Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language & Currency

Doctor not found
Doctor not found
Doctor not found
Doctor not found
Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်ရေးကိုယ်တာမူဝါဒ

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo
    CHAT

    ဆီးကျိတ်ကင်ဆာ

    3 ဖတ်ပြီး မိနစ်(များ)
    သတင်းရင်းမြစ်
    Bangkok Cancer Hospital
    အပ်ဒိတ်လုပ်သောနေ့: 26 Jan 2026
    ဆီးကျိတ်ကင်ဆာ
    Bangkok Cancer Hospital
    အပ်ဒိတ်လုပ်သောနေ့: 26 ဇန် 2026
    Table of contents
    • ခြုံငုံသုံးသပ်ချက်
    • ရောဂါအမည် တပ်ခြင်း
    • ကုသမှု
    • စာရေးသူ

    ခြုံငုံသုံးသပ်ချက်

    ဆီးကျိတ်ကင်ဆာအကြောင်း အထွေထွေအချက်အလက်များ 

    ဆီးကျိတ်ဂလင်းသည် အမျိုးသားများတွင် မျိုးပွားမှုနှင့် ဆီးလမ်းကြောင်းစနစ်အတွက် အရေးကြီးသော အင်္ဂါတစ်ခုဖြစ်သည်။ ဆီးကျိတ်ဂလင်းသည် သုက်ပိုးရည်တွင် သုက်ရည်များထုတ်လုပ်ရန် တာဝန်ရှိသည်။ အဆိုပါဂလင်းသည် ဆီးအိမ်၏အခြေတွင်တည်ရှိသည်။
    အောက်ဖော်ပြပါပုံအတိုင်း

    ဆီးကျိတ်ဂလင်းသည် ဆီးလမ်းကြောင်းနှင့် အလယ်ဗဟိုတွင် အပိုင်းနှစ်ခု ခွဲခြားထားသည်။ (ပုံ 1 ဆီးကျိတ်ဂလင်း၏ ဖွဲ့စည်းတည်ဆောက်ပုံ)

    ဆီးကျိတ်ကင်ဆာသည် အမျိုးသားများတွင် အဖြစ်အများဆုံး ကင်ဆာဖြစ်သည်။ 2014 တွင် ဆီးကျိတ်ကင်ဆာဖြစ်ပွားမှု လူနာအသစ် 233,000 ပိုများလာမည်ဟု အမေရိကန်ပြည်ထောင်စု၏ စာရင်းအင်းများအရ သိရသည်။ ၎င်းသည် ကင်ဆာအားလုံး၏ 24% ဖြစ်သည်။ အဆုတ်ကင်ဆာပြီးလျှင် သေဆုံးမှုအကြောင်းရင်း အဓိကတစ်ခုလည်း ဖြစ်ပါသည်။ 2014 ခုနှစ်တွင် ဆီးကျိတ်ကင်ဆာကြောင့် သေဆုံးသူ 29,480 ဦးရှိခဲ့ကြောင်း နောက်ဆုံးစာရင်းများအရ သိရသည်။ ဆီးကျိတ်ကင်ဆာသည် ပြန့်ပွားမှု နှေးကွေးသော ကင်ဆာဖြစ်သောကြောင့် စောစီးစွာ သိရှိနိုင်ခြင်းသည် ကုသမှု အောင်မြင်စေရန် များစွာ အထောက်အကူ ဖြစ်စေပါသည်။

