Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Doctor not found
Doctor not found
Doctor not found
Doctor not found
Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    အစာအိမ်ကင်ဆာ

    3 ဖတ်ပြီး မိနစ်(များ)
    သတင်းရင်းမြစ်
    Bangkok Cancer Hospital
    အပ်ဒိတ်လုပ်သောနေ့: 26 ဇန် 2026
    အစာအိမ်ကင်ဆာ
    Bangkok Cancer Hospital
    အပ်ဒိတ်လုပ်သောနေ့: 26 ဇန် 2026
    Table of contents
    • ရောဂါဖြစ်စေနိုင်သော အန္တရာယ်အချက်များ
    • ရောဂါလက္ခဏာများ
    • ရောဂါအမည်
    • ကုသမှု
    • စာရေးသူ

    ရောဂါဖြစ်စေနိုင်သော အန္တရာယ်အချက်များ

    အစာချေခြင်းလုပ်ငန်းစဉ်သည် အစာအိမ်ထဲတွင်အများစုဖြစ်ပြီး တစ်စိတ်တစ်ပိုင်း ကြေညက်ပြီးသော အစာများသည် အူမကြီးထဲသို့ရောက်ရှိသွားပါသည်။ထိုအစာအား အူမကြီးထဲတွင်ဆက်လက်၍ ချေဖျက်ခြင်း၊ စုပ်ယူခြင်းများ လုပ်ဆောင်ပါသည်။

    အစာအိမ်ကင်ဆာသည် အမေရိကန်နိုင်ငံတွင် ၁၄ ခုမြောက် အဖြစ် အများဆုံးကင်ဆာရောဂါဖြစ်ပြီး ဂျပန် နှင့် တရုတ် အစရှိသော အရှေ့အာရှနိုင်ငံများတွင် ပို၍ အဖြစ်များပါသည်။ ၎င်းမှာ တာရှည်ခံ၊ အချဉ်ဖောက်ထားသော အစားအစာများနှင့် အငံ အစားများသော လူနေမှုပုံစံကြောင့်ဖြစ်နိုင်ပါသည်။ အစာအိမ်ကင်ဆာသည် ထိုင်းနိုင်ငံတွင်လည်း အဖြစ်များပါသည်။

    လေ့လာတွေ့ရှိချက်အရ အစာအိမ်ကင်ဆာ သည် Helicobacter pylori ဟုခေါ်သော အစာအိမ်ထဲတွင်တွေ့ရျိရတတ်သည့် အောက်ဆီဂျင်နည်းပါးရာတွင်အသက်ရှင်သည့် ဘက်တီးရီးယားတစ်မျိုးနှင့် ဆက်နွယ်နေပါသည်။ ၎င်းဘက်တီးရီးယားသည် အစာအိမ်ကင်ဆာရောဂါနှင့် နာတာရှည်အစာအိမ်ရောင်ရမ်းခြင်း တို့ကို ဖြစ်စေနိုင်ပါသည်။ H. pylori  ပိုးရှိသောလူနာများသည် အစာအိမ်ကင်ဆာ ဖြစ်နိုင်သည့်အန္တရာယ် ပို၍မြင့်မားပါသည်။ အစာအိမ်ကင်ဆာအားလုံး၏ ၉၀ % အထက်သည် အစာအိမ်အတွင်းနံရံနှင့် ဂလင်းဆဲလ်များ နှစ်ခုကြားအတွင်းမှ ဖြစ်ပေါ်ပါသည်။ ဂလင်းဆဲလ်များနှင့်ဆက်နွယ်သော ကင်ဆာကို adenocarcinoma ဟုခေါ်ပါသည်။ အခြားအစာအိမ်ကင်ဆာအမျိုးအစားများမှာ အစာအိမ်ပုံမှန်မဟုတ်သော အခြေအနေများကြောင့်ဖြစ်ပြီး ၎င်းတို့မှာ lymphoma နှင့် squamous cell carcinoma တို့ ဖြစ်ပါသည်။

