Bikini Incision ဖြင့် တင်ပါးကိုတိုက်ရိုက်အစားထိုးချဥ်းကပ်ကုသခြင်း
နာတာရှည်တင်ပါးဆုံရိုးနာကျင်မှုသည် လှေကားအတက်အဆင်းမှစ၍ လေ့ကျင့်ခန်းလုပ်ချိန်အထိ နေ့စဉ်ဘဝတွင် သက်ရောက်မှုရှိနိုင်ပါသည်။ အမျိုးမျိုးသောကုသမှုများသည် နာကျင်မှုကိုမသက်သာမပျောက်ကင်းစေပါက တင်ပါးဆုံရိုးအစားထိုးခွဲစိတ်မှုသည် သင့်ဘဝအရည်အသွေးကို ပြန်လည်ကောင်းမွန်စေမည့် အဖြေတစ်ခု ဖြစ်ပါသည်။ တင်ပါးကိုတိုက်ရိုက်အစားထိုးချဥ်းကပ်ကုသခြင်းသည် မကြာသေးမီနှစ်များအတွင်း ရေပန်းစားခဲ့သော ခွဲစိတ်မှုတစ်ခုလည်းဖြစ်ပါသည်။ အဆိုပါနည်းလမ်းသည် ခွဲစိတ်နေစဉ်အတွင်း ဘေးကင်းစေမည့်အပြင် Direct Anterior Approach Cosmetic Incision Hip Replacement ဟုခေါ်သော ခွဲစိတ်မှုနည်းပညာအသစ်တစ်ခုလည်းပါရှိပြီး လူနာအားခွဲစိတ်မှုခံယူပြီးနောက် သက်တောင့်သက်သာရှိစေရန် ကူညီပေးပါသည်။
ကြွက်သားများကိုဖြတ်တောက်ကုသခြင်းမဟုတ်တဲ့အတွက်နာကျင်မှုနည်းပါးတယ်။
တင်ပါးအစားထိုးခွဲစိတ်မှု နှင့်ပတ်သက်၍ လူတော်တော်များများ စိတ်ပူကြပါသည်။ သို့သော်လည်း ယနေ့ခေတ် ဆေးသိပ္ပံပညာ၏နည်းစနစ်အသစ်တစ်ခုဖြစ်သည့် Direct Anterior Approach Total Hip Replacement အရ ခွဲစိတ်မှုဆောင်ရွက်နေစဥ်အတွင်း လူနာသည်လှဲလျောင်းနေမည်ဖြစ်ပြီး Tensor Fascia Lata နှင့် Sartorius ကြွက်သားများကြားတွင် အထူးကိရိယာတစ်ခုထားရှိမည်ဖြစ်ပါသည်။ ဤခွဲစိတ်မှုဆောင်ရွက်နေစဥ်တွင် ကြွက်သားများကို ဖြတ်တောက်ခြင်းမရှိပါ။ အဆိုပါခွဲစိတ်မှုနည်းလမ်းသည် နာကျင်မှုနည်းပါးပြီး ခွဲစိတ်ပြီးနောက်တွင်အမြန်ဆုံးပြန်လည်ကောင်းမွန်လာကာ လူနာသည်ခြေထောက်တစ်ဖက်မထောက်ဘဲ လမ်းလျှောက်နိုင်ပြီး တင်ပါးဆုံရိုးရှိ gluteus medius ကြွက်သားကိုဖြတ်တောက်ပြီး လူနာနာလန်ထချိန်ကို ကြာရှည်စေသောသမားရိုးကျခွဲစိတ်မှုကဲ့သို့မဟုတ်သောကြောင့် နာလနထချိန်ပိုမိုမြန်ဆန်စေမှာဖြစ်ပါသည်။ ထို့ပြင်အဆိုပါခွဲစိတ်ကုသမှုနည်းလမ်းသည် ကျောရိုးကြွက်သားများကိုဖြတ်တောက်ခြင်းမပြုသောကြောင့် ခွဲစိတ်ပြီးနောက် တင်ပါးဆုံရိုးအနေအထားမမှန်ခြင်းဖြစ်နိုင်ခြေ ကိုလည်းလျှော့ချပေးပါသည်။ ၎င်း၏ ချဉ်းကပ်နည်းပညာကြောင့်ခြေထောက်အလျားကိုတိကျသေချာစွာသိရှိနိုင်ပြီး ဆရာဝန်သည် ဒစ်ဂျစ်တယ်ပုံစံ ခွဲစိတ်မှုအစီအစဉ်ကိုအသုံးပြု၍ ခွဲစိတ်မှုမပြုလုပ်မီသင့်လျော်သော implant အရွယ်အစားကိုရွေးချယ်ရန် C-arm x-ray နှင့်အတူ အဆိုပါခွဲစိတ်မှုအစီအစဥ်သည် ခွဲစိတ်နေစဉ်အတွင်း implant နေရာမှန်ကန်တိကျမှုတို့ကို ဖြစ်စေပါသည်။
