Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    ပြီးပြည့်စုံသော သွားနှင့်ခံတွင်းကျန်းမာရေး - သင့်အလှပဆုံးအပြုံးကို ပြန်လည်ရယူရန်အတွက် လိုအပ်သော သွားဘက်ဆိုင်ရာကုသမှုများ

    Google AI Translate
    Translated by AI
    ဝန်ဆောင်မှုများ
    ရောဂါများနှင့်ကုသမှု

    အကျဉ်း

    ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

    Content Image

    ပြီးပြည့်စုံသော သွားနှင့်ခံတွင်းကျန်းမာရေးပြန်လည်ရရှိစေရန် သွားဘက်ဆိုင်ရာကုသမှုများ (Full mouth Rehabilitation) ဆိုသည်မှာ သွားနှင့်ခံတွင်း ပြဿနာအမျိုးမျိုးကို‌ ကုသပေးပြီး ကျန်းမာလှပသောအပြုံးများကို ပြန်လည်ရရှိစေပါသည်။ ဆိုလိုသည်မှာ Full mouth Rehabilitation သည် လှပသော အပြုံးများကို ပြန်လည်ရရှိစေရုံသာမက ခံတွင်းကျန်းမာရေးနှင့် အပေါ်သွား၊ အောက်သွားများ၏ ဖွဲ့စည်းတည်ဆောက်ပုံ လုပ်ငန်းဆောင်တာများကိုပါ တိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်ပါသည်။ Full mouth Rehabilitation အတွက် ကုသမှုတွင် လူတစ်ဦးချင်း၏ သွားပြဿနာအသေးလေးမှအစ ပြင်းထန်သော သွားနှင့်ခံတွင်းပြဿနာများ ကုသမှုအထိ ပါဝင်ပါသည်။

    Full mouth Rehabilitation သည် သွားနှင့်သွားဖုံးများ၏ အသွင်အပြင်နှင့် လုပ်ဆောင်နိုင်မှုကို ပြန်လည်ကောင်းမွန်လှပစေခြင်းကြောင့် လူနာများအတွက် ယုံကြည်မှုရှိသော အပြုံးများကို ရရှိစေနိုင်မှာဖြစ်ပါသည်။

    ဘန်ကောက်ဆေးရုံကြီး၏ သွားနှင့်ခံတွင်းဌာနတွင် တစ်ဦးချင်းစီအတွက် အလှပဆုံးအပြုံးကို ရရှိစေမည့် သွားနှင့်ခံတွင်းဆိုင်ရာ ကျန်းမာရေးနှင့် သွားအလှအပဆိုင်ရာ ကုသဝန်ဆောင်မှုကို ရရှိနိုင်ပါသည်။ ကျွန်ုပ်တို့၏ အတွေ့အကြုံရင့်ကျက်သော သွားအထူးကုဆရာ၀န်ကြီးများမှ သင့်အတွက် ယုံကြည်မှုရှိစေသော အပြုံးကို ပိုင်ဆိုင်စေပြီး ရေရှည်သွားနှင့်ခံတွင်းကျန်းမာရေးပြဿနာများအတွက် အကောင်းဆုံးကုသပြုပြင်မှုများကို ဆွေးနွေးကုသပေးမှာဖြစ်ပါသည်။ 

    Why full mouth Rehabilitation?

    Full mouth Rehabilitation သည် အလှအပရေးရာနှင့် သွားနှင့်ခံတွင်းကျန်းမာရေးကို ပေါင်းစပ်ထားသောကြောင့် ခံတွင်းကျန်းမာရေးကိုအထောက်အကူပြုသည့်အပြင် မိမိတို့လိုချင်သော သွားပုံစံကိုပါ ရရှိစေပါသည်။ 

