Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Bangkok Hospital
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    အထွေထွေရောဂါကုဌာန

    ဝန်ဆောင်မှုများ
    ဆရာဝန်များ
    ရောဂါများနှင့်ကုသမှု
    ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

    အကျဉ်း

    ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

    Content Image

    ကျွန်ုပ်တို့၏ ဘုတ်အဖွဲ့မှ အသိအမှတ်ပြုထားသော Internal Medicine အထူးကုဆရာဝန်ကြီးများသည်
    • ပင်မကျန်းမာရေးစောင့်ရှောက်မှု
    • ကြိုတင်ကာကွယ်စောင့်ရှောက်မှု
    • ကျန်းမာရေးထိန်းသိမ်းမှုနှင့်
    • ကျန်းမာရေး အသိပညာပေးရေး
    စသည့်နယ်ပယ်များတွင် ကျွမ်းကျင်မှုများ ပေးအပ်လျက်ရှိပါသည်။

    ထူးခြားပြီး အဆင့်မြင့်သော သီးသန့်လူတစ်ဦးချင်းစီအတွက် ကျန်းမာရေးစောင့်ရှောက်မှု

    ထူးခြားပြီး အဆင့်မြင့်သော သီးသန့်လူတစ်ဦးချင်းစီအတွက် ကျန်းမာရေးအတွေ့အကြုံမှ ကြိုဆိုပါ၏။

    ဘန်ကောက်ချင်းမိုင်ဆေးရုံမှ Internal Medicine ဌာနသည် လူကြီးများကြုံတွေ့ရသော ကျန်းမာရေးပြဿနာများစွာကို ကာကွယ်ခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းဆိုင်ရာ ဝန်ဆောင်မှုများကို အထူးပြုပေးပါသည်။ ရောဂါအနည်းငယ်မှစ၍ နာတာရှည်ရောဂါများနှင့် ကာကွယ်ရေးစောင့်ရှောက်မှုအထိ၊ ကျွန်ုပ်တို့သည် လူနာကို ဦးစားပေးသည့် ကျန်းမာရေးစောင့်ရှောက်မှုကို သင့်အတွက်သီးသန့် လိုအပ်ချက်များနှင့် နေထိုင်မှုပုံစံအပေါ် အာရုံစိုက်ကာ ပေးအပ်ပါသည်။ အကောင်းဆုံးသော ကာကွယ်ရေးနှင့် ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုကို ပေးနိုင်ရန်အတွက် လူနာများနှင့် ရေရှည်ဆက်ဆံရေးတည်ဆောက်ရန် ကျွန်ုပ်တို့ယုံကြည်ပါသည်။

    ကျွန်ုပ်တို့၏ Internal Medicine အထူးကုဆရာဝန်များသည် ဆီးချိုနှင့် သွေးတိုးကဲ့သို့သော အခြေအနေများ သို့မဟုတ် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးဝင်ခြင်းကဲ့သို့သော ရုတ်တရက်ဖြစ်ပွားသည့် အခြေအနေများကို ကိုင်တွယ်ဖြေရှင်းရာတွင် ကျွမ်းကျင်ပါသည်။ သင့်အနေဖြင့် နှလုံးအထူးကု၊ ဟော်မုန်းအထူးကု သို့မဟုတ် ခွဲစိတ်ဆရာဝန်ကဲ့သို့သော အထူးကုဆရာဝန်တစ်ဦးထံမှ အကြံဉာဏ်ရယူရန် လိုအပ်ပါက၊ သင့် Internal Medicine ဆရာဝန်သည် သင့်ကျန်းမာရေးစောင့်ရှောက်မှုကို ကြီးကြပ်ရန်နှင့် ညှိနှိုင်းပေးရန် ရှိပါသည်။ အဆင့်မြင့် အရည်အသွေးရှိသော ပုဂ္ဂိုလ်ရေးဆန်သည့် စောင့်ရှောက်မှုကို သင့်အား ပေးအပ်နိုင်စေရန် ကျွန်ုပ်တို့၏ဆရာဝန်များက ကြိုးစားအားထုတ်ဆောင်ရွက်ပါသည်။

    ဘန်ကောက်ချင်းမိုင်ဆေးရုံ Internal Medicine ဌာနကို ရွေးချယ်သင့်သည့် အကြောင်းရင်း

    • ကျွန်ုပ်တို့၏ ပင်မကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများသည် သီးသန့်လူတစ်ဦးချင်းစီအတွက် ကျယ်ပြန့်စုံလင်သော စောင့်ရှောက်မှုကို ပေးရန် အာရုံစိုက်ထားပါသည်။
    • ကြိုတင်ကာကွယ်စောင့်ရှောက်မှုစ၍ သာမာန်ရိုးရှင်းသော နှာစေး၊ချောင်းဆိုး၊ ဖျားနာခြင်းများ (သို့မဟုတ်) လွန်စွာပြင်းထန်သော ရောဂါများအား ကိုင်တွယ်ဖြေရှင်းခြင်းအထိ၊ ကျွန်ုပ်တို့၏ ဆေးဘက်ဆိုင်ရာဝန်ထမ်းများသည် သင့်အား ပိုမိုပြည့်စုံပြီး ပိုမိုကျန်းမာသော ဘဝနေထိုင်နိုင်ရန် ကူညီပေးနိုင်ပါသည်။
    • အကယ်၍ သင့် Internal Medicine ဆရာဝန်က အခြားစမ်းသပ်စစ်ဆေးမှုများ သို့မဟုတ် အထူးကုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန် ညွှန်ကြားပါက၊ ဘန်ကောက်ချင်းမိုင်ဆေးရုံတွင် ရရှိနိုင်သော ဝန်ဆောင်မှုများ၏ ကျယ်ပြန့်မှုသည် သင့်လိုအပ်သော စောင့်ရှောက်မှုကို လွယ်ကူစွာ ရယူနိုင်စေမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ Internal Medicine ဆရာဝန်များသည် သင့်ကျန်းမာရေးစောင့်ရှောက်မှုကို စီမံခန့်ခွဲပေးပြီး လမ်းညွှန်ပေးကာ၊ သင့်အတွက် ရွေးချယ်စရာများကို ရှင်းပြပေးပြီး၊ ချောမောလွယ်ကူစွာဖြင့် အခြားဌာနများသို့ ညွှန်းပေးနိုင်ပါသည်။
    • ကျွန်ုပ်တို့၏ Internal Medicine ဆရာဝန်များသည် သင့်အတွက် ဆရာဝန်သက်သက်မျှသာမကပဲ ခေတ်မီသက်တောင့်သက်သာရှိသော ဆေးရုံအဆောက်အအုံအတွင်း အဆင့်မြင့်ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာများဖြင့် အကောင်းဆုံးစောင့်ရှောက်မှုပေးရန် ကတိပြုထားသော သင့်ကျန်းမာရေး ပါတနာများလည်း ဖြစ်ပါသည်။

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    Internal Medicine ဌာန

    ပထမထပ်၊ (ဘီ)ဆောင်

    နေ့တိုင်း - မနက်(၇)နာရီ မှ ည(၈)နာရီ အထိ

    +66 (0)52 089 823

    1719

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    ရောဂါများနှင့်ကုသမှု

    အားလုံးကြည့်မည်