    ရောဂါလက္ခဏာများ

    အစာအိမ်ကင်ဆာရောဂါသည် ထွေထွေထူးထူးရောဂါလက္ခဏာမပြတတ်ပါ။ လူနာများသည် ဗိုက်အပေါ်ပိုင်းနာခြင်း၊ အစာစားချင်စိတ်နည်းပါးခြင်း၊ မကြာခဏအန်ခြင်း၊ လေလည်ခြင်း နှင့် အစာစားနည်းခြင်း စသည့် ဝေဒနာများခံစားရနိုင်ပါသည်။ အစာအိမ်ကင်ဆာ၏ ရောဂါလက္ခဏာများသည် အစာအိမ်အနာပေါက်ခြင်းနှင့် အစာအိမ်ရောင်ရမ်းခြင်း တို့နှင့် ရောဂါလက္ခဏာဆင်တူနိုင်သဖြင့် ရောဂါရှာဖွေတွေ့ရှိရန် ပိုမိုခက်ခဲနိုင်ပါသည်။

    အခြားသောရောဂါလက္ခဏာများမှာ သွေးအန်ခြင်း၊ အစာမျိုရန်ခက်ခဲခြင်း၊ အကြောင်းပြချက်မရှိကိုယ်အလေးချိန်ကျခြင်း၊ အားနည်းခြင်းနှင့် ဝမ်းအမည်းရောင်သွားခြင်းတို့ ဖြစ်ကြပါသည်။

    အစာအိမ်ကင်ဆာရောဂါကို ကင်ဆာဆဲလ်ပျံ့နှံ့နေသည့် အချိန်တွင်မှ ရောဂါရှိကြောင်း ရှာဖွေတွေ့ရှိရတတ်ပြီး ရောဂါစဖြစ်သည့် အစပိုင်းတွင် ရောဂါလက္ခဏာနှင့် စစ်ဆေးမှုများမရှင်းလင်းမှုကြောင့် မတွေ့ရှိရတတ်ပေ။

    ရောဂါအမည်

    အစာအိမ်မှန်ပြောင်းကြည့် စစ်ဆေးခြင်းသည် အစာအိမ်ကင်ဆာရောဂါဖြစ်ပွားမှု၏ ၉၅% ကိုရှာဖွေပေးနိုင်ပြီး ရောဂါ၏အဆင့်ကိုပါသိရှိနိုင်ပါသည်။ နောက်ဆုံးပေါ်နည်းလမ်းများမှာ မှန်ပြောင်းဖြင့် အာထရာဆောင်းပုံရိပ်ရိုက်ယူခြင်းဖြစ်ပြီး အစာအိမ်ကင်ဆာရောဂါ၏ အနီးအနားကိုယ်တွင်းအင်္ဂါများ၊ ပြန်ရည်ကျိတ်များသို့ ကင်ဆာဆဲလ်ပျံ့နှံ့မှု အသေးစိတ်ကိုပါ သိရှိနိုင်ပါသည်။ အခြားရောဂါရှာဖွေသည့်နည်းလမ်းများဖြစ်သည့် ဓာတ်မှန်နှင့် PET/CT တို့သည် အသည်း၊ အဆုတ် အစရှိသည့် အရေးကြီး ကိုယ်တွင်းအင်္ဂါများသို့ ကင်ဆာဆဲလ်ပျံ့နှံ့မှုကို ရှာဖွေရာ၌ အသုံးဝင်ပါသည်။

    ကုသမှု

    ခွဲစိတ်ကုသသည့်နည်းလမ်းမှာ အစာအိမ်၏ တစ်စိတ်တစ်ပိုင်းအား ဖြတ်ထုတ်ခြင်းဖြစ်ပြီး တစ်ခါတစ်ရံ အစာမျိုပြွန် တစ်စိတ်တစ်ပိုင်း (သို့မဟုတ်) အူသိမ် ပထမပိုင်းတို့နှင့်အတူ ဖြတ်ထုတ်ရတတ်ပါသည်။ အနီးအနားရှိပြန်ရည်ကျိတ်များကိုလည်း ဖယ်ရှားရသည့် အပြင် တစ်ခါတစ်ရံ အနီးအနားရှိ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများကိုပါ  ဖယ်ရှားရနိုင်ပါသည်။ အခြားခွဲစိတ်သည့်နည်းလမ်းတစ်ခုမှာ အစာအိမ်တစ်ခုလုံးအား ခွဲစိတ်ဖြတ်ထုတ်ခြင်း (Total gastrectomy) ဖြစ်ပါသည်။ ဤခွဲစိတ်မှုတွင် အနီးအနားရှိပြန်ရည်ကျိတ်များကိုလည်း ဖယ်ရှားရပြီး တစ်ခါတစ်ရံတွင် ဗေလုံး၊ အစာမျိုပြွန်၊ အူ၊ ပင်ကရိယ နှင့် အခြား ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများကိုလည်း လိုအပ်သလို ဖြတ်ထုတ်ဖယ်ရှားရတတ်ပါသည်။

