ထိုင်းနိုင်ငံ၌ နှစ်စဉ် ဧပြီလ ၁၃ ရက်နေ့အား သက်ကြီးရွယ်အိုများနေ့အဖြစ် သတ်မှတ်လေ့ရှိသည်။ သက်ကြီးရွယ်အိုများသည် အသက်ကြီးလာသည်နှင့်အမျှ ခန္ဓာကိုယ်ယိုယွင်းပျက်ဆီး လာကြသည်။ အယ်လ်ဇိုင်းမားရောဂါသည် မှတ်ဉာဏ်ချို့ယွင်းသော ရောဂါ တစ်မျိုးဖြစ်ပြီး မှတ်ဉာဏ်၊ တွေးခေါ်မှုနှင့် အမူအကျင့်ဆိုင်ရာ ကျန်းမာရေးပြဿနာများကို ဖြစ်စေနိုင်သည်။ အယ်လ်ဇိုင်းမားရောဂါ၏ သတိပေးလက္ခဏာများအား သိရှိပြီး ရောဂါအား စောစီးစွာရှာဖွေတွေ့ရှိရန်လိုအပ်သည်။

အယ်လ်ဇိုင်းမားရောဂါ၏ သတိပေးလက္ခဏာ ၁၂ ချက်
- နေ့စဥ်လုပ်ငန်းဆောင်တာများအား အနှောင့်အယှက်ဖြစ်လာသည် အထိ မှတ်ဉာဏ်ဆုံးရှုံးခြင်း
- လုပ်ငန်းစီစဉ်ခြင်းနှင့် ပြဿနာဖြေရှင်းခြင်းများ ခက်ခဲလာခြင်း
- ပုံမှန်လုပ်ဆောင်နေကျလုပ်ငန်းများ ပြီးမြောက်ရန် ခက်ခဲလာခြင်း
- သွားနေကျနေရာများအား မမှတ်မိတော့ခြင်း
- ပစ္စည်း အထားအသို မှားခြင်း နှင့် မိမိလုပ်ဆောင်ခဲ့သည်များကို မမှတ်မိတော့ခြင်း
- အသိမိတ်ဆွေများ၏ အမည်များကို မှတ်မိရန် ခက်ခဲလာခြင်း
- သိရှိချိတ်ဆက်နားလည်မှု ချို့ယွင်းခြင်း
- ရက်စွဲများမေ့ခြင်း
- စိတ်နေစိတ်ထားနှင့် စိတ်အခြေအနေ ပြောင်းလဲလာခြင်း
- အလုပ် သို့ လူမှုရေးပွဲမျာတွင် ပါဝင်ခြင်းမရှိတော့ခြင်း
- အိပ်ရေးပျက်ခြင်း
- အသက်(၆)နှစ်အောက် အယ်ဇိုင်းမားရောဂါရှိကြောင်း မိသားစုဝင် (များ) တွင် တွေ့ရှိခြင်း၊








