Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Doctor not found
Doctor not found
Doctor not found
Doctor not found
Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo
    CHAT

    နှလုံးအဆို့ရှင်ရောဂါကို ကြိုတင်ကာကွယ်နိုင်သလိုအောင်မြင်စွာ ကုသနိုင်ပြီဖြစ်ပါသည်။

    7 ဖတ်ပြီး မိနစ်(များ)
    သတင်းရင်းမြစ်
    Bangkok Heart Hospital
    အပ်ဒိတ်လုပ်သောနေ့: 11 ဒီ 2025
    အကြံပြု ပက်ကေ့ဂျ်များ
    Package Image
    Preventive Heart & Lipid Check up Package
    Package Image
    Heart & Lung Together - နှလုံးနှင့်အဆုတ် ကွန်ပြူတာဓာတ်မှန်စစ်ဆေးမှုပက်ကေ့ဂျ်
    Package Image
    နှလုံးကျန်းမာရေးစစ်ဆေးခြင်းပက်ကေ့ဂျ်
    နှလုံးအဆို့ရှင်ရောဂါကို ကြိုတင်ကာကွယ်နိုင်သလိုအောင်မြင်စွာ ကုသနိုင်ပြီဖြစ်ပါသည်။
    Bangkok Heart Hospital
    အပ်ဒိတ်လုပ်သောနေ့: 11 ဒီ 2025

    နှလုံးသွေးကြောဆိုင်ရာရောဂါသည် အများအားဖြင့် ရင်ဘတ်အောင့်ခြင်း၊ နှလုံးဖောက်ခြင်းနှင့် လေဖြတ်ခြင်းတို့ကို ဖြစ်စေနိုင်သော နှလုံးသွေးကြောများ ကျဉ်းသွားခြင်း သို့မဟုတ် ပိတ်ဆို့ခြင်းအခြေအနေများကြောင့်ဖြစ်ပါသည်။ နှလုံးကြွက်သားများ၊ အဆို့ရှင်များ သို့မဟုတ် နှလုံးစည်းချက်များကို ထိခိုက်စေသော နှလုံးမူမမှန်မှုများသည် အခြားသော နှလုံးရောဂါပုံစံများကို ရည်ညွှန်းပါသည်။
    နှလုံးအဆို့ရှင်ရောဂါသည် နှလုံးအတွင်းရှိ အဆို့ရှင်လေးခုအနက်တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော အဆို့ရှင်များသည် ပိတ်ရန် သို့မဟုတ် ဖွင့်ရန် ကောင်းစွာလုပ်ဆောင်နိုင်ခြင်းမရှိဘဲ ရလဒ်အားဖြင့်နှလုံးမှတဆင့် ခန္ဓာကိုယ်သို့ သွေးစီးဆင်းမှုကို အနှောင့်အယှက်ဖြစ်စေပါသည်။
    မကုသဘဲထားပါက ရုတ်တရက်သေဆုံးခြင်းကဲ့သို့သော ပြင်းထန်သောနောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သည်။ လူနေမှုပုံစံ ပြုပြင်
    ပြောင်းလဲခြင်း ဥပမာ လုံလောက်စွာ အနားယူခြင်း၊ မှန်ကန်သော စားသောက်မှုပုံစံရွေးချယ်စားသုံးခြင်းနှင့် ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေကို လျော့ချရာတွင် အခန်းကဏ္ဍတစ်ခုမှ ပါဝင်ပြီး နှလုံးအဆို့ရှင် ရောဂါ၏ သတိပေး လက္ခဏာရပ်များကို သိရှိခြင်း၊  နှစ်စဉ်နှလုံးကျန်းမာရေးစစ်ဆေးမှုခံယူခြင်းဖြင့်လည်း သင့်လျော်ပြီးတိကျမှန်ကန်သော ကုသမှုတို့ကိုအချိန်မီရရှိနိုင်သည့်အပြင် ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲပြင်းထန်မှုများကိုလျော့ချရန်အထောက်အကူပြုပါသည်။


