Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo
    CHAT

    မှတ်ဉာဏ်

    ဝန်ဆောင်မှုများ
    ဆရာဝန်များ
    ရောဂါများနှင့်ကုသမှု
    အကဲဖြတ်မှု

    အကျဉ်း

    ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

    Content Image

    အယ်လ်ဇိုင်းမားရောဂါသည် ထိုင်းနိုင်ငံတွင် ကာလကြာရှည်စွာ ထင်ရှားနေသော ကျန်းမာရေးပြဿနာတစ်ခု ဖြစ်ပါသည်။ အသက်၊ မျိုးရိုးဗီဇ၊ ဦးနှောက်ထိခိုက်ဒဏ်ရာအနာတရ သို့မဟုတ် လေဖြတ်ခြင်းစသည့် အကြောင်းအချက်များစွာကြောင့် ဦးနှောက်ဆဲလ်များ ပျက်စီးခြင်း သို့မဟုတ် ဖျက်စီးခံရသည့်အခါ အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပေါ်ခံစားလာရပါသည်။ အယ်လ်ဇိုင်းမားရောဂါ၏အခြေအနေသည် ထင်ရှားသောလက္ခဏာများ မပေါ်ထွက်မီ ၁၅ – ၂၀ နှစ်ခန့်အတွင်း တဖြည်းဖြည်း သိသာထင်ရှားလာနိုင်ပါသည်။ ယခင်လေ့လာမှုများအရ အသက် ၆၅ နှစ်နှင့်အထက် လူများတွင် ၁၀ ရာခိုင်နှုန်း၊ အသက် ၈၅ နှစ်အထက်လူကြီးများတွင် ၄၀ မှ ၅၀ ရာခိုင်နှုန်းအထိ ရောဂါရှာဖွေနိုင်ခြေရှိသည်။ လေ့လာမှုများအရ အသက် ၅၀ နှင့်အထက်တွင် မှတ်ဉာဏ်များတဖြည်းဖြည်းပျောက်ဆုံးခြင်း သို့မဟုတ် မေ့လျော့ခြင်းသည်  အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားနိုင်သည့် ပထမဆုံးလက္ခဏာရပ်တစ်ခုလည်းဖြစ်ပါသည်။ ထိုကဲ့သို့ဖြစ်ပေါ်နေမှုများကို မိမိကိုယ်တိုင်သိရှိရန် ခက်ခဲနိုင်ပါသည်။ 

    ယနေ့ခေတ်တွင် ကမ္ဘာတစ်ဝှမ်းတွင် အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားနေသူ သန်း ၅၀ ခန့်ရှိပါသည်။ ထိုင်းနိုင်ငံတွင် အဆိုပါရောဂါဖြစ်ပွားသူအရေအတွက်သည် လာမည့် ၁၀ နှစ်တာကာလအတွင်း မြင့်တက်လာနိုင်ကြောင်းကို ခန့်မှန်းထားပါသည်။ ယခုအချိန်တွင် အယ်လ်ဇိုင်းမားရောဂါအတွက် ကုသဆေးမရှိသေးသော်လည်း စောစီးစွာ ရောဂါရှာဖွေတွေ့ရှိပါက လူနာသည် အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားနိုင်ခြေကိုကြိုတင်သိရှိသတိပြုနိုင်ပြီး ၎င်း၏ ဘဝနေထိုင်မှုပုံစံကို ချိန်ညှိကာ သင့်လျော်သောကုသမှုများ ပြုလုပ်နိုင်မှာဖြစ်ပါသည်။

    လူအများစုသည် ၎င်းတို့တွင်အယ်လ်ဇိုင်းမားရောဂါရှိသည်ကို သတိမထားမိတတ်တာကြောင့် ဆေးဘက်ဆိုင်ရာ အကြံဉာဏ်များမရယူမိဘဲ နောက်ပိုင်းတွင်ကုသမှုခံယူရခက်သည်အထိ ဖြစ်ပွားနေကြောင်းကို ကြုံတွေ့နေရပါသည်။ အသက် ၅၀ ကျော်သူများတွင် စောစီးစွာသိရှိနိုင်မှုသည် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၏ ကုသရန်နှင့် ရောဂါဖြစ်ပွားမှုကိုရပ်တန့်စေနိုင်မည့် အဓိကသော့ချက်ဖြစ်ကြောင်း သက်သေပြနိုင်သောကြောင့် အယ်လ်ဇိုင်းမားရောဂါအတွက် စမ်းသပ်မှုများပြုလုပ်ရန် အကြံပြုထားပါသည်။

