Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Doctor not found
Doctor not found
Doctor not found
Doctor not found
Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    ရင်သားကင်ဆာ

    2 ဖတ်ပြီး မိနစ်(များ)
    သတင်းရင်းမြစ်
    Bangkok Cancer Hospital
    အပ်ဒိတ်လုပ်သောနေ့: 26 ဇန် 2026
    ရင်သားကင်ဆာ
    Bangkok Cancer Hospital
    အပ်ဒိတ်လုပ်သောနေ့: 26 ဇန် 2026
    Table of contents
    • ခြုံငုံသုံးသပ်ချက်
    • ရောဂါဖြစ်စေနိုင်သော အန္တရာယ်အချက်များ
    • ရောဂါလက္ခဏာများ
    • ရောဂါအမည်တပ်ခြင်း
    • ကာကွယ်မှု
    • ကုသမှု
    • စာရေးသူ

    ခြုံငုံသုံးသပ်ချက်

    ရင်သားကင်ဆာသည် အမျိုးသမီးများတွင် အဖြစ်အများဆုံးကင်ဆာဖြစ်ပြီး National Cancer Institute ၏လေ့လာတွေ့ရှိချက်အရ ၎င်းသည် ကင်ဆာဖြစ်ပွားမှုအားလုံး၏ ၃၇ရာခိုင်နှုန်း ရှိသည်။ အဆုတ်ကင်ဆာပြီးလျှင် ဒုတိယမြောက် သေဆုံးမှုနှုန်းအများဆုံးကင်ဆာလည်း ဖြစ်သည်။ ကင်ဆာဖြစ်ပွားနိုင်ခြေအား လျှော့ချရန် မိမိကျန်းမာရေးအား ဂရုစိုက်ခြင်း၊ အထူးသဖြင့် ကင်ဆာအကျိတ်သေးပြီး ကင်ဆာဆဲလ်များသည် ရင်သားတွင် သီးခြားရှိ၍ ပြန်ရည်ကျိတ်များသို့ မပျံ့နှံမိ ကင်ဆာရောဂါအား စောစီးစွာ သိရှိရန် အရေးကြီးသည်။

    စောစီးစွာ‌ရောဂါရှာဖွေတွေ့ရှိခြင်းသည် ကင်ဆာရောဂါ ကုသမှုအောင်မြင်နိုင်ခြေအား မြင့်တက်စေပြီး ကင်ဆာသည် အရွယ်အစားကြီး၍ အခြားအရေးကြီးသောနေရာများ ဥပမာ–ပြန်ရည်ကျိတ် သို့ပျံ့နှံ့သွားသည်နှင့်တစ်ပြိုင်နက် ၅နှစ်နှင့်အထက်အသက်ရှင်နှုန်းသည် ၉၈% ဖြစ်သွားသည်။ 

    သို့သော် ကင်ဆာသည် ထိုထက် ပိုပျံ့နှံ့လာပါက ၅ နှစ်နှင့်အထက် အသက်ရှင်နှုန်းသည် ၂၃% သို့ ကျဆင်းသွားမည်။ ထိုကြောင့် စောစီးစွာ‌ရောဂါရှာဖွေတွေ့ရှိခြင်းသည် ပြန်လည်နာလန်ထူရန်အတွက် အရေးကြီးသည်။

    လူ့ရင်သားသည် အဆီ၊ တစ်သျှူးနှင့် နို့ဂလင်းများဖြင့် ဖွဲ့စည်းထားသည်။ Ductal Carcinoma ဆိုသည်မှာ ရင်သားရှိ နို့ပြွန်အတွင်းတွင် ပုံမှန်မဟုတ်သောဆဲလ်များ ရှိနေခြင်းဖြစ်သည်။ DCIS သည် အစောပိုင်းရင်သားကင်ဆာအမျိုးအစား ဖြစ်ပြီး ၎င်းမှတဆင့် အရိုး၊ အသည်း၊ အဆုတ်နှင့် သွေးကြောများသို့ ပျံ့နှံ့သွားနိုင်သည်။

    ရင်သားများသည် အသက်အရွယ်၊ ဓမ္မတာစက်ဝန်းများ နှင့်အညီ ပြောင်းလဲတတ်သည်။ မိမိ့ရင်သားအား ကိုယ်တိုင်စမ်းသပ်စစ်ဆေးခြင်းဖြင့် စောစီးစွာရောဂါသိရှိနိုင်ပြီး ကုသမှုအောင်မြင်နိုင်ခြေအား မြင့်တက်စေသည်။

    သင့်ရင်သားသည် ဓမ္မတာစက်ဝန်းနှင့် အညီ ပြောင်းလဲနိုင်သည်။ ရင်သားများသည် ဓမ္မတာမလာခင် တင်းနေပြီး ဓမ္မတာလာပြီးချိန်တွင် နာကျင်နေလိမ့်မည်။ သွေးဆုံးသွားသော အမျိုးသမီးများတွင် နို့ဂလင်းများ အလုပ်မလုပ်တော့သောကြောင့် ရင်သားတွဲကျနေနိုင်သည်။  သားအိမ်ထုတ်ပြီး သားဥအိမ်မထုတ်သော အမျိုးသမီးများတွင် ရင်သားများ တင်းနေတတ်သည်၊

