Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Doctor not found
Doctor not found
Doctor not found
Doctor not found
Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    VELYS™ အဆင့်မြင့်စက်ရုပ်နည်းပညာဖြင့်ဒူးဆစ်ရိုးအစားထိုးခွဲစိတ်ကုသမှု

    6 ဖတ်ပြီး မိနစ်(များ)
    သတင်းရင်းမြစ်
    Package Image
    Dr. Phonthakorn Panichkul

    Bangkok International Hospital (Brain x Bone)

    အပ်ဒိတ်လုပ်သောနေ့: 10 ဒီ 2025
    Dr. Phonthakorn Panichkul
    Dr. Phonthakorn Panichkul
    Bangkok International Hospital (Brain x Bone)
    အကြံပြု ပက်ကေ့ဂျ်များ
    Package Image
    တင်ပါးဆုံရိုး နှင့် ဒူးခေါင်းခွဲစိတ်ကုသမှုဆိုင်ရာ အထူးပက်ကေ့ဂျ်များ
    VELYS™ အဆင့်မြင့်စက်ရုပ်နည်းပညာဖြင့်ဒူးဆစ်ရိုးအစားထိုးခွဲစိတ်ကုသမှု
    Bangkok International Hospital (Brain x Bone)
    အပ်ဒိတ်လုပ်သောနေ့: 10 ဒီ 2025

    အသက်အရွယ်ရလာသည်နှင့်အမျှ ပျက်စီးယိုယွင်းလာသည့်အခြေအနေအမျိုးမျိုးတွင် အထူးသဖြင့် ဒူးဆစ်ရောင်ရမ်းနာ (osteoarthritis) သည် အဖြစ်များသော ပြဿနာဖြစ်ပြီး လှုပ်ရှားမှုတိုင်းတွင် နာကျင်မှုနှင့် ဝေဒနာကို ခံစားရစေပါသည်။ VELYS™ Robotic-Assisted Solution သည် အဆင့်မြင့်နည်းပညာများပါဝင်ပြီး လူနာ၏ ဒူးဆစ်ဖွဲ့စည်းပုံခန္ဓာဗေဒအလိုက် စိတ်ကြိုက်ညှိနှိုင်းပြုပြင်နိုင်သောကြောင့် ဒူးဆစ်အစားထိုးခွဲစိတ်ကုသမှုကို ပိုမိုတိကျစွာ လုပ်ဆောင်နိုင်စေရန် အရိုးခွဲစိတ်ဆရာဝန်များအား ကူညီပေးပါသည်။ VELYS အဆင့်မြှင့်စက်ရုပ်အကူနည်းပညာြဖင့် သင့်ရဲ့လှုပ်ရှားမှုစွမ်းအားကို ယုံကြည်မှုအပြည့်ဖြင့်ပြန်လည်ရယူနိုင်ပါပြီ။

     