    “နှလုံးအဆို့ရှင်များ” အကြောင်းသိကောင်းစရာ

    နှလုံးအတွင်းရှိအဆို့ရှင်လေးခုသည်လိုအပ်သည့်အခါမှသာဖွင့်ပေးခြင်းဖြင့်သွေးများကိုလမ်းကြောင်းမှန်စွာစီးဆင်းစေသည်။ အပြည့်အဝအလုပ်လုပ်ရန်အဆို့ရှင်များကိုစနစ်တကျဖွဲ့စည်းထားရှိပြီး ၎င်းတို့သည် လမ်းကြောင်းအားလုံးကို ဖွင့်ရမည်ဖြစ်ပြီး တင်းတင်းကျပ်ကျပ်ပိတ်ရမည်ဖြစ်သောကြောင့် ယိုစိမ့်မှုမရှိစေရန် သေချာရပါသည်။ နှလုံးအဆို့ရှင်များသည် အရေးကြီးသောလုပ်ဆောင်မှုဖြစ်သည့် နှလုံးအတွင်းသွေးစီးဆင်းမှုလမ်းကြောင်းကို ထိန်းညှိပေးပြီး မှားယွင်းစွာလုပ်ဆောင်ပါကသွေးလည်ပတ်မှုစနစ်အား ထိခိုက်နိုင်ပြီး အသက်အန္တရာယ်ရှိသော ဖြစ်ရပ်များအထိ ဖြစ်လာနိုင်ပါသည်။

    အဆို့ရှင်လေးခုတွင် tricuspid valve, mitral valve, pulmonary valve နှင့် aortic valve တို့ပါဝင်သည်။
    အဆို့ရှင်တစ်ခုစီတွင် နှလုံးတစ်ချက်ခုန်လိုက်တိုင်း အဖွင့်အပိတ်တစ်ကြိမ်စီပြုလုပ်ပေးသော တံခါးချပ်လိုအဖတ်ကလေးများပါရှိသည်။ အဆိုပါအဆို့ရှင်များသည် ကောင်းစွာမဖွင့်နိုင် သို့မဟုတ် မပိတ်နိုင်ပါက နှလုံးမှတဆင့် ခန္ဓာကိုယ်သို့ သွေးစီးဆင်းမှုကို အနှောင့်အယှက်ဖြစ်စေသည်။

     


    နှလုံးအဆို့ရှင်ရောဂါ၏ လက္ခဏာများ

    နှလုံးအဆို့ရှင်ရောဂါခံစားနေရသော လူနာအချို့သည် နှစ်ပေါင်းများစွာ ရောဂါလက္ခဏာများ မပြသသော်လည်း အောက်ဖော်ပြပါနှလုံးအဆို့ရှင်ရောဂါ၏ အဖြစ်များသော လက္ခဏာများရှိတတ်သည်။

    • အသက်ရှုကြပ်ခြင်း အထူးသဖြင့် ကိုယ်လက်လှုပ်ရှားမှုများ သို့မဟုတ် အားအင်စိုက်ထုတ်ရသည့်အခါ
    • မောပန်းလွယ်ခြင်း သို့မဟုတ် ပင်ပန်းနွမ်းနယ်ခြင်း။
    • မကြာခဏ မူးမေ့လဲခြင်း။
    • နှလုံးခုန်နှုန်းမမှန်ခြင်း သို့မဟုတ် နှလုံးအသံပုံမမှန်ခြင်း။

