Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language & Currency

Doctor not found
Doctor not found
Doctor not found
Doctor not found
Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်ရေးကိုယ်တာမူဝါဒ

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo
    CHAT

    နှလုံး လျှပ်စီးကြောင်းဇီဝကမ္မဖြစ်စဉ် (CEP)

    6 ဖတ်ပြီး မိနစ်(များ)
    ဆရာဝန်
    Dr. Thachyossaphat Ukkayagorn
    Dr. Thachyossaphat Ukkayagorn

    Bangkok Hospital Headquarter

    Dr. Sharmila Sehli
    Dr. Sharmila Sehli

    Bangkok Heart Hospital

    Dr. Panya Leechasan
    Dr. Panya Leechasan

    Bangkok Heart Hospital

    အားလုံးကြည့်မည်
    Dr. Thachyossaphat Ukkayagorn
    Dr. Thachyossaphat Ukkayagorn
    Bangkok Hospital Headquarter
    အကြံပြု ပက်ကေ့ဂျ်များ
    CT Coronary Calcium Score Package
    CT Coronary Calcium Score Package
    နှလုံး လျှပ်စီးကြောင်းဇီဝကမ္မဖြစ်စဉ် (CEP)
    Table of contents
    • Electrophysiology လေ့လာမှု (EP test or EP study or EPS)ဆိုတာဘာပါလဲ။
    • EP Study မှရရှိသောအချက်အလက်များကဘာတွေဖြစ်မလဲ။
    • Catheter ablation ဆိုတာဘာပါလဲ။
    • EP လေ့လာမှုကို ဘယ်မှာလုပ်ဆောင်သလဲ။
    • လုပ်ထုံးလုပ်နည်း၏အန္တရာယ်များ
    • EPS အတွက် ဘယ်လိုပြင်ဆင်ရမလဲ။
    • EPS စစ်ဆေးမှုအတွင်းပြုလုပ်ချက်များ။
    • EP စစ်ဆေးလေ့လာမှု ပြီးနောက် လိုက်နာရမည့်အချက်များ
    • EPS အကြောင်းပိုမိုလေ့လာရန် ကျွန်ုပ်မည်သို့လေ့လာနိုင်မည်နည်း။
    • အိမ်ပြန်ရောက်ပြီးရင် ဘာဖြစ်မလဲ။
    • အကြောင်းကြားရပါမည်။
  • အားလုံးကြည့်မည်

  • Electrophysiology လေ့လာမှု (EP test or EP study or EPS)ဆိုတာဘာပါလဲ။

    Electrophysiology လေ့လာမှု (EP test or EP study or EPS) သည် နှလုံး၏ လျှပ်စစ်လှုပ်ရှားမှုနှင့် လျှပ်စစ်စီးဆင်းမှုလမ်းကြောင်းများကို အကဲဖြတ်ရန် ကူညီပေးသည့် စစ်ဆေးမှုလုပ်ထုံးလုပ်နည်းတစ်ခုဖြစ်သည်။အကြောင်းရင်း၊ ဇစ်မြစ်တည်နေရာနှင့် ပုံမှန်မဟုတ်သော နှလုံးခုန်နှုန်းများအတွက် အကောင်းဆုံး ကုသမှုကိုစုံစမ်းရန် လေ့လာမှုဖြစ်သည်။ (နှလုံးခုန်နှုန်းပုံမမှန်ခြင်းကို ကြည့်ပါ)။

    သင့်ဆရာဝန်သည် EP လေ့လာစစ်ဆေးမှုကိုအကြံမပြုမီ ပုံမှန် EKG၊ Holter မော်နီတာ၊ ဖြစ်ရပ်မှတ်တမ်း၊ စိတ်ဖိစီးမှုစစ်ဆေးမှု၊ နှလုံး Echo ရိုက်ခြင်းကဲ့သို့သော အခြေခံစမ်းသပ်စစ်ဆေးမှုများကို လုပ်ဆောင်လေ့ရှိပါသည်။