    VELYS™ အဆင့်မြင့်စက်ရုပ်နည်းပညာဖြင့် ဒူးဆစ်ရိုးအစားထိုးခွဲစိတ်ကုသမှုဆိုသည်မှာ

    VELYS™ Robotic-Assisted Solutions (VRAS) သည် အဆင့်မြင့်နည်းပညာများပါ၀င်သည့်စတုတ္ထမျိုးဆက် စက်ရုပ်အကူကိရိယာတစ်ခုဖြစ်ပြီး အရိုးအထူးကုခွဲစိတ်ဆရာဝန်များအား လူနာတစ်ဦးချင်းစီ၏ ခန္ဓာဗေဒအလိုက် ပိုမိုတိကျသောနည်းဖြင့် ဒူးဆစ်အစားထိုးခွဲစိတ်ကုသမှုများ ပြုလုပ်နိုင်ရန် ကူညီပေးပါသည်။ ခွဲစိတ်မှုအတွင်း ဆရာဝန်မှ အပြည့်အဝထိန်းချုပ်ထားသော စက်ရုပ်သည် လွတ်လပ်စွာရွေ့လျားနိုင်ပြီး ထိခိုက်နေသော ဒူးဆစ်သို့ တိကျစွာရောက်ရှိနိုင်စေရန် ကူညီပေးကာ ခွဲစိတ်မှုဆိုင်ရာ သုံးသပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ဆုံးဖြတ်နိုင်ရန် အထောက်အပံ့ပေးပါသည်။ ခွဲစိတ်နေစဉ်အတွင်း စက်ရုပ်သည် ဆရာဝန်အား ပျက်စီးနေသော အရိုးကို တိကျစွာ ဖယ်ရှားနိုင်စေရန်နှင့် ကွန်ပျူတာဖန်သားပြင်ပေါ်တွင် အစားထိုးကိရိယာ၏ တည်နေရာကို တိကျစွာ ညွှန်ပြနိုင်ရန် ကူညီပေးပါသည်။ ခွဲစိတ်ကိရိယာများကိုအထူးစနစ်တစ်ခုဖြင့် ပံ့ပိုးပေးထားသောကြောင့် ပတ်ဝန်းကျင်ရှိ ပျော့ပျောင်းသော တစ်သျှုးများကိုထိခိုက်မှုမဖြစ်စေဘဲ နောက်ဆက်တွဲပြဿနာများကိုလည်း လျှော့ချပေးပါသည်။ ထို့အပြင်၊ VELYS™ သည် အနီအောက်ကင်မရာနှင့် ခြေရာခံစနစ်များကို အသုံးပြု၍ လူနာ၏ ဒူးဆစ်ဖွဲ့စည်းပုံဆိုင်ရာ အချက်အလက်များကို စုဆောင်းပေးပြီး၊ လူနာတစ်ဦးချင်းစီအတွက် သင့်လျော်ဆုံးသော ဒူးအစားထိုးကုသမှုကို ဖြစ်ပေါ်စေသည့်အပြင် ခွဲစိတ်ပြီးနောက် လှုပ်ရှားနိုင်စွမ်းကို ပိုမိုကောင်းမွန်စေပြီး အစားထိုးကိရိယာ၏ သက်တမ်းကို ပိုမိုတာရှည်ခံစေပါသည်။

    VELYS™ Robotic-Assisted Solutions အတွက်သင့်တော်သူများ

    • အသက်ကြီးလာခြင်းကြောင့် ဒူးအဆစ်ရောင်ရောဂါ ခံစားနေရသူများ
    • အသက်အရွယ်ကြောင့်မဟုတ်သော အကြောင်းရင်းများ (ဥပမာ – အဆစ်ရောင်နာကျင်ရောဂါ သို့မဟုတ် မတော်တဆထိခိုက်မှုများ) ကြောင့် ဒူးအဆစ်ရောင်ရောဂါ ခံစားနေရသူများ
    • ယခင်က ဒူးအစားထိုး ခွဲစိတ်ကုသမှု ခံယူဖူးပြီး ဒူးဆစ်၏လုပ်ဆောင်နိုင်စွမ်း သို့မဟုတ် လှုပ်ရှားနိုင်စွမ်း ထိခိုက်နေသော လူနာများ

