Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language & Currency

Doctor not found
Doctor not found
Doctor not found
Doctor not found
Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်ရေးကိုယ်တာမူဝါဒ

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo
    CHAT

    အမျိုးသမီး မျိုးဆက်ပွားအင်္ဂါစနစ်

    6 ဖတ်ပြီး မိနစ်(များ)
    သတင်းရင်းမြစ်
    Bangkok Cancer Hospital
    အပ်ဒိတ်လုပ်သောနေ့: 26 ม.ค. 2026
    အမျိုးသမီး မျိုးဆက်ပွားအင်္ဂါစနစ်
    Bangkok Cancer Hospital
    အပ်ဒိတ်လုပ်သောနေ့: 26 ဇန် 2026
    Table of contents
    • အချက်များ
    • ရောဂါဖြစ်စေနိုင်သော အန္တရာယ်အချက်များ
    • သားအိမ်ခေါင်းကင်ဆာ
    • စာရေးသူ

    အချက်များ

    1. မိန်းမအင်္ဂါဝ
    2. မွေးလမ်းကြောင်း
    3. သားအိမ်ခေါင်း
    4. သားအိမ်
    5. သားဥပို့ပြွန်
    6. သားဥအိမ်

    ကင်ဆာဆိုသည်မှာ ခန္ဓာကိုယ်အတွင်းရှိ ပုံမှန်မဟုတ်သော ဆဲလ်များဖြစ်ပြီး အခြားအင်္ဂါများသို့လည်း ပျံ့ပွားနိုင်ခြေရှိပါသည်။

    တိုးပွားလာတဲ့ လူဦးရေနဲ့ လူ့သက်တမ်းကြာရှည်နေထိုင်လာနိုင်သောကြောင့် ကင်ဆာရောဂါဖြစ်ပွားမှုမှာ နှစ်စဉ် မြင့်တက်လာလျက်ရှိသည်။

    အောက်ပါတို့မှာ ထိုင်းအမျိုးသမီးများတွင် အတွေ့ရဆုံး ကင်ဆာအမျိုးအစားများဖြစ်ပါသည်၊

    1. ရင်သားကင်ဆာ
    2. သားအိမ်ခေါင်းကင်ဆာ
    3. အသည်းကင်ဆာ
    4. အဆုတ်ကင်ဆာ
    5. အူမကြီးကင်ဆာ
    6. သားဥအိမ်ကင်ဆာ

    ရောဂါဖြစ်စေနိုင်သော အန္တရာယ်အချက်များ

    အမျိုးသမီးမျိုးပွားအင်္ဂါစနစ်တွင် သားအိမ်ခေါင်းကင်ဆာသည် အဖြစ်အများဆုံးသောကင်ဆာဟု တွေ့ရှိရပါသည်။ သားအိမ်ခေါင်းကင်ဆာဆန်းစစ်ရှာဖွေခြင်းနှင့် ကြိုတင်ကာကွယ်ခြင်းတို့မှာ ရိုးရှင်းလွန်းလှသော်လည်း၊ သားအိမ်ခေါင်းကင်ဆာသည် ထိုင်းအမျိုးသမီးများကြား ကင်ဆာကြောင့်ဆုံးပါးသွားရခြင်း အဓိကအကြောင်းရင်းများထဲမှ တစ်ခုဖြစ်ပါသည် (တစ်ရက်လျှင် ၁၀ယောက်နှုန်းဖြင့်)။ သားအိမ်ခေါင်းကင်ဆာဖြစ်ရခြင်းအကြောင်းများကို ၁၈၄၂ခုနှစ်တွင် သုတေသနပြခဲ့ကြသည့် အီတလီလူမျိုးဆရာဝန်များဖြစ်ကြသော Dr. Rigomi နှင့် Dr. Sternတို့၏ အဆိုပြုချက်အရ၊ သီလရှင်များနှင့် အပျိုမိန်းကလေးများတွင် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားခြင်းမရှိသည်ကို ကြည့်ခြင်းအားဖြင့် ၎င်းကင်ဆာသည် လိင်ကြောင့်ဖြစ်ပွားစေသော ကင်ဆာဖြစ်ကြောင်းမီးမောင်းထိုးပြနေပါသည်။ ယနေ့ခေတ်မှာတော့ သားအိမ်ခေါင်းကင်ဆာသည် (Human Papilloma Virus, HPV) ဟုခေါ်သော သားအိမ်ခေါင်းကင်ဆာဖြစ်စေသောဗိုင်းရပ်စ်တစ်မျိုးကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း အတည်ပြုပြီးဖြစ်ပါသည်။ 

