Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Doctor not found
Doctor not found
Doctor not found
Doctor not found
Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    သိုင်းရွိုက်ကင်ဆာ

    6 ဖတ်ပြီး မိနစ်(များ)
    သတင်းရင်းမြစ်
    Bangkok Cancer Hospital
    အပ်ဒိတ်လုပ်သောနေ့: 26 ဇန် 2026
    သိုင်းရွိုက်ကင်ဆာ
    Bangkok Cancer Hospital
    အပ်ဒိတ်လုပ်သောနေ့: 26 ဇန် 2026
    Table of contents
    • ရောဂါဖြစ်စေနိုင်သော အန္တရာယ်အချက်များ
    • ရောဂါအမည်
    • ကာကွယ်မှု
    • ကုသမှု
    • ဘေးထွက်ဆိုးကျိုးများ (RAI)
    • ရောဂါအမည်
    • စာရေးသူ

    ရောဂါဖြစ်စေနိုင်သော အန္တရာယ်အချက်များ

    1. သိုင်းရွိုက်တစ်သျှူးကင်ဆာ
    2. medullary cell carcinoma သိုင်းရွိုက်ဂလင်းနှင့်ဆက်စပ်သော တစ်ရှူးများကင်ဆာ

    အောက်ဖော်ပြပါအတိုင်း သိုင်းရွိုက်တစ်သျှူးကင်ဆာကို အုပ်စုသုံးစုခွဲနိုင်ပါသည်။

    1. Well differentiated thyroid cancer သိုင်းရွိုက်ကင်ဆာ
    2. Poorly differentiated thyroid cancer သိုင်းရွိုက်ကင်ဆာ
    3. Anaplastic cell carcinoma

    ဤအုပ်စု 3 ခုတွင် တိုးတက်မှုနှင့် ပြင်းထန်မှု အလွန်ကွာခြားပါသည်။ သိုင်းရွိုက်ကင်ဆာအားလုံး၏ 80-90% တွင်အဖြစ်များဆုံးအမျိုးအစား မှာ Well-differentiated thyroid cancer ဖြစ်ပါသည်။

    Well-differentiated သိုင်းရွိုက်ကင်ဆာကို papillary cell carcinoma နှင့် Follicular cell carcinoma ဟုခေါ်သော အသေးစားအုပ်စုနှစ်စုအဖြစ်ထပ်မံခွဲခြားနိုင်ပါသည်။ Papillary cell carcinoma သည် ပြန်ရည်ကြောစနစ်မှတဆင့်ပျံ့နှံ့သောကြောင့် ကင်ဆာဆဲလ်များသည် လည်ပင်းရှိ ပြန်ရည်ကျိတ်များဆီသို့ ပျံ့နှံ့နိုင်ပါသည်။ အခြားတစ်ဖက်တွင် Follicular cell carcinoma သည် သွေးမှတဆင့်ပျံ့နှံ့ပြီး အရိုး၊ အဆုတ်၊ အသည်းနှင့် ဦးနှောက်တို့တွင် မကြာခဏ တွေ့ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍Follicular cell carcinoma သည် Papillary cell carcinoma ထက်အန္တရာယ်ပိုများသည်ဟုယူဆပါသည်။

