ရောဂါအမည်
လူနာများသည် လည်ချောင်းတွင် သိုင်းရွိုက်အလုံးများဟု ခေါ်သော အဖုအကြိတ်များ ခံစားရပေလိမ့်မည်။ အဆိုပါအကျိတ်များတွေ့ရှိပါကရောဂါရှာဖွေစစ်ဆေးမှုများအတွက် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးရန် အကြံပြုထားပါသည်။ ဤအကျိတ်များသည် တဖြည်းဖြည်း ကြီးထွားလာပြီး သိုင်းရွိုက်ကင်ဆာဖြစ်ပေါ်ပြီး ပြန့်နှံ့သည်အထိ ထင်ရှားသော လက္ခဏာများ သိရှိခံစားရခြင်းမရှိပါ။ သိုင်းရွိုက်ကင်ဆာရောဂါရှာဖွေစစ်ဆေးရာတွင်သိုင်းရွိုက်ဟော်မုန်းဆေးများနှင့် တုံ့ပြန်မှုများကိုတိုင်းတာခြင်းတို့ပါဝင်ပါသည်။ သိုင်းရွိုက်ဆဲလ်များကို ခွဲခြမ်းစိတ်ဖြာခြင်း ဥပမာအားဖြင့် အသားစ စစ်ဆေးခြင်း၊ သိုင်းရွိုက်စကင်န်နှင့် အာထရာဆောင်းရိုက်ခြင်းတို့ဖြင့် ရောဂါရှာဖွေမှုကို အတည်ပြုရန် ကူညီပေးနိုင်ပါသည်။
ရောဂါရှာဖွေတွေ့ရှိပြီးနောက်၊ အထိရောက်ဆုံးသောကုသမှုဟု ယူဆနိုင်သည့် ခွဲစိတ်မှုတွင် တစ်စိတ်တစ်ပိုင်း သိုင်းရွိုက်ခွဲစိတ်ခြင်း သို့မဟုတ် သိုင်းရွိုက်တစ်ခုလုံး ခွဲစိတ်ခြင်း (ကင်ဆာပျံ့နှံ့သွားသည့်အခြေအနေများတွင်) တို့ပါဝင်ပါသည်။ ခွဲစိတ်မှုတွင် ထိခိုက်ပျံ့နှံ့ခံရသော ပြန်ရည်ကျိတ် များကို ဖယ်ရှားခြင်း ပါဝင်သည်။ papillary cell group သိုင်းရွိုက်ကင်ဆာသည် Multifoci လက္ခဏာများ ရှိပြီး နေရာတော်တော်များများတွင် ဖြစ်ပွါးနိုင်သည်ကိုတွေ့ရှိရသည်။ အကျိတ်၏အရွယ်အစားသည် သတိထားမိနိုင်လောက်အောင် မသိသာသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ကြီးထွားလာနိုင်သည်။ လုပ်ထုံးလုပ်နည်းအရ၊ ကင်ဆာဆဲလ်များရှိနေနိုင်သော ကျန်တစ်သျှူးများကို ခွဲစိတ်ပြီးနောက် ကုသမှုကို ဆက်လက်လုပ်ဆောင်ပါသည်။ ခွဲစိတ်ပြီးနောက် သိုင်းရွိုက်ကင်ဆာအတွက် ရေဒီယိုသတ္တိကြွ အိုင်အိုဒင်း ကုထုံးကို လက်ခံရရှိသော လူနာများအနေဖြင့် သေဆုံးမှုနှုန်း နှင့် ပြန်ဖြစ်နှုန်း နည်းပါးကြောင်း လေ့လာတွေ့ရှိရသည်။ လူနာတိုင်း ရေဒီယိုသတ္တိကြွအိုင်အိုဒင်းကုထုံးကို မလွဲမသွေလိုအပ်မည် မဟုတ်ကြောင်းကိုသတိပြုရန် အရေးကြီးပါသည်။
သို့သော် ယေဘုယျအားဖြင့် Well differentiated သိုင်းရွိုက်ကင်ဆာ ခံစားရသော လူနာများသည် ရေဒီယိုသတ္တိကြွ အိုင်အိုဒင်း ကုထုံးကို ခံယူရလိမ့်မည်။
ရေဒီယိုသတ္တိကြွအိုင်အိုဒင်းသည် ဆေးကုသရာတွင်အသုံးပြုရန် ရေဒီယိုသတ္တိကြွဒြပ်စင်များပါ၀င်သော သီးခြားအိုင်အိုဒင်းဖြစ်သည်။ ရေဒီယိုသတ္တိကြွအိုင်အိုဒင်း (RAI) ကို I-131 ဟုလည်းသိကြပြီး၊ အရည် သို့မဟုတ် ဆေးတောင့်ပုံစံဖြင့် ခန္ဓာကိုယ်ထဲသို့ ရောက်ရှိသောအခါ ၎င်းသည် သိုင်းရွိုက်ဆဲလ်များတွင် စုစည်းပြီးလုပ်ဆောင်သည်။ ဓာတ်ရောင်ခြည်သည် သိုင်းရွိုက်ဂလင်းနှင့် အိုင်အိုဒင်းကိုစုပ်ယူသော ကင်ဆာဆဲလ်များပါဝင်သည့်သိုင်းရွိုက်ဆဲလ်များကို ဖျက်စီးနိုင်ပြီး ခန္ဓါကိုယ်အပေါ် သက်ရောက်မှုအနည်းငယ်သာရှိသည်။ ဓာတ်ရောင်ခြည်ကြောင့် သင့်လျော်သော စောင့်ရှောက်မှုနှင့် ဘေးကင်းရေး ကြိုတင်ကာကွယ်မှုများ အသုံးပြုရန်လိုအပ်ပါသည်။ RAI ကို ဆေးရည်နှင့် ဆေးတောင့်ပုံစံဖြင့် ရရှိနိုင်ပြီး အကျိုးကျေးဇူးများမှာ ကွာခြားချက်များစွာမရှိသော်လည်း ဆေးတောင့်များကို လွယ်ကူစွာ အသုံးပြုနိုင်ပြီးအားနည်းချက်မှာကုန်ကျစရိတ်မြင့်မားခြင်းဖြစ်သည်။
RAI သည် ခန္ဓာကိုယ်ထဲသို့ ရောက်သွားသည်နှင့် သိုင်းရွိုက်ဂလင်းရှိ တစ်သျှူးများမှ စုပ်ယူသွားမည်ဖြစ်ပြီး၊ ပိုလျှံနေသော ဓာတ်ရောင်ခြည်ကို မစင်များ၊ ဆီး သို့မဟုတ် တံတွေးများ (အထူးသဖြင့် ဆီး) မှတဆင့် စွန့်ထုတ်မည်ဖြစ်သည်။