Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Doctor not found
Doctor not found
Doctor not found
Doctor not found
Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    Alzheimer’s (အယ်လ်ဇိုင်းမား) မှတ်ဉာဏ်ချို့ယွင်းမှုရောဂါအား နည်းပညာသစ်ဖြင့် နာကျင်မှုကင်း၍ တိကျစွာ ကုသနည်း

    4 ဖတ်ပြီး မိနစ်(များ)
    သတင်းရင်းမြစ်
    Package Image
    Lt.gen. Dr. Yotin Chinvarun

    Bangkok International Hospital (Brain x Bone)

    အပ်ဒိတ်လုပ်သောနေ့: 23 ဒီ 2025
    Lt.gen. Dr. Yotin Chinvarun
    Lt.gen. Dr. Yotin Chinvarun
    Bangkok International Hospital (Brain x Bone)
    အကြံပြု ပက်ကေ့ဂျ်များ
    Package Image
    တင်ပါးဆုံရိုး နှင့် ဒူးခေါင်းခွဲစိတ်ကုသမှုဆိုင်ရာ အထူးပက်ကေ့ဂျ်များ
    Alzheimer’s (အယ်လ်ဇိုင်းမား) မှတ်ဉာဏ်ချို့ယွင်းမှုရောဂါအား နည်းပညာသစ်ဖြင့် နာကျင်မှုကင်း၍ တိကျစွာ ကုသနည်း
    Bangkok International Hospital (Brain x Bone)
    အပ်ဒိတ်လုပ်သောနေ့: 23 ဒီ 2025

    photo​

    လူအများစုသည် မိမိတို့တွင် အယ်လ်ဇိုင်းမားရောဂါ ရှိသည်ကို မသိသောကြောင့် ဆေးကုသမှု ခံယူလေ့မရှိပေ။ ထိုအခါ ကုသရန်ခက်ခဲသည်အထိ ရောဂါဆိုးရွားလာနိုင်သည်။ အယ်လ်ဇိုင်းမားရောဂါရှာဖွေကုသခြင်းသည် ယခုအခါ ပိုအရေးကြီးလာသောကြောင့် ဆေးပညာရှင်များမှ နာကျင်မှုကင်း၍ တိကျစွာ ကုသနည်းသစ်များအား ရှာဖွေလာကြသည်။

    ဘန်ကောက်ဆေးရုံကြီးရှိ ဦးနှောက်နှင့် အာရုံကြောဆရာဝန် ဒေါက်တာ Yotin Chinvarun မှ Alzheimer’s သည် ယခင်က အသက် ၆၅ နှစ် အထက်တွင်သာ တွေ့ရလေ့ရှိသော်လည်း ယခုအခါ အသက် ၄၀ မှ ၆၅ နှစ် အတွင်း အတွေ့များလာသည် ဟုပြောသည်။ ယနေ့ ထိုင်းနိုင်ငံရှိ လူပေါင်း ၂ သန်းခန့်မှာ အယ်လ်ဇိုင်းမားရောဂါခံစားနေရသည်။   

    အယ်လ်ဇိုင်းမားရောဂါသည် မှတ်ဉာဏ်ချို့ယွင်းသောလက္ခဏာများသိသိသာသာ မပေါ်ခင် လွန်ခဲ့သော အနှစ် ၁၅ – ၂၀ ကတည်းက မိမိတွင် စတင်ဖြစ်ပွားနေနိုင်ပြီ ဖြစ်သည်။ မှတ်ဉာဏ်ပျောက်ဆုံးခြင်း မှစပြီး တဖြည်းဖြည်း လက္ခဏာများဆိုးရွားလာမည်။ မှတ်ဉာဏ်ဆုံးရှုံးမှုသည် ဦးနှောက်ဆဲလ်များအား သေစေသော amyloid beta များ ၁၀–၁၅နှစ်အတွင်း စုပုံလာခြင်းကြောင့်ဖြစ်သည်။ ဦးနှောက်ယိုယွင်းခြင်း၏ လက္ခဏာများသည် ရောဂါရင့်လာသည်နှင့် အမျှ ပိုမိုသိသာလာမည်။ ထို့ကြောင့် လက္ခဏာပေါ်လာသည်နှင့် တပြိုင်နက် စောစီးစွာ ကုသရန် လိုအပ်သည်။ 

