ဝန်ဆောင်မှုများ
ဓာတ်ရောင်ခြည်ကုထုံးတွင် ကင်ဆာရောဂါ သို့မဟုတ် ကင်ဆာအကျိတ်များကို ကုသရန် ဓာတ်ရောင်ခြည်နှင့် ပုံရိပ်ဖော်နည်းပညာများကို အသုံးပြုထားပါသည်။ အဖြစ်များသော ကင်ဆာအများစုကို ဓာတ်ရောင်ခြည်ကုထုံးဖြင့် ကုသနိုင်ပါသည်။
ကင်ဆာရောဂါကို တိုက်ဖျက်ရန် ကုထုံးများပေါင်းစပ်ကုသခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်ပြီး ဘန်ကောက်ဆေးရုံကြီးတွင် သမားရိုးကျကုသမှုနှင့် တိုးတက်လာသောနည်းပညာသစ်များ ပေါင်းပြီး ထိရောက်သော ကုသမှုများကို ကျင့်သုံးပါသည်။
ဓာတ်ရောင်ခြည်ကုထုံးပညာရှင်များ၊ ခွဲစိတ်ဆရာဝန်များ၊ တိကျထိရောက်သော ပစ်မှတ်ထားကင်ဆာကုထုံးအပါအဝင် ကင်ဆာဆေးသွင်းကုထုံးပညာရှင်များ၊ ဓာတ်မှန်ဗေဒပညာရှင်၊ အာဟာရဗေဒပညာရှင်များနှင့် နာကျင်မှုနှင့် စိတ်ပိုင်းဆိုင်ရာအထူးကုများ ပူးပေါင်း၍ Tumor Conference တွင်ဆွေးနွေးကုသမှုများဖြင့် အကောင်းဆုံးကုသပေးလျက်ရှိပါသည်။
ဓာတ်ရောင်ခြည်ကင်ဆာစင်တာ တွင် ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းဝန်ဆောင်မှု
ဓာတ်ရောင်ခြည်ကုထုံးသည် ကင်ဆာအကျိတ် နှင့် ကင်ဆာမဟုတ်သော ရိုးရိုးအကျိတ်များကို ကုသရာတွင် ထိရောက်မှုရှိပါသည်။
ပတ်ဝန်းကျင်ရှိ ကိုယ်တွင်းအင်္ဂါများနှင့် တစ်ရှူးများကို ထိခိုက်မှုအနည်းဆုံးဖြစ်စေပြီး ကင်ဆာဆဲလ်များကို ဖျက်ဆီးရန် ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းဖြစ်သည်။
ရောဂါရှာဖွေခြင်း၊ ကုသမှုအစီအစဉ်ဆွဲခြင်း၊ ဓာတ်ရောင်ခြည်ပေးရမည့် တိကျသောနေရာချခြင်းနှင့် ကုသခြင်းစသည့် လုပ်ငန်းစဉ်များစွာကိုလည်း ထိရောက်မှုရှိစွာဖြင့် ကုသဝန်ဆောင်ပေးလျက်ရှိပါသည်။
ခန္ဓာကိုယ်ပြင်ပမှ ဓာတ်ရောင်ခြည်ပေးခြင်းသည် စွမ်းအင်မြင့်ဓာတ်ရောင်ခြည်များစွာကို လူနာ၏ အကျိတ်ဆီသို့ အပြင်ဘက်မှ linear accelerator စက်ဖြင့် ပေးပို့သည့်နည်းလမ်းတစ်ခုဖြစ်သည်။ ဤစွမ်းအင်မြင့်ဓာတ်ရောင်ခြည်များသည် ပတ်ဝန်းကျင်ရှိ ပုံမှန်တစ်ရှူးများကို ထိခိုက်မှုအနည်းဆုံးဖြစ်စေပြီး ကင်ဆာဆဲလ်များရှိသည့်နေရာတွင်သာစုပုံပြီး ကင်ဆာဆဲလ်များကို ဖျက်ဆီးပေးပါသည်။