Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Doctor not found
Doctor not found
Doctor not found
Doctor not found
Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    (၂၄) နာရီအတွင်း ပြန်လည်လမ်းလျှောက်နိုင်ပြီး နာကျင်မှုအနည်းဆုံးဖြင့် အမြန်ဆုံးသက်သာသည့် ဒူးအဆစ်အစားထိုးခွဲစိတ်မှု

    6 ဖတ်ပြီး မိနစ်(များ)
    သတင်းရင်းမြစ်
    Package Image
    Dr. Wallob Samranvedhya

    Bangkok International Hospital (Brain x Bone)

    အပ်ဒိတ်လုပ်သောနေ့: 23 ဒီ 2025
    Dr. Wallob Samranvedhya
    Dr. Wallob Samranvedhya
    Bangkok International Hospital (Brain x Bone)
    အကြံပြု ပက်ကေ့ဂျ်များ
    Package Image
    တင်ပါးဆုံရိုး နှင့် ဒူးခေါင်းခွဲစိတ်ကုသမှုဆိုင်ရာ အထူးပက်ကေ့ဂျ်များ
    (၂၄) နာရီအတွင်း ပြန်လည်လမ်းလျှောက်နိုင်ပြီး နာကျင်မှုအနည်းဆုံးဖြင့် အမြန်ဆုံးသက်သာသည့် ဒူးအဆစ်အစားထိုးခွဲစိတ်မှု
    Bangkok International Hospital (Brain x Bone)
    အပ်ဒိတ်လုပ်သောနေ့: 23 ဒီ 2025

    ဒူးနာခြင်း၊ ဒူးယောင်ယမ်းခြင်း၊ လမ်းလျှောက်သည့်အခါ ပွတ်ကြိတ်သံကြားရခြင်း၊ လှေကားအတက်အဆင်း လမ်းလျှောက်ရခက်ခဲခြင်းအပါအဝင် ခြေထောက်ကို တည့်တည့်မဆန့်နိုင်ခြင်း ကဲ့သို့သော လက္ခဏာတွေ ခံစားဖူးပါသလား?
    အထက်ပါလက္ခဏာများရှိလျှင် ထိုလက္ခဏာများသည် ဒူးအဆစ်ယောင်ခြင်းအတွက် သတိပေးလက္ခဏာများဖြစ်သည်။ ရောဂါဖြစ်နိုင်သော အကြောင်းရင်းအချို့မှာ သက်လတ်ပိုင်း သို့မဟုတ် အသက်ကြီးပိုင်းသူများ၊ အမျိုးသမီးများ၊ အဝလွန်ခြင်း၊ ဒူးကို ထပ်ခါတလဲလဲ ဒဏ်ရာရခြင်း၊ ယခင်ဒူးဒဏ်ရာနှင့် မျိုးရိုးဗီဇဆိုင်ရာ အကြောင်းရင်းများဖြစ်သည်။ ဒူးအဆစ်မျက်နှာပြင်သည် ရောင်ရမ်းခြင်း သို့မဟုတ် ဒဏ်ရာများကြောင့် ကြီးမားသော ထိခိုက်မှုခံစားခဲ့ရပါက လူနာများသည် လမ်းလျှောက်သည့်အခါ သို့မဟုတ် လှေကား အတက်အဆင်းလုပ်သည့်အခါ နာကျင်မှုကို ခံစားရနိုင်သည်။ ထိခိုက်မှု ပိုပြင်းထန်ပါက လူနာများသည် ထိုင်နေစဉ် သို့မဟုတ် အိပ်နေချိန်တွင်ပင် နာကျင်ကိုက်ခဲမှုကို ခံစားရနိုင်သည်။

