Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    လေဖြတ်ခြင်း

    Google AI Translate
    Translated by AI
    ဝန်ဆောင်မှုများ
    ဆရာဝန်များ
    ရောဂါများနှင့်ကုသမှု
    အကဲဖြတ်မှု

    အကျဉ်း

    ကုသမှု

    လေဖြတ်ခြင်းမှကာကွယ်ခြင်း

    ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

    Content Image

    လက်ရှိတွင် အသက် 60 နှစ်အောက် လေဖြတ်လူနာ အရေအတွက် တိုးလာနေသည်။

    လေဖြတ်ခြင်း

    မကြာသေးမီနှစ်များအတွင်း လေဖြတ်ခြင်းသည် အသက် ၆၀ နှစ်အောက် လူများတွင်အဖြစ်များလာပါသည်။ သက်ကြီးရွယ်အိုများ၊ လုပ်ငန်းခွင်ဝင်ရောက်နေသောအရွယ်ရောက်ပြီးသူများနှင့် ဆယ်ကျော်သက်များပင် အကြောင်းခြင်းရာအမျိုးမျိုးတို့ပေါ်မူတည်၍ လေဖြတ်ခြင်းရောဂါဖြစ်နိုင်ပါသည်။

     

    လေဖြတ်ခြင်း၏ 80% သည် ဦးနှောက်သွေးကြောပိတ်၍လေဖြတ်ခြင်းဖြစ်ပါသည်။

    သွေးခဲပိတ်ဆို့၍လေဖြတ်ခြင်း (Embolic stroke)

    ခန္ဓာ ကိုယ်၏ အခြားအစိတ်အပိုင်း ( ဥပမာ– နှလုံး) တွင်ဖြစ်ပေါ်သောသွေးခဲများသည် ခန္ဓာကိုယ်သွေးကြောများမှတစ်ဆင့် ဦးနှောက်အတွင်းရှိ သေးငယ်သောသွေးကြောများသို့ရောက်ရှိပြီး ပိတ်ဆို့ခြင်းကြောင့် ဖြစ်ပေါ်လာပါသည်။

    ဦးနှောက်တွင်းရှိ သွေးကြောငယ်များ ကျဥ◌်း၍ ပိတ်ခြင်း (Thrombotic stroke)

    အသက်အရွယ်ကြီးရင့်ခြင်း၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ မကောင်းသောကိုယ်တွင်းအဆီ (cholesterol, triglycerides and LDL) ဓာတ်များအပါအဝင် သွေးတွင်းအဆီပမာဏများခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းနှင့် သွေးကြောဆိုင်ရာရောဂါရှိသူများတွင် ဖြစ်နိုင်ချေများပါသည်။

     

    လေဖြတ်ခြင်း၏ 20% သည် ဦးနှောက်အတွင်းရှိ သွေးကြောများ ပေါက်ပြဲခြင်း (Hemorrhagic stroke) ကြောင့် ဖြစ်ပါသည်။

    ဦးနှောက်အတွင်းရှိ သွေးကြောများ ပေါက်ပြဲခြင်း ကြောင့်လေဖြတ်ခြင်း (Hemorrhagic stroke)

    သွေးကြောနံရံများလျော့ရဲပြီးပေါက်ပြဲသွားသောအခါတွင် ဦးနှောက်အတွင်း သွေးယိုစီးမှုဖြစ်ပေါ်လာပါသည်။ ယိုစိမ့်လာသောသွေးများသည်ပတ်ဝန်းကျင်ရှိ ဦးနှောက်တစ်ရှူးများပေါ်စုပုံလာပြီး ဖိအားမြင့်တက်လာကာဦးနှောက်တစ်ရှူးများကိုပျက်စီးစေပါသည်။

    လေဖြတ်ခြင်းကိုကုသရာတွင် အချိန်သည်အဓိကကျသောသော့ချက်ဖြစ်သည်။ အကယ်၍ရောဂါလက္ခဏာများ တစ်စုံတစ်ရာပေါ်လာပါက လူနာများအနေဖြင့် လေဖြတ်ရောဂါအထူးကုဆရာဝန်ကြီးများထံ အမြန်ဆုံး ဆေးကုသမှု ခံယူရန်လိုအပ်ပါသည်။ ဆေးရုံဆေးခန်းသို့အချိန်မီရောက်ရှိလာပါက ခေတ်မီနည်းပညာများဖြင့် လူနာ အသက်ရှင်သန်နိုင်မှုနှင့် အပြည့်အ၀ပြန်လည်နေကောင်းကျန်းမာစေရန်အတွက် အခွင့်အလမ်းများစွာ ရှိစေနိုင်ပါသည်။

