆ ချက် တွင်အောက်ပါအကြောင်းအချက်များပါဝင်ပါသည်။

  1. ဒစ်ဂျစ်တယ်ပုံစံသည် လူနာတစ်ဦးချင်းစီ၏ခွဲစိတ်မှုတစ်ခုစီကို စိတ်ကြိုက်စီစဥ်ဆောင်ရွက်နိုင်ရန် ကူညီပေးသည့် ကွန်ပျူတာပရိုဂရမ်တစ်ခုဖြစ်ပါသည်။ ၎င်းတွင် လူနာနှင့် အသင့်တော်ဆုံးဖြစ်စေရန် ခြေတု/လက်တု အရွယ်အစားနှင့်အနေအထားများကို စိတ်ကြိုက်ပြင်ဆင်ဆောင်ရွက်ခြင်းများ ပါဝင်ပါသည်။ အဆိုပါနည်းပညာသည် အရိုးကျိုးနိုင်ခြေကိုလျှော့ချရန်ကူညီပေးပြီး ခြေတု/လက်တုများတာရှည်ခံမှုရှိစေရန် လည်းကူညီပေးပါသည်။
  2. Biplane Imaging (EOS) ဤနည်းပညာသည် အဆစ်ကို 3D ပုံရိပ်ဖြင့် ခွဲစိတ်မှုမပြုလုပ်မီကြိုတင်စီစဉ် ဆောင်ရွက်ရာတွင် ကူညီပေးပါသည်။ ၎င်းသည် ဒူးခေါင်းပုံသဏ္ဍာန်မမှန်သောလူနာတစ်ဦးချင်းစီအား ခွဲစိတ်မှုပြုလုပ်ရာတွင် အထူးအသုံးဝင်စေပြီး ရောဂါရှာဖွေနေစဉ်အတွင်း ရောဂါလက္ခဏာများကို ပို၍ တိကျသေချာစေပါသည်။ ဒူးခေါင်းနှင့် အခြားအရိုးပုံသဏ္ဍာန်များမမှန်ခြင်းကြောင့် ခွဲစိတ်မှုအတွင်း ဖြစ်ပေါ်နိုင်သည့် နောက်ဆက်တွဲပြဿနာများဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးပါသည်။ အဓိကအကြောင်းရင်းမှာ ဤနည်းပညာသည် အချိန်အတော်ကြာ ကိုယ်နေဟန်ချက်မထိန်းနိုင်သော လူနာများအတွက် အချိန်အနည်းငယ် ပေးရန်သာလိုအပ်ပါသည်။                                                 • Total Knee Pathway ဒူးခေါင်းအထူးကုသူနာပြုများနှင့် ဆရာဝန်များ၏ ဂရုစိုက်စောင့်ရှောက်မှုအောက် တွင် ခွဲစိတ်မှုမပြုလုပ်မီ၊ ပြုလုပ်နေစဥ်အတွင်းနှင့် ခွဲစိတ်ပြီးနောက်ဘေးကင်းရေးတို့ကို ကူညီပေးပါသည်။ ၎င်းတွင် ခွဲစိတ်မှုအတွက် ခန္ဓာကိုယ်၏အခြေအနေကိုအကဲဖြတ်ခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ဒူးခေါင်းပုံသဏ္ဍာန်မမှန်ခြင်း၊ အရိုးတစ်ဝိုက်ရှိ ကြွက်သားများနှင့် တစ်ရှူးအခြေအနေများကို စစ်ဆေးခြင်း၊ လူနာအတွက် အသင့်တော်ဆုံးဖြစ်သောခြေတုကို အကောင်းဆုံးဖြစ်အောင်စီစဥ်ခြင်းနှင့် ကုသမှုလုပ်ငန်းစဉ်တစ်လျှောက် ဆေးဝါးများပေးခြင်းတို့ပါဝင်ပါသည်။
  3. နာကျင်မှုကို စီမံခန့်ခွဲခြင်း                                                                                                                                   နာကျင်မှုကို စီမံခန့်ခွဲခြင်း (ခွဲစိတ်မှုမပြီးဆုံးမီ) တွင် ပေါင်အပေါ်ပိုင်းကိုဆေးထိုးသွင်းခြင်းဖြင့် နာကျင်မှုကိုလုံခြုံထိရောက်စွာ လျော့့ပးသက်သာစေပါသည်။ ၎င်းတွင် အဓိက သွေးကြောများနှင့် ကြွက်သားများကို ရှောင်ရှားရန် ခန္ဓာကိုယ်အတွင်းသို့ အာထရာဆောင်းရိုက်ခြင်း ပါဝင်ပါသည်။ ၎င်းကိုထိထိရောက်ရောက်ပြုလုပ်ဆောင်ရွက်ပေးခြင်းဖြင့် ခွဲစိတ်ဒဏ်ရာနာကျင်မှုကို လျော့ချပေးနိုင်ပြီး နာကျင်မှုကို သက်သာစေသောဆေးဝါးများသောက်သုံးခြင်းနှင့် အခြားသောဘေးထွက်ဆိုးကျိုးများကိုလည်း လျော့ချပေးနိုင်ပါသည်။
