နာကျင်မှုစီမံခန့်ခွဲခြင်း
နာကျင်မှု စီမံခန့်ခွဲခြင်း (Pain Management)
နာကျင်မှု စီမံခန့်ခွဲခြင်း ဝန်ဆောင်မှုပေးရာတွင် ကင်ဆာလူနာများသာမက အောက်ပါဝေဒနာများခံစားနေရသော တခြားသောလူနာများကိုလည်း ကုသပေးလျက်ရှိပါသည်။
-
ကာလတိုနာကျင်ခြင်း (acute pain)
ကာလတိုနာကျင်ခြင်းဟူသည် ပြင်းထန်သော နာကျင်မှုဝေဒနာများကို အချိန်ကာလ ၃ လအောက် ခံစားနေရသူများကို ၀န်ဆောင်မှုပေးခြင်းဖြစ်ပါသည်။ ယေဘုယျအားဖြင့် ပြင်းထန်သောနာကျင်ခြင်းများနှင့် ခွဲစိတ်မှုနောက်ဆက်တွဲ နာကျင်မှုဝေဒနာများကို ဆေးဘက်ဆိုင်ရာကျွမ်းကျင်ဝန်ထမ်းများပူးပေါင်းဆောင်ရွက်ကုသမှုပေးခြင်းဖြစ်ပါသည်။ နာကျင်မှု စီမံခန့်ခွဲခြင်းတွင် အာရုံကြောနာကျင်ခြင်း၊ ရေယုန်ရောဂါကြောင့် အာရုံကြောနာကျင်ခြင်းနှင့် ပန်ကရိယရောင်ခြင်းကြောင့်အပြင်းအထန်နာကျင်ခြင်း အစရှိသည်တို့တွင် နာကျင်မှုဒဏ်မခံစားရအောင် ကုသမှုပေးခြင်းတို့ ပါဝင်ပါသည်။
-
နာတာရှည် နာကျင်ခြင်း (Chronic Pain)
နာတာရှည်နာကျင်ခြင်းဟူသည် ၃ လအထက်နာကျင်မှုဝေဒနာခံစားနေရသူများကို ဆိုလိုခြင်းဖြစ်သည်။ များသောအားဖြင့် နာတာရှည်ခါးနာဝေဒနာသည်များကို ကုသမှုပေးလျက်ရှိပါသည်။ ကနဦးတွင် ခွဲစိတ်မှုမဟုတ်သော နည်းလမ်းများ၊ လေ့ကျင့်ခန်းနည်းလမ်းများဖြင့် ကုသသော်လည်း နာကျင်မှု ဝေဒနာသက်သာပျောက်ကင်းခြင်းမရှိပါက ခါးဆစ်ထဲသို့စတီးရွိုက်ဆေးထိုးခြင်းဖြင့် ခါးနာမှုသက်သာအောင်ကုသပေးခြင်းတို့ ပါဝင်ပါသည်။ သွေးကြောများ ကျဥ်းမြောင်းခြင်းကဲ့သို့သော သွေးကြောဆိုင်ရာရောဂါများကြောင့်ဖြစ်သော နာကျင်မှုအမျိုးအစားများအတွက် Sympathetic Block နည်းဖြင့် ကုသပေးလျက်ရှိပါသည်။ စင်တာတွင် ဆီးချိုရောဂါသည်များ ကြုံရလေ့ရှိသည့် အာရုံကြောနာကျင်မှုများကိုလည်း သက်သာစေရန် အနီးကပ်ကုသမှုပေးလျက်ရှိပါသည်။