    VELYS™ เทคโนโลยีหุ่นยนต์ช่วยผ่าตัดข้อเข่าเทียมเฉพาะบุคคล

    VELYS™ Robotic-Assisted Solutions ၏ အထူးနည်းစနစ်များ

    • CT-Free နည်းပညာ – VELYS™ Robotic-Assisted Solution သည် CT-free နည်းပညာကို အသုံးပြုထားပြီး၊ ဆရာဝန်များအား အစားထိုးကုသမှုများကို တိကျစွာလုပ်ဆောင်နိုင်စေရန်နှင့် အစားထိုးကိရိယာများကို မှန်ကန်စွာတပ်ဆင်နိုင်ရန် ကူညီပေးပါသည်။ CT scan မလိုအပ်သောကြောင့် ခွဲစိတ်ချိန်ကို လျှော့ချနိုင်ပြီး၊ လူနာများအား ရောင်ခြည်ထိတွေ့မှုမှ ကင်းဝေးစေကာ လုံခြုံစိတ်ချရမှုကို ပိုမိုမြှင့်တင်ပေးပါသည်။ 
    • အချိန်နှင့်တပြေးညီဒေတာစနစ် – VELYS™ စက်ရုပ်သည် အမြန်နှုန်းမြင့် ကင်မရာနှင့် ရွေ့လျားမှုနည်းပညာများကြောင့် အချိန်နှင့်တစ်ပြေးညီ ပုံရိပ်များကို ပြသနိုင်ပြီး ခွဲစိတ်နေစဉ်အတွင်း ဆုံးဖြတ်ချက်များချမှတ်နိုင်ရန် အထောက်အကူပြုပါသည်။ ဤစနစ်သည် ဆရာဝန်အား အဆစ်ရောင်ရမ်းမှုကြောင့် ပျက်စီးနေသော အရိုးနုများကို တိကျစွာဖယ်ရှားနိုင်စေပြီး၊ ဒူးဆစ်၏ တင်းအားမျှတမှု နှင့် လှုပ်ရှားနိုင်စွမ်းကို သေချာစေကာ အစားထိုးကိရိယာ၏ တည်နေရာကို မှန်ကန်စွာ ချိန်ညှိပေးပါသည်။
    • လိုက်လျောညီထွေဖြစ်အောင် စီစဉ်ခြင်း – VELYS™ Robotic-Assisted Solutions သည် ဆရာဝန်အား လူနာ၏ ခန္ဓာဗေဒအလိုက် စိတ်ကြိုက်ညှိယူနိုင်သောစနစ်ဖြင့် လူနာတစ်ဦးချင်းစီအတွက် သင့်လျော်ဆုံးသော ထိရောက်မှုရှိသည့် ဒူးဆစ်အစားထိုးခွဲစိတ်ကုသမှုကို ဖြစ်ပေါ်စေပါသည်။