    မေ့လျော့ခြင်းသည် သာမန် ဖြစ်ရိုးဖြစ်စဉ်တစ်ခုဟု လူအများစုမှာ သတိမထားပဲ မှတ်ယူတတ်ကြသော်လည်း တခါတရံ ၎င်းသည် အယ်လ်ဇိုင်းမားရောဂါ၏ ရှေ့ပြေးလက္ခဏာ ဖြစ်နေတတ်သည်။ အယ်လ်ဇိုင်းမားရောဂါနှင့် ပတ်သက်သော အယူအဆအမှားများမှာ သက်ကြီးရွယ်အိုများတွင်သာ အများဆုံးတွေ့ရခြင်း၊ ကြိုတင်ကာကွယ်၍မရခြင်း၊ ကုသ၍ မရခြင်း၊ တစ်သက်လုံးဆေးဆွဲသောက်ရခြင်း တို့ ဖြစ်သည်။   

    ထို့ကြောင့် မိသားစု သို့မဟုတ် ချစ်ခင်ရသူများတွင် ဆေးသောက်ရန်မေ့ခြင်း၊ ဂတ်စ်မီးဖို ပိတ်ရန်မေ့ခြင်း၊ သော့မေ့ကျန်ခြင်း၊ တံခါးသော့ခတ်ရန် မေ့ခြင်းစသည့် ရောဂါလက္ခဏာများ ပေါ်လာခြင်းရှိမရှိ သတိပြုသင့်သည်။ အခြားသောလက္ခဏာများမှာ လေ့လာသင်ယူရန် ခက်ခဲခြင်း၊ အမည်များကဲ့သို့ အသေးစိတ်အချက်အလက်များကို မမှတ်မိခြင်း၊ အိပ်မပျော်ခြင်းနှင့် အမြင်မှားခြင်းများ ဖြစ်သည်။ အထက်ပါ လက္ခဏာများ ရှိလာပါက ဦးနှောက်နှင့် အာရုံကြောဆရာဝန်ထံ ပြသရန် လိုအပ်သည်။ 

    မှတ်ဉာဏ်စမ်းသပ်မှုနှင့် PET scan သို့မဟုတ် ကွန်ပျူတာဓာတ်မှန် (CT scan) ၏ရလဒ်များမှတဆင့် မှတ်ဉာဏ်ချို့ယွင်းမှု၏ ၉၀ ရာခိုင်နှုန်းအား ခန့်မှန်းနိုင်သည်။ 

    စောစီးစွာရောဂါရှာဖွေကုသခြင်းဆိုသည်မှာ လူနာသည် အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားနိုင်သည့်အန္တရာယ်အား သိရှိနားလည်ပြီး မိမိ၏လူနေမှုပုံစံကို ပြောင်းလဲခြင်း ဖြစ်သည်။ မှတ်ဉာဏ်ကောင်းမွန်ရန် အားပေးသောအလေ့အကျင့်များမှာ စာဖတ်ခြင်း၊ သင်္ချာဂိမ်းများဆော့ခြင်း၊ လူမှုဆက်ဆံရေးနှင့် လူသစ်များနှင့် တွေ့ဆုံခြင်းစသည်တို့ ဖြစ်သည်။ ထိုအလေ့အကျင့်များသည် အယ်လ်ဇိုင်းမားလက္ခဏာများအား လျှော့ချခြင်း (သို့) ပိုမဆိုးသွားရန် ကူညီပေးသည်။

    Wattanosoth ဆေးရုံရှိ အနုမြူနှလုံးဆရာဝန် ဒေါက်တာ Samart Rajchadara မှ ရေဒီယိုသတ္တိကြွဒြပ်စင်အသုံးပြုသော PET scan သည် အယ်လ်ဇိုင်းမားရောဂါ ရှာဖွေကုသရာတွင် အသုံးဝင်ပြီး ဓာတ်ရောင်ခြည်ထိတွေ့မှုနည်းသောကြောင့် အန္တရာယ်ကင်းစွာ ကုသနိုင်သည်ဟုဆိုသည်။

