Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    ကိုယ်အလေးချိန်ထိန်းညှိခြင်းဆေးခန်း

    ဝန်ဆောင်မှုများ
    ဆရာဝန်များ
    လူနာမှတ်တမ်း
    ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

    အကျဉ်း

    ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

    Content Image

    အ၀လွန်ခြင်းသည် ထိုင်းနိုင်ငံ၏ အဖြစ်များသော ကျန်းမာရေးပြဿနာများတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။ အ၀လွန်ခြင်းသည် ဆိုးရွားသော နာတာရှည်ရောဂါတစ်ခုဖြစ်ကာ ခန္ဓာကိုယ်၏ အခြားသောလုပ်ဆောင်ချက်များအပေါ် မကောင်းသောသက်ရောက်မှုများဖြစ်စေပါသည်။ အ၀လွန်သောသူများ (သို့) ကိုယ်အလေးချိန်များသူများသည် နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အဆစ်ရောင်ရောဂါ၊ အသည်းအဆီဖုံးရောဂါ၊ အိပ်ပျော်နေစဉ်အသက်ရှူလမ်းကြောင်းပိတ်ခြင်း၊ အစာအိမ်အက်ဆစ်ပြန်ဆန်တက်ခြင်း၊ အမျိုးသမီးများရာသီသွေးမမှန်ခြင်းနှင့် စိတ်ကျရောဂါ အစရှိသောရောဂါများဖြစ်နိုင်ချေ မြင့်မားစေပါသည်။

    ဘန်ကောက်ဆေးရုံကြီး၏ ကိုယ်အလေးချိန်ထိန်းညှိခြင်းဆေးခန်းသည် ကိုယ်အလေးချိန်အလွန်များသူများအတွက် ကိုယ်အလေးချိန်လျှော့ချထိန်းညှိပေးပါသည်။ ယနေ့ခေတ် ကိုယ်အလေးချိန်ထိန်းညှိခြင်းအစီအစဉ်တွင် သင့်လျော်သော ကိုယ်အလေးချိန်သို့ လျှော့ချခြင်းသာမက အ၀လွန်ခြင်းကြောင့် ဖြစ်ပေါ်နိုင်သော ကျန်းမာရေးဆိုင်ရာပြဿနာများ လျော့ကျစေရန်ပါ ပါဝင်ပါသည်။ ဘန်ကောက်ဆေးရုံကြီး၏ ဟော်မုန်းနှင့်ဇီ၀ကမ္မဖြစ်စဉ်ဆိုင်ရာ ပညာရပ်နယ်ပယ်တွင် ကျွမ်းကျင်သော အထူးကုဆရာ၀န်ကြီးများသည် အခြားဆေးဘက်ဆိုင်ရာအထူးကုများနှင့်အတူပူးပေါင်းပြီး တစ်ယောက်ချင်းစီအတွက် အထိရောက်ဆုံးသော စောင့်ရှောက်မှုပေးလျက်ရှိပါသည်။

    (၁) ကိုယ်အလေးချိန်ထိန်းညှိခြင်းအစီအစဉ်

    • ယင်းအစီအစဉ်သည် ကိုယ်အလေးချိန်လျှော့ချထိန်းညှိခြင်းနှင့် အ၀လွန်ခြင်းဆိုင်ရာကျန်းမာရေးပြဿနာများဖြစ်သော သွေးတိုးခြင်း၊ အိပ်ပျော်နေစဉ်ဟောက်ခြင်း၊ အစာအိမ်လေချဉ်တက်ခြင်းတို့ကို လျော့ကျစေပါသည်။ ကျန်းမာစွာစားသောက်နေထိုင်နည်းကို ကောင်းစွာနားလည်သိရှိပြီး တစ်ဦးချင်းစီအတွက် သင့်လျော်သောလေ့ကျင့်ခန်းအစီအစဉ်၊ အာဟာရပိုင်းဆိုင်ရာ စားသောက်မှုပုံစံများနှင့် တစ်ဦးချင်းအတွက် လိုအပ်သည်များကို လမ်းညွှန်ပေးမှာ ဖြစ်ပါသည်။
    • အ၀လွန်သူများတွင် ကိုယ်အလေးချိန်လျော့စေရန် အစာအိမ်အရွယ်အစားကို လျှော့ချသောခွဲစိတ်မှု (Bariatric surgery) 

    (၂) အလှအပနှင့် ကိုယ်ခန္ဓာကြံ့ခိုင်ရေးအစီအစဉ် 

    • ကိုယ်၀န်ဆောင်မိခင်များ ကလေးမွေးဖွားပြီးနောက် ကိုယ်အလေးချိန်လျော့ချခြင်း
    • ဘန်ကောက်ဆေးရုံကြီး၏ အားကစားနှင့်လေ့ကျင့်ခန်းဆိုင်ရာဌာနမှ ကျွမ်းကျင်ပညာရှင်များမှ အဆီပိုမရှိသောကြွက်သားများရှိပြီး ခန္ဓာကိုယ်အချိုးအစား ကြံ့ခိုင်သန်မာစေရန် လမ်းညွှန်ပေးပါသည်။