  4. သွေးခဲခြင်းဖြစ်နိုင်ချေကိုလျှော့ချပါ။ သွေးခဲခြင်းကိုကာကွယ်ရန် Intermittent Pneumatic Compression Device (IPC) နှင့်အတူ သွေးကျဲဆေးများဖြင့် သွေးခဲခြင်းအန္တရာယ်ကိုလျှော့ချနိုင်ပါသည်။ ခွဲစိတ်နေစဉ်အတွင်း သွေးခဲသည်နှလုံး သို့မဟုတ် အဆုတ်အတွင်းသို့ ရွေ့လျားသွားပြီး နှလုံးသွေးကြော သို့မဟုတ် အသက်ရှုလမ်းကြောင်းဆိုင်ရာ ချို့ယွင်းမှုများကိုဖြစ်စေနိုင်သောကြောင့် အရေးကြီးသောအရာတစ်ခုဖြစ်ပါသည်။
  5. နာလန်ထချိန်မြန်ဆန်ခြင်း…..  24 နာရီအတွင်း ပြန်လည်ကျန်းမာကြံ့ခိုင်ရေးအတွက် လမ်းလျှောက်ခြင်း ကို Anti-Gravity Treadmill သို့မဟုတ် Alter G ဖြင့် ကူညီဆောင်ရွက်ပေးထားပြီး ခွဲစိတ်ပြီးနောက် ကြွက်သားလုပ်ဆောင်မှုများကို ပြန်လည်သက်သာကောင်းမွန်စေပါသည်။ Alter G သည် လေ့ကျင့်ခန်းလုပ်နေစဉ် အတွင်း ဒူးခေါင်းပေါ်ရှိ ကိုယ်အလေးချိန်(ဖိအား) ကို လျှော့ချခြင်းဖြင့် ဒူးခေါင်းနာကျင်မှုကိုလျော့နည်းစေပါသည်။
  6. The Continuous Passive Motion သည် အမာရွတ်တစ်ရှူးဖြစ်နိုင်ချေကို ထိရောက်စွာလျှော့ချပေးပြီး လူနာဒူးခေါင်းအား 90 ဒီဂရီအထိကွေးဆန့်စေင်သည့် စက်တစ်ခုဖြစ်ပါသည်။
ခွဲစိတ်မှုဆောင်ရွက်နေစဥ်အတွင်း ဆေးထိုးခြင်းမှနောက်ဆက်တွဲပြဿနာများဖြစ်နိုင်ခြေသည် ၁% ထက်နည်းသော်လည်း လေဝင်လေထွက်ကင်းစင်ရန်နှင့် ဖုန်မှုန့်များကိုကာကွယ်ရန်အတွက်လည်း ခွဲစိတ်မှုအတွင်း Laminar Air Flow စနစ်ကိုအသုံးပြုရန်အကြံပြုထားပါသည်။

Anti-gravity-Treadmill-Alter-G-ลู่วิ่งต้านแรงโน้มถ่วง

ပိုမိုကောင်းမွန်ကျန်းမာသောဘဝအတွက်အစားထိုးကုသဆောင်ရွက်ခြင်း……..

ဒူးခေါင်းအစားထိုးခွဲစိတ်မှုခံယူသောလူနာများ၏ ၉၀% ကျော်သည်

         နာကျင်မှုကိုလျော့နည်းသက်သာစေခြင်း

         နေ့စဉ်လုပ်ငန်းဆောင်တာများကိုအမြန်ဆုံးပြန်လည်လုပ်ဆောင်နိုင်ခြင်း စသောကောင်းကျိုးရလဒ်များကိုရရှိခံစားနေပြီဖြစ်ပါသည်။

သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

တင်ပါးဆုံနှင့်ဒူးခေါင်းပိုင်းဆိုင်ရာအထူးကုစင်တာ

ပထမထပ်၊ Bangkok International Hospital (တောင်ဘက်အဆောင်)

တနလာ်‌နေ့ မှ သောကြာနေ့ထိ မနက် ၈ နာရီ မှ ညနေ ၅ နာရီ