၁။ EDGE: နောက်ဆုံးပေါ် ခေတ်သစ်ဓာတ်ရောင်ခြည်ဖြင့်ကုသမှုသည် ခန္ဓာကိုယ်ရှိ မည်သည့်ကင်ဆာကိုမဆို မြင့်မားသော ဓာတ်ရောင်ခြည်ပမာဏပေးကာ ကင်ဆာဆဲလ်ကို ပြင်ပမှဖျက်ဆီးပေးပါသည်။
ဓာတ်ရောင်ခြည်ဖြင့်ကုသမှု (EDEGE) ကို ခွဲစိတ်ကုသရန် မသင့်တော်သော လူနာများအတွက် အသုံးပြုပါသည်။ ဤကဲ့သို့ကောင်းမွန်သော အဆင့်မြင့်နည်းပညာသည် အလွန်တိကျ၊ မှန်ကန်၊ အဆင်ပြေပြီး မြန်ဆန်ပါသည်။ ကုသမှုအများစုသည် ၁၅ မိနစ်သာကြာမြင့်ပါသည်။
၂။ LINAC (Linear Accelerator: ELEKTA PRECISE) ဤစက်သည် မြင့်မားသော ဓာတ်ရောင်ခြည် အလင်းတန်းများကိုထုတ်ပေးကာ အကျိတ်၏ပုံသဏ္ဍာန်နှင့်အညီ ချိန်ညှိပေးနိုင်သည်။ IGRT သည် ပုံမှန်တစ်ရှူးများကို ဓာတ်ရောင်ခြည်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပြီး အကျိတ်များ၏တည်နေရာကို အတိအကျသိရှိရန် ကူညီပေးသည်။ ထိုနည်းလမ်းကို အဆင့်မြင့်ဆုံး၊ ထိရောက်ပြီး ဘေးကင်းသော နည်းပညာများထဲမှ တစ်ခုဟု သက်မှတ်နိုင်ပါသည်။
၃။ VMAT (ELEKTA SYNERGY VMAT) ဤအဆင့်မြင့်နည်းပညာသည် electron accelerator အဖြစ် လုပ်ဆောင်ခြင်းဖြင့် ဓာတ်ရောင်ခြည်ပေးခြင်းဖြစ်ပါသည်။ ထိုနည်းပညာသည် သမားရိုးကျ ဓာတ်ရောင်ခြည်ပေးနည်းအပြင် Volumetric Modulated Radiotherapy အပါအဝင် ပိုမိုအဆင့်မြင့်သော ကုထုံးများကို ပေးစွမ်းနိုင်ပါသည်။
- အကျိတ်၏ အရွယ်အစားနှင့် ပုံသဏ္ဍာန်အရ သင့်လျော်သော ဓာတ်ရောင်ခြည်ပမာဏကို ချိန်ညှိနိုင်သည်။
- အမြန်နှုန်းနှင့် ပမာဏကို ချိန်ညှိနိုင်ခြင်း၊ ဓာတ်ရောင်ခြည်ဖြာထွက်မှုအပြင် အကျိတ်အတွင်းနှင့် အနီးတစ်ဝိုက်တွင် ကုသမှုအတွက် အတားအဆီးများ၏ တည်နေရာမြေပုံကို ဖော်ပြခြင်း။ ထို့ကြောင့် ရောင်ခြည်များသည် အကျိတ်ဧရိယာကိုသာ လွှမ်းခြုံနိုင်စေရန် ကူညီပေးမည်ဖြစ်ပြီး ပတ်ဝန်းကျင်ရှိ ကိုယ်တွင်းအင်္ဂါများနှင့် ဖြစ်နိုင်ချေရှိသော ဓာတ်ရောင်ခြည်ထိတွေ့မှုကို လျှော့ချပေးမည်ဖြစ်သည်။
- ကင်ဆာကုသမှုတွင် ပိုမိုတိကျမှုကိုပေးသည်။
VMAT နည်းပညာမစတင်မီတွင် အကျိတ်များ၏တည်နေရာကိုသိရှိရန် သုံးဖက်မြင် 3D လမ်းကြောင်းပြခြင်းမှတစ်ဆင့် လုပ်ဆောင်ခဲ့ရပြီး ပုံရိပ်ဖော်ခြင်းကို အချိန်နှင့်တပြေးညီ ပံ့ပိုးပေးခြင်းမရှိပေ။
၄။ Brachytherapy သို့မဟုတ် Internal beam ကုထုံးဆိုသည်မှာ ဓာတ်ရောင်ခြည်ဖြင့် အပ်စိုက်ကုသခြင်းဖြစ်ပါသည်။ ခန္ဓာကိုယ်အတွင်း သို့မဟုတ် အကျိတ်နှင့် နီးကပ်စွာ ရေဒီယိုသတ္တိကြွပစ္စည်းများကို တိုက်ရိုက်ထည့်သွင်းခြင်း ဖြစ်ပါသည်။ ထိုပစ္စည်းသည် ကင်ဆာအမျိုးအစားပေါ်မူတည်၍ ယာယီ သို့မဟုတ် ထာဝရတည်ရှိနေမည်ဖြစ်ပါသည်။ Brachytherapy တစ်မျိုးတည်းဖြင့် ကုသခြင်းမဟုတ်ဘဲ teletherapy သို့မဟုတ် ခွဲစိတ်ခြင်းကဲ့သို့သော အခြားကုထုံးများနှင့်လည်း တွဲဖက်ကုသနိုင်ပါသည်။ Brachytherapy သည် သားအိမ်ခေါင်း၊ သားဥအိမ်၊ အဆုတ်၊ အစာမျိုပြွန်ကင်ဆာအပြင် ဦးခေါင်းနှင့် လည်ပင်းရှိ ကင်ဆာများအပါအဝင် ကင်ဆာအမျိုးအစားများစွာကို ကုသရန် အသုံးပြုနိုင်သည်။