    “1 လေဖြတ်ပြီးနောက် မိနစ်တိုင်းတွင် ဦးနှောက်ဆဲလ် ၁ သန်းခန့် သေဆုံးပါသည်”

     

    F.A.S.T

    အောက်ပါလက္ခဏာများ ပေါ်ပေါက်လာပါက ဆေးရုံသို့ချက်ချင်းသွားရန်လိုအပ်ပါသည်။

    • F–မျက်နှာတွန့်ရွဲ့ခြင်း(Face Drooping)- ပြုံးလိုက်လျှင် မျက်နှာမညီမညာဖြစ်ခြင်း အထူးသဖြင့် ပြင်းထန်သော ခေါင်းကိုက်ခြင်း
    • A-ခြေ/လက်အားနည်းခြင်း (Arm Weakness)- လက်မမြှောက်နိုင်ခြင်း၊ ခြေလက်ထုံကျင်ကိုက်ခဲခြင်း နှင့် လမ်းမလျှောက်နိုင်ခြင်း
    • S-စကားပြောခက်ခဲခြင်း (Speech Difficulty)- စာကြောင်းတစ်ကြောင်းပြီးဆုံးအောင်မပြောနိုင်ခြင်း
    • T–အချိန်(Time)

     

    Call 1724, +662 226 4565

    လူနာတင်ယာဉ်ခေါ်ဆိုပါ။ အမြန်ဆုံးဆောင်ရွက်နိုင်လေပိုကောင်းလေဖြစ်ပါသည်။

    BDMS အချက်ပေးစင်တာ– လေဖြတ်ခြင်းအတွက်24 နာရီ အရေးပေါ်ဝန်ဆောင်မှု

    လေဖြတ်ခြင်းအန္တရာယ်

    • ဆေးရုံတက်ချိန်– ရောဂါလက္ခဏာပြပြီး 4 နာရီခွဲအတွင်း
      လေဖြတ်ရာတွင် သွေးယိုစီးမှုမရှိဘဲ သွေးကြောငယ်များတွင် သွေးများခဲနေပါက လူနာအား သွေးခဲများ ပျော်စေရန်နှင့် အောက်ဆီဂျင်မရှိသော ဦးနှောက်သို့ သွေးစီးဆင်းမှုကို ပြန်လည်ရရှိစေရန်အတွက် r-TPA ထိုးသွင်းပေးမည်ဖြစ်ပါသည်။
    • ဆေးရုံတက်ချိန်– ရောဂါလက္ခဏာများပြပြီး 4 ½ – 24 နာရီအတွင်း

    ကြီးမားသောသွေးခဲများအတွက် stent retrievers ဖြင့်ခွဲစိတ်ကုသခြင်း။ ဦးနှောက်ကိုဖွင့်၍ခွဲစိတ်ကုသမှုမလိုအပ်စေဘဲ ကြီးမားသော သွေးခဲများကို ဖယ်ရှားရန် သွေးလွှတ်ကြောတွင်းသို့  ပိုက် (catheter) အသုံးပြု၍ကုသနိုင်မည်ဖြစ်ပါသည်။

    အရင်းအမြစ်– American Heart Association / American Stroke Association ဇန်နဝါရီလ ၂၄ရက် ၂၀၁၈ခုနှစ်တွင်ထုတ်ဝေသည်။

    အကဲဖြတ်မှု

    Stroke Screening Questionnaire (Stroke Risk Scorecard)

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    လေဖြတ်ခြင်း

    ဒုတိယထပ်၊ Bangkok International Hospital

    တနလာ်မှသောကြာ မနက် ၇နာရီ မှ ညနေ ၆နာရီ

    စနေ၊တနဂ်နွေ မနက် ၇နာရီ ညနေ ၅ နာရီ

    (+66) 2310 3011

    1719 (local mobile calls only)

    [email protected]

    @bhqneuroscience

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    ရောဂါများနှင့်ကုသမှု

    အားလုံးကြည့်မည်