    လူနာ၏ ဒူးအသုံးပြုပုံနည်းလမ်းများပြောင်းလဲခြင်း၊ ရောင်ရမ်းမှုသက်သာစေသောဆေးများသောက်ခြင်း သို့မဟုတ် လမ်းလျှောက်တုတ်ချောင်းအသုံးပြုခြင်းတို့ဖြင့် ကုသမှုကို စတင်ပါသည်။ အကယ်၍ ဤကြိုတင်ကာကွယ်ဆောင်ရွက်မှုများသည် ထိရောက်မှုမရှိဘဲ လူနာ၏နေထိုင်မှုဘဝအရည်အသွေး ယိုယွင်းလာပါက၊ ဒူးအဆစ်အစားထိုးခွဲစိတ်မှုသည် ရွေးချယ်စရာတစ်ခုဖြစ်ပါသည်။
    ဒူးအဆစ်ကို ပုံမှန်အသုံးပြုနိုင်ရန် ပျက်စီးနေသောဒူးအဆစ်မျက်နှာပြင်ကို သတ္တု သို့မဟုတ် ပလပ်စတစ်ဖြင့် အစားထိုးမည်ဖြစ်သည်။ ခွဲစိတ်မှုနည်းစနစ်များနှင့် ဒူးအဆစ်အစားထိုးပစ္စည်းများ တိုးတက်ခေတ်မှီလာသောကြောင့် ဒူးအဆစ်အစားထိုးကုသမှုသည် အလွန်ထိရောက်သော ခွဲစိတ်ကုသမှုတခုဖြစ်ပါသည်။ လူနာများသည် လျင်မြန်စွာ ကောင်းမွန်လာနိုင်ပြီး ပုံမှန်လုပ်ငန်းများကို ပြန်လည်လုပ်ဆောင်လာနိုင်ပါသည်။


    ဒူးအဆစ် ဖွဲ့စည်းပုံအကြောင်း

    ဒူးခေါင်းအဆစ်သည် ခန္ဓာကိုယ်ရှိ အကြီးဆုံးအဆစ်ဖြစ်ပြီး အရိုးသုံးချောင်းပါဝင်သည်-

    1. ခြေထောက်အထက်ရှိ ပေါင်ရိုး
    2. ခြေထောက်အောက် ခြေသလုံးအရိုး
    3. ဂုံညင်းရိုး (patella) သို့မဟုတ် ဒူးခေါင်းစွပ်

    ၎င်းတို့ကို အရွတ်များနှင့် ကြွက်သားများဖြင့် တွဲလျက် လှုပ်ရှားမှုကို ဖြစ်စေသည်။ အရိုးအပိုင်းတစ်ခုစီတိုင်းသည် ၎င်းတို့ အပြန်အလှန်ဆက်သွယ်မှုအတွက် ကူရှင်အဖြစ် လုပ်ဆောင်ပေးသည့် ဖြူဖွေးချောမွေ့သော တစ်ရှူးအရိုးနုများ (articular cartilage) ဖြင့် ဖုံးအုပ်ထားသည်။ ချောမွေ့သောအရိုးနုသည် ပိုမိုကောင်းမွန်သောလှုပ်ရှားမှုကိုရရှိစေပြီး ပါးလွှာသောအလွှာတစ်ရှူးဖြစ်သော synovial အမြှေးပါးသည် အဆစ်အတွက်ချောဆီကိုထုတ်ပေးသည်။

    ผ่าตัดเปลี่ยนข้อเข่าเทียม เจ็บน้อย ฟื้นตัวไว เดินได้ภายใน 24 ชั่วโมง


    ဒူးနာခြင်းကို ဘာတွေကဖြစ်စေနိုင်သလဲ

    ဒူးနာခြင်း၏ အဖြစ်အများဆုံး အကြောင်းရင်းများမှာ အဆစ်အမြစ်ရောင်ရမ်းခြင်း သို့မဟုတ် နာတာရှည် ဒူးခေါင်းရောင်ရမ်းခြင်းကဲ့သိုသော သွေးလေးဘက်နာ အဆစ်နာ (rheumatoid arthritis) နှင့် ဒူးဒဏ်ရာများ ဖြစ်သည်။