    ယနေ့ခေတ် နျူကလိယဆေးပညာ၌ ရေဒီယိုနူကလစ်နှင့် လူလုပ်ဓာတုဒြပ်ပေါင်းမျိုးစုံအား ပေါင်းစပ်ပြီး ခန္ဓာကိုယ်ရှိ သကြားဓာတ် (သို့ ) အမိုင်နိုအက်ဆစ်နှင့် တူသော ဒြပ်ပေါင်းများဖန်တီးနေပြီဖြစ်သည်။ ထိုဒြပ်ပေါင်းများအား ထိုးဆေးနှင့် သောက်ဆေးနှစ်မျိုးလုံး အသုံးပြုနိုင်သည်။

    ရေဒီယိုနူကလစ်သည် သွေးကြောများနှင့် တစ်ရှူးများမှတစ်ဆင့် ကိုယ်တွင်းအင်္ဂါများသို့ ပျံ့နှံ့သွားပြီး ဇီဝဖြစ်စဉ်လုပ်ငန်းများကို သိမြင်နိုင်သည်။ ထို့ကြောင့် PET Scan သည် နာကျင်မှုမရှိသော ပုံရိပ်စစ်ဆေးမှုတစ်ခုဖြစ်ပြီး အယ်လ်ဇိုင်းမားရောဂါရှာဖွေရာတွင် အလွန်အသုံးဝင်သည်။ ၎င်းသည် ခန္ဓာကိုယ်၏ ဝင်ရိုးတစ်လျှောက်အား 3D ရုပ်ပုံများအဖြစ်သို့ ထုတ်လွှင့်ပေးနိုင်သည်။ ခန္ဓာကိုယ်အတွင်း ဒြပ်ပေါင်း ပျံ့နှံ့မှု အရေအတွက် အား တိုင်းတာ၍ ဆဲလ်နှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများ၏ လုပ်ဆောင်မှု၊ တစ်ရှူးများ၏ ဇီဝဖြစ်စဉ်ကို သိရှိနိုင်သည်။ PET scan သည် ကင်ဆာရောဂါ၊ နှလုံးကြွက်သား သွေးမလျှောက်ခြင်း၊ နှလုံးကြွက်သား ပုပ်ခြင်း၊  ဦးနှောက်အကျိတ်များ၊ ဦးနှောက်အတက်ရောဂါ ၏အကြောင်းရင်းများကို ရှာဖွေခြင်းနှင့် အတိတ်မေ့ရောဂါစသည် ရောဂါများကို ရှာဖွေကုသခြင်းတို့တွင် အသုံးဝင်သည်။

    အတိတ်မေ့ရောဂါ (သို့ ) အယ်လ်ဇိုင်းမားရောဂါများ၌ PET စကင်န်အားအသုံးပြု၍ ဂလူးကို့စ်နှင့်သကြားပမာဏတိုင်းခြင်းဖြင့် ဦးနှောက်ဆဲလ်များ၏လုပ်ဆောင်နိုင်စွမ်းကို သိရှိနိုင်သည်။ ၎င်းသည် အနာဂတ်၌ မှတ်ဉာဏ်ဆိုင်ရာပြဿနာများဖြစ်လာနိုင်သော ဦးနှောက်အတွင်းရှိနေရာများအား 2D နှင့် 3D ပုံစံ နှစ်မျိုးလုံးဖြင့် ရုပ်ပုံများ ပြသပေးပြီး အယ်လ်ဇိုင်းမား၏ အစောပိုင်း၊ အလယ်ပိုင်းနှင့် နောက်ပိုင်းအဆင့်များတွင် ရောဂါ၏ပြင်းထန်မှုကို လေ့လာနိုင်သည်။

    အယ်လ်ဇိုင်းမားရောဂါရှင်များ၏ ဦးနှောက်တွင်  အမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်သော Amyloid Beta များကို တွေ့ရတတ်သည်။ 