    ကနဦးအဆင့်ကင်ဆာရောဂါကုသမှုအတွက် အဓိကရွေးချယ်မှုမှာ ခွဲစိတ်မှုဖြစ်သည်။

    ကင်ဆာဆဲလ်ပျံ့နှံ့သွားပြီးဖြစ်သောလူနာများတွင် ခွဲစိတ်ကုသမှုသည် လူနာ ၃ ယောက်တွင် ၂ ယောက်မှာ ရောဂါပြန်ဖြစ်နိုင်ချေရှိပါသည်။ အစာအိမ်ကင်ဆာရောဂါသည် အနီးရှိ ပြန်ရည်ကျိတ်နှင့် အနီးအနားကိုယ်တွင်းအင်္ဂါများကို ပြန်လည် ပျံ့နှံ့နိုင်ပါသည်။

    ကင်ဆာ (chemo) ဆေးသွင်ကုသခြင်းနှင့် ဓာတ်ရောင်ခြည်ပေးကုသခြင်း တို့သည် ကင်ဆာ B1 အဆင့်နှင့် အထက် ကင်ဆာများ (အစာအိမ်နံရံနှင့် ပြန်ရည်ကျိတ်များသို့ ကင်ဆာဆဲလ်ပျံ့နှံ့နေသောအဆင့်) ကုသမှုအတွက် သင့်လျော်ပါသည်။ ကင်ဆာ (chemo) ဆေးသွင်ကုသခြင်းနှင့် ဓာတ်ရောင်ခြည်ပေးကုသခြင်းတို့အား တွဲစပ်ကုသခြင်းသည် အောင်မြင်စွာ ကုသပျောက်ကင်းနိုင်သည့် အခွင့်အရေးကို ပို၍မြင့်တက်စေပါသည်။

    အစာအိမ်ကင်ဆာရောဂါအတွက် အကောင်းဆုံးစံထားရသော ကင်ဆာ (chemo) ဆေးမှာ 5FU နှင့် leucovorin ဆေးတို့အား သွေးပြန်ကြောထဲသို့ ထိုးသွင်းကုသခြင်းဖြစ်ပါသည်။ ဘေးထွက်ဆို့ကျိုးများမှာ ခေါင်းမူးခြင်း၊ ဝမ်းလျှောခြင်း၊ အရေပြားပြောင်းလဲခြင်းနှင့် ပါးစပ်အနာပေါက်ခြင်းတို့ ဖြစ်ပါသည်။ Oxaloplatin နှင့် epirubicin အစရှိသော ကင်ဆာ (chemo) ဆေးများအားလည်း လေ့လာစမ်းသပ်မှုများပြုလျက်ရှိပါသည်။ သို့သော် 5FU နှင့် leucovorin ဆေးသွင်းခြင်း သည် အကောင်းဆုံးစံထားရသော ကုသမှုဖြစ်ပါသည်။

    စာရေးသူ

    Dr. Wutthi Sumetchotimaytha
    ကင်ဆာခွဲစိတ်အထူးကု ဆရာဝန်

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    Cancer Type

    အားလုံးကြည့်မည်

    Cancer Type

    ပန်ကရိယ(သရက်ရွက် သို့မဟုတ် မုန့်ချိုအိတ်) ကင်ဆာ Image
    ပန်ကရိယ(သရက်ရွက် သို့မဟုတ် မုန့်ချိုအိတ်) ကင်ဆာ
    အဆုတ်ကင်ဆာ Image
    အဆုတ်ကင်ဆာ
    သွေးကင်ဆာ Image
    သွေးကင်ဆာ
    အားလုံးကြည့်မည်