သမားရိုးကျနည်းလမ်းသည် လူနာများအတွက်နာကျင်မှုအချို့ကိုဖြစ်စေပြီး ပြန်လည်ကောင်းမွန်မှုကိုလည်း ကြာရှည်စေပါသည်။ ထို့အပြင် တိုက်ရိုက်ချဉ်းကပ်ကုသမှုနည်းလမ်းသည်ပိုမိုလွယ်ကူပြီး နာလန်ထချိန်လည်း ပိုမိုမြန်ဆန်စေပါသည်။ တင်ပဆုံရိုးအဆစ်ကိုဝင်ရောက်ရန် တင်ပါးဆုံရိုးနောက်ဘက်ရှိ ကြွက်သားများနှင့် အခြားအပျော့စားတစ်ရှူးများကို ဖြတ်တောက်ရန်အတွက် ခွဲစိတ်ဆရာဝန်များက လိုအပ်သောချဉ်းကပ်ကုသနည်း လမ်းများအတိုင်း ခွဲစိတ်သောကြောင့် တင်ပါးဆုံရိုးအနေအထားမမှန်ခြင်းကို ကြောက်ရွံ့နေရန်မလိုအပ်ပါ။ သမားရိုးကျနည်းစနစ်များသည် အရှည် ၆–၈ လက်မထိ ခွဲစိတ်ရန်လိုအပ်သောကြောင့် လူနာများအား ပိုမိုနာကျင်စေပါသည်။ ခွဲစိတ်မှုပြီးနောက်ပြန်လည်ကျန်းမာသန်စွမ်းရေးကာလသည်လည်း ရှည်လျားပြီး အစားထိုးထည့်သည့်ပစ္စည်းမှားယွင်းခြင်းနှင့် ခြေထောက်အရှည်မညီမျှခြင်းတို့လည်းဖြစ်နိုင်ခြေရှိပါသည်။
ခွဲစိတ်မှုဆောင်ရွက်ဖို့ စိတ်မပူပါနဲ့။
တိုက်ရိုက်ချဉ်းကပ်ကုသမှုနည်းလမ်းဖြင့်တင်ပါးဆုံရိုးအစားထိုးကုသခြင်းသည် Bikini Incision ဟုလူသိများသော ခွဲစိတ်မှုတစ်ခုဖြစ်ပါသည်။ ဆရာဝန်သည် dermis ဟုခေါ်သော အပြင်အလွှာကော်လာဂျင်အမျှင်များ၏ ဦးတည်ရာအတိုင်း ခွဲစိတ်မှုပြုလုပ်ပြီး ကြွက်သားအတွင်းပိုင်းနှင့်ဦးတည်ချက်တူညီပါသည်။ ခွဲစိတ်မှုသည် Langer’s line ၏ ဦးတည်ချက်အတိုင်းလုပ်ဆောင်ပါသည်။ ခွဲစိတ်ဆရာဝန်များသည် ခွဲစိတ်မှုအမှတ်အသားများကို ဖုံးကွယ်ရန်နှင့် ခန္ဓာကိုယ်၏မူလအသွင်အပြင်ကို ထိန်းသိမ်းရန်အတွက်လည်း အဆိုပါနည်းလမ်းကိုအသုံးပြုပါသည်။ အဆိုပါနည်းပညာသည် ခွဲစိတ်ကုသမှုဒဏ်ရာများကို အမြန်ဆုံးသက်သာပျောက်ကင်းစေပါသည်။ ခွဲစိတ်ဆရာဝန်သည် ခွဲစိတ်ပြီးနောက်အမာရွတ်ကို လျှော့ချရန်အတွက် လူနာ၏ပေါင်ခြံတစ်ဝိုက်တွင် အရှည် ၃ လက်မမှ ၄ လက်မခန့်ရှိ သေးငယ်သော ခွဲစိတ်မှုအား ဖုံးကွယ်ထားပေးမည်ဖြစ်ပါသည်။ အစောပိုင်းသမားရိုးကျခွဲစိတ်မှုနည်းစနစ်များသည်အမာရွတ်များကို ဖြစ်ပေါ်စေလေ့ရှိပါသည်။

အောက်ဖော်ပြပါကဲ့သို့သော အခြားသောအားသာချက်များလည်း ရှိပါသည်။
- ဒစ်ဂျစ်တယ်ပုံစံခွဲစိတ်မှုအစီအစဥ်သည် ကွန်ပြူတာစနစ်ကိုအသုံးပြုထားခြင်းကြောင့် တင်ပဆုံအရွယ်အစားရွေးချယ်ခြင်းနှင့် နေရာချထားခြင်းတို့ကို တိကျစေပါသည်။
- ခွဲစိတ်ပြီးနောက် ခြေထောက်အရှည်မညီမျှခြင်းပြဿနာမှကင်းဝေးစေခြင်းသည် လူနာသည် လဲလျောင်းနေခြင်းဖြစ်ပြီး လူနာ၏အရှေ့ဘက်မှခြေထောက်အရှည်ကိုအတည်ပြုနိုင်စေပြီး ခွဲစိတ်မှုအတွင်း တင်ပါးဆုံရိုးအနေအထားကို ကောင်းမွန်စွာတိုင်းတာနိုင်သောကြောင့်ဖြစ်ပါသည်။
- ယခုနည်းပညာသည် ကြွက်သားကိုဖြတ်တောက်ထားခြင်းမရှိသောကြောင့် ခွဲစိတ်ပြီးနောက် တင်ပါးဆုံရိုးရွေ့လျားမှုနှုန်းကို လျှော့ချပေးပါသည်။
- STEM ဗားရှင်းအသစ်ကို အသုံးပြုထားသောကြောင့် ခန္ဓာကိုယ်ယိမ်းယိုင်ပြိုလဲမှုပြဿနာများလည်းပေါ်ပေါက်လာမည်မဟုတ်ပါ။
