Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo
    CHAT

    ရောဂါ‌‌ဝေဒနာသက်သာစေရန်စောင့်ရှောက်မှုပေးသောဌာန

    ဝန်ဆောင်မှုများ
    ဆရာဝန်များ
    ရောဂါများနှင့်ကုသမှု
    ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

    အကျဉ်း

    နာကျင်မှုစီမံခန့်ခွဲခြင်း

    ဝေဒနာသက်သာစေရန်စောင့်ရှောက်ခြင်း

    ရောဂါ‌‌ဝေဒနာသက်သာစေရန်စောင့်ရှောက်မှုပေးသောစင်တာကို ဘာကြောင့် ရွေးချယ်ရတာပါလဲ။

    ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

    ဝေဒနာသက်သာစေရန်စောင့်ရှောက်ခြင်း

    ဝေဒနာသက်သာစေရန်စောင့်ရှောက်မှုပေးခြင်း (Palliative Care)

    • ကင်ဆာရောဂါသည်များတွင် နာကျင်မှုအမျိုးမျိုးခံစားရလေ့ရှိပါသည်။ ဘန်‌ကောက်ဆေးရုံကြီး၏ Supportive Care Center သည် ကင်ဆာအဆင့်တိုင်းတွင် နာကျင်မှုသက်သာစေရန် ပြည့်စုံသောစောင့်ရှောက်မှုများပေးလျက်ရှိပါသည်။ လူနာတစ်ဦးတွင် ကင်ဆာရောဂါကို ပထမဦးဆုံးရှာဖွေတွေ့ရှိသည်နှင့်တပြိုင်နက် ပထမဦးစွာထည့်သွင်းစဥ်းစားသင့်သည့်အချက်မှာ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုများဖြစ်ပါသည်။ စိုးရိမ်ပူပန်မှုနှင့် စိတ်ဓာတ်ကျမှုအခြေအနေများအတွက် ကင်ဆာအထူးကုဆရာ၀န်ကြီးများအပြင် အခြားစိတ်ပိုင်းဆိုင်ရာကျွမ်းကျင်ပညာရှင်များဖြင့် တိုင်ပင်ဆွေးနွေးပေးလျက်ရှိပါသည်။ ခွဲစိတ်ပြီးနောက်နှင့် ဓာတုဆေးသွင်းကုခြင်းနောက်ဆက်တွဲအနေဖြင့် ဝမ်းတွင်းခေါင်းရောင်ရမ်းမှု (Peritonitis) ဖြစ်ပေါ်တတ်ပြီး နာကျင်မှုဝေဒနာများကို ၁ ပတ်မှ ၂ ပတ်အထိ ခံစားရတတ်ပါသည်။ ထိုသို့နာကျင်မှုများကိုလည်း အကြောဆေးအပြင် လူနာကိုယ်တိုင်ထိန်းချုပ်ကုသခြင်း (Patient Control Analgesia – PCA) နည်းလမ်းဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ဆေးကို လူနာကိုယ်တိုင် ချိန်ဆသုံးစွဲနိုင်သလို ထိုးဆေးအချို့ကိုလည်း အလိုအလျောက်အချိန်တိုင်းကိရိယာဖြင့် ဆေးပမာဏတွက်ဆထားပြီး အသုံးပြု၍ရနိုင်ပါသည်။
    • ကင်ဆာပြန့်ပွားမှုကြောင့်လူနာ နာကျင်မှုခံစားရသောအခါများတွင် ဆရာ၀န်ကြီးများမှ နာကျင်ခြင်းစီမံခန့်ခွဲမှုအဖွဲ့ (pain management team) နှင့် ဆွေးနွေးတိုင်ပင်ပြီး ကုသပေးခြင်းဖြင့် သာမာန်ထက်ကောင်းမွန်သော၀န်ဆောင်မှုမျိုးပေးလျက်ရှိပါသည်။ နာကျင်မှုသက်သာစေရန် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှုများပေးလျက်ရှိပါသည်။ ထိုကဲ့သို့ စောင့်ရှောက်မှုများတွင် အောက်ပါစောင့်ရှောက်မှုများပါ၀င်ပါသည်။ 
      1. ဓာတုကုထုံးပြီးနောက် ရုပ်ပိုင်းဆိုင်ရာအသွင်အပြင်နှင့်ပတ်သက်၍လမ်းညွှန်မှုပေးခြင်း (ဥပမာ ဆံပင်ကျွတ်ခြင်းပြဿနာ)
      2. ကင်ဆာဆန့်ကျင်‌ဂုဏ်သတ္တိရှိ အစားအသောက်များနှင့် ကျန်းမာစေသောနေထိုင်မှုများအား လမ်းညွှန်ချက်ပေးခြင်း
      3. မိမိနှင့်အလားတူ ကင်ဆာ‌ဝေဒနာသည်များဖြင့် အပြုသဘောဆောင်သော ဆွေးနွေးပွဲ (Group therapy sessions) များတွင် အတွေ့အကြုံများ နှီးနှောဖလယ်ဆွေးနွေးနိုင်အောင် စီစဥ်ပေးခြင်း
      4. စိတ်ပိုင်းဆိုင်ရာ အထောက်အကူရစေရန် မိမိနေအိမ်တွင် ဂီတနှင့်အနုပညာကုထုံးများဖြင့်လည်း ဆက်လက်ကုသရန်အကြံပေးပါသည်။
      5. မိသားစု၀င်များနှင့် လူနာအားပြုစုစောင့်ရှောက်ပေးလျက်ရှိသော သူများကိုလည်း ဤကဲ့သို့သောစောင့်ရှောက်မှုပေးခြင်းများတွင် တစ်ထောင့်တစ်နေရာမှပါဝင်ပေးခြင်းဖြင့် Think Positive Club တွင် ပါဝင်ရန် ဖိတ်ခေါ်အပ်ပါသည်။