    • ဒူးကျီးပေါင်း (Osteoarthritis) သည် အသက် 50 နှင့်အထက် လူနာများတွင် အဖြစ်များသည်။ အရိုးနုများ စုတ်ပြဲခြင်းကြောင့် မာကြော ကြမ်းတမ်းသော အရိုးများ အချင်းချင်း ပွတ်တိုက်မိခြင်းကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်။ လူနာသည် လှုပ်ရှားနေစဉ်အတွင်း ပွတ်ကြိတ်သံများကို ကြားရမည်ဖြစ်ပြီး နာကျင်မှုနှင့် ဒူးအဆစ်တောင့်တင်းမှုတို့ကိုပါ ဖြစ်စေနိုင်သည်။
    • အဆစ်အမြစ်ရောင်ရမ်းခြင်းဖြစ်စေသော သွေးလေးဘက်နာရောဂါသည် အရိုးအမြှေးပါး (synovium) ထူလာစေပြီး အဆစ်အတွင်းမှ ချောဆီအရည်များပိုမိုထွက်ရှိကာ ရောင်ရမ်းခြင်းကို ဖြစ်စေသည်။ နာတာရှည်ရောင်ရမ်းမှုဖြစ်လာရင် ဒူးအဆစ်တွေကို ပျက်စီးစေနိုင်ပါတယ်။
    • ဒူးဒဏ်ရာ သို့ ဒူးထိခိုက်ဒဏ်ရာရခြင်းသည် အရိုးနုများကို အလွန်အကျွံဖျက်ဆီးနိုင်သလို အရိုးနှင့် အရိုးနုများ ကျိုးသွားနိုင်သည်။

    အရိုးအဆစ် စမ်းသပ်စစ်ဆေးခြင်းများ

    • ဒူးနာခြင်းနှင့် ဒူးအဆစ်လှုပ်ရှားမှုစစ်ဆေးခြင်း အပါအဝင် ရောဂါရာဇဝင်မှတ်တမ်းအပြည့်အစုံ
    • ဒူးအဆစ်လုပ်ဆောင်နိုင်မှု၊ ဒူးပတ်ဝန်းကျင်ရှိ ကြွက်သားနှင့် အရွတ်များ ကြံ့ခိုင်မှု စမ်းသပ်စစ်ဆေးခြင်း
    • ဂေါက် သို့မဟုတ် သွေးလေးဘက်နာရောဂါ ကဲ့သို့သော အဆစ်ရောင်ရမ်းမှု ရောဂါအခံများ ရှိမရှိကို ဆုံးဖြတ်ရန် သွေးစစ်ဆေးခြင်း
    • ဓာတ်မှန်ရိုက်စစ်ဆေးခြင်း – ဒူးကြံ့ခိုင်မှုအခြေအနေကို အကဲဖြတ်ရန် ဓာတ်မှန်ရိုက်ခြင်း
    • တချို့အခြေအနေများတွင်၊ ဒူးအဆစ်ပတ်ဝန်းကျင်ရှိ တစ်ရှူးများနှင့် အရွတ်များ၏အခြေအနေကို ဆုံးဖြတ်ရန် သံလိုက်ဓါတ်မှန် (MRI) ကဲ့သို့သော အခြားရေဒီယိုဓာတ်ရောင်ခြည်စမ်းသပ်မှုများ လိုအပ်နိုင်သည်။

    ဒူးဆစ်ကုသမှု ရွေးချယ်စရာများ

    ကုသမှုသည် ဆောင့်ကြောင့်ထိုင်ခြင်း၊ ဒူးထောက်ခြင်း၊ လှေကားတက်ခြင်း၊ ရွရွပြေးခြင်း နှင့် လေးလံသော ပစ္စည်းများကို မခြင်း တို့ကို ရှောင်ကြဉ်ခြင်းဖြင့် ဒူးပေါ်ရှိ တင်းအားနှင့် ဖိအားများကို လျှော့ချရန် လူနာ၏ ကိုယ်လက်လှုပ်ရှားမှုများကို ပြောင်းလဲခြင်းဖြင့် စတင်ပါသည်။ ဒူးကြွက်သားများ သန်မာစေရန် လေ့ကျင့်ခန်းရော အ‌ရောင်ကျဆေးသောက်ခြင်းတို့ကိုပါ ပြုလုပ်ရမည်ဖြစ်သည်။ ထိုကဲ့သို့ပြုလုပ်မှုများသည် အခြေအနေတိုးတက်ကောင်းမွန်ခြင်း မရှိပါက၊ နာကျင်မှုနှင့် လှုပ်ရှားမှုကို သက်သာစေရန် စတီးရွိုက်ဆေးများ သို့မဟုတ် အဆစ်အတွက်ချောဆီအရည်များကို တုပပြုလုပ်ထားသော ဆေးဝါးများ ဒူးအဆစ်အတွင်းထိုးသွင်းခြင်းကို လုပ်ဆောင်နိုင်သည်။ နောက်ဆုံးအနေနဲ့ နာကျင်မှုကို သက်သာစေဖို့အတွက် ဒူးအဆစ်အစားထိုး ခွဲစိတ်မှုများကို ပြုလုပ်နိုင်ပါတယ်။ လူနာများသည် ခွဲစိတ်ပြီးနောက် လှုပ်ရှားမှုကို ကောင်းမွန်စေပြီး အကူအညီဖြင့် စတင်လမ်းလျှောက်နိုင်သည်။