    คลินิกควบคุมน้ำหนักและรักษาโรคอ้วน

    ကိုယ်အလေးချိန်ထိန်းညှိခြင်းဆေးခန်းမှ ၀န်ဆောင်မှုများ

    • အ၀လွန်ခြင်းနှင့် အ၀လွန်ခြင်း၏နောက်ဆက်တွဲကျန်းမာရေးပြဿနာများကို  စစ်ဆေးခြင်း၊ ကုသခြင်းနှင့် ကာကွယ်ခြင်းအတွက် ဝန်ဆောင်မှုများရရှိနိုင်ပါသည်။
    • ဟော်မုန်းဆိုင်ရာအထူးကုဆရာ၀န်များ၊ အာဟာရပညာရှင်များ၊ ခွဲစိတ်ဆရာ၀န်များနှင့် ကိုယ်ခန္ဓာပြန်လည်သန်စွမ်းမှုဆိုင်ရာအထူးကုဆရာ၀န်များ၊ စိတ်ကျန်းမာရေးအထူးကုဆရာ၀န်များနှင့် သူနာပြုများ ပူးပေါင်းစောင့်ရှောက်လျက်ရှိပါသည်။ 
    • ကျန်းမာရေးပညာရှင်များမှ ခေတ်မီနည်းပညာများ၊ ကျန်းမာရေးစစ်ဆေးမှုများဖြင့် ဘေးဥပါဒ် မဖြစ်စေဘဲ ကိုယ်အ‌လေးချိန်လျော့ကျစေရန် ကူညီလျက်ရှိပါသည်။တစ်ဦးချင်းစီကို အဆီနှင့်ကြွက်သားပမာဏတိုင်းတာသောစက် (Bioelectrical Impedance Analysis BIA) ဖြင့်စစ်ဆေးပေးပါသည်။ 
    • ကိုယ်အလေးချိန်လျော့ကျရန် အစာအိမ်အရွယ်အစားကို လျှော့ချသောခွဲစိတ်မှု (Bariatric surgery) သည် သင့်အတွက် မှန်ကန်သောရွေးချယ်မှု ဟုတ်/ မဟုတ် တစ်ဦးချင်း၏ကျန်းမာရေးအခြေအနေကို စစ်ဆေးပြီး လမ်းညွှန်မှုပေးလျက်ရှိပါသည်။ Bariatric surgery ခွဲစိတ်မှုအမျိုးအစားများမှာ မှန်ပြောင်းဖြင့် အစာအိမ်အ၀သေးစေရန် ကွင်းထည့်ခြင်း (laparoscopic gastric banding)၊ မှန်ပြောင်းဖြင့် အစာအိမ်ဖြတ်ထုတ်ခြင်း (laparoscopic sleeve gastrectomy)၊ အစာအိမ်မှစုပ်ယူမှုအားလျော့စေရန် မှန်ပြောင်းမှတဆင့် အိတ်ငယ်ပြုလုပ်ပြီး အူသိမ်ဖြင့်ဆက်ခြင်း (laparoscopic gastric bypass) တို့ဖြစ်ပါသည်။ အစာအိမ်ကွင်းဖြင့် အစာအိမ်၏အရွယ်အစားလျှော့ချခြင်းနှင့် အစာအိမ်၏တစိတ်တပိုင်းအား ဖြတ်ထုတ်ခြင်းတို့ဖြင့် ကိုယ်အလေးချိန်ကျစေနိုင်ပါသည်။သင့်လျော်သော အစားအသောက်ပုံစံပြောင်းခြင်း သို့မဟုတ် လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ကိုယ်အလေးချိန်လျော့ကျရန် ကြိုးစားပြီး ကိုယ်အလေးချိန်မကျနိုင်သူမှသာ bariatric ခွဲစိတ်မှုကို လုပ်ဆောင်ပါသည်။

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    ကိုယ်အလေးချိန်ထိန်းညှိခြင်းဆေးခန်း

    ဒုတိယထပ်၊ ဘန်ကောက်ဆေးရုံကြီး

    နေ့စဉ် မနက် ၇ နာရီ မှ ညနေ ၄ နာရီ

    (+66) 2755 1129

    (+66) 2755 1130

    1719 (local mobile calls only)

    (+66) 2755 1697

    [email protected]

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    လူနာမှတ်တမ်း

    အားလုံးကြည့်မည်