    EP Study မှရရှိသောအချက်အလက်များကဘာတွေဖြစ်မလဲ။

    • နှလုံးခုန်နှုန်းမမှန်ခြင်းသည် မည်သည်မှလာသနည်း။
    • လူနာ၏နှလုံးခုန်နှုန်းပုံမမှန်ခြင်းကို ကုသရန်အတွက် အချို့သောဆေးဝါးများသည် မည်မျှ ကောင်းမွန်စွာလုပ်ဆောင်နိုင်သနည်း။
    • ပုံမှန်မဟုတ်သော လျှပ်စစ်အချက်ပြမှုဖြစ်စေသော နှလုံးအတွင်းပိုင်းလျှပ်စီးကြောင်းအပိုကို ဖျက်တောက်ပြီးလူနာခံစားနေရသောနှလုံးခုန်နှုန်းပြဿနာကို ကုသရမည်လား။ အဆိုပါကုသမှုနည်းလမ်းကို catheter ablation ဟုခေါ်ပါသည်။
    • pacemaker or implantable cardioverter defibrillator (ICD) သည် လူနာအား ကူညီပေးနိုင်မည်လား။
    • လူနာသည် နှလုံးခုန်ရပ်သွားခြင်းကြောင့် နှလုံးအားနည်းခြင်း သို့မဟုတ် ရုတ်တရက် နှလုံးရပ်သွားခြင်းဖြစ်စေနိုင်သော နှလုံးဆိုင်ရာပြဿနာများ ဖြစ်နိုင်ခြေရှိသူလား။
    • အခြေခံစမ်းသပ်စစ်ဆေးမှုများဖြင့်အဖြေမပေါ်သော ရောဂါလက္ခဏာများဖြစ်သည့် မူးဝေခြင်း၊ မောခြင်း၊အားနည်းခြင်း၊ ရင်တုန်ခြင်း သို့မဟုတ် စည်းချက်ပြဿနာအစရှိသည်တို့ကို အကဲဖြတ်ရန်။
    • အခြားသောအကြောင်းရင်းများကြောင့်လည်းဆရာဝန်သည် electrophysiological study ကိုလုပ်ဆောင်စစ်ဆေးရန် အကြံပြုနိုင်ပါသည်။

    Catheter ablation ဆိုတာဘာပါလဲ။

    • ablation ပြုလုပ်နေစဉ်တွင် ပုံမှန်မဟုတ်သော နှလုံးခုန်နှုန်းကို ဖြစ်စေသည့် နှလုံးအတွင်းပိုင်းရှိ တစ်ရှူးလေးများဆီသို့ ကြိမ်နှုန်းမြင့်လျှပ်စစ်စွမ်းအင်ကို catheter ပြွန်မှတဆင့် ပေးပို့ပြီး ၎င်းစွမ်းအင်သည် ပုံမှန်မဟုတ်သောစည်းချက်လမ်းကြောင်းကို ဖြတ်တောက်ပေးသည်။ Ablation ကို PSVTs အများစု၊ atrial flutter၊ atrial fibrillation နှင့် အချို့သော atrial and ventricular tachycardia ကို ကုသရန် အသုံးပြုသည်။ အကောင်းမွန်ဆုံးကုသမှုကိုရရှိရန် အခြားသောနည်းလမ်းများနှင့် ပေါင်းစပ်နိုင်ပါသည်။

    EP လေ့လာမှုကို ဘယ်မှာလုပ်ဆောင်သလဲ။

    ၎င်းအား EP လေ့လာမှုအတွက် အပိုပစ္စည်းများပါရှိပြီး နှလုံးသွေးကြောပိုက်ထည့်ခြင်းလုပ်ဆောင်နိုင်သည့်ဓာတ်ခွဲခန်းဖြစ်သော EP ဓာတ်ခွဲခန်းတွင် လုပ်ဆောင်သည်။

    Electrophysiology လေ့လာမှု (EP study) သည် နှလုံးအတွင်းမှ လျှပ်စစ်လှုပ်ရှားမှုများကို ပုံဖော်ရန် နှင့်electrocardiogram (EKG) ခြေရာခံမှုများဖန်တီးရန်အတွက် တစ်ခုထက်ပိုသော electrode catheter များ နှင့်ကွန်ပျူတာများထည့်သွင်းရန်လိုအပ်ပါသည်။