    Chat with Us


    နှလုံးရောဂါအမျိုးအစားများ

    နှလုံးအဆို့ရှင်ရောဂါသည်မွေးရာပါဖြစ်နိုင်သည်။ အရွယ်ရောက်ပြီးသူများတွင် ပိုးဝင်ခြင်း၊ အဆို့ရှင်ပေါ်ကယ်လ်စီယမ်အနည်ထိုင်ခြင်း၊ အဆို့ရှင်မလုံခြင်း (regurgitation)၊ အဆို့ရှင်အချပ်များ ထူလာခြင်း၊ မာကျောခြင်း သို့မဟုတ် အဆို့ရှင်ကျဉ်းခြင်း
     (valve stenosis)အပြင် အဆို့ရှင်၏ လုပ်ဆောင်မှု မမှန်ခြင်းနှင့် အဆို့ရှင်များမှတဆင့် သွေးစီးဆင်းမှု လျော့ကျစေသည့် အခြားသော နှလုံးအခြေအနေများကြောင့်လည်း ဖြစ်နိုင်ပါသည်။
    အဆို့ရှင်လေးခုရှိသည့်အနက် ခန္ဓာကိုယ်တစ်ခုလုံးသို့ သွေးများ ညှစ်ထုတ်ရန်အတွက် လိုအပ်သော နှလုံးဘယ်ဘက်ခြမ်းရှိ  mitral valve နှင့် aortic valveသည် သွေးပေါင်ချိန်မြင့်တက်မှုကြောင့် အဖြစ်အများဆုံး နှလုံးအဆို့ရှင်အခြေအနေများဖြစ်သည်။ နှလုံးခုန်တိုင်းတွင် သွေးပေါင်ချိန်မြင့်တက်ခြင်းသည် နှလုံးအဆို့ရှင် ထိခိုက်ပျက်စီးမှုအန္တရာယ်နှင့်
    ဆက်စပ်နေသည်။ နှလုံးအဆို့ရှင် မလုံခြင်း သို့မဟုတ် နှလုံးအဆို့ရှင် ယိုစိမ့်ခြင်း ဆိုသည်မှာ အဆို့ရှင်အချပ်လေးများ ကောင်းစွာမပိတ်နိုင်ဘဲ နှလုံးအတွင်း သွေးများ နောက်သို့ပြန်ယိုစိမ့်သွားသည့် အခြေအနေမျိုးကို ရည်ညွှန်းပါသည်။ ဤသည်မှာ အဆို့ရှင်အချပ်လေးများဖောင်းပြီးလျော့ရဲလာခြင်းကြောင့်ဖြစ်ပြီး ကလေးများထက်လူကြီးပိုင်းများတွင် အတွေ့ရများသော ရောဂါတစ်ခုဖြစ်ပါသည်။


    နှလုံးအဆို့ရှင်ရောဂါကိုဖြစ်စေသောရောဂါများ

    အောက်ဖော်ပြပါအဓိကရောဂါ ၃ မျိုးပါဝင်သည်။

    ၁။ နှလုံးလေးဘက်နာရောဂါ (Rheumatic heart disease)
    Rheumatic heart disease သည်‌လေးဘက်နာပိုးကြောင့်ဖျားနာပြီးနောက်ဆက်တွဲနှလုံးအဆို့ရှင်များ အပြီးတိုင် ပျက်စီးသွားသော အခြေအနေတစ်ခုဖြစ်သည်။ အခြားထိခိုက်သောနေရာများမှာ အရေပြားနှင့် လည်ချောင်းတို့ဖြစ်သည်။ Rheumatic Heart Disease သည် group A streptococci ရောဂါပိုးကူးစက်မှုကို ခန္ဓာကိုယ်
    ခုခံအားစနစ်တုံ့ပြန်မှုကြောင့်နှလုံးတွင် အမာရွတ်ဖြစ်လာခြင်းဖြစ်သည်။ အဆို့ရှင်တစ်ဝိုက်တွင် အမာရွတ်နှင့် ကယ်လ်စီယမ်ဖွဲ့စည်းမှုများကြောင့် နှလုံးအဆို့ရှင်ပျက်စီးပြီး နှလုံးအဆို့ရှင် အဖွင့်အပိတ်လုပ်‌ဆောင်မှုများ ချို့ယွင်းသွားခြင်းဖြစ်သည်။

    ၂။ အသက်အရွယ်ကြီးရင့်လာခြင်းကြောင့်ဖြစ်သော နှလုံးအဆို့ရှင်ရောဂါ
    ဒါက နှလုံးအဆို့ရှင်ယိုယွင်းပျက်စီးလာခြင်း ရဲ့ အဖြစ်များတဲ့ အကြောင်းအရင်းပါ။ အသက်အရွယ်ကြီးလာခြင်းအထူးသဖြင့် အသက်၄၀ ကျော်လူနာများတွင် အဆို့ရှင်များ ယိုယွင်းလာပြီး အားပျော့သွားနိုင်သည်။အကျိုးဆက်အားဖြင့် အဆို့ရှင်များသည်ပိတ်ခြင်း သို့မဟုတ် ဖွင့်ခြင်းကိုကောင်းစွာမပြုလုပ်နိုင်တော့ဘဲ နှလုံးအဆို့ရှင် မလုံခြင်းကိုဖြစ်စေပါသည်။