    ဒူးဆစ်အစားထိုးခွဲစိတ်ကုသမှု

    ဒူးဆစ်အစားထိုးခွဲစိတ်မှု ခံယူသော လူနာများသည် နာကျင်မှု အနည်းဆုံးဖြင့် ၎င်းတို့၏ နေထိုင်မှုဘဝအရည်အသွေးကို ပြန်လည်ရရှိနိုင်မည်ဖြစ်သည်။ လူနာအား ခွဲစိတ်မှုမပြုလုပ်မီ နံနက် သို့မဟုတ် ညတွင် ဆေးရုံတက်ရမည်ဖြစ်သည်။ မေ့ဆေးဆရာဝန်သည် လူနာတစ်ဦးချင်းစီအတွက် သင့်လျော်သော နာကျင်မှုသက်သာစေသောနည်းလမ်းများကို စမ်းသပ်အကဲဖြတ်ပြီး အကြံပြုပါမည်။ နည်းလမ်းများတွင် စိတ်ငြိမ်ဆေးထိုးခြင်း သို့မဟုတ် ကျောရိုးထိုးသွင်းထုံဆေးထိုးခြင်းများ ပါဝင်သည်။ ဒူးအစားထိုး ခွဲစိတ်မှုမှာ ၁ နာရီမှ ၂ နာရီခန့်ကြာမြင့်သည်။ ပျက်စီးနေသောဒူးမျက်နှာပြင်ကို ခွဲစိတ်ဖယ်ရှားပြီး သတ္တု သို့ ပလတ်စတစ်တို့ဖြင့်ပြုလုပ်ထားသော ဒူးအဆစ်အတုကို ထိခိုက်မှု ဒဏ်ခံကာကွယ်ပေးရန် ထည့်သွင်းထားသည်။ ခွဲစိတ်ပြီးနောက် လူနာအား ခွဲစိတ်ပြီးနားနေအခန်းတွင် နောက်ထပ် ၁ နာရီမှ ၂ နာရီကြာ ထပ်မံစောင့်ကြည့်ရမည်ဖြစ်သည်။ လူနာသည် သတိကောင်းစွာရရှိပြီးနောက် အတွင်းလူနာအဆောင်သို့ ရွေ့ပြောင်းပေးမည်ဖြစ်သည်။ လူနာအများစုသည် ဆေးရုံတွင် ၄-၅ ရက်ခန့်နေရသည်။ ကိုယ်ခန္ဓာပြည်လည် သန်စွမ်းရေးပညာရှင်သည် ခွဲစိတ်ပြီးနောက် ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းများကို ချက်ချင်း စတင်မည်ဖြစ်ပြီး ဆေးရုံမှဆင်းပြီး နောက်ပိုင်းတွင် လူနာသည် ပုံမှန်လုပ်ဆောင်မှုများသို့ ပြန်လည်လုပ်ဆောင်နိုင်သည်အထိ မိမိကိုယ်ကိုယ် လှုပ်ရှားသွားလာနိုင်အောင် ကူညီပေးပါသည်။


    ဘန်ကောက်နိုင်ငံတကာဆေးရုံရှိ တင်ပါးဆုံရိုးနှင့်ဒူး ကုသရေးစင်တာကို ဘာကြောင့်ရွေးချယ်သင့်သလဲ။