    လုပ်ထုံးလုပ်နည်း၏အန္တရာယ်များ

    နှလုံးနှင့် သွေးကြောများတွင် ပြုလုပ်သောနည်းလမ်းအများစုကဲ့သို့ပင် EP စစ်ဆေးခြင်းသည် အန္တရာယ်အချို့ရှိသော်လည်း ကြီးကြီးမားမားပြဿနာမှာရှားပါးပါသည်။ ဖြစ်နိုင်ချေရှိသော အန္တရာယ်များနှင့် ရှုပ်ထွေးမှုများမှာ–

    • catheter ထည့်သွင်းသည့်နေရာ(များ)မှ သွေးထွက်ခြင်း
    • catheterထည့်သွင်းမှုပြုလုပ်ရာတွင်သွေးကြာများ ပျက်စီးခြင်း
    • catheter ထည့်သွင်းရာ နေရာများမှ ပိုးဝင်ခြင်း
    • နှလုံးဖောက်ခြင်းနှင့် နှလုံးရောဂါ cardiac tamponade ဖြစ်ခြင်း
    • နှလုံးရုတ်တရက်ဖောက်ပြန်မှု
    • လေဖြတ်ခြင်း
    • ဓါတ်ရောင်ခြည်ထိတွေ့မှုအန္တရာယ်
    • သိသာထင်ရှားသော နှလုံးခုန်နှုန်းမမှန်ခြင်း၏ Induction
    • ကိုယ်ဝန်ဆောင်နှင့်ဆက်စပ်သော အန္တရာယ်၊ ဆိုးဆေး သို့မဟုတ် ဆေးဝါးများ ဓာတ်မတည့်မှုနှင့် အခြားသောသီးခြားအခြေအနေများ၏အန္တရာယ်။

    EPS အတွက် ဘယ်လိုပြင်ဆင်ရမလဲ။

    • မစမ်းသပ်မီ ၆ နာရီမှ ၈ နာရီအတွင်းအစားအသောက်ရှောင်ရပါမည်။
    • လက်ရှိသောက်သုံးနေသောဆေးဝါးများ၊ မြန်မာဆေးများနှင့် ဗီတာမင်များအပါအဝင် သောက်နေသော ဆေးဝါးများအကြောင်း မိမိ၏ဆရာဝန်ကို ပြောပြရပါမည်။ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ ဆေးများသောက်သုံးခြင်း၊ ရပ်ခြင်းကိုပြုလုပ်သင့်ပေသည်။
    • ဆရာဝန်ရက်ချိန်းပြန်ပြရာတွင် လူနာအတွက်အဖော်တစ်ဦးမှ ကားမောင်းကြိုပို့လုပ်ဆောင်သင့်ပါသည်။
    • နားကြားကိရိယာတပ်ဆင်ရသူဖြစ်ပါက EPS ပြုလုပ်နေစဉ်တွင်လည်းတပ်ဆင်နိုင်သည်။ မျက်မှန်တပ်ဆင်ရသူများအနေဖြင့်လည်း ဆရာဝန်ရက်ချိန်းတွင်မျက်မှန်ယူဆောင်လာပါ။