    ၃။ နှလုံးသွေးကြောကျဉ်းရောဂါ
    နှလုံးအဆို့ရှင်ရောဂါနှင့် နှလုံးသွေးကြောကျဉ်းရောဂါ ဆက်စပ်မှုကို မကြာခဏ တွေ့ရတတ်ပါသည်။ နှလုံးကြွက်သားပုပ်ခြင်း (Myocardial infarction) သည် နှလုံးသွေးကြောကျဉ်းရောဂါ၏ ပြင်းထန်သောရလဒ် ဖြစ်သည်။ အထူးသဖြင့် အသက် ၅၀ မှ ၆၀ အတွင်း လူနာများတွင် နှလုံးအဆို့ရှင် မလုံခြင်းကို ဖြစ်စေနိုင်သည်။

    Chat with Us


    နှလုံးအဆို့ရှင်ရောဂါကုသမှု

    နှလုံးအဆို့ရှင်ရောဂါ ကုသမှုသည် ထိခိုက်သည့်နှလုံးအဆို့ရှင်၊ အဆို့ရှင်ရောဂါအမျိုးအစားနှင့် ပြင်းထန်မှုအပေါ်တွင် မူတည်ပါသည်။ နှလုံးအဆို့ရှင်ရောဂါသည် နှလုံးအဆို့ရှင်ကို ပြုပြင်ရန် သို့မဟုတ် အစားထိုးရန် ခွဲစိတ်ကုသမှု လိုအပ်သည်။ နည်းပညာတိုးတက်လာမှုကြောင့်အသေးငယ်ဆုံးသောခွဲစိတ်ကုသမှု (Minimally Invasive Surgery) သည် ခွဲစိတ်ကုသမှုကိုတိကျမှန်ကန်စေပြီး ခွဲစိတ်ရာသေးငယ်ခြင်း၊ နာကျင်မှုလျော့ပါးသက်သာခြင်း၊နောက်ဆက်တွဲပြဿနာများနည်းပါးကာဘေးကင်းစိတ်ချရသည့်အပြင် ပြန်လည်နာလန်ထချိန်ပိုမိုမြန်ဆန်စေပါသည်။ နေ့စဉ်လူနေမှုဘဝနှင့် လုပ်ငန်းဆောင်တာများကိုလျင်မြန်စွာပြန်လည်လုပ်ဆောင်နိုင်စေပါသည်။

    အဓိက ရွေးချယ်စရာ ၂ ခုရှိပါသည်။

    ၁။ အဆို့ရှင်အစားထိုးခြင်း

    အသေးငယ်ဆုံးသောခွဲစိတ်ရာဖြင့် နှလုံးသွေးကြောမကြီးအဆို့ရှင် အစားထိုးခွဲစိတ်ကုသခြင်းသည် ကောင်းစွာမလုပ်ဆောင်နိုင်သော အဆို့ရှင်ကို အဆို့ရှင်အတုဖြင့်အစားထိုးရန်အတွက် ခွဲစိတ်ကုသမှုတစ်ခုဖြစ်သည်။ နှလုံးအဆို့ရှင်အတုတွင်အဓိကအမျိုးအစား ၂ မျိုးရှိသည်။