    ဘန်ကောက်နိုင်ငံတကာဆေးရုံရှိ တင်ပါးဆုံရိုးနှင့် ဒူးကုသရေးစင်တာသည် နာကျင်မှုကို ကုသသည့်နည်းလမ်းဖြစ်သည့် ခြေထောက်အာရုံကြောဆေးထိုးခြင်း (adductor canal block) နှင့် အာထရာဆောင်းလှိုင်းသုံး ကုထုံး (ultrasound waves) (နာကျင်မှုကို သက်သာရန်အတွက် အစားထိုးဖြည့်စွက်ကုထုံး)နှင့် အတူ ဒစ်ဂျစ်တယ်ပုံစံပရိုဂရမ်ကို အသုံးပြု၍ ဒူးဆစ်အစားထိုးခွဲစိတ်မှုကို အစောဆုံးပြုလုပ်ခဲ့သည့် ရှေ့ဆောင်ကုသရေးစင်တာများထဲမှ တစ်ခုဖြစ်သည်။ ထိုပေါင်းစပ်ကုသမှုသည် ဒူးပတ်ဝန်းကျင်ရှိ တစ်ရှူးများ နာကျင်မှုနှင့် ဒဏ်ရာကို သက်သာလျော့နည်းစေသည်။ လူနာများသည် ခွဲစိတ်ပြီးနောက် နောက်ဆက်တွဲပြဿနာများ လျော့နည်းသွားသဖြင့် အမြန်ပြန်လည်ကောင်းမွန်လာကာ (၂၄) နာရီအတွင်း လမ်းပြန်လျှောက်နိုင်သည့်အပြင် ၎င်းတို့၏နေ့စဉ်ပုံမှန်လုပ်ဆောင်ချက်များကို လျှင်မြန်ပြန်လည်လုပ်ဆောင်နိုင်သည်။

    • လူနာအတွက် ပြီးပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှုရရှိစေရန် မေ့ဆေးဆရာဝန်၊ ကိုယ်ခန္ဓာပြည်လည် သန်စွမ်းရေးကုထုံးပညာရှင်နှင့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့်အတူ ဒူးဆစ်အစားထိုးခွဲစိတ်မှုအတွက် အတွေ့အကြုံရက်ကျက်သော ဆေးဘက်ဆိုင်ရာ အထူးကုအဖွဲ့တဖွဲ့ရှိခြင်း
    • USA ရှိ Joint Commission International (JCI) အဖွဲ့အစည်းမှ ချီးမြှင့်သော ဒူးဆစ်အစားထိုးခြင်းအစီအစဉ်အတွက် ကမ္ဘာ့အဆင့်မီ စံချိန်စံညွှန်းလက်မှတ်ရှိခြင်း။
    • နောက်ဆုံးပေါ်နည်းပညာ (ဒစ်ဂျစ်တယ်ပုံစံ/ခွဲစိတ်မှုအကြို အစီအစဉ်ရေးဆွဲထားခြင်း)ဖြင့် ဒူးပတ်ဝန်းကျင်တစ်ရှူးများ ထိခိုက်ဒဏ်ရာရမှုလျှော့ချရန်နှင့် ဒူးအဆစ်တုသက်တမ်းရှည်ကြာစေရန် ဒူးအဆစ်တု၏အရွယ်အစားနှင့် အနေအထားကို ညွှန်ပြရန် တိကျသောလုပ်ငန်းစဉ်ကို အသုံးပြုပါသည်။
    • နာကျင်မှုကို သက်သာစေရန် ခြေထောက်အာရုံကြောထုံဆေးထိုးခြင်းနှင့် ရေဒီယိုအသံလှိုင်းသုံးခြင်းကဲ့သို့သော နာကျင်မှုသက်သာစေသည့်နည်းလမ်းများကို အသုံးပြုပါသည်။
    • ပုံမှန်နှင့် ပရီမီယံ ဒူးဆစ်အတုများသည် အနည်းဆုံး (၁၅) နှစ်မှ (၂၀) နှစ်အထိ ခံနိုင်သည်။
    • အာရုံကြောပျက်စီးခြင်း၊ ရောဂါပိုးဝင်ခြင်း သို့မဟုတ် သွေးခဲခြင်းကဲ့သို့သော နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ခြေနည်းသည်။
    • ခွဲစိတ်မှုအပြီး လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခြင်းအစီအစဉ် (ERAS) ပရိုဂရမ်သည် အတွေ့အကြုံရှိ ကိုယ်ခန္ဓာပြည်လည် သန်စွမ်းရေးကုထုံးပညာရှင်များမှ အမြန်ပြန်လည်ကောင်းမွန်လာစေရန် ကူညီပေးပါသည်။ လူနာများသည် ခွဲစိတ်ပြီးနောက် (၂၄)နာရီအတွင်း လမ်းလျှောက်နိုင်ပြီး ပုံမှန်လုပ်ရိုးလုပ်စဉ်များကို လျှင်မြန်ပြန်လည်လုပ်ဆောင်နိုင်သည်။