    ရောဂါအမည်

    လူနာများသည် လည်ချောင်းတွင် သိုင်းရွိုက်အလုံးများဟု ခေါ်သော အဖုအကြိတ်များ ခံစားရပေလိမ့်မည်။ အဆိုပါအကျိတ်များတွေ့ရှိပါကရောဂါရှာဖွေစစ်ဆေးမှုများအတွက် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးရန် အကြံပြုထားပါသည်။ ဤအကျိတ်များသည် တဖြည်းဖြည်း ကြီးထွားလာပြီး သိုင်းရွိုက်ကင်ဆာဖြစ်ပေါ်ပြီး ပြန့်နှံ့သည်အထိ ထင်ရှားသော လက္ခဏာများ သိရှိခံစားရခြင်းမရှိပါ။  သိုင်းရွိုက်ကင်ဆာရောဂါရှာဖွေစစ်ဆေးရာတွင်သိုင်းရွိုက်ဟော်မုန်းဆေးများနှင့် တုံ့ပြန်မှုများကိုတိုင်းတာခြင်းတို့ပါဝင်ပါသည်။ သိုင်းရွိုက်ဆဲလ်များကို ခွဲခြမ်းစိတ်ဖြာခြင်း ဥပမာအားဖြင့် အသားစ စစ်ဆေးခြင်း၊ သိုင်းရွိုက်စကင်န်နှင့် အာထရာဆောင်းရိုက်ခြင်းတို့ဖြင့် ရောဂါရှာဖွေမှုကို အတည်ပြုရန် ကူညီပေးနိုင်ပါသည်။

    ရောဂါရှာဖွေတွေ့ရှိပြီးနောက်၊ အထိရောက်ဆုံးသောကုသမှုဟု ယူဆနိုင်သည့် ခွဲစိတ်မှုတွင် တစ်စိတ်တစ်ပိုင်း သိုင်းရွိုက်ခွဲစိတ်ခြင်း သို့မဟုတ် သိုင်းရွိုက်တစ်ခုလုံး ခွဲစိတ်ခြင်း (ကင်ဆာပျံ့နှံ့သွားသည့်အခြေအနေများတွင်) တို့ပါဝင်ပါသည်။ ခွဲစိတ်မှုတွင် ထိခိုက်ပျံ့နှံ့ခံရသော ပြန်ရည်ကျိတ် များကို ဖယ်ရှားခြင်း ပါဝင်သည်။ papillary cell group သိုင်းရွိုက်ကင်ဆာသည် Multifoci လက္ခဏာများ ရှိပြီး နေရာတော်တော်များများတွင် ဖြစ်ပွါးနိုင်သည်ကိုတွေ့ရှိရသည်။ အကျိတ်၏အရွယ်အစားသည် သတိထားမိနိုင်လောက်အောင် မသိသာသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ကြီးထွားလာနိုင်သည်။ လုပ်ထုံးလုပ်နည်းအရ၊ ကင်ဆာဆဲလ်များရှိနေနိုင်သော ကျန်တစ်သျှူးများကို ခွဲစိတ်ပြီးနောက် ကုသမှုကို ဆက်လက်လုပ်ဆောင်ပါသည်။ ခွဲစိတ်ပြီးနောက် သိုင်းရွိုက်ကင်ဆာအတွက် ရေဒီယိုသတ္တိကြွ အိုင်အိုဒင်း ကုထုံးကို လက်ခံရရှိသော လူနာများအနေဖြင့် သေဆုံးမှုနှုန်း နှင့် ပြန်ဖြစ်နှုန်း နည်းပါးကြောင်း လေ့လာတွေ့ရှိရသည်။ လူနာတိုင်း ရေဒီယိုသတ္တိကြွအိုင်အိုဒင်းကုထုံးကို မလွဲမသွေလိုအပ်မည် မဟုတ်ကြောင်းကိုသတိပြုရန် အရေးကြီးပါသည်။

    သို့သော် ယေဘုယျအားဖြင့် Well differentiated သိုင်းရွိုက်ကင်ဆာ ခံစားရသော လူနာများသည် ရေဒီယိုသတ္တိကြွ အိုင်အိုဒင်း ကုထုံးကို ခံယူရလိမ့်မည်။