    • Mechanical valve
      လို့ခေါ်သော သတ္တုနှလုံးအဆို့ရှင်: ဤအဆို့ရှင်များသည် ခိုင်ခံ့သော တာရှည်ခံပစ္စည်းများဖြင့် ပြုလုပ်ထားပြီး ကြာရှည်ခံနိုင်သော အစားထိုးအဆို့ရှင်အမျိုးအစားဖြစ်သည်။ သို့သော် လူနာများသည် မိမိတို့၏လက်ကျန်ဘဝတစ်လျှောက်လုံး သွေးကျဲဆေးကို အမြဲသောက်သုံးရန်လိုအပ်နေပါမည်။သွေးကျဲဆေးသည် သွေးခဲများဖြစ်ပေါ်ခြင်းမှ ကာကွယ်ပေးပြီး အဆို့ရှင်လုပ်ဆောင်မှုများကိုချို့ယွင်းစေသော အဆို့ရှင်အဖတ်များတွင် သွေးခဲများစုပုံနေခြင်းကိုလည်း ကာကွယ်ပေးသည်။
    • Biological valve (tissue valve or bioprosthetic valve)
      ခေါ် တိရိစ္ဆာန်တစ်ရှူးမှထုတ်လုပ်ထားသော နှလုံးအဆို့ရှင်: ဤအဆို့ရှင်များကို တိရစ္ဆာန်များ၏အဆို့ရှင်များ သို့မဟုတ် နွားနှင့် ဝက်ကဲ့သို့သော သန်မာပြီး လိုက်လျောညီထွေရှိသော အခြားတိရစ္ဆာန်တစ်သျှူးများမှ ဖန်တီးထားသည်။ သွေးခဲခြင်းဖြစ်နိုင်ခြေသိသိသာသာနည်းစေသောကြောင့် သွေးကျဲဆေးကို ရေရှည်အသုံးပြုရန် မလိုအပ်ပါ။ သို့သော်ဇီဝတစ်သျှူးများသည် အဆို့ရှင်ကိုဆန့်ကျင်လုပ်ဆောင်ရန် ခုခံအားတုံ့ပြန်မှုကို လှုံ့ဆော်ပေးနိုင်သောကြောင့်အမာရွတ်များနှင့် ကယ်လ်စီယမ်စုပုံခြင်းများဖြစ်ပေါ်စေပြီးနောက်ဆုံးတွင် အဆို့ရှင်များသည် ကောင်းစွာ မလုပ်ဆောင်နိုင်ခြင်းကိုဖြစ်စေနိုင်ပေသည်။


    တစ်ရှူးအဆို့ရှင်များသည် ၁၀ -၁၅ နှစ်အထိ တာရှည်ခံသည်။ တစ်ရှူးအဆို့ရှင် အစားထိုးထားသည့် လူနာများတွင်ခွဲစိတ်မှု ထပ်မံပြုလုပ်ရန် သို့မဟုတ် အခြားအဆို့ရှင် အစားထိုးမှု လိုအပ်မှုမှာ လွန်စွာ အလားအလာ ရှိသည်။သတ္တုအဆို့ရှင် အစားထိုးထားသူများသည် တစ်သက်တာ သွေးကျဲဆေးကို သောက်သုံးရန်လိုအပ်ပြီးအထူးသဖြင့် ဦးနှောက်သွေးယိုစီးမှုကဲ့သို့ ပြင်းထန်သော အခြေအနေတွင် သွေးထွက်နိုင်ခြေ ပိုများနိုင်သည်။အဆို့ရှင်အစားထိုးရမည့် ခွဲစိတ်မှုတိုင်းအတွက် တာရှည်ခံမှုနှင့် ဆေးဝါးရွေးချယ်မှုများအပြင် ဖြစ်နိုင်ခြေအန္တရာယ်များကိုပါ ဂရုတစိုက် ထည့်သွင်းစဉ်းစားသင့်ပါသည်။