    သတင်းအရင်းမြစ်: Dr. Wallob Samranvedhya
    အရိုးအကြောခွဲစိတ်ဆရာဝန် (တင်ပါးဆုံရိုးနှင့် ဒူးကုသမှု အထူးပြု) တင်ပါးဆုံရိုးနှင့်ဒူး ကုသရေးစင်တာ, ဘန်ကောက်အပြည်ပြည်ဆိုင်ရာဆေးရုံ

    သတင်းရင်းမြစ်

    Doctor Image

    Dr. Wallob Samranvedhya

    Orthopedic Surgery

    Dr. Wallob Samranvedhya

    Orthopedic Surgery

    Doctor profileDoctor profile

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    တင်ပါးဆုံနှင့်ဒူးခေါင်းပိုင်းဆိုင်ရာအထူးကုစင်တာ

    ပထမထပ်၊ Bangkok International Hospital (တောင်ဘက်အဆောင်)

    တနလာ်‌နေ့ မှ သောကြာနေ့ထိ မနက် ၈ နာရီ မှ ညနေ ၅ နာရီ

    (+66) 2310 3731

    (+66) 2310 3732

    1719 (local mobile calls only)

    [email protected]

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    ပက်ကေ့ဂျ်များနှင့် ပရိုမိုးရှင်းများ

    တင်ပါးဆုံရိုး နှင့် ဒူးခေါင်းခွဲစိတ်ကုသမှုဆိုင်ရာ အထူးပက်ကေ့ဂျ်များတင်ပါးဆုံရိုး နှင့် ဒူးခေါင်းခွဲစိတ်ကုသမှုဆိုင်ရာ အထူးပက်ကေ့ဂျ်များ
    တင်ပါးဆုံရိုး နှင့် ဒူးခေါင်းခွဲစိတ်ကုသမှုဆိုင်ရာ အထူးပက်ကေ့ဂျ်များ

    344,000 - 730,000 ဘတ်

    အသေးစိတ်
    ပက်ကေ့ဂျ်များ ပိုမိုကြည့်ရှုမည်

    ကျန်းမာ

    ကျန်းမာ

    ကျန်းမာ

    အတုတင်ပါးဆုံရိုးအဆစ် ယိုယွင်းပျက်စီးသွားပါက တင်ပါးဆုံရိုးအစားထိုးခွဲစိတ်မှုကို ထပ်မံပြုလုပ်ပါ။ Image
    AI
    အတုတင်ပါးဆုံရိုးအဆစ် ယိုယွင်းပျက်စီးသွားပါက တင်ပါးဆုံရိုးအစားထိုးခွဲစိတ်မှုကို ထပ်မံပြုလုပ်ပါ။
    သက်ကြီးရွယ်အိုများတွင် ဒူးခေါင်းများ ရောင်ရမ်းခြင်းသည် အရိုးအဆစ်ရောင်ခြင်း၏ သတိပေးလက္ခဏာဖြစ်သည်။ Image
    AI
    သက်ကြီးရွယ်အိုများတွင် ဒူးခေါင်းများ ရောင်ရမ်းခြင်းသည် အရိုးအဆစ်ရောင်ခြင်း၏ သတိပေးလက္ခဏာဖြစ်သည်။
    တင်ပါးဆုံရိုးနာခြင်းအကြောင်း ဒဏ္ဍာရီများ Image
    AI
    တင်ပါးဆုံရိုးနာခြင်းအကြောင်း ဒဏ္ဍာရီများ
    ကျန်းမာ