ကျွန်ုပ်တို့ဌာနမှ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ တက်ခြင်း၊ အိပ်စက်ခြင်းဆိုင်ရာပြဿနာများနှင့် မှတ်ဉာဏ်ချို့ယွင်းခြင်းတို့အတွက် ရောဂါရှာဖွေခြင်းနှင့် ကုသမှုဆိုင်ရာ ဝန်ဆောင်မှုများ ရရှိနိုင်ပါသည်။
စာနာထောက်ထားမှုနှင့် ကမ္ဘာ့အဆင့်မီ အာရုံကြောဆေးပညာ စောင့်ရှောက်မှု
ကျွန်ုပ်တို့၏ အာရုံကြောဆေးပညာစောင့်ရှောက်မှုအဖွဲ့သည် လေဖြတ်ခြင်း၊ သွေးကြောဖောင်းခြင်းနှင့် အခြားသော အာရုံကြောဆိုင်ရာ ပြဿနာများအပါအဝင် ဦးနှောက်၊ ကျောရိုးနှင့် အာရုံကြောစနစ်ဆိုင်ရာ ရောဂါများအတွက် စုံလင်ပြည့်စုံသော ကုသမှုများကို ပေးစွမ်းနိုင်ပါသည်။
ဦးနှောက်အာရုံကြောကွန်ရက်တွင် ဦးနှောက်၊ ဦးနှောက်ပင်စည်၊ ကျောရိုးမကြီး၊ ကျောရိုးမှထွက်သော အာရုံကြောများနှင့် ခန္ဓာကိုယ်တစ်ခုလုံးရှိ အာရုံကြောများ ပါဝင်ပါသည်။ ထိုအာရုံကြောများသည် မှတ်ဉာဏ်၊ စဉ်းစားတွေးခေါ်မှု၊ စကားပြောဆိုမှု၊ အမြင်အာရုံ၊ အရသာခံမှု၊ အကြားအာရုံ၊ အသက်ရှူခြင်း၊ နှလုံးခုန်နှုန်းနှင့် ကိုယ်အပူချိန်ထိန်းညှိခြင်းစသည့် လုပ်ငန်းများကို ထိန်းချုပ်ပါသည်။
အာရုံကြောရောဂါဌာနတွင် အာရုံကြောရောဂါအထူးကုဆရာဝန်များ၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ဆရာဝန်များ၊ ကာယပြန်လည်သန်စွမ်းရေးကုထုံးပညာရှင်များ၊ သူနာပြုများ၊ အာဟာရပညာရှင်များ၊ စိတ်ကျန်းမာရေးကုထုံးပညာရှင်များနှင့် နောက်ဆုံးပေါ်ဆေးကုထုံးများနှင့် စက်ပစ္စည်းကိရိယာများကို အသုံးပြုသော အာရုံကြောရောဂါဆိုင်ရာ ကျွမ်းကျင်ဆရာဝန်များ ပါဝင်သော ဘက်ပေါင်းစုံမှဖွဲ့စည်းထားသည့် အဖွဲ့ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
ဘန်ကောက်ချင်းမိုင်ဆေးရုံမှ အာရုံကြောနှင့်ဦးနှောက်ဆေးသိပ္ပံစင်တာသည် အမေရိကန်ပြည်ထောင်စုမှ Joint Commission International (JCI) ၏ အသိအမှတ်ပြုလက်မှတ်ကို ရရှိထားပါသည်။