    electrophysiology study

    EPS စစ်ဆေးမှုအတွင်းပြုလုပ်ချက်များ။

    • သွေးကြော IV လိုင်းကို လက်မောင်းတွင် ထည့်ထားသည်။
    • သူနာပြုမှ ဆရာဝန်စစ်ဆေးကုသမှုလုပ်ဆောင်မည့် ခန္ဓာကိုယ်အစိတ်အပိုင်းကို သန့်ရှင်းရေးပြုလုပ်ပေးပါလိမ့်မည်။ သွေးကြောသည် များသောအားဖြင့် ပေါင်ခြံတွင်ရှိသော်လည်း လက် သို့မဟုတ် လည်ပင်းလည်းဖြစ်နိုင်ပါသည်။
    • စစ်ဆေးမှုပြုလုပ်နေစဉ်တွင် သက်တောင့်သက်သာရှိိစေရန် အိပ်ဆေး သို့မဟုတ် အလယ်အလတ်စိတ်ငြိမ်ဆေးတို့ကို အသုံးပြုပေးပါလိမ့်မည်။
    • မေ့ဆေးဆရာဝန်မှ ပြွန်ထည့်သွင်းရာနေရာကိုထုံသွားစေရန် ထုံဆေးပေးပါမည်။ Sheath ဟုခေါ်သော ကောက်ရိုးအရွယ်ပြွန်ငယ်ကို လူနာ၏သွေးလွှတ်ကြော သို့မဟုတ် သွေးပြန်ကြောထဲသို့ ထည့်သွင်းမည်ဖြစ်ပါသည်။ ဆရာဝန်သည် အထူးပြု EP catheter အများအပြားကို သွေးကြောအတွင်းသို့ ညင်သာစွာ ထည့်သွင်းလမ်းညွှန်ပေးပြီး ၎င်းတို့ကို နှလုံးဆီသို့ ပို့ဆောင်ပေးမည်ဖြစ်သည်။ ဗီဒီယို ဖန်သားပြင်သည် catheter များ၏ အနေအထားကို ပြသမည်ဖြစ်သည်။ sheath ထည့်သွင်းရာနေရာတွင် ဖိအားအချို့ခံစားရနိုင်သော်လည်း နာကျင်မှုကို မခံစားရစေပါ။
    • နှလုံးခုန်နှုန်းကို မတူညီသောအမြန်နှုန်းဖြင့်ပြုလုပ်ရန် ဆရာဝန်သည် သေးငယ်သောလျှပ်စီးကြောင်းမျိုးစုံကိုcatheters မှတဆင့် ပေးပို့မည်ဖြစ်ပါသည်။ နှလုံးခုန်နှုန်း ပိုမိုအားကောင်းသည် သို့မဟုတ် ပိုမြန်သည်ဟု ခံစားရနိုင်ပါသည်။
    • သင့်နှလုံးမှထုတ်ပေးသောလျှပ်စစ်အချက်ပြမှုများကို အထူး catheters မှကောက်ယူပြီး မှတ်တမ်းတင်ပါမည်။၎င်းကို cardiac mapping ဟုခေါ်ပြီး နှလုံးခုန်မြန်သည့်နေရာကို ဆရာဝန်မှရှာဖွေတွေ့ရှိစေနိုင်ပါသည်။
    • စစ်ဆေးမှုပြီးသွားသောအခါ ဆရာဝန်သည် ပိုက်များကို ဖယ်ရှားပေးပြီး သူနာပြုသည် သွေးထွက်ခြင်းများကိုရပ်တန့်စေရန် ဖောက်ထားသည့်နေရာကို ဖိထားပေးပါလိမ့်မည်။
    • EPS သည် အများအားဖြင့် ၂ နာရီမှ ၆ နာရီအထိ ကြာပါသည်။

    နှလုံးခုန်မြန်ခြင်း၏ အမျိုးအစားနှင့် တည်နေရာကို လေ့လာတွေ့ရှိချက်အရ သင့်လျော်သော ကုထုံးကို ဆုံးဖြတ်ပြီးနှလုံးခုန်နှုန်းမြန်စေသော လျှပ်စီးကြောင်းအပိုကို ဖြတ်တောက်ခြင်း သို့မဟုတ် နှလုံးခုန်နှုန်းထိန်းစက် သို့မဟုတ်ICD ထည့်သွင်းခြင်းအား EPS ကာလအတွင်း သို့မဟုတ် EPSအပြီး ချက်ခြင်း လုပ်ဆောင်နိုင်သည်။ ဤကုသမှုဖြစ်နိုင်ခြေအားလုံးကို လုပ်ငန်းစဉ်မစမီ မိမိဆရာဝန်နှင့် ဆွေးနွေးသင့်ပါသည်။