    Full mouth Rehabilitation တွင်

    • ပျက်စီးနေသော၊ ပိုးစားနေသောသွားများအား ပြန်လည်ပြုပြင်ခြင်း၊ 
    • ကျိုးနေသောသွားများကို ပြန်စိုက်ခြင်း၊ 
    • သွားများ၏ လုပ်ငန်းဆောင်တာများကို ပြန်လည်ကောင်းမွန်စေခြင်း (ဥပမာအားဖြင့် အစာများအား ဝါးနိုင်၊ ကိုက်နိုင်လာခြင်း)၊ 
    • မိမိကိုယ်ကို ယုံကြည်မှု ပိုမြင့်မားစေကာ ပိုမိုလှပသောအပြုံးများကို ရရှိစေခြင်း၊ 
    • ခံတွင်းတစ်ခုလုံးကျန်းမာခြင်းကို မြှင့်တင်ပေးနိုင်ခြင်း စသည်တို့ ပါဝင်ပါသည်။ 

    Full mouth Rehabilitation ပြုလုပ်သင့်သူများ

    အောက်ပါ သွားနှင့် ခံတွင်းပြဿနာများကို ခံစားနေရသူများသည် Full mouth Rehabilitation လုပ်ရန် သင့်တော်ပါသည်။

    • သွားပျက်စီးမှုများသူ၊ သွားကြွေလွှာပျက်စီးနေသူများ
    • အိပ်နေစဉ် သွားကြိတ်သူများ – အိပ်နေစဉ် သွားကြိတ်ခြင်း (sleep bruxism) သည် ပါးစပ်၊ မေးရိုးနှင့် မျက်နှာကြွက်သားများကိုပါ နာကျင်စေသောကြောင့် သွားနှင့်ခံတွင်းဆိုင်ရာ ပြဿနာများကို စစ်ဆေးသင့်ပါသည်။ 
    • သွားပြဿနာများအား ထိ‌ထိရောက်ရောက်ကုသမှုမရှိသူများ
    • သွားနှင့်ခံတွင်းသန့်ရှင်းရေး အားနည်းခြင်းကြောင့် သွားပိုးစားပြီး သွားများ ပျက်စီးနေသူများ
    • မွေးရာပါ ပုံမှန်မဟုတ်သော သွားကြွေလွှာရှိသူများ

    Full mouth Rehabilitation ၏ အကျိုးကျေးဇူးများ

    • ပျက်စီးနေသောသွားများအား ပြန်လည်ပြုပြင်ပေးခြင်း – ဥပမာ သွားလှိုက်စားခြင်း၊ သွားပွန်းပဲ့ခြင်း၊ သွားနာ သွားကျဉ်မှုကို သက်သာစေခြင်း 
    • သွားလုပ်ငန်းဆောင်တာများကို ပြန်လည်ကောင်းမွန်စေခြင်း – ဥပမာ အစားအစာများကို ကောင်းစွာ ဝါးခြင်း၊ ကိုက်ခြင်း လုပ်နိုင်သောကြောင့် အစားအစာများကို ပိုမိုစားနိုင်လာခြင်း
    • သွားပြုပြင်မှုကြောင့် သွားအလှအပကို ရရှိစေခြင်း
    • မေးရိုးနှင့် မျက်နှာရှိ ကြွက်သားများကို ပြန်လည်သန်မာစေခြင်းဖြင့် အစားအစာဝါးခြင်းနှင့် ကြိတ်ချေခြင်းကို ပိုမိုကောင်းမွန်စွာလုပ်နိုင်ခြင်း စသည့်ကောင်းကျိုးတို့ကို ရရှိစေနိုင်ပါသည်။

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    ပြီးပြည့်စုံသော သွားနှင့်ခံတွင်းကျန်းမာရေး - သင့်အလှပဆုံးအပြုံးကို ပြန်လည်ရယူရန်အတွက် လိုအပ်သော သွားဘက်ဆိုင်ရာကုသမှုများ

    နေ့စဉ် မနက် ၉ နာရီ မှ ည ၈ နာရီ

    (+66) 2755 1335

    (+66) 2310 3000

    1719

    ရောဂါများနှင့်ကုသမှု

    အားလုံးကြည့်မည်