    ထို့ကြောင့် နောက်ဆုံးပေါ်နည်းပညာစမ်းသပ်မှုဖြစ်သော PET scan နှင့် C11-PIB (Pittsburgh Compound B) အား သုံး၍ ရောဂါရှာဖွေလေ့ရှိသည်။ Pittsburgh Compound B ဖြင့် ဦးနှောက်အတွင်းရှိ amyloid beta ပါဝင်မှုရှိမရှိအား မထင်မရှားအဆင့်တွင်ပင် သိနိုင်သည်။ တစ်ရှူးနမူနာများအား ကျောရိုးမှယူရန်မလိုအပ်ပဲ ရောဂါကို  နာကျင်မှုမရှိဘဲ သက်သောင့်သက်သာဖြင့် တိကျစွာ ရှာဖွေနိုင်မည်ဖြစ်သည်။ ထိုင်းနိုင်ငံရှိ Bangkok Hospital သည် Pittsburgh Compound B အား အောင်မြင်စွာ ထုတ်လုပ်နိုင်သည့် ပထမဆုံးနှင့် တစ်ခုတည်းသော ဆေးရုံ ဖြစ်သည်။  

    အယ်လ်ဇိုင်းမားရောဂါသည် အချိန်မှီ ကုသမှု မခံယူပါက ရောဂါပြင်းထန်နိုင်သည်။ ထို့ကြောင့် ဦးနှောက်လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ စာအုပ်များဖတ်ခြင်း၊ အပြုသဘောဆောင်ခြင်း၊ စိတ်ဖိစီးမှုရှောင်ကြဉ်ခြင်း၊ အာဟာရနှင့် ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းစသည့် ရိုးရှင်းသောနည်းလမ်းများဖြင့် မိမိ ၏ စိတ်ကျန်းမာရေးကို ဂရုစိုက်နိုင်ပါသည်။

    အသက် 40 ကျော်သူများ၌ အယ်လ်ဇိုင်းမားရောဂါအား စောစီးစွာရှာဖွေစမ်းသပ်ခြင်းသည် ကုသရန် နှင့် ရောဂါ ပိုမိုမဆိုးသွားစေရန် အထောက်အကူပြုသည်။

    သတင်းရင်းမြစ်

    Doctor Image

    Lt.gen. Dr. Yotin Chinvarun

    Neurology

    Lt.gen. Dr. Yotin Chinvarun

    Neurology

    Doctor profileDoctor profile

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    မှတ်ဉာဏ်

    ဒုတိယထပ်၊ Bangkok International Hospital

    တနလာ်မှသောကြာ မနက် ၇နာရီ မှ ညနေ ၆နာရီ

    စနေ၊တနဂ်နွေ မနက် ၇နာရီ ညနေ ၅ နာရီ

    (+66) 2310 3011

    1719 (local mobile calls only)

    [email protected]

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    ပက်ကေ့ဂျ်များနှင့် ပရိုမိုးရှင်းများ

    တင်ပါးဆုံရိုး နှင့် ဒူးခေါင်းခွဲစိတ်ကုသမှုဆိုင်ရာ အထူးပက်ကေ့ဂျ်များတင်ပါးဆုံရိုး နှင့် ဒူးခေါင်းခွဲစိတ်ကုသမှုဆိုင်ရာ အထူးပက်ကေ့ဂျ်များ
    တင်ပါးဆုံရိုး နှင့် ဒူးခေါင်းခွဲစိတ်ကုသမှုဆိုင်ရာ အထူးပက်ကေ့ဂျ်များ

    344,000 - 730,000 ဘတ်

    အသေးစိတ်
    ပက်ကေ့ဂျ်များ ပိုမိုကြည့်ရှုမည်

    ကျန်းမာ

    ကျန်းမာ

    ကျန်းမာ

    အယ်လ်ဇိုင်းမားရောဂါ... မြန်မြန်သိပြီး ရောဂါကို နှောင့်နှေးစေနိုင်ပါတယ်။ Image
    AI
    အယ်လ်ဇိုင်းမားရောဂါ... မြန်မြန်သိပြီး ရောဂါကို နှောင့်နှေးစေနိုင်ပါတယ်။
    dementia နဲ့ မေ့မေ့ပျောက်ပျောက် Image
    AI
    dementia နဲ့ မေ့မေ့ပျောက်ပျောက်
    သက်ကြီးရွယ်အိုတွေမှာ ဦးနှောက်ကို အာဟာရဖြည့်ပေးပြီး မှတ်ဉာဏ်ကို မြှင့်တင်ပေးပါတယ်။ Image
    AI
    သက်ကြီးရွယ်အိုတွေမှာ ဦးနှောက်ကို အာဟာရဖြည့်ပေးပြီး မှတ်ဉာဏ်ကို မြှင့်တင်ပေးပါတယ်။
    ကျန်းမာ