    ရေဒီယိုသတ္တိကြွအိုင်အိုဒင်းသည် ဆေးကုသရာတွင်အသုံးပြုရန် ရေဒီယိုသတ္တိကြွဒြပ်စင်များပါ၀င်သော သီးခြားအိုင်အိုဒင်းဖြစ်သည်။ ရေဒီယိုသတ္တိကြွအိုင်အိုဒင်း (RAI) ကို I-131 ဟုလည်းသိကြပြီး၊ အရည် သို့မဟုတ် ဆေးတောင့်ပုံစံဖြင့် ခန္ဓာကိုယ်ထဲသို့ ရောက်ရှိသောအခါ ၎င်းသည် သိုင်းရွိုက်ဆဲလ်များတွင် စုစည်းပြီးလုပ်ဆောင်သည်။ ဓာတ်ရောင်ခြည်သည် သိုင်းရွိုက်ဂလင်းနှင့် အိုင်အိုဒင်းကိုစုပ်ယူသော ကင်ဆာဆဲလ်များပါဝင်သည့်သိုင်းရွိုက်ဆဲလ်များကို ဖျက်စီးနိုင်ပြီး ခန္ဓါကိုယ်အပေါ် သက်ရောက်မှုအနည်းငယ်သာရှိသည်။ ဓာတ်ရောင်ခြည်ကြောင့် သင့်လျော်သော စောင့်ရှောက်မှုနှင့် ဘေးကင်းရေး ကြိုတင်ကာကွယ်မှုများ အသုံးပြုရန်လိုအပ်ပါသည်။ RAI ကို ဆေးရည်နှင့် ဆေးတောင့်ပုံစံဖြင့် ရရှိနိုင်ပြီး အကျိုးကျေးဇူးများမှာ ကွာခြားချက်များစွာမရှိသော်လည်း ဆေးတောင့်များကို လွယ်ကူစွာ အသုံးပြုနိုင်ပြီးအားနည်းချက်မှာကုန်ကျစရိတ်မြင့်မားခြင်းဖြစ်သည်။

    RAI သည် ခန္ဓာကိုယ်ထဲသို့ ရောက်သွားသည်နှင့် သိုင်းရွိုက်ဂလင်းရှိ တစ်သျှူးများမှ စုပ်ယူသွားမည်ဖြစ်ပြီး၊ ပိုလျှံနေသော ဓာတ်ရောင်ခြည်ကို မစင်များ၊ ဆီး သို့မဟုတ် တံတွေးများ (အထူးသဖြင့် ဆီး) မှတဆင့် စွန့်ထုတ်မည်ဖြစ်သည်။

    ကာကွယ်မှု

    RAI ကို စုပ်ယူလိုက်သည်နှင့် ၎င်းသည် beta နှင့် gammaရောင်ခြည်များကို ပေးစွမ်းမည်ဖြစ်သည်။ betaရောင်ခြည်များသည် အနည်းငယ် ရွေ့လျားနိုင်ပြီး ၎င်းဖြတ်သန်းသွားသော သိုင်းရွိုက်တစ်သျှူးများသို့ ရောင်ခြည်များ ပေးစွမ်းနိုင်ပေလိမ့်မည်။ ၎င်းသည် ခွဲစိတ်ကုသမှုခံယူပြီးနောက်တွင် ရှိနေနိုင်သည့် ကင်ဆာဆဲလ်များကို ဖယ်ရှားပေးနိုင်သည့် ဓာတ်တိုးမှုကို ဖြစ်ပေါ်စေသည်။

    ကုသမှု

    ခွဲစိတ်ကုသမှုခံယူပြီးနောက် သင့်ဆရာဝန်သည် RAI ဖြင့် ဆက်လက်ကုသမှုခံယူရန် လိုအပ်မှုရှိမရှိ ဆုံးဖြတ်ပေးမည်ဖြစ်သည်။ RAI ကိုရွေးချယ်ပါက၊ သင်၏ဆရာဝန်သည် ပေးသင့်သည် RAI ပမာဏ အနည်းအများကိုဆုံးဖြတ်ပေးလိမ့်မည်။ RAI ပမာဏနည်းသော လူနာများသည် ဆေးရုံတွင် ညအိပ်ရန် မလိုအပ်ပါ။ သို့သော် မြင့်မားသောRAI ပမာဏလိုအပ်သောလူနာများသည်ဆေးရုံတွင် ၂–၄ ညအိပ်ရပေမည်။ ဆေးရုံတွင် အိပ်ရသည့်အကြောင်းရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်– 