    လိင်ပိုင်းဆိုင်ရာထိတွေ့ဆက်နွယ်ကြတဲ့ အမျိုးသား၊ အမျိုးသမီးတွေဟာ ဤကူးစက်ရောဂါကို ဖြစ်ဖူးကြပါလိမ့်မည်။ အမေရိကန်နိုင်ငံရှိ အသက် ၁၈နှစ် မှ ၂၂နှစ် အတွင်း အမျိုးသမီးများ၏ ၇၅ရာခိုင်နှုန်းတွင် ယင်းဗိုင်းရပ်စ် ကူးစက်ဖူးခဲ့မည်ဟု ကိန်းဂဏန်းဗေဒအရဖော်ပြထားပါသည်။

    HPVဗိုင်းရပ်စ်သည် အောက်ပါအကြောင်းများကြောင့် ကူးစက်နိုင်ပါသည်၊

    1. ကာမဆက်ယှက်ခြင်း
    2. လိင်အင်္ဂါချင်း ထိတွေ့ခြင်း
    3. မသန့်ရှင်းသောလက်ဖြင့် လိင်အင်္ဂါအားထိတွေ့ခြင်း
    4. ပါးစပ်ဖြင့်ကာမဆက်ဆံခြင်းတို့ပဲဖြစ်ပါသည်

    ကွန်ဒုံးအသုံးပြုခြင်းသည် ထိရောက်သောကာကွယ်မှုဖြစ်သော်လည်း ပိုးကူးစက်မှုကို အပြည့်အဝကာကွယ်နိုင်ခြင်းမရှိပါ။ နောက်ထပ်ကူးစက်နိုင်ခြေရှိသည့် အကြောင်းများမှာ မိခင်မှတဆင့် မွေးရာပါကူးစက်လာနိုင်ခြင်းနှင့် အတွင်းခံအဝတ်များ၊ ခွဲခန်းသုံးလက်အိတ်များစသည်တို့ကို တစ်ဦးနှင့်တစ်ဦးမျှဝေသုံးစွဲခြင်းတို့ပဲဖြစ်ပါသည်။ ထိုသို့ကူးစက်နိုင်သည်ဟု ယူဆရသော်လည်း လက်တွေ့မှာတော့ ထိုနည်းတို့ဖြင့် HPVဗိုင်းရပ်စ်ကူးစက်မှုနည်းပါးတာကိုတွေ့ရပါသည်။ ကူးစက်ခံရသူတို့အတွက် စိတ်ပူစရာအချက်ကတော့ မည်သည့်လက္ခဏာမှမပြပဲ မိမိကိုယ်တိုင်ကူးစက်နေမှုကိုမသိရှိရရုံမက တခြားသူများကိုပါ မသိလိုက်ပဲ ထပ်မံကူးစက်စေနိုင်တာပဲဖြစ်ပါတယ်။

    သားအိမ်ခေါင်းကင်ဆာ လက္ခဏာများ

    ကင်ဆာမဖြစ်မီ အစောပိုင်းအဆင့်များတွင် မည်သည့်ရောဂါလက္ခဏာမှ မရှိသေးတာဖြစ်နိုင်ပါသည်။ ကင်ဆာအဆင့်သို့ ကူးပြောင်းသွားပါက မိန်းမကိုယ်မှ ပုံမှန်မဟုတ်သောသွေးဆင်းခြင်းနှင့် မိန်းမကိုယ်မှ အနံ့ဆိုးဖြင့် အဖြူဆင်းခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။ အခြားအင်္ဂါများကို ပျံ့နှံ့မှုရှိပါက ဆီးသွားသည့်အခါနာကျင်ခြင်းနှင့် ဆီး သို့မဟုတ်၊ ဝမ်းသွားသည့်အခါ သွေးပါခြင်းတို့ဖြစ်ပေါ်နိုင်ပါသည်။

    ကနဦးလက္ခဏာများထင်ထင်ရှားရှား မဖြစ်ပေါ်တာမျိုးရှိနိုင်ပေမယ့် ယင်းကင်ဆာသည် ကောင်းမွန်စွာကုသလို့ရနိုင်ပါသည်။ တိကျသေချာသော ရောဂါရှာဖွေနည်းမှာ သားအိမ်ခေါင်းအမှေးပါးကို စမ်းသပ်စစ်ဆေးခြင်းနှင့်တကွ သားအိမ်ခေါင်းကင်ဆာဖြစ်စေသောဗိုင်းရပ်စ်၏ ဗီဇ (HPV DNA)တို့ကို စစ်ဆေးခြင်းတို့ဖြင့် ရာနှုန်းပြည့်တိကျစွာ အတည်ပြုနိုင်ပါသည်။ 