    ရောဂါအမည် တပ်ခြင်း

    ဆီးကျိတ်ကင်ဆာသည် ပျမ်းမျှ အသက် ၇၀ အမျိုးသားများတွင် အဖြစ်အများဆုံးဖြစ်သည်။ လူနာများသည် ဆီးသွားရန်ခက်ခဲခြင်း၊ ဆီးမသွားနိုင်ခြင်းနှင့် ဆီး သို့မဟုတ် သုတ်ရည်တွင်သွေးပါခြင်းစသည့် လက္ခဏာများဖြင့် ဆရာဝန်ထံ လာရောက်လေ့ရှိပါသည်။ လက်ရှိတွင် ထိရောက်သောရောဂါရှာဖွေသည့်နည်းလမ်းမှာ ဆီးကျိတ်ကင်ဆာဖြစ်နိုင်သော အဖုအထစ်များ သို့မဟုတ် ဆီးကျိတ်ပေါ်ရှိ မာကြောသောနေရာများကို စမ်းသပ်သိရှိရစေရန် ချောဆီနဲ့ စအိုထဲသို့ လက်ချောင်းထည့်သွင်းစမ်းခြင်း (DRE) ဖြစ်သည်။
    အခြားထိရောက်သောနည်းလမ်းမှာ ရောဂါလက္ခဏာမပြသေးသော အမျိုးသားများတွင် ဆီးကျိတ်ကင်ဆာကို စောစီးစွာရှာဖွေရန် အဓိကအားဖြင့်အသုံးပြုသော ဆီးကျိတ်-အန်တီဂျင် (prostate-specific antigen PSA) သွေးစစ်ခြင်းဖြစ်သည်။ သို့သော် ၎င်းသည်ဆီးကျိတ်ကင်ဆာဖြစ်နိုင်သော လက္ခဏာများရှိသည့် အမျိုးသားများအား စစ်ဆေးသည့်ပထမဆုံးစစ်ဆေးစမ်းသပ်မှုတစ်ခု ဖြစ်ပါသည်။ မိသားစုတွင်း ဆီးကျိတ်ကင်ဆာ ရာဇဝင်ရှိသည့် အသက် ၄၅ နှစ်မှ ၅၀ နှစ်ကြား အမျိုးသားများအတွက် စစ်ဆေးရန်အကြံပြုထားသည်။

    ပုံ 2 လက်ချောင်းဖြင့် စအိုတွင်းစစ်ဆေးခြင်း။

    ဆီးကျိတ်အသားစယူစစ်ဆေးခြင်းသည် ဆီးကျိတ်ကင်ဆာအတွက် ထိရောက်သောရောဂါရှာဖွေခြင်းနှင့် ကုသရေးနည်းလမ်းတစ်ခုလည်းဖြစ်သည်။ ဆီးကျိတ်ကင်ဆာဆဲလ်များ၏ 95% သည် Adenocarcinoma အမျိုးအစားဖြစ်သည် ။ ရောဂါရှာဖွေခြင်း၊ မိသားစုရာဇဝင်ကိုခွဲခြမ်းစိတ်ဖြာခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းပြီးသည့်နောက်တွင် ကင်ဆာပြန့်ပွားခြင်းရှိမရှိဆုံးဖြတ်ရန် အခြားစစ်ဆေးမှုများပြုလုပ်ရန်လည်းအရေးကြီးပါသည်။ လူနာ၌ဖြစ်ပေါ်သော လက္ခဏာများအလိုက် သံလိုက်ဓာတ်မှန် (MRI) ၊ အရိုးစကင် ၊ ဓာတ်မှန် (X-ray) သို့မဟုတ် ဆီးကျိတ်-အန်တီဂျင် (PSA) မှတဆင့်လုပ်ဆောင်နိုင်သည်။

    ဆီးကျိတ်ကင်ဆာအား သံလိုက်ဓာတ်မှန်တွင်မြင်ရပုံ 3 MRI

    ကုသမှု

    ဆီးကျိတ်ကင်ဆာအတွက် ကုသမှုတွင် ခွဲစိတ်မှု၊ ဓာတ်ရောင်ခြည် ကုထုံး၊ ဟော်မုန်းကုထုံးနှင့် ဆေးသွင်းကုထုံးများ ပါဝင်သည်။ ကုသမှုအတွက်ရွေးချယ်မှုသည် ကင်ဆာအဆင့်နှင့် အခြားဖြစ်ပေါ်နိုင်သောအန္တရာယ်အချက်များအပေါ် မူတည်ပါသည်။ ကင်ဆာအဆင့်နိမ့်သော လူနာများသည် ပြင်ပဓာတ်ရောင်ခြည်ပေးခြင်း သို့မဟုတ် Brachytherapy ပါဝင်သော ဆီးကျိတ်ဖြတ်ထုတ် ခွဲစိတ်ကုသခြင်းကဲ့သို့သော ဆီးကျိတ်ဂလင်းနဲ့သက်ဆိုင်သောကုသမှုကိုသာ လိုအပ်မည်ဖြစ်သည်။ ကင်ဆာအဆင့်မြင့်သော တခြားဖြစ်ပေါ်နိုင်သော အန္တရာယ်အချက်များရှိသည့်လူနာများသည် ဆီးကျိတ်နဲ့သက်ဆိုင်သောကုသခြင်း (သို့) တခြားသောကုသမှု လိုအပ်နိုင်သည်။ ဥပမာ ကုသမှုတွင် တင်ပါးဆုံတွင်း ပြန်ရည်ကျိတ်အား ခွဲထုတ်ခြင်း သို့မဟုတ် တင်ပါးဆုံတွင်း ပြန်ရည်ကျိတ်အား ဓာတ်ရောင်ခြည်ပေးခြင်း ပါဝင်ပါမည်။ တခြားသောကုသမှုများတွင် အမျိုးသားဟော်မုန်း (အန်ဒရိုဂျင်) ဖယ်ထုတ်သော ကုထုံးနှင့် ကင်ဆာဆေးသွင်းသောကုထုံးများ ပါဝင်သည်။