    Pain management ၀န်ဆောင်မှုတွင် Relievement Care နှင့် Palliative Care ဟူ၍ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ 

    Relievement Care ဆိုသည်မှာ လူနာဆုံးပါးသွားသည့်အခါ မိသားစု၀င်များအတွက် စိတ်ကျရောဂါနှင့် တခြားနောက်ဆက်တွဲဆိုးကျိုးများနှင့်ပတ်သက်၍ ဆေးရုံမှ ၀န်ဆောင်မှုများ ဆက်လက်ပေးနေခြင်းကို ဆိုလိုပါသည်။ 

    Palliative Care တွင် လူနာများအတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နာကျင်ဝေဒနာများသာမက တခြားလူမှုရေးဆိုင်ရာ အချက်များကိုလည်း ထည့်သွင်းစဥ်းစား၍ စောင့်ရှောက်မှုပေးခြင်းများပါ၀င်ပါသည်။ ထို့အပြင် နောက်ဆုံးအဆင့်လူနာများအတွက် ကောင်းမွန်စွာ နှုတ်ဆက်ထွက်ခွာသွားနိုင်ရန် လိုအပ်သောလုပ်ဆောင်မှုအဆင့်ဆင့်ဖြင့် ဝန်ဆောင်မှုများ ပေးလျက်ရှိပါသည်။ ရောဂါကုသမှုခံယူနေစဥ်ကာလတစ်လျှောက်တွင် Palliative Care ဆွေးနွေးတိုင်ပင်ခြင်း၀န်ဆောင်မှုကို ရယူနိုင်ပါသည်။

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    ရောဂါ‌‌ဝေဒနာသက်သာစေရန်စောင့်ရှောက်မှုပေးသောဌာန

    သတ္တမထပ်

    (+66) 2755 1188 (Cancer Hotline 8:00 AM - 8:00 PM)

    (+66) 2310 3000 (After 8:00 PM)

    1719 (local mobile calls only)

    [email protected]

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    ရောဂါများနှင့်ကုသမှု

    အားလုံးကြည့်မည်