    ရောဂါဖြစ်စေနိုင်သော အန္တရာယ်အချက်များ

    1. ငယ်ငယ်ရွယ်ရွယ်ဖြင့် ဓမ္မတာလာခြင်း
    2. ကိုယ်ဝန်ဆောင်နိုင်စွမ်းမရှိခြင်း သို့မဟုတ် အသက်ငယ်ရွယ်ချိန်တွင် သားဦးမွေးဖွားခြင်း
    3. ရင်သားကင်ဆာဖြစ်ခဲ့ဖူးသောရာဇဝင်ရှိခြင်း
    4. မိသားစုတွင် ရင်သားကင်ဆာဖြစ်ခဲ့ဖူးသောရာဇဝင်ရှိခြင်း
    5. ရင်ဘတ်တစ်ဝိုက်တွင် ဓာတ်ရောင်ခြည်ဖြင့် ကုသဖူးခြင်း
    6. ရင်သားဓာတ်မှန်ရိုက်ပြီးနောက် မူမမှန်မှုတွေ့ရှိခြင်း
    7. အီစထရိုဂျင် သို့မဟုတ် ပရိုဂျက်စတိုဂျင်များ အသုံးပြုခြင်း
    8. အဝလွန်ခြင်း

    ရောဂါလက္ခဏာများ

    1. နာကျင်ခြင်း သို့မဟုတ် မသက်မသာဖြစ်ခြင်း
    2. ရင်သား သို့မဟုတ် ချိုင်းကြားတွင် အလုံး တွေ့ခြင်း
    3. နို့သီးခေါင်းပုံစံ ပြောင်းလဲခြင်း
    4. နို့သီးခေါင်းမှ ပုံမှန်မဟုတ်သော အရည်များထွက်ခြင်း
    5. သွေးထွက်ခြင်း
    6. နို့သီးခေါင်းပုံပျက်ခြင်း သို့မဟုတ် ပုံမှန်မဟုတ်သော အနေအထားဖြစ်ခြင်း
    7. နို့သီးခေါင်းတစ်ဝိုက်တွင် အနီကွက်များ ဖြစ်ပေါ်ခြင်း

    ပိုမိုပြင်းထန်သော အခြေအနေများ၌ အောက်ပါ ရောဂါလက္ခဏာများ ဖြစ်နိုင်သည်။

    1. အရိုးနာခြင်း
    2. ကိုယ်အလေးချိန်ကျခြင်း
    3. အရေပြားမညီညာခြင်း
    4. လက်များ ရောင်ရမ်းခြင်း

    ရောဂါအမည်တပ်ခြင်း

    ရင်သားကင်ဆာ ရောဂါရှာဖွေရန်နည်းလမ်းများမှာ

    1. ရင်သားကင်ဆာရှာဖွေခြင်းအတွက် အကောင်းဆုံးနည်းပညာများထဲမှတစ်ခုဟု ယူဆရသော ရင်သားဓာတ်မှန် Mammogram
    2. ကင်ဆာအထူးကုဆရာဝန် သို့မဟုတ် သူနာပြုမှ စမ်းသပ်စစ်ဆေးခြင်း။
    3. ရင်သားအား ကိုယ်တိုင်စမ်းသပ်ခြင်း Breast Self-Exam (BSE)

    ကာကွယ်မှု

    ရင်သားကင်ဆာဖြစ်စေသော အကြောင်းရင်းအတိအကျကို မသိရသော်လည်း  အောက်ပါအချက်များသည် အန္တရာယ်ဖြစ်စေသောအချက်များအား လျှော့ချရန် ကူညီပေးနိုင်ပါသည်။

    1. ကျန်းမာရေးနှင့် ညီညွတ်တဲ့ အသီးအနှံ စားပေးခြင်း
    2. ကိုယ်အလေးချိန်အား ထိန်းသိမ်းခြင်း
    3. လေ့ကျင့်ခန်းအား တစ်နေ့လျှင် မိနစ် ၃၀၊ တစ်ပတ် ၅ကြိမ် ပြုလုပ်ခြင်း
    4. ဆေးလိပ်နှင့် အရက်ရှောင်ခြင်း

    ကုသမှု

    1. ခွဲစိတ်ကုထုံး
    2. ဓာတ်ရောင်ခြည်ကုထုံး
    3. ဆေးသွင်းကုထုံး
    4. ဟော်မုန်းကုထုံး
    5. ဝေဒနာသက်သာရာကုထုံး (Palliative Care)

    စာရေးသူ

    ဒေါက်တာ Dr. POTJANA JITAWATANARAT
    ဆေးဘက်ဆိုင်ရာကင်ဆာရောဂါအထူးကု

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    Cancer Type

    အားလုံးကြည့်မည်

    Cancer Type

    သွေးကင်ဆာ Image
    သွေးကင်ဆာ
    အဆုတ်ကင်ဆာ Image
    အဆုတ်ကင်ဆာ
    ပြင်းထန်သောသွေးကင်ဆာ Image
    ပြင်းထန်သောသွေးကင်ဆာ
    အားလုံးကြည့်မည်