    ၂။ နှလုံးအဆို့ရှင်ပြုပြင်ခြင်း

    အထူးပြုခွဲစိတ်ကိရိယာများကို အသုံးပြု၍ သေးငယ်သော ခွဲစိတ်ရာမှတဆင့် နှလုံးအဆို့ရှင်ကိုပြုပြင်ခွဲစိတ်မှုပြုလုပ်ပါသည်။ နှလုံးအဆို့ရှင်ပြုပြင်ခြင်းကို အောက်ဖော်ပြပါအခြေအနေအမျိုးမျိုးတွင်လုပ်ဆောင်နိုင်သည်-
    • Rheumatic heart disease
      အဆို့ရှင်ပေါ်ဖြစ်ပေါ်နေသောကယ်လ်စီယမ်အနည်အနှစ်များနှင့် တစ်သျှူးအမာရွတ်များကို ဖယ်ရှားရန်အတွက် ပြန်လည်ပြုပြင်သည့်နည်းလမ်းများတွင် ယောင်နေသော သို့မဟုတ်ပျက်စီးနေသောတစ်ရှူးအားလုံးကို ဖြတ်ထုတ်ခြင်းနှင့် နှလုံးအဆို့ရှင်၏လုပ်ဆောင်ချက်များကို ထိန်းသိမ်းရန်အတွက် ကောင်းမွန်လတ်ဆတ်သော pericardial အလွှာဖြင့်ဖာခြင်း သို့မဟုတ်ပြန်ချုပ်ခြင်းဖြင့် ပျက်စီးနေသောတစ်ရှူးများကို ပြန်လည်ပြုပြင်ခြင်းတို့ပါဝင်သည်။
    • Degenerative Valve disease
      နှလုံးအဆို့ရှင် ထူလာခြင်း၊ တောင့်တင်းခြင်း သို့မဟုတ် ကျယ်လာခြင်းကဲ့သို့သော အသက်ရွယ်ကြီးလာခြင်းကြောင်းပျက်ယွင်းနေသော နှလုံးအဆို့ရှင်များကို အောင်မြင်စွာ ပြုပြင်နိုင်ပါသည်။

    Valve-repair

    ယခုအခါ အဆို့ရှင်ပြုပြင်ခြင်းအတွက် နံရိုးဖြတ်တောက်ခြင်းမပြုရဘဲ သေးငယ်သော ခွဲစိတ်ရာများဖြင့်ခွဲစိတ်နိုင်သော နည်းပညာအသစ်များကို အထူးပြုလက်ကိုင်ခွဲစိတ်ကိရိယာများအသုံးပြု၍လုပ်ဆောင်နိုင်ပြီဖြစ်သည်။ ယခုခွဲစိတ်မှုနည်းသစ်သည် အကြီးစားနှလုံးအဆို့ရှင်အစားထိုးခွဲစိတ်ကုသမှုခံယူထားသောလူနာများနှင့်နှိုင်းယှဉ်ပါက နာကျင်မှုနည်းပါးခြင်းကြောင့်ပိုမိုကောင်းမွန်သောခွဲစိတ်မှုရလဒ်ရရှိခြင်း၊ အသက်ရှုကြပ်ခြင်းနှင့် မောပန်းခြင်းလက္ခဏာများသက်သာကောင်းမွန်လာခြင်း၊ သွေးကျဲဆေးရေရှည်သောက်သုံးခြင်းဖြင့်နောက်ဆက်တွဲပြဿနာများနည်းပါးသွားကြောင်းအခိုင်အမာတွေ့ရှိရပါသည်။

    ပို၍အရေးကြီးသည်မှာအကောင်းဆုံးကုသမှုရလဒ်များရရှိစေရန်အတွက် ခွဲစိတ်မှုအမျိုးအစားမခွဲခြားဘဲအတွေ့အကြုံမြင့်မားပြီး အထူးကျွမ်းကျင်သော နှလုံးအထူးကုဆရာဝန်များ၊ နှလုံးနှင့်ရင်ခေါင်းခွဲစိတ်ဆရာဝန်များဖြစ်ပါသည်။

    တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ကမ္ဘာ့အဆင့်မီ စံချိန်စံညွှန်းရှိဆေးရုံကွန်ရက်ချိတ်ဆက်မှုအပြင် ခေတ်မီနည်းပညာများဖြင့် ပံ့ပိုးပေးထားသည့် ဘန်ကောက်နှလုံးအထူးကုဆေးရုံကြီးသည် လူနာအားလုံးအတွက် တိကျသောရောဂါရှာဖွေခြင်း၊ ထိရောက်ပြီးမြန်ဆန်သော အချိန်မီကုသမှုများအပြင် အပြည့်အဝပြန်လည်ကောင်းမွန်လာရေးအစီအစဉ်များပါဝင်သည့် ပြီးပြည့်စုံသော နှလုံးကျန်းမာရေးစောင့်ရှောက်မှုများဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ထို့အပြင်ကျွန်ုပ်တို့သည် အလွန်ရှုပ်ထွေးသော နှလုံးအခြေအနေများအတွက် လက်တွေ့သုတေသနများနှင့် လေ့ကျင့်မှုများ ပြုလုပ်ပါသည်။ လူနာဗဟိုပြုချဉ်းကပ်နည်းဖြင့်အကောင်းဆုံးကုသမှုရလဒ်များရရှိစေရန် သင့်လျော်သောကုသမှုများကိုလူနာများသည်အမြဲတမ်းခံယူနိုင်ကြောင်း စိတ်ချယုံကြည်စေပါသည်။