    VELYS™ Robotic-Assisted Solutions ကို ဘာကြောင့်ရွေးချယ်သင့်တာပါလဲ။

    • မြင့်မားသောတိကျမှု – VELYS™ သည် ခွဲစိတ်မှုဆိုင်ရာ သုံးသပ်ချက်များနှင့် စိတ်ကြိုက်ညှိယူနိုင်သော စီမံချက်များကို ပံ့ပိုးပေးသည့် အဆင့်မြင့်နည်းပညာကို အသုံးပြုထားပြီး၊ ခွဲစိတ်မှုတွင် အမြင့်မားဆုံး တိကျမှုကို ပေးစွမ်းပါသည်။ စက်ရုပ်သည် ဆရာဝန်အား ဒူးဆစ်၏ တည်နေရာကို 0.5 mm သို့မဟုတ် 0.5 ဒီဂရီအထိ ညှိနှိုင်းမှုဖြင့် ဒူးဆစ်အစားထိုးခွဲစိတ်ကုသမှုတွင် အမြင့်မားဆုံးတိကျမှုကို ရရှိစေပါသည်။
    • လျင်မြန်စွာပြန်လည်ကောင်းမွန်လာခြင်း – VELYS™ မှ ထုတ်လုပ်ပေးသော အသေးစိတ်ပုံရိပ်များကြောင့်၊ ခွဲစိတ်ချိန်ကို လျှော့ချနိုင်ပြီး လူနာများအား မြန်မြန်ဆန်ဆန် ပြန်လည်ကောင်းမွန်လာစေကာ နေ့စဉ်ဘဝသို့ အမြန်ပြန်လည်ဝင်ရောက်နိုင်စေပါသည်။ 
    • နာကျင်မှုနည်းပါးခြင်း – VELYS™ Robotic-Assisted Solutions ဖြင့် ဒူးဆစ်အစားထိုးခွဲစိတ်ကုသမှုသည် နာကျင်မှုကို လျှော့ချပေးပြီး၊ အနီးပတ်ဝန်းကျင်ရှိ တစ်သျှူးများကို ထိခိုက်မှုနည်းစေကာ၊ လူနာများအား ပိုမိုကောင်းမွန်သော လှုပ်ရှားနိုင်စွမ်းဖြင့် လှုပ်ရှားသွားလာနိုင်စေပါသည်။ 
    • တစ်ဦးချင်းစီအလိုက်ခွဲစိတ်မှု အစီအစဉ် : လူနာတစ်ဦးချင်းစီ၏ မတူညီသော ဒူးဆစ်ဖွဲ့စည်းပုံအရ၊ စက်ရုပ်အကူနည်းပညာသည် ဆရာဝန်အား လူနာ၏ ခန္ဓာဗေဒနှင့် ကိုက်ညီသော အစားထိုးကိရိယာ၏ တည်နေရာကို တိကျသေချာစွာထိန်းညှိနိုင်ပြီး၊ လူနာတစ်ဦးချင်းစီအတွက် သင့်လျော်ဆုံးသော ဒူးဆစ်အစားထိုးခွဲစိတ်ကုသမှုကို ပြုလုပ်နိုင်စေပါသည်။ 
    • မျှတသော တင်းအား –  VELYS™ စက်ရုပ်နည်းပညာစနစ်သည် 0.5 mm သို့မဟုတ် 0.5 ဒီဂရီအထိ တိကျမှုဖြင့် ဆရာဝန်အား ပျော့ပျောင်းသော တစ်သျှူးများကိုထိခိုက်မှုအနည်းဆုံးဖြင့် ခွဲစိတ်မှုကို ပြုလုပ်နိုင်စေပါသည်။ ခွဲစိတ်နေစဉ်အတွင်း ဒူးဆစ်၏ တည်နေရာကို အတိအကျညှိယူနိုင်ပြီး၊ လှုပ်ရှားနိုင်စွမ်းအတွင်း တစ်သျှူး နှင့် အရွတ်များအနီးတစ်ဝိုက်ရှိ တင်းအားမျှတမှုကို သေချာစေကာ ဒူးဆစ်၏ မျှတမှုကို ထိန်းသိမ်းပေးပါသည်။ 
    • နောက်ဆက်တွဲပြဿနာများကို ‌‌လျော့နည်းစေခြင်း – VELYS™ စနစ်၏ အထူးစနစ်များသည် ခွဲစိတ်ကိရိယာများကို တိကျသေချာစွာ ထိန်းညှိပေးသောကြောင့်၊ တစ်သျှူးများနှင့် အရွတ်များ ရောင်ရမ်းမှုနှင့် ထိခိုက်မှုများကို လျှော့ချပေးပါသည်။
    • အစားထိုးပစ္စည်းပိုမိုတာရှည်ခံခြင်း – VELYS™ Robotic-Assisted Solutions သည် အစားထိုးပစ္စည်းကို အတိအကျတပ်ဆင်နိုင်သောကြောင့် အစားထိုးပစ္စည်း၏သက်တမ်းကို ပိုမိုတာရှည်ခံစေပါသည်။

    VELYS™ เทคโนโลยีหุ่นยนต์ช่วยผ่าตัดข้อเข่าเทียมเฉพาะบุคคล

    VELYS™ Robotic-Assisted Solutions ဖြင့် ဒူးဆစ်အစားထိုးခွဲစိတ်ကုသမှုမပြုလုပ်မီ လူနာများအတွက် ညွှန်ကြားချက်များ

    ခွဲစိတ်မှုမတိုင်မီ လူနာ၏ ကျန်းမာရေးအခြေအနေကို အကောင်းဆုံးဖြစ်စေရန် ဆေးဘက်ဆိုင်ရာဆရာဝန်အဖွဲ့မှ စစ်ဆေးချက်များကို သေချာစွာပြုလုပ်ပေးပါသည်။ လူနာများသည် သွေးကျဲဆေးများ (antiplatelet သို့မဟုတ် anticoagulant) သောက်သုံးနေပါက သွေးထွက်နိုင်ခြေကို ကာကွယ်နိုင်စေရန် ခွဲစိတ်မှုမတိုင်မီ ယာယီရပ်ဆိုင်းရန် လိုအပ်ပါသည်။ လူနာတွင် အခြားသော နာတာရှည်ရောဂါများရှိပါက ခွဲစိတ်ဆရာဝန်အား အသိပေးရန် အရေးကြီးပါသည်။