    • လူနာသည် ခန္ဓာကိုယ်အနှံ့ပျံ့နှံ့သွားနိုင်သည့် အိုင်အိုဒင်းဓါတ်ရောင်ခြည်မြင့်မားစွာ ထိတွေ့မှုခံရသည်။ ထို့ကြောင့် အခြားသူများနှင့် ထိတွေ့ခြင်းမှ ကာကွယ်ရန် ယာယီ quarantine ပြုလုပ်ရန် လိုအပ်ပါသည်။
    • ဓာတ်ရောင်ခြည် ဖျားနာမှုခံစားရသည့်လူနာများအား ဆေးရုံတွင် လိုအပ်သလိုကုသမှုခံယူနိုင်ပါသည်။

    လူနာများသည် ၎င်းတို့၏ ခန္ဓာကိုယ်တွင် ဓာတ်ရောင်ခြည် သဲလွန်စများ ကျန်ရှိနေသေးသည် (ပမာဏနည်းသော) ကြောင့် ဆေးရုံမှဆင်းလာချိန်တွင် အကြံဉာဏ်နှင့် အကြံပြုချက်များကို လက်ခံရရှိပေလိမ့်မည်။
    ဓါတ်ရောင်ခြည် ထိတွေ့မှု နည်းစေပြီး အခြားသူများကို အန္တရာယ်မရှိဟု ယူဆပါမှလူနာများအား ဆေးရုံဆင်းခွင့်ပြုပါမည်။

    ဘေးထွက်ဆိုးကျိုးများ (RAI)

    30 mCi ပမာဏထက်နည်းသော RAI တွင် ဘေးထွက်ဆိုးကျိုးအနည်းငယ်သာရှိပါသည်။ အများအားဖြင့် လူနာသည် အစာစားချင်စိတ်မရှိခြင်း သို့မဟုတ် တံတွေးဂလင်း (သို့) သိုင်းရွိုက်ဂလင်းပိုးဝင်ခြင်း ရှိမှသာလျှင် ဆေးရုံတက်ရနိုင်ပါသည်။ အခြားသောလက္ခဏာရပ်များမှာ အဖျားငွေ့ငွေ့ရှိခြင်း၊ အသံအိုးရောင်ခြင်း၊ ပျို့အန်ခြင်း တို့ဖြစ်နိုင်ပါသည်။ သို့သော်အဆိုပါလက္ခဏာရပ်များမှာ ၁–၂ ရက်အတွင်း သက်သာသွားပါမည်။ ဓာတ်ရောင်ခြည် ထိတွေ့မှုကြောင့် ရေရှည်တွင်ကင်ဆာရောဂါဖြစ်စေနိုင်သည်ကို စိတ်ပူနိုင်သော်လည်း RAI (1,000 mCi အောက် ရှိသော) ပမာဏသည် နောက်ထပ်ကင်ဆာရောဂါဖြစ်နိုင်ခြေကို မမြင့်မားကြောင်းကိုသုတေသနပြုချက်များအရ သိရှိရပါသည်။