    Chat with Us


     

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    နှလုံးအထူးကုဆေးခန်း

    ပထမထပ်၊ H Building၊ ဘန်ကောက်နှလုံးဆေးရုံကြီး

    နေ့စဉ် မနက် ၇ နာရီ မှ ညနေ ၄ နာရီ

    (+66) 2310 3000

    (+66) 2310 3370

    (+66) 2755 1371

    (+66) 2755 1375

    1719 (local mobile calls only)

    [email protected]

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    ပက်ကေ့ဂျ်များနှင့် ပရိုမိုးရှင်းများ

    Preventive Heart & Lipid Check up PackagePreventive Heart & Lipid Check up Package
    Preventive Heart & Lipid Check up Package

    34,000 ဘတ်

    အသေးစိတ်
    Heart & Lung Together - နှလုံးနှင့်အဆုတ် ကွန်ပြူတာဓာတ်မှန်စစ်ဆေးမှုပက်ကေ့ဂျ် Heart & Lung Together - နှလုံးနှင့်အဆုတ် ကွန်ပြူတာဓာတ်မှန်စစ်ဆေးမှုပက်ကေ့ဂျ်
    Heart & Lung Together - နှလုံးနှင့်အဆုတ် ကွန်ပြူတာဓာတ်မှန်စစ်ဆေးမှုပက်ကေ့ဂျ်

    9,900 ဘတ်

    13,650 ဘတ်

    အသေးစိတ်
    နှလုံးကျန်းမာရေးစစ်ဆေးခြင်းပက်ကေ့ဂျ်နှလုံးကျန်းမာရေးစစ်ဆေးခြင်းပက်ကေ့ဂျ်
    နှလုံးကျန်းမာရေးစစ်ဆေးခြင်းပက်ကေ့ဂျ်

    9,900 - 29,400 ဘတ်

    အသေးစိတ်
    ပက်ကေ့ဂျ်များ ပိုမိုကြည့်ရှုမည်

    ကျန်းမာ

    ကျန်းမာ

    ကျန်းမာ

    MitraClip သည် ခွဲစိတ်စရာမလိုသော mitral အဆို့ရှင်ယိုစိမ့်မှုပြုပြင်သည့်ကိရိယာတစ်ခုဖြစ်ပြီး အန္တရာယ်ကို လျှော့ချပေးပြီး ပိုမိုမြန်ဆန်စွာ ပြန်လည်ကောင်းမွန်လာစေပါသည်။ Image
    AI
    MitraClip သည် ခွဲစိတ်စရာမလိုသော mitral အဆို့ရှင်ယိုစိမ့်မှုပြုပြင်သည့်ကိရိယာတစ်ခုဖြစ်ပြီး အန္တရာယ်ကို လျှော့ချပေးပြီး ပိုမိုမြန်ဆန်စွာ ပြန်လည်ကောင်းမွန်လာစေပါသည်။
    နှလုံးကင်ဆာသည် ခက်ခဲသောရောဂါတစ်ခုဖြစ်သော်လည်း ၎င်းကိုရရှိနိုင်သည်။ Image
    AI
    နှလုံးကင်ဆာသည် ခက်ခဲသောရောဂါတစ်ခုဖြစ်သော်လည်း ၎င်းကိုရရှိနိုင်သည်။
    နှလုံးရောဂါနဲ့ သင်မသိသေးတဲ့ အရာတွေပါ။ Image
    AI
    နှလုံးရောဂါနဲ့ သင်မသိသေးတဲ့ အရာတွေပါ။
    ကျန်းမာ