    ခွဲစိတ်မှုပြီးနောက် လူနာများအတွက် ညွှန်ကြားချက်များ

    လူနာများသည် ဆရာဝန်ညွှန်ကြားချက်ကို တိကျစွာလိုက်နာသင့်ပါသည်။ လူနာအများစုသည် ခွဲစိတ်မှုပြီးသည့်နေ့တွင်ပင် သို့မဟုတ် ခွဲစိတ်ပြီး ၂၄ နာရီအတွင်း လမ်းလျှောက်နိုင်ကြပါသည်။ ခွဲစိတ်မှုပြီးနောက် ၁-၂ ရက်ခန့်အကြာတွင် ပြန်လည်ကောင်းမွန်လာပြီး၊ ဒူးဆစ်များကို သန်မာစေရန်အတွက် ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းများကို ပြုလုပ်ပေးရပါသည်။

    VELYS™ Robotic-Assisted Solutions နှင့်ဆက်စပ်သော ဖြစ်နိုင်ခြေရှိသည့် အန္တရာယ်များ?

    ခွဲစိတ်မှုဆိုင်ရာ အန္တရာယ်များသည် လူနာတစ်ဦးချင်းစီ၏ အခြေအနေနှင့် ရောဂါ၏ ပြင်းထန်မှုအပေါ် မူတည်နိုင်ပါသည်။ လူနာတစ်ဦးချင်းစီသည် ခွဲစိတ်မှုအတွက် သင့်လျော်မှုရှိစေရန်၊ အရိုးအထူးကုဆရာဝန်နှင့် ဆေးဘက်ဆိုင်ရာအဖွဲ့သည် ခွဲစိတ်မှုမပြုလုပ်မီ လူနာ၏ ကျန်းမာရေးအခြေအနေကို သေချာစွာ အကဲဖြတ်ရန် လိုအပ်ပါသည်

    ဘန်ကောက်နိုင်ငံတကာဆေးရုံကြီး – VELYS™ Robotic-Assisted Solutions ဖြင့် ဒူးဆစ်ရိုးအစားထိုးခွဲစိတ်ကုသမှုတွင် အထူးကျွမ်းကျင်သော ဆေးရုံကြီး

    ဘန်ကောက်နိုင်ငံတကာဆေးရုံကြီး ၏ Hip and Knee Center သည် JCI (USA) မှ အသိအမှတ်ပြုထားသော “Total Knee Replacement Program” ကို ထူထောင်ထားရှိပြီး အရိုးဆစ်အစားထိုးကုသမှုတွင် ရှေ့ဆောင်လမ်းပြအဖြစ် ရပ်တည်လျက်ရှိပါသည်။ ကျွန်ုပ်တို့၏ အရိုးအထူးကုဆရာဝန်များသည် VELYS™ Robotic-Assisted Solutions ဖြင့် ဒူးဆစ်အစားထိုးခွဲစိတ်ကုသမှုတွင် အထူးကျွမ်းကျင်ပြီး၊ အတွေ့အကြုံများစွာရှိသော ပညာရှင်များဖြစ်ပါသည်။ အဆင့်မြင့်နည်းပညာများနှင့် ဆေးဘက်ဆိုင်ရာအဖွဲ့များ၏ ပံ့ပိုးမှုဖြင့်၊ ဒူးဆစ်အစားထိုးခွဲစိတ်ကုသမှုသည် ခွဲစိတ်ရာသေးငယ်ပြီး နာကျင်မှုနည်းပါးခြင်း၊ ခွဲစိတ်ပြီးနောက်ဆက်တွဲပြဿနာများကို လျှော့ချပေးပြီး လူနာများအား လျင်မြန်စွာပြန်လည်နာလန်ထစေကာ နေ့စဉ်ဘဝနှင့် လှုပ်ရှားမှုများသို့ အမြန်ပြန်လည်ဝင်ရောက်နိုင်စေပါသည်။