    ရောဂါအမည်

    • Total body scan (I-131)
    • Thyroglobulin စစ်ဆေးမှုရလဒ်များ
    • အာထရာဆောင်း
    • PET/CT Scan 
    1. ခန္ဓာကိုယ်တစ်ခုလုံးအားစကင်န်ဖတ်ခြင်း (I-131) သည် သိုင်းရွိုက်ကင်ဆာပြန်ဖြစ်ခြင်း သို့မဟုတ် ကင်ဆာဆဲလ်များပျံ့နှံ့မှုများကို စစ်ဆေးသည့်စမ်းသပ်မှုဖြစ်ပါသည်။ ခန္ဓာကိုယ်တစ်ခုလုံးအား စကင်န်ဖတ်ခြင်းအတွက် ရေဒီယိုသတ္တိကြွအိုင်အိုဒင်း (RAI) ပမာဏအလွန်နည်းပါးစွာပါရှိသော ဆေးတောင့် သို့မဟုတ် ဆေးရည်ကို မျိုချခိုင်းမည်ဖြစ်ပါသည်။ ၎င်းသည် သင့်ခန္ဓာကိုယ်ရှိ သိုင်းရွိုက်ဆဲလ်များမှ စုပ်ယူမည် ဖြစ်ပါသည်။ ထို့နောက် ၄၈ နာရီအတွင်း စကင်န်ဖတ်ရန်အတွက် ပြင်ဆင်ရပါမည်။ ၎င်းတွင် သင့်ခန္ဓာကိုယ် အတွင်း ကျန်ရှိသောရေဒီယိုသတ္တိကြွအိုင်အိုဒင်းမှ ထုတ်လွှတ်သည့် ဓာတ်ရောင်ခြည်များကိုစစ်ဆေးရန် ကင်မရာတစ်ခုအောက်တွင်ပါဝင်ပါသည်။ သိုင်းရွိုက် သို့မဟုတ် သိုင်းရွိုက်ကင်ဆာဆဲလ်များ ရှိနေပါက ဓာတ်မှန်ရိုက်ခြင်းတွင် အစက်အပြောက်များအဖြစ် ပေါ်လာနိုင်ပါသည်။ သို့သော် ခန္ဓာကိုယ်ထဲတွင် အလွန်သေးငယ်သောသိုင်းရွိုက်ကင်ဆာဆဲလ်များရှိနေပါက ၎င်းတို့ကို စကင်န်တွင်အမြဲမြင်နိုင်မည် မဟုတ်ပါ။ ဤစစ်ဆေးမှုအတွက် လူနာများသည် သိုင်းရွိုက်ဟော်မုန်းကုထုံးကို ၄–၆ပတ်ကြိုတင်၍ ကုသမှုခံယူရန် မလိုအပ်ပါ။ စမ်းသပ်မှုမပြုမီ ၂ ပတ်အလိုတွင် လူနာများသည် ပင်လယ်စာနှင့် အိုင်အိုဒင်းဓာတ်ပါဝင်သော ဖြည့်စွက်စာများစားသုံးမှုကို ရှောင်ကြဉ်သင့်ပါသည်။
    2. Thyroglobulin(Tg) Thyroglobulin တိုင်းတာခြင်းနှင့် ပုံရိပ်ဖော်ခြင်းသည် သိုင်းရွိုက်ကင်ဆာနောက်ဆက်တွဲစစ်ဆေးရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါသည်။ သိုင်းရွိုက် follicle တွင် သိုလှောင်ထားသော glycoprotein တစ်မျိုးဖြစ်သော Thyroglobulinကို ပုံမှန်သိုင်းရွိုက်တစ်သျှူးနှင့် သိုင်းရွိုက်ကင်ဆာတစ်သျှူးနှစ်ခုလုံးမှ ပမာဏအနည်းငယ်ဖြင့် သွေးလည်ပတ်မှုသို့ ထုတ်ပေးသည်။

       