    EP စစ်ဆေးလေ့လာမှု ပြီးနောက် လိုက်နာရမည့်အချက်များ

    • လူနာသည် ၁ နာရီမှ ၄ နာရီအထိ ငြိမ်သက်စွာ အနားယူနိုင်ရန် သက်တောင့်သက်သာဖြစ်စေမည့်အခန်းသို့ပြောင်းရွှေ့ပေးပါမည်။
    • စမ်းသပ်မှုပြုလုပ်ရန်အတွက် အသုံးပြုထားသော လက် သို့မဟုတ် ခြေထောက်ကို သေချာစွာဖြောင့်ဖြောင့်ထားပေးပါ။
    • ပြွန်ငယ် ထည့်သွင်းထားသည့်နေရာမှ သွေးထွက်ခြင်း သို့မဟုတ် ရောင်ရမ်းခြင်းရှိမရှိ သိရှိရန် သူနာပြုမှလူနာအား အခါအားလျော်စွာ စစ်ဆေးပါမည်။
    • ဆရာဝန်သည် စိတ်ငြိမ်ဆေး ပြေသွားပြီးနောက်တွင် စမ်းသပ်စစ်ဆေးမှုရလဒ်များအကြောင်း လူနာအား ရှင်းပြပါလိမ့်မည်။ ဆေးရုံမှမထွက်ခွါမီအိမ်တွင် မည်သို့ နေထိုင်ရမည်ကိုပြောပြပါလိမ့်မည်။

    EPS အကြောင်းပိုမိုလေ့လာရန် ကျွန်ုပ်မည်သို့လေ့လာနိုင်မည်နည်း။

    ဆရာဝန်နှင့် ဆွေးနွေးစဉ် မေးသင့်သောမေးခွန်းကောင်းများမှာ

    • ပုံမှန်မဟုတ်သော နှလုံးခုန်ခြင်းကို ထိန်းချုပ်ရန် ကျွန်ုပ်သုံးနိုင်သော ဆေးဝါးများ ရှိပါသလား။
    • ကျွန်ုပ်သည် ယခု သို့မဟုတ် အနာဂတ်တွင် နှလုံးခုန်နှုန်းထိန်းစက် pacemaker (သို့) ICD အစားထိုးရန်လိုအပ်ပါသလား။
    • နှလုံးခုန်နှုန်းမမှန်တာဘာကြောင့်လဲ။
    • အနာဂတ်တွင် ပြင်းထန်သော နှလုံးခုန်နှုန်းပြဿနာများ ဖြစ်နိုင်ခြေရှိပါသလား။

    အိမ်ပြန်ရောက်ပြီးရင် ဘာဖြစ်မလဲ။

    • ညွှန်ကြားထားသည့် ဆေးဝါးအသစ်များကို သောက်သုံးခြင်းအပါအဝင် သူနာပြု သို့မဟုတ် ဆရာဝန်၏ညွှန်ကြားချက်များကိုလည်းလိုက်နာပါ။
    • အမျိုးမျိုးသော လှုပ်ရှားမှုများ ပြန်လည်စတင်နိုင်သောအချိန်သည် EP စမ်းသပ်မှုအပြင် လုပ်ဆောင်ခဲ့သော ကုသမှုနည်းလမ်းအမျိုးအစားအပေါ် မူတည်ပါသည်။
    • စစ်ဆေးမှုပြုလုပ်ထားသည့်နေရာသည် ရက်အတော်ကြာ အနာဖြစ်နိုင်ပြီး သေးငယ်သော သွေးခြေဥရာသည်ပုံမှန်ပင်ဖြစ်သည်။ အောက်ပါအချက်များဖြစ်ပေါ်ခံစားရပါက မိမိ၏ဆရာဝန်ဆီသို့

