Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    မျက်စိစင်တာ

    ဝန်ဆောင်မှုများ
    ဆရာဝန်များ
    ရောဂါများနှင့်ကုသမှု
    လူနာမှတ်တမ်း

    အကျဉ်း

    မျက်ခွံ Spa ကုသမှု

    ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

    Content Image

    မျက်စိသည် တစ်ဦးနှင့်တစ်ဦးဆက်သွယ်ရာ၌ အရေးကြီးဆုံးဖြစ်သည့် အမြင်အာရုံကိုပေးသော ကိုယ်ခန္ဓာအစိတ်အပိုင်းဖြစ်ပြီး ပြင်ပလောကနှင့် ခန္ဓာကိုယ်ကြားဆက်သွယ်ပေးသော အစိတ်အပိုင်းဖြစ်ပါသည်။ မျက်စိသည် အထိခိုက်လွယ်ပြီး သင့်လျော်သော ကာကွယ်စောင့်ရှောက်မှုများမရှိပါက အမြင်အာရုံဆုံးရှုံးနိုင်ပါသည်။ ယခုအခါတွင် မျက်စိအခြေအနေများအားလုံးအတွက် နည်းပညာနှင့် အမြင်အာရုံကုသမှုများ တိုးတက်လာပြီဖြစ်ပါသည်။

    ဘန်ကောက်မျက်စိအထူးကုစင်တာတွင် ပြီးပြည့်စုံသောစစ်ဆေးကုသမှုများသာမက ဒစ်ဂျစ်တယ်အမြင်လွှာကင်မရာ (မျက်စိအတွင်းမျက်နှာပြင်အား ဓာတ်ပုံရိုက်နိုင်သော  အထူးဖန်တီးထားသည့် အဏုကြည့်မှန်ပြောင်း)၊ ခွဲရာအသေးဆုံးဖြင့်မှန်‌ပြောင်းဖြင့် အမြင်လွှာကွာကျခြင်းကို ခွဲစိတ်ပြုပြင်ခြင်းနှင့် ရေတိမ်ခွဲစိတ်ပြုပြင်ခြင်း အစရှိသော နောက်ဆုံးအဆင့်မီနည်းပညာစက်ကိရိယာများကို အသုံးပြုပြီး ခွဲစိတ်ကုသနည်းလမ်းများကို ဆောင်ရွက်ပေးနိုင်ပါသည်။ 

    မျက်လုံးအမြင်အာရုံအတွက်အသေးစိတ်စစ်ဆေးခြင်း၊ မျက်မှန်မလိုအောင် မျက်စိအလင်းယိုင်ခွဲစိတ်ခြင်း၊ အမြင်အာရုံစမ်းသပ်ခြင်းနှင့် ရေတိမ်ရှိ/မရှိ မျက်စိအတွင်းဖိအားတိုင်းတာခြင်း အစရှိသော စစ်ဆေးမှုများအပြင် ဆီးချိုကြောင့်ဖြစ်သောမျက်စိရောဂါ၊ ရေတိမ်နှင့် အတွင်းတိမ် စသောရောဂါများအတွက် ခေတ်မီသောကုသနည်းများကိုပါ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

    စင်တာတွင် အထူးကုဆေးခန်း ၅ မျိုးရှိပါသည်။

    • မျက်ကြည်လွှာဆေးခန်း (Cornea Clinic)
    • မျက်စိနှင့်ပတ်သက်သောအလှအပဆိုင်ရာပြန်လည်ပြုပြင်ရေးဆေးခန်း (Oculoplastic Clinic)
    • ရွေ့လျားမျက်စိဆေးခန်း (Mobile Eye Clinic)
    • ရေတိမ်ဆေးခန်း (Glaucoma Clinic)
    • မျက်စိလေဆာကုသမှုဆေးခန်း (Lasik Clinic)