    ပုံ (၄) ဆီးကျိတ် ကင်ဆာတွင် Linear accelerator for VMAT and IMRT


    Image 5 VMAT in Prostate cancer

    အခြားအင်္ဂါများဆီ ကင်ဆာဆဲလ်များ ကြီးထွားပြီး ပျံ့နှံ့သွားသောအခြေအနေ နှင့် လူနာ၏ ရုပ်ပိုင်းဆိုင်ရာ အားနည်းနေသော အခြေအနေမျိုးတွင် ကုသမှုသည် မလိုလားအပ်သော ဘေးထွက်ဆိုးကျိုးများဖြစ်စေနိုင်သည့် အန္တရာယ်ပိုများပါသည်။

    ဆရာဝန်ဖက်မှ ကမ်းလှမ်းထားသောကုသမှုသည် လူနာအတွက် ကောင်းမွန်သောဘဝအရည်အသွေးကို ပေးဆောင်ရန် အဓိကထားမည်ဖြစ်ပြီး၊ ကုသမှုဆုံးဖြတ်ချက်သည် ကင်ဆာအဆင့်၊ ရောဂါလက္ခဏာများနှင့် လူနာနှင့် လူနာ၏ဆွေမျိုးများ၏ ပြုစုကုသမှုပေါ်တွင် အခြေခံမည်ဖြစ်သည်။ ဆီးကျိတ်ကင်ဆာ ကုသခြင်းဆိုင်ရာ ဝန်ဆောင်မှုများကို ကင်ဆာရောဂါကု ဆရာဝန်များ၊ သူနာပြုများနှင့် အခြားသော ဘက်စုံဆေးဘက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့မှ ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် လူနာနှင့် လူနာ၏ဆွေမျိုးများ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးလိုအပ်ချက်များကို ထည့်သွင်းစဉ်းစားပေးသည့် ဘက်ပေါင်းစုံမှ စောင့်ရှောက်မှုကို ပေးဆောင်ပါသည်။

    Wattanosoth ဆေးရုံသည် ကင်ဆာလူနာများအား စစ်ဆေးခြင်းနှင့် စောစီးစွာ ရောဂါသိရှိစေခြင်း၊ အဆင့်မြင့်နည်းပညာဖြင့် ကုသခြင်း၊ လိုအပ်သော အမျိုးမျိုးသောဆေးဘက်ဆိုင်ရာအဖွဲ့နှင့် ပြုစုကုသသောအဖွဲ့တို့မှ ပြည့်စုံသောစောင့်ရှောက်မှုပေးနိုင်ရန် ရည်ရွယ်ထားပါသည်။

    စာရေးသူ

    ဒေါက်တာ Dr. Chanawat Tesavibul
    ဓာတ်ရောင်ခြည် ကင်ဆာအထူးကု

    Save time finding a doctor

    Let AI check your symptoms and find a proper doctor for you

    AI ဆရာဝန်ရှာဖွေရေး

    အထူးကုဆရာဝန်နှင့် တိုင်ပင်ပါ

    ဆရာဝန်အားလုံးကို ကြည့်မည်

    Cancer Type

    အားလုံးကြည့်မည်

    Cancer Type

    အစာအိမ်ကင်ဆာ Image
    အစာအိမ်ကင်ဆာ
    ပြန်ရည်ကြောအကျိတ်ကင်ဆာ Image
    ပြန်ရည်ကြောအကျိတ်ကင်ဆာ
    သားဥအိမ်ကင်ဆာသည် Image
    သားဥအိမ်ကင်ဆာသည်
    အားလုံးကြည့်မည်