ဘန်ကောက်ကင်ဆာဆေးရုံ၏ ကင်ဆာရောဂါဆိုင်ရာ ဓာတ်ရောင်ခြည်စင်တာတွင် ကျွမ်းကျင်ပြီး အတွေ့အကြုံရှိသော ကင်ဆာအထူးကုဆရာဝန်များ၊ သူနာပြုများနှင့် ဓာတ်ရောင်ခြည်ကုထုံးပညာရှင်များဖြင့် ကင်ဆာရောဂါကို ကုသပေးလျက်ရှိပါသည်။ လူနာနှင့် မိသားစုဝင်များ၏ လိုအပ်ချက်များ၊ မျှော်လင့်ချက်များနှင့်ကိုက်ညီသော ဝန်ဆောင်မှုဖြင့် ကင်ဆာကုသမှုကို အောင်မြင်စေပါသည်။ စင်တာတွင် ကင်ဆာရောဂါဆိုင်ရာ ဓာတ်ရောင်ခြည်ကုထုံးအတွက် ဆေးဘက်ဆိုင်ရာအဆင့်မြင့်စက်ကိရိယာများနှင့် ကျန်းမာရေးဝန်ထမ်းများဖြင့် ကုသပေးလျက်ရှိပြီး ထိုင်းနိုင်ငံတွင်ရှိသော အကောင်းဆုံး ဓာတ်ရောင်ခြည် ကုထုံးဝန်ဆောင်မှုများတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။
