Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    မျက်စိစင်တာ

    ဝန်ဆောင်မှုများ
    ဆရာဝန်များ
    ရောဂါများနှင့်ကုသမှု
    လူနာမှတ်တမ်း

    အကျဉ်း

    မျက်ခွံ Spa ကုသမှု

    ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

    Eyelid Spa Treatment
    မျက်ခွံ Spa ကုသမှု

    မျက်သားခြောက်ခြင်းများကို သက်သာစေရန် မျက်ခွံအားအနွေးဓါတ်ပေးခြင်း၊ နှိပ်နယ်ပေးခြင်းနှင့် သန့်ရှင်းရေးလုပ်‌‌ပေးခြင်း

    မျက်ခွံအားအနွေးဓါတ်ပေးခြင်း၊ နှိပ်နယ်ပေးခြင်းနှင့် သန့်ရှင်းရေးလုပ်‌‌ပေးခြင်းတို့ကို မျက်ခွံ Spa တွင်ရရှိနိုင်ပါသည်။ ကုသမှု၏ပန်းတိုင်သည် မျက်ခမ်းနားရှိ သေးငယ်သောအဆီဂလင်းများ (meibomian gland ) ကောင်းမွန်စွာမဆောင်ရွက်နိုင်ခြင်းကြောင့် မျက်စိယားယံခြင်းနှင့် မျက်သားခြောက်ခြင်းများကို သက်သာစေရန်ဖြစ်ပါသည်။ မျက်ခွံစောင့်ရှောက်ခြင်းတွင်အထူးလေ့ကျင့်ထားသောသူနာပြုများနဲ့ အထက်ပါဝန်ဆောင်မှုခံယူရန် သင့်လျော်မှုရှိ/မရှိကို မျက်စိအထူးကုဆရာဝန်ကြီးများမှ အသေးစိတ်မျက်စိစစ်ဆေးမှုများနှင့် ရောဂါရှာဖွေမှုများ အရင်ပြုလုပ်ရပါမည်။ ပိတ်ဆို့နေသောဂလင်းများအား ပွင့်သွားအောင် အနွေးဓာတ်ပေးပြီး‌နောက် ချက်ချင်း အပေါ်မျက်ခွံနှင့် အောက်မျက်ခွံအတွင်းအနားသတ်ရှိ သေးငယ်သောအဆီဂလင်းများ (meibomian gland) မှအဆီရည်များကို တွန်းထုတ်ရန်အတွက် မျက်ခွံကိုနှိပ်နယ်ပေးရပါသည်။ မျက်ခွံကိုနှိပ်နယ်နေစဉ်တွင် အနှိပ်ကိရိယာများနှင့်တကွ ဖန်ချောင်း (သို့မဟုတ်) အခြားမျက်စိအထောက်အကူပြုပစ္စည်းများ နှင့် ဝါဂွမ်း‌ချောင်းများအားအသုံးပြု၍ ဂလင်းအားပိတ်ဆို့နေသောအဆီများကို ညှစ်ထုတ်ပေးပါသည်။

    မျက်ခွံ Spa ကုသမှုအတွက်သင့်လျော်သူများ

    အောက်ဖော်ပြပါအချက်များရှိနေသူများကို မျက်ခွံ Spa ပြုလုပ်ရန် အထူးအကြံပြုထားပါသည်။

    • မျက်သားခြောက်ခြင်း၊ မျက်စိယားယံခြင်း သို့မဟုတ် မျက်စိညောင်းခြင်း
    • မျက်စိသက်‌တောင့်သက်သာမရှိခြင်းနှင့် မျက်သားခြောက်ခြင်းကြောင့် မျက်ကပ်မှန်တပ်ရန်ခက်ခဲခြင်း
    • မျက်ခမ်းနားရှိသေးငယ်သောအဆီဂလင်းများ (meibomian gland) ပိတ်ဆို့မှုကြောင့် မျက်တောင်အောက်ခြေ မျက်ခမ်းနားတွင် သေးငယ်ပြီးမာသောအဖုများရှိနေခြင်း
    • မျက်တောင်အမွှေးအိတ်တွေ မျက်တောင်မွှားများ eyelash mites (dermodex) ဝင်ရောက်နေထိုင်ခြင်းကြောင့် မျက်စိယားယံခြင်းနှင့် မျက်ခွံအရေပြားကွာနေခြင်း
    • နေ့စဉ် မျက်ခွံမိတ်ကပ်အလှပြင်ခြင်း

