ရောဂါဖြစ်စေနိုင်သော အန္တရာယ်အချက်များ
အစာချေခြင်းလုပ်ငန်းစဉ်သည် အစာအိမ်ထဲတွင်အများစုဖြစ်ပြီး တစ်စိတ်တစ်ပိုင်း ကြေညက်ပြီးသော အစာများသည် အူမကြီးထဲသို့ရောက်ရှိသွားပါသည်။ထိုအစာအား အူမကြီးထဲတွင်ဆက်လက်၍ ချေဖျက်ခြင်း၊ စုပ်ယူခြင်းများ လုပ်ဆောင်ပါသည်။
အစာအိမ်ကင်ဆာသည် အမေရိကန်နိုင်ငံတွင် ၁၄ ခုမြောက် အဖြစ် အများဆုံးကင်ဆာရောဂါဖြစ်ပြီး ဂျပန် နှင့် တရုတ် အစရှိသော အရှေ့အာရှနိုင်ငံများတွင် ပို၍ အဖြစ်များပါသည်။ ၎င်းမှာ တာရှည်ခံ၊ အချဉ်ဖောက်ထားသော အစားအစာများနှင့် အငံ အစားများသော လူနေမှုပုံစံကြောင့်ဖြစ်နိုင်ပါသည်။ အစာအိမ်ကင်ဆာသည် ထိုင်းနိုင်ငံတွင်လည်း အဖြစ်များပါသည်။
လေ့လာတွေ့ရှိချက်အရ အစာအိမ်ကင်ဆာ သည် Helicobacter pylori ဟုခေါ်သော အစာအိမ်ထဲတွင်တွေ့ရျိရတတ်သည့် အောက်ဆီဂျင်နည်းပါးရာတွင်အသက်ရှင်သည့် ဘက်တီးရီးယားတစ်မျိုးနှင့် ဆက်နွယ်နေပါသည်။ ၎င်းဘက်တီးရီးယားသည် အစာအိမ်ကင်ဆာရောဂါနှင့် နာတာရှည်အစာအိမ်ရောင်ရမ်းခြင်း တို့ကို ဖြစ်စေနိုင်ပါသည်။ H. pylori ပိုးရှိသောလူနာများသည် အစာအိမ်ကင်ဆာ ဖြစ်နိုင်သည့်အန္တရာယ် ပို၍မြင့်မားပါသည်။ အစာအိမ်ကင်ဆာအားလုံး၏ ၉၀ % အထက်သည် အစာအိမ်အတွင်းနံရံနှင့် ဂလင်းဆဲလ်များ နှစ်ခုကြားအတွင်းမှ ဖြစ်ပေါ်ပါသည်။ ဂလင်းဆဲလ်များနှင့်ဆက်နွယ်သော ကင်ဆာကို adenocarcinoma ဟုခေါ်ပါသည်။ အခြားအစာအိမ်ကင်ဆာအမျိုးအစားများမှာ အစာအိမ်ပုံမှန်မဟုတ်သော အခြေအနေများကြောင့်ဖြစ်ပြီး ၎င်းတို့မှာ lymphoma နှင့် squamous cell carcinoma တို့ ဖြစ်ပါသည်။