     

    ရောဂါအတည်ပြုခြင်း

    မူမမှန်သော သားအိမ်ခေါင်းအခြေအနေကို သားအိမ်ခေါင်းအမှေးပါးစစ်ဆေးခြင်း သို့မဟုတ် သားအိမ်ခေါင်းကင်ဆာဖြစ်စေသောဗိုင်းရပ်စ်စစ်ဆေးခြင်းတို့ဖြင့်ရောဂါအတည်ပြုပြီးနောက်၊ နောက်ထပ်စမ်းသပ်မှုများဖြစ်သည့် အဏုကြည့်မှန်ပြောင်းဖြင့်မိန်းမကိုယ်မှကြည့်ရှုစမ်းသပ်၍ အသားစယူခြင်းကို သင့်ဆရာဝန်မှဆောင်ရွက်ပေးမှာဖြစ်ပါသည်။ ထို့နောက်၊ ကင်ဆာအဆင့်ပေါ်မူတည်၍ သင့်လျော်သောကုသမှုအစီအစဉ်ကိုညွှန်ကြားပေးမှာဖြစ်ပါသည်။

    ကုသမှု

    ကင်ဆာအဆင့်ပေါ်မူတည်၍ ကုသမှုများရှိပါသည်။ 

    ခွဲစိတ်ကုသခြင်း

    အစောပိုင်းကုသမှုအနေနှင့် ခွဲစိတ်မှုများဖြစ်သည့်

    1. သားအိမ်ခေါင်းအား ကတော့ချွန်ကဲ့သို့ခွဲစိတ်ခြင်း
    2. သားအိမ်အားအလုံးစုံခွဲထုတ်ခြင်းနှင့် ပြန်ရေကြောအကြိတ်များခွဲထုတ်ခြင်းတို့ဖြင့်ကုနိုင်ပါသည်။


    ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း

    ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်းသည် သားအိမ်ခေါင်းကင်ဆာ အဆင့်တိုင်းအတွက် ထိရောက်မှုရှိသောကုသမှုဖြစ်ပါသည်။ ကင်ဆာဆေးသွင်းကုသခြင်းနှင့်တွဲဖက်၍လည်း ဓာတ်ရောင်ခြည်ကုသနည်းကို အသုံးပြုလေ့ရှိကြပါသည်။ ဓာတ်ရောင်ခြည်ကုသနည်းတွင် Teletherapy နှင့် Brachy-therapyဟူ၍ ၂မျိုးရှိပါသည်။ 

     

    ကင်ဆာဆေးသွင်းကုသခြင်း

     ကင်ဆာဆေးသွင်းကုသခြင်းသီးသန့်ကိုမူ ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း နှင့် ခွဲစိတ်ကုသခြင်းများ မပြုလုပ်နိုင်လောက်အောင် ပျံ့နှံ့နေသော ကင်ဆာအဆင့်တွင်အသုံးပြုကြပါသည်။

    ကုသမှု၏ရည်မှန်းချက်များ

    သားအိမ်ခေါင်းကင်ဆာရောဂါအား အလုံးစုံအပြည့်အဝကုသမှုပေးနိုင်ရန်ဖြစ်ပါသည်။ သို့သော်ငြား၊ ကင်ဆာတဖန်ပြန်လည်ဖြစ်ပေါ်နိုင်ခြင်းနှင့် ကုသမှု၏ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်နိုင်မှုများကြောင့် ဆေးစစ်ခြင်းများနှင့် ဆရာဝန်နှင့်ရက်ချိန်းပြသခြင်းများကိုဆက်လက်လုပ်ဆောင်ဖို့လိုအပ်ပါမည်။

    ကြိုတင်ကာကွယ်ခြင်း

    သားအိမ်ခေါင်းကင်ဆာအကြောင်း ကောင်းမွန်စွာသိရှိနားလည်ထားမည်ဆိုလျှင်ယင်းကင်ဆာကို ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ပါသည်။