      သိုင်းရွိုက်ခွဲစိတ်ခြင်းနှင့် ablative I-131 ကုသမှုပြီးနောက်၊ thyroglobulin လည်ပတ်မှုအား တဖြည်းဖြည်း မတွေ့နိုင်တော့ဘဲ နောက်ဆက်တွဲ မြင့်တက်လာခြင်းသည် ပြန်ဖြစ်ခြင်းကို အချက်ပြနေသည်။ သွေးတွင်း thyroglobulin အဆင့်သည် TSH မြင့်နေချိန်တွင် အတုန့်ပြန်ဆုံးဖြစ်ပြီး သိုင်းရွိုက်ဟော်မုန်း ဖြည့်စွက်စာများကို ထိန်းချုပ်သည့်/အစားထိုးမှုခံယူနေသော လူနာများတွင် TSH နည်းပါးပါက မှားယွင်းစွာ အနုတ်လက္ခဏာ ဖြစ်သွားနိုင်သည်။ သိုင်းရွိုက်ခွဲစိတ်ခြင်း နှင့် ကနဦး I- 131 ablation ပြီးနောက်အစောပိုင်းကာလများတွင် သွေးတွင်း thyroglobulin ပမာဏသည် ရောဂါမရှိသော်လည်း ဆက်တိုက်အပေါင်းလက္ခဏာဖြစ်နိုင်သည်။ အချိန်ကြာလာသည်နှင့်အမျှ နောက်ထပ်ကုသမှုမခံယူရလျှင်၎င်းကို ရှာဖွေသိရှိနိုင်မည်မဟုတ်ပေ။ ထို့ကြောင့်၊ I-131 ablation ပြီးနောက် thyroglobulin ပမာဏ တည်ငြိမ်ခြင်း သို့မဟုတ် လျော့ကျခြင်းထက် တိုးလာခြင်းသည် ရောဂါဆက်လက်ရှိနေခြင်း၏ ကြိုတင်ခန့်မှန်းချက်ဖြစ်သည်။
    3. လည်ပင်းအာထရာဆောင်းရိုက်ခြင်းသည် အဓိကအားဖြင့် ရောဂါ၏နောက်ဆက်တွဲကိစ္စရပ်များတွင် အသုံးပြုနိုင်သည့် အခြားသောပုံရိပ်ဖော်ခြင်းတစ်မျိုး ဖြစ်ပါသည်။ ၎င်းသည် ပြန်ရည်ကျိတ်များတွင် ရောဂါပြန်ဖြစ်ခြင်းများမရှိစေရန် လူနာများကိုစောင့်ကြည့်သည့် အန္တရာယ်နည်းပါးသောစစ်ဆေးမှုနည်းလမ်းတစ်ခုဖြစ်ပါသည်။
    4. PET/CT Scan သည် အထူးသဖြင့် RAI ရရှိထားသော လူနာများတွင် ပိုမိုရှုပ်ထွေးသောရောဂါများကို ရှာဖွေဖော်ထုတ်ရန်အတွက် ထိရောက်မှုရှိပါသည်။ ဥပမာအားဖြင့် ခန္ဓာကိုယ်တစ်ခုလုံးအား Scan ဖတ်ခြင်း၏ရလဒ်များလျော့နည်းနေပါက (သို့) မြင့်မားနေပါက PET/CT scan သည် ဖြစ်နိုင်ခြေရှိသော ကင်ဆာဆဲလ်ပြန့်ပွားမှု သို့မဟုတ် ကျန်ရှိနိုင်ခြေများအား ပိုမိုရှင်းလင်းစွာသိရှိစေရန် ကူညီပေးနိုင်ပါသည်။

    စာရေးသူ

    Dr. Samart Rajchadara
    အဏုမြူဓာတ်ရောင်ခြည်ကုသမှုဆိုင်ရာ ကင်ဆာအထူးကုသမားတော်

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    Cancer Type

    အားလုံးကြည့်မည်

    Cancer Type

    သွေးကင်ဆာ Image
    သွေးကင်ဆာ
    ပန်ကရိယ(သရက်ရွက် သို့မဟုတ် မုန့်ချိုအိတ်) ကင်ဆာ Image
    ပန်ကရိယ(သရက်ရွက် သို့မဟုတ် မုန့်ချိုအိတ်) ကင်ဆာ
    ပြန်ရည်ကြောအကျိတ်ကင်ဆာ Image
    ပြန်ရည်ကြောအကျိတ်ကင်ဆာ
    အားလုံးကြည့်မည်