    မျက်စိစင်တာတွင်ရရှိနိုင်သော ကုသမှုများ

    မျက်စိနှင့်ပတ်သက်သောခွဲစိတ်ကုသမှုများကို အဓိကအားဖြင့် ၂ ပိုင်း ခွဲခြားထားပါသည်။

    • မျက်စိနှင့်ပတ်သက်သောအလှအပဆိုင်ရာပြန်လည်ပြုပြင်ခြင်းတွင် မျက်အိတ်တွဲခြင်း၊ မျက်အိတ်ဖောင်းခြင်း၊ မျက်စိအတွင်းဖက်သို့လှည့်၍ မျက်တောင်များ‌ပေါက်နေခြင်း၊ မျက်ရည်စီးဆင်းသောစနစ် ကောင်းစွာအလုပ်မလုပ်ခြင်း၊ မျက်တွင်းရိုးကျိုးခြင်းနှင့် နောက်ဆက်တွဲဆိုးကျိုးများအတွက် ပြန်လည်ပြုပြင်ခွဲစိတ်ခြင်းများပါဝင်ပါသည်။
    • မျက်မှန်မလိုအောင် မျက်စိအလင်းယိုင်ခွဲစိတ်ခြင်းသည် အနည်းငယ်မှ အလယ်အလတ်မျက်စိပြဿနာများကို ပြုပြင်ပေးနိုင်သည့်အတွက် အဖြစ်များသောအမြင်အာရုံချို့ယွင်းမှုများ (အနီးမှုန်ခြင်း၊ အဝေးမှုန်ခြင်းနှင့် မျက်လုံးပုံစံ/မျက်ကြည်လွှာ/မှန်ဘီလူး ပုံစံမမှန်ခြင်းကြောင့် အမြင်‌ဝေဝါးခြင်း) ကိုလျော့ချခြင်း သို့မဟုတ် ပျောက်ကင်းအောင်ကုသပေးနိုင်ပါသည်။ မျက်စိလေဆာကုသခြင်းသည် အမြင်ကောင်းမွန်ရန်အတွက် လေဆာဖြင့် မျက်ကြည်လွှာကိုပြန်လည်ပုံဖော်ပြီး တိကျသောခွဲစိတ်ကိရိယာ၊ ဓားသွားဖြင့် မျက်ကြည်လွှာကိုဟရသော မျက်စိအလင်းယိုင်ခွဲစိတ်မှုတစ်မျိုးဖြစ်ပါသည်။ လူနာအများစုမှာ မျက်စိလေဆာကုသပြီးနောက် မျက်မှန်/မျက်ကပ်မှန်ဆက်လက်တပ်စရာ မလိုအပ်တော့ပါ။ 
    • အဆင့်မြင့်အတွင်းတိမ်ခွဲစိတ်ခြင်း – အတွင်းတိမ်သည် နာကျင်မှုမရှိဘဲ မျက်စိမှန်ဘီလူးတွင် တိမ်ထူထပ်သလိုနေရာများဖြစ်ပေါ်လာခြင်းဖြစ်ပြီး များသောအားဖြင့် အသက်ကြီးသူများတွင်တွေ့ရတတ်ပါသည်။ Phacoemulsification ဟုခေါ်သော နည်းပညာတွင် အတွင်းတိမ်များကို အသံလှိုင်းဖြင့်ဖြိုခွဲပြီး အစားထိုးမှန်ဘီလူးများကိုထည့်သွင်းကာ မျက်စိအလင်းယိုင်နိုင်စွမ်းကို ကောင်းမွန်အောင်ပြုလုပ်နိုင်ပါသည်။

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    မျက်စိအထူးကုစင်တာ

    ပဥ္မမထပ်၊ D Building၊ ဘန်ကောက်ဆေးရုံကြီး

    တနလႅာနေ့မှ သောကြာနေ့ထိ မနက် ၈ နာရီ မှ ည ၇ နာရီ

    (+66) 2755 1007

    (+66) 2310 3007

    1719 (local mobile calls only)

    [email protected]

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    ရောဂါများနှင့်ကုသမှု

    အားလုံးကြည့်မည်

    လူနာမှတ်တမ်း

    အားလုံးကြည့်မည်