    VELYS™ စက်ရုပ်နည်းပညာဖြင့် ဒူးဆစ်အစားထိုးခွဲစိတ်မှုတွင် ကျွမ်းကျင်သော ဆရာဝန်များ

    Dr. Phonthakorn Panichkul

    အရိုးအထူးကုဆရာဝန်

    တင်ပါးဆုံရိုး နှင့် ဒူးခေါင်းအထူးကုစင်တာ

    ဘန်ကောက်နိုင်ငံတကာဆေးရုံကြီး

    သင်ကိုယ်တိုင် ရက်ချိန်းယူရန် ဤနေရာကိုနှိပ်ပါ ။

    သတင်းရင်းမြစ်

    Doctor Image

    Dr. Phonthakorn Panichkul

    Orthopedic Surgery

    Dr. Phonthakorn Panichkul

    Orthopedic Surgery

    Doctor profileDoctor profile

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    တင်ပါးဆုံနှင့်ဒူးခေါင်းပိုင်းဆိုင်ရာအထူးကုစင်တာ

    ပထမထပ်၊ Bangkok International Hospital (တောင်ဘက်အဆောင်)

    တနလာ်‌နေ့ မှ သောကြာနေ့ထိ မနက် ၈ နာရီ မှ ညနေ ၅ နာရီ

    (+66) 2310 3731

    (+66) 2310 3732

    1719 (local mobile calls only)

    [email protected]

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    ပက်ကေ့ဂျ်များနှင့် ပရိုမိုးရှင်းများ

    တင်ပါးဆုံရိုး နှင့် ဒူးခေါင်းခွဲစိတ်ကုသမှုဆိုင်ရာ အထူးပက်ကေ့ဂျ်များတင်ပါးဆုံရိုး နှင့် ဒူးခေါင်းခွဲစိတ်ကုသမှုဆိုင်ရာ အထူးပက်ကေ့ဂျ်များ
    တင်ပါးဆုံရိုး နှင့် ဒူးခေါင်းခွဲစိတ်ကုသမှုဆိုင်ရာ အထူးပက်ကေ့ဂျ်များ

    344,000 - 730,000 ဘတ်

    အသေးစိတ်
    ပက်ကေ့ဂျ်များ ပိုမိုကြည့်ရှုမည်

    ကျန်းမာ

    ကျန်းမာ

    ကျန်းမာ

    အတုတင်ပါးဆုံရိုးအဆစ် ယိုယွင်းပျက်စီးသွားပါက တင်ပါးဆုံရိုးအစားထိုးခွဲစိတ်မှုကို ထပ်မံပြုလုပ်ပါ။ Image
    AI
    အတုတင်ပါးဆုံရိုးအဆစ် ယိုယွင်းပျက်စီးသွားပါက တင်ပါးဆုံရိုးအစားထိုးခွဲစိတ်မှုကို ထပ်မံပြုလုပ်ပါ။
    သက်ကြီးရွယ်အိုများတွင် ဒူးခေါင်းများ ရောင်ရမ်းခြင်းသည် အရိုးအဆစ်ရောင်ခြင်း၏ သတိပေးလက္ခဏာဖြစ်သည်။ Image
    AI
    သက်ကြီးရွယ်အိုများတွင် ဒူးခေါင်းများ ရောင်ရမ်းခြင်းသည် အရိုးအဆစ်ရောင်ခြင်း၏ သတိပေးလက္ခဏာဖြစ်သည်။
    တင်ပါးဆုံရိုးနာခြင်းအကြောင်း ဒဏ္ဍာရီများ Image
    AI
    တင်ပါးဆုံရိုးနာခြင်းအကြောင်း ဒဏ္ဍာရီများ
    ကျန်းမာ