    သားအိမ်ခေါင်းကင်ဆာသည် HPVဗိုင်းရပ်စ်၏ နောက်ဆက်တွဲရလဒ်ဖြစ်တာကြောင့်  ကင်ဆာဖြစ်စေနိုင်ခြေများသောHPVဗိုင်းရပ်စ်အမျိုးအစား ၁၃မျိုးရှိသည့်အနက် ၇၀ရာခိုင်နှုန်းသော သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုများ၏ အရင်းခံသည် HPVဗိုင်းရပ်စ်အမျိုးအစားနံပါတ် ၁၆ နှင့် ၁၈ကြောင့်ဖြစ်ပွားရသည်ကို တွေ့ရှိရပါသည်။ ထို HPVဗိုင်းရပ်စ် ၂မျိုး အတွက် ကာကွယ်ဆေးမှာလဲ အလွယ်တကူရရှိနိုင်သောကြောင့် ထိုကာကွယ်ဆေးထိုးထားသော အမျိုးသမီးများမှာ သားအိမ်ကင်ဆာဖြစ်ပွားမှုကို ၇၀ရာခိုင်နှုန်းကာကွယ်နိုင်မှာပဲဖြစ်ပါသည်။

    ထိုကာကွယ်ဆေးထိုးခြင်းအပြင်၊ သားအိမ်သားအိမ်ခေါင်းအမှေးပါးကို စမ်းသပ်စစ်ဆေးခြင်းနှင့်တကွ သားအိမ်ခေါင်းကင်ဆာဖြစ်စေသောဗိုင်းရပ်စ်၏ ဗီဇ (HPV DNA)တို့ကို စစ်ဆေးခြင်းတို့နှင့်သာမက သက်ဆိုင်ရာဆရာဝန်၏ အကောင်းမွန်ဆုံးသောဆုံးဖြတ်ချက်တွေနှင့်အတူ သားအိမ်ခေါင်းကင်ဆာကို အထိရောက်ဆုံးကာကွယ်နိုင်ပြီဖြစ်ပါသည်။

    Wattanosoth ကင်ဆာရောဂါအထူးကုဆေးရုံကြီးမှ သားအိမ်ခေါင်းကင်ဆာအတွက် ဆရာဝန်နှင့်ဆွေးနွေးခြင်း၊ ရောဂါရှာဖွေအတည်ပြုခြင်း နှင့် ခေတ်မှီဆန်းသစ်သော နည်းပညာဝန်ဆောင်မှုများဖြင့် ပြီးပြည့်စုံသောကုသခြင်းတို့အတွက် အထူးကောင်းမွန်သော ဆေးအဖွဲ့ဖြင့် ဝန်ဆောင်မှုပေးနေတာပဲဖြစ်ပါသည်။

    သားအိမ်ခေါင်းကင်ဆာ

    သားအိမ်ခေါင်းကင်ဆာသည်၊ ထိုင်းအမျိုးသမီးများတွင် တတိယအဖြစ်များဆုံးကင်ဆာရောဂါဖြစ်ပါသည်။

    ဖြစ်ပွားရခြင်းအကြောင်းရင်းများ

    တိကျသောအကြောင်းရင်းကို မသိရှိနိုင်သေးသော်လည်း အောက်ဖော်ပြပါများမှာ သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေရှိသော အန္တရာယ်အချက်အလက်များဖြစ်သည်။

    1. အသက် (အမျိုးသမီးများ ရာသီသွေးရပ်တန့်ပြီးနောက်ပိုင်းအဖြစ်များပါသည်)
    2. လူမျိုးစု
    3. မျိုးရိုးဗီဇ
    4. ဆီးချိုနှင့်သွေးတိုးရောဂါ
    5. ဆေးဝါးတချို့ (ဥပမာ– Tamoxifen (Novalex)ကို အချိန်အတန်ကြာသုံးစွဲခဲ့ခြင်း)
    6. ယခင်က ဓာတ်ရောင်ခြည်ကုထုံးဖြင့်ကုသဖူးခြင်း
    7. အီစထရိုဂျင် (Estrogen) ဟော်မုန်းဖြင့် အချိန်တန်ကြာကုသခဲ့ခြင်း၊ ထိုဟော်မုန်း မမျှတခြင်း
    8. အဝလွန်သည့် အမျိုးသမီးများ သို့မဟုတ် အဆီများသောအစားအသောက်သုံးဆောင်ရသည်ကိုကြိုက်နှစ်သက်ခြင်းတို့ပဲဖြစ်ပါသည်။


    ‌
    ရောဂါလက္ခဏာများ

    အမျိုးသမီးအများစုမှာ မိန်းမကိုယ်မှသွေးဆင်းခြင်းခံစားရနိုင်ပါသည်၊ အထူးသဖြင့် ရာသီသွေးရပ်တန့်ခါနီး အမျိုးသမီးများတွင်တွေ့ရလေ့ရှိပါသည်။