    ဘန်ကောက်ဆေးရုံကြီးတွင် PET scan ကိုအယ်လ်ဇိုင်းမားရောဂါကုသရန်အတွက် အသုံးပြုပါသည်။ ကျွန်ုပ်တို့၏ ဘန်ကောက်ဆေးရုံ၏ ဓာတ်ခွဲခန်းအတွင်း ထုတ်လုပ်နိုင်သည့် Pittsburgh Compound B နှင့်အတူ PET scan သည် ဦးနှောက်အတွင်း beta-amyloid (အယ်လ်ဇိုင်းမားရောဂါတွင် အဓိကပါဝင်နေသည့် အမိုင်နိုအက်ဆစ်များ) ပါဝင်မှုကို စစ်ဆေးပေးမည်ဖြစ်ပါသည်။ ယခုအခါ တိကျသောရောဂါရှာဖွေကုသခြင်းအတွက် ကျောရိုးမှစစ်ဆေးရန်မလိုအပ်တော့ပါ။

    စောစီးစွာရောဂါစစ်ဆေးသိရှိခြင်းသည် ဆေးကုသမှုအစီအစဉ်ရေးဆွဲနိုင်ခြင်းနှင့် ရောဂါပိုမိုမဆိုးရွားလာစေရန် သင့်လျော်သော လူနေမှုပုံစံပြောင်းလဲခြင်းတို့အတွက် အရေးကြီးပါသည်။ စာဖတ်ခြင်း၊ သင်္ချာဂိမ်းများကစားခြင်း၊ လူမှုပတ်ဝန်းကျင်တွင်တက်ကြွစွာနေထိုင်ခြင်း၊ အကောင်းမြင်စိတ်ရှိစွာနေထိုင်ခြင်း၊ စားသောက်ခြင်းနှင့် ကောင်းမွန်စွာအိပ်စက်ခြင်း၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း သို့မဟုတ် လှုပ်ရှားမှုများပြုလုပ်ခြင်းဖြင့် သင့်ဦးနှောက်၏ကျန်းမာရေးကို ရေရှည်မြှင့်တင်ပေးနိုင်ပြီး ဖျားနာမှုများကိုလည်း တိုက်ဖျက်နိုင်မည်ဖြစ်ပါသည်။

    မှတ်ဉာဏ်ချို့ယွင်းလာခြင်းတွင် အယ်လ်ဇိုင်းမားရောဂါနှင့် အယ်လ်ဇိုင်းမားရောဂါမဟုတ်သော ရောဂါဟူ၍ နှစ်မျိုးရှိပါသည်။ မှတ်ဉာဏ်ချို့ယွင်းသည် ရောဂါလက္ခဏာရပ်များ ရှင်းလင်းစွာမပေါ်လွင်နိုင်သောကြောင့် ပုံမှန်စမ်းသပ်စစ်ဆေးမှုဖြင့် ရောဂါအမျိုးအစားကို ခွဲခြားသတ်မှတ်ရန် ခက်ခဲနိုင်ပါသည်။ ထို့ကြောင့်တိကျသောရောဂါရှာဖွေတွေ့ရှိရန် FDG-PET scan ရိုက်ရန် အကြံပြုပြီး သင့်လျော်သောကုသမှုနှင့် ပံ့ပိုးမှုများပေးနိုင်မှာဖြစ်ပါသည်။

    အကဲဖြတ်မှု

    Memory Screening Questionnaire

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    မှတ်ဉာဏ်

    ဒုတိယထပ်၊ Bangkok International Hospital

    တနလာ်မှသောကြာ မနက် ၇နာရီ မှ ညနေ ၆နာရီ

    စနေ၊တနဂ်နွေ မနက် ၇နာရီ ညနေ ၅ နာရီ

    (+66) 2310 3011

    1719 (local mobile calls only)

    [email protected]

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    ရောဂါများနှင့်ကုသမှု

    အားလုံးကြည့်မည်