    အကြောင်းကြားရပါမည်။

    • ပိုက်ထည့်သည့်နေရာ၌ သွေးထွက်ခြင်း၊ ပွန်းပဲ့ခြင်း သို့မဟုတ် ရောင်ရမ်းခြင်းအသစ်များကို သတိပြုမိခြင်း
    • catheter site တွင် မသက်မသာဖြစ်ခြင်း သို့မဟုတ် နာကျင်မှု တိုးလာခြင်း
    • နီမြန်းခြင်း၊ အရည်ထွက်ခြင်း သို့မဟုတ် ဖျားခြင်းကဲ့သို့ ရောဂါပိုးဝင်ခြင်းလက္ခဏာများရှိခြင်း
    • စမ်းသပ်စစ်ဆေးမှုပြုလုပ်ထားသော ခြေထောက် သို့မဟုတ် လက်၏ အပူချိန် သို့မဟုတ် အရောင်ပြောင်းလဲမှု ရှိခြင်း
    • မောပန်းခြင်း သို့မဟုတ် အားနည်းခြင်း ခံစားရခြင်း
    • ရင်ဘတ်အောင့်ခြင်း သို့မဟုတ် အသက်ရှူမဝခြင်းတို့ ဖြစ်ပေါ်လာခြင်း
    • catheter ထည့်ထားသည့်နေရာသည် ဖောရောင်လာခြင်း သို့မဟုတ် အရည်များ စတင်ထွက်လာခြင်း
    • catheter site မှ သွေးထွက်ခြင်း သို့မဟုတ် ရောင်ရမ်းလာပါက၊ ထိုနေရာကို ဖိထားပြီး အရေးပေါ်ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများကို ဆက်သွယ်ရယူသင့်ပါသည်။

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    နှလုံးဆိုင်ရာစစ်ဆေးခြင်း

    ဒုတိယထပ်၊ R Building၊ ဘန်ကောက်ဆေးရုံကြီး

    နေ့စဉ် မနက် ၇ နာရီ မှ ညနေ ၄ နာရီ

    (+66) 2310 3000

    (+66) 2310 3370

    (+66) 2755 1371

    (+66) 2755 1375

    1719 (local mobile calls only)

    [email protected]

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    ပက်ကေ့ဂျ်များနှင့် ပရိုမိုးရှင်းများ

    CT Coronary Calcium Score PackageCT Coronary Calcium Score Package
    CT Coronary Calcium Score Package

    5,200 ဘတ်

    7,400 ဘတ်

    အသေးစိတ်
    Preventive Heart & Lipid Check up PackagePreventive Heart & Lipid Check up Package
    Preventive Heart & Lipid Check up Package

    34,000 ဘတ်

    အသေးစိတ်
    နှလုံးသွေးကြောဓာတ်မှန်ရိုက်စစ်ဆေးခြင်း/ နှလုံးသွေးကြောချဲ့ကုသခြင်းနှင့် နှလုံးသွေးကြောခွဲစိတ်ကုသခြင်းနှလုံးသွေးကြောဓာတ်မှန်ရိုက်စစ်ဆေးခြင်း/ နှလုံးသွေးကြောချဲ့ကုသခြင်းနှင့် နှလုံးသွေးကြောခွဲစိတ်ကုသခြင်း
    နှလုံးသွေးကြောဓာတ်မှန်ရိုက်စစ်ဆေးခြင်း/ နှလုံးသွေးကြောချဲ့ကုသခြင်းနှင့် နှလုံးသွေးကြောခွဲစိတ်ကုသခြင်း

    62,000 - 1,138,500 ဘတ်

    အသေးစိတ်
    ပက်ကေ့ဂျ်များ ပိုမိုကြည့်ရှုမည်

    ကျန်းမာရေး ဝန်ဆောင်မှုများ

    ဝန်ဆောင်မှုများ ပိုမိုကြည့်ရှုမည်

    ကျန်းမာရေး ဝန်ဆောင်မှုများ

    နှလုံးသွေးကြော သံလိုက်ဓာတ်မှန်ရိုက်ခြင်း (Cardiovascular MRI) Image
    နှလုံးသွေးကြော သံလိုက်ဓာတ်မှန်ရိုက်ခြင်း (Cardiovascular MRI)
    24 နာရီကြာ ECG စစ်ဆေးခြင်း Image
    24 နာရီကြာ ECG စစ်ဆေးခြင်း
    ခြေ/လက်ရှိသွေးကြောအချိုးချ စစ်ဆေးခြင်း  Image
    ခြေ/လက်ရှိသွေးကြောအချိုးချ စစ်ဆေးခြင်း
    ဝန်ဆောင်မှုများ ပိုမိုကြည့်ရှုမည်