    အခြားလက္ခဏာများမှာ : ဆီးသွားရခက်ခဲခြင်း၊ ဝမ်းသွားသည့်အခါနာကျင်ခြင်း၊ ကာမဆက်ယှက်ချိန်နာကျင်ခြင်းနှင့် ဝမ်းဗိုက်အောက်ဘက်ခြမ်းတွင် နာကျင်ခြင်းတို့ဖြစ်ပါသည်။

    ရောဂါအတည်ပြုခြင်း

    1. ပုံမှန်မဟုတ်သောသွေးဆင်းမှု ဆေးမှတ်တမ်းရာဇဝင်ရှိခြင်း
    2. အာထရာဆောင်းရိုက်ခြင်း၊ မိန်းမကိုယ်မှတဆင့် အာထရာဆောင်းဓာတ်မှန်ရိုက်ခြင်း
    3. သားအိမ်အတွင်းသား အသားစယူခြင်း သို့မဟုတ် သားအိမ်ခြစ်ခြင်း
    4. ကွန်ပြူတာဓာတ်မှန် ၊ PET/CT ခေတ်မှီနည်းပညာများ
    5. သားအိမ်အတွင်းသားကြည့်ရှုစစ်ဆေးခြင်း

    သားအိမ်ခေါင်းကင်ဆာကုသခြင်းများ

    1. သားအိမ်ခေါင်းကင်ဆာကုသမှုအတွက် ကင်ဆာအဆင့်ပေါ်တွင်မူတည်ပါသည်။
    2. ကုသဖို့အတွက်နည်းလမ်းပေါင်းများစွာရှိပါသည်။
    3. သားအိမ်၊ သားဥအိမ် နှင့် ပြန်ရည်ကြောအကျိတ်များကို ခွဲစိတ်ကုသခြင်း
    4. ခွဲစိတ်ပြီးခြင်း သို့မဟုတ် မခွဲစိတ်ခင် ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း (Teletherapy and Brachy therapy)
    5. ကင်ဆာဆေးသွင်းကုသခြင်း (အထူးသဖြင့် ကင်ဆာရောဂါပျံ့နှံ့ပြီးသားသော်လည်းကောင်း၊ အခြားကုသနည်းများနှင့် တပြိုင်နက် တွဲဖက်ကုသခြင်းဖြင့် ကင်ဆာပြန်ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးပါသည်)
    6. ဟော်မုန်းဖြင့် ကုသခြင်း (အချို့သောပို၍ပြင်းထန်သည့်ကင်ဆာအခြေအနေတွင် သက်သာစေသောကုသခြင်းအနေဖြင့်လည်း အသုံးပြုကြပါသည်။)
    7. အချို့သောအခြေအနေများတွင် ဥပမာအားဖြင့် ကင်ဆာအစောပိုင်းအဆင့်များ၌ ဟော်မုန်းဖြင့် ကုသခြင်းကိုအသုံးပြုနိုင်သည်။ သားအိမ်၏ အစိတ်အပိုင်းအချို့ခွဲစိတ်ထုတ်ခဲ့ရသော်လည်း လူနာအနေနှင့် ကလေးထပ်မံကိုယ်ဝန်ဆောင်နိုင်ပါသေးသည်။


    ကာကွယ်ခြင်း

    1. သန္ဓေသားဆေး
    2. ဟော်မုန်းဆိုင်ရာ အခြေအနေ ဥပမာ – သွေးဆုံးခါနီးအမျိုးသမီးများရှိ “မ”ဟော်မုန်း(estrogen)အခြေအနေ။
    3. ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်စွာစားသောက်ခြင်း,
    4. ရောဂါအခံများရှိပါက ကောင်းစွာထိန်းသိမ်းခြင်း (ဥပမာ – ဆီးချိုနှင့်သွေးတိုးရောဂါများ)

    စာရေးသူ

    Asst.prof.duangmani Thanapprapasr, M.D.
    Dr. Panon Kasemsan
    Dr. Sosakul Bunyaviroch
    Dr. Siriwan Tangjitgamol

    Save time finding a doctor

    Let AI check your symptoms and find a proper doctor for you

    AI ဆရာဝန်ရှာဖွေရေး

    Cancer Type

    အားလုံးကြည့်မည်

    Cancer Type

    အရေပြားကင်ဆာ Image
    အရေပြားကင်ဆာ
    အစာအိမ်ကင်ဆာ Image
    အစာအိမ်ကင်ဆာ
    ရင်သားကင်ဆာ Image
    ရင်သားကင်ဆာ
    အားလုံးကြည့်မည်