    မျက်စိလေဆာကုသမှု နှင့် အတွင်းတိမ်ခွဲစိတ်မှု အစရှိသောမျက်စိခွဲစိတ်မှုများမတိုင်ခင် မျက်ခွံ Spa လုပ်သင့်သည်ဟု အကြံပေးထားကြပါသည်။ သို့သော် မပြုလုပ်ခင် အသေးစိတ်မျက်လုံးစစ်ဆေးသင့်ပြီး လူနာတစ်ဦးချင်းစီအလိုက် သင့်လျော်သောကုသမှု ရယူသင့်ပါသည်။ ထို့အပြင် ဆေးများနှင့် မျက်ရည်အတုများကိုလည်း လိုအပ်သလိုညွန်ကြားပေးမည်ဖြစ်ပါသည်။

    လုပ်ငန်းစဉ်

    • လူနာသည် ကျောချ၍ လဲလျောင်းရပါမည်။ အထူးကျွမ်းကျင်သူနာပြုသည် မျက်ခွံအတွင်းပိတ်မိနေသောအဆီအရည်များအား ပျော်ကျသွားအောင် မျက်ခွံကိုအနွေးဓာတ်ပေးသောပစ္စည်း –မျက်မှန် (warming goggles) အား ကြာချိန် ၁၀ မိနစ်ဝန်းကျင် (သို့မဟုတ်) မျက်စိအထူးကုဆရာဝန်မှညွန်ကြားထားချက်အတိုင်း ညင်သာစွာတပ်ဆင်ပေးထားပါမည်။ 
    • ထို့နောက် မျက်ခွံသည်သန့်ရှင်းသွားပြီး သူနာပြုသည် ဖန်ချောင်း၊ အနှိပ်ကိရိယာများနှင့် ဝါဂွမ်း‌ချောင်းများအားအသုံးပြု၍ မျက်ခွံအတွင်းအနားသတ်ရှိ သေးငယ်သောအဆီဂလင်းများ (meibomian gland) မှ ပိတ်နေသောအဆီများကို တွန်းထုတ်ရန်အတွက် မျက်ခွံကိုနှိပ်နယ်ပေးပါသည်။
    • နှိပ်နယ်ပြီးစီးသွားပါက မျက်ခွံသန့်စင်အမြှုပ်ဖြင့် မျက်ခွံ အ‌တွင်းထောင့်မှ အပြင်ထောင့်သို့ ညင်သာစွာသန့်စင်ပြီး အမြှုပ်များကိုသုတ်ပစ်ရပါသည်။
    • အချိန် ၃၀ – ၄၀ မိနစ်အထိ ကြာမြင့်တတ်ပါသည်။

    ကောင်းကျိုးများ

    • မျက်ခမ်းနားရှိသေးငယ်သောအဆီဂလင်းများ (meibomian gland) ပိတ်ခြင်းကြောင့် ဖြစ်ပေါ်လာသော မျက်စိယားယံခြင်းနှင့် မျက်သားခြောက်ခြင်းများကို သက်သာစေခြင်း
    • ဂလင်းတွင်းရှိအဆီများ ပျော့ပြီး ညစ်ထုတ်ခံရခြင်းကြောင့် မျက်ရည်၏အငွေ့ပျံနှုန်းကိုလျော့ကျပေးပြီး မျက်လုံးခြောက်ခြင်းမှသက်သာစေခြင်း
    • မျက်ခွံယောင်ရမ်းခြင်းနှင့် ပြင်ပရောဂါပိုးဝင်ခြင်း (ဥပမာ – မျက်စိစွံခြင်း) မှ ကာကွယ်ပေးခြင်း
    • မျက်ခွံအတွင်းရှိအညစ်အကြေးများနှင့် ပိတ်နေသောအဆီများအား ဖယ်ရှားပေးခြင်း
    • မျက်လုံးပြင်ပပိုးဝင်ခြင်းကို ဖြစ်စေနိုင်သော မျက်တောင်မွှားများ စုံပုံမလာအောင် ဖယ်ရှားပေးခြင်း

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    မျက်စိအထူးကုစင်တာ

    ပဥ္မမထပ်၊ D Building၊ ဘန်ကောက်ဆေးရုံကြီး

    တနလႅာနေ့မှ သောကြာနေ့ထိ မနက် ၈ နာရီ မှ ည ၇ နာရီ

    (+66) 2755 1007

    (+66) 2310 3007

    1719 (local mobile calls only)

    [email protected]

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    ရောဂါများနှင့်ကုသမှု

    အားလုံးကြည့်မည်

    လူနာမှတ်တမ်